သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာကိုဗစ္ ဓါတ္ခဲြအတည္ျပဳစုစုေပါင္း ၃၇,၂၀၅ ဦး၊ ေသဆံုး ၉၁၄ ဦး


PPE ဝတ္စံုဝတ္ ပရဟိတလုပ္သားတဦးကို ရန္ကုန္ၿမိဳ႕ရွိ လမ္းတခုမွာ ေတြ႔ရ။ (ေအာက္တိုဘာ ၁၂၊ ၂၀၂၀) (ေအာက္တိုဘာ ၁၇၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ ဒီကေန႔ COVID – 19 ကူးစက္သူလူနာ ေနာက္ထပ္ ၁,၁၈၀ အတည္ျပဳလိုက္တဲ့အတြက္ စုစုေပါင္းကူးစက္သူ ၃၇,၂၀၅ ေယာက္ရွိၿပီျဖစ္ပါတယ္။ ေအာက္တိုဘာလ ၁၉ ရက္ေန႔အတြက္ ဓာတ္ခြဲ နမူနာ ၁၉,၁၀၄ ခုကို စစ္ေဆးခဲ့တာမွာ အခုလို ကူးစက္သူ ၁,၁၀၀ ေက်ာ္ကို ထပ္ၿပီးေတြ႕တာပါ။ ဒီကေန႔ ေသဆုံးသူက ၃၄ ေယာက္ရွိတဲ့အတြက္ COVID – 19 ေၾကာင့္ေသဆုံးသူေပါင္း ၉၁၄ ေယာက္ရွိၿပီျဖစ္ပါတယ္။ အခုအခ်ိန္ထိ ဓာတ္ခြဲစစ္ေဆးမႈေပါင္း ၅၂၉,၂၁၃ ခု စစ္ေဆးၿပီးခဲ့ၿပီး အတည္ျပဳလူနာေတြထဲ ျပန္ၿပီး က်န္းမာလာတဲ့သူ ၁၇,၅၆၈ ေယာက္ရွိပါတယ္။

ေရာဂါကူးစက္မႈႏႈန္းအမ်ားဆုံးျဖစ္တဲ့ ရန္ကုန္တိုင္းအတြင္း အေျခအေနေတြကို ထိန္းခ်ဳပ္ႏိုင္ဖို႔ တာဝန္ရွိသူေတြ ႀကိဳးပမ္းေနၾကသလို တျခားေဒသေတြမွာလည္း ကူးစက္မႈေတြက တိုးလာေနတာပါ။ မႏၲေလးတိုင္းမွာ ဒီသီတင္းပတ္ကုန္အတြင္း ကူးစက္သူ ၁၀၀ ေက်ာ္ရွိပါတယ္။ မြန္ျပည္နယ္မွာ ေရာဂါကူးစက္ခံထားရသူေပါင္းက ၅၀၀ ေက်ာ္ရွိပါတယ္။

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ေရာဂါျပင္းထန္တဲ့ COVID - 19 လူနာေတြကို ေသြးရည္ၾကည္ကုထုံးအသုံးျပဳ ကုသေပးႏိုင္ဖို႔ လိုအပ္တဲ့ေသြးရည္ၾကည္ကို ေရာဂါပိုးကင္းစင္ၿပီး ျပန္လည္က်န္းမာလာတဲ့သူေတြဆီက အလႉခံထားပါတယ္။ ေရာဂါေပ်ာက္ကင္းၿပီး ၂၈ ရက္ (သီတင္း ၄ ပတ္) ျပည့္ၿပီးသူေတြထဲ အသက္ ၁၈ ႏွစ္နဲ႔ ၆၀ ၾကားရွိသူေတြကို ေ႐ြးခ်ယ္ၿပီး ေသြးရည္ၾကည္အလႉခံသြားမွာ ျဖစ္တယ္လို႔ က်န္းမာေရးဝန္ႀကီးဌာနက ေျပာပါတယ္။

[Unicode Version]

မြန်မာကိုဗစ် ဓါတ်ခွဲအတည်ပြုစုစုပေါင်း ၃၇,၂၀၅ ဦး၊ သေဆုံး ၉၁၄ ဦး

မြန်မာနိုင်ငံမှာ ဒီကနေ့ COVID – 19 ကူးစက်သူလူနာ နောက်ထပ် ၁,၁၈၀ အတည်ပြုလိုက်တဲ့အတွက် စုစုပေါင်းကူးစက်သူ ၃၇,၂၀၅ ယောက်ရှိပြီဖြစ်ပါတယ်။ အောက်တိုဘာလ ၁၉ ရက်နေ့အတွက် ဓာတ်ခွဲ နမူနာ ၁၉,၁၀၄ ခုကို စစ်ဆေးခဲ့တာမှာ အခုလို ကူးစက်သူ ၁,၁၀၀ ကျော်ကို ထပ်ပြီးတွေ့တာပါ။ ဒီကနေ့ သေဆုံးသူက ၃၄ ယောက်ရှိတဲ့အတွက် COVID – 19 ကြောင့်သေဆုံးသူပေါင်း ၉၁၄ ယောက်ရှိပြီဖြစ်ပါတယ်။ အခုအချိန်ထိ ဓာတ်ခွဲစစ်ဆေးမှုပေါင်း ၅၂၉,၂၁၃ ခု စစ်ဆေးပြီးခဲ့ပြီး အတည်ပြုလူနာတွေထဲ ပြန်ပြီး ကျန်းမာလာတဲ့သူ ၁၇,၅၆၈ ယောက်ရှိပါတယ်။

ရောဂါကူးစက်မှုနှုန်းအများဆုံးဖြစ်တဲ့ ရန်ကုန်တိုင်းအတွင်း အခြေအနေတွေကို ထိန်းချုပ်နိုင်ဖို့ တာဝန်ရှိသူတွေကြိုးပမ်းနေကြသလို တခြားဒေသတွေမှာလည်း ကူးစက်မှုတွေက တိုးလာနေတာပါ။ မန္တလေးတိုင်းမှာ ဒီသီတင်းပတ်ကုန်အတွင်း ကူးစက်သူ ၁၀၀ ကျော်ရှိပါတယ်။ မွန်ပြည်နယ်မှာ ရောဂါကူးစက်ခံထားရသူပေါင်းက ၅၀၀ ကျော်ရှိပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ရောဂါပြင်းထန်တဲ့ COVID - 19 လူနာတွေကို သွေးရည်ကြည်ကုထုံးအသုံးပြု ကုသပေးနိုင်ဖို့ လိုအပ်တဲ့သွေးရည်ကြည်ကို ရောဂါပိုးကင်းစင်ပြီး ပြန်လည်ကျန်းမာလာတဲ့သူတွေဆီက အလှူခံထားပါတယ်။ ရောဂါပျောက်ကင်းပြီး ၂၈ ရက် (သီတင်း ၄ ပတ်) ပြည့်ပြီးသူတွေထဲ အသက် ၁၈ နှစ်နဲ့ ၆၀ ကြားရှိသူတွေကို ရွေးချယ်ပြီး သွေးရည်ကြည်အလှူခံသွားမှာ ဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

XS
SM
MD
LG