သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းမှာ တလကျော်အတွင်း ပထမဆုံး ပြည်တွင်း COVID-19 ကူးစက်မှု မြန်မာမိသားစုမှာတွေ့


မဲဆောက်မြို့က မြန်မာတွေကို ကိုဗစ် အခမဲ့စစ်ဆေးနေတဲ့ မြင်ကွင်း။ (အောက်တိုဘာ ၁၄၊ ၂၀၂၀)
မဲဆောက်မြို့က မြန်မာတွေကို ကိုဗစ် အခမဲ့စစ်ဆေးနေတဲ့ မြင်ကွင်း။ (အောက်တိုဘာ ၁၄၊ ၂၀၂၀)

(Zawgyi / Unicode)

ထိုင်းနိုင်ငံထဲနေထိုင်တဲ့ မြန်မာလူမျိုး ၂ ဦးဆီမှာ ကိုဗစ်ရောဂါပိုး စမ်းသပ်တွေ့ရှိရပြီး ဒါဟာ တလကျော်အတွင်း ပထမဆုံး ပြည်တွင်းကူးစက်မှု ဖြစ်တယ်လို့ ထိုင်းကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက စနေနေ့မှာ ပြောပါတယ်။

“လင်မယား ၂ ယောက်ဆီမှာ ကိုဗစ်ပိုး ကူးစက်ထားတာကို ကျနော်တို့ လောလောဆယ် အတည်ပြုနိုင်ပါတယ်။ အစောပိုင်း စစ်ဆေးမှုအရ သူတို့ရဲ့သမီးနဲ့ မြေး ၂ ယောက်ဆီမှာ ရောဂါ စမ်းသပ်တွေ့ရှိထားပေမယ့် သေချာအောင် နောက်တကြိမ် ပြန်စစ်ဖို့ လိုပါတယ်။ သူတို့ မိသားစု ၅ ယောက်စလုံး အခု ဆေးရုံမှာပါ” လို့ ထိုင်းကျန်းမာရေးဝန်ကြီးဌာန ကူးစက်ရောဂါ ထိန်းချုပ်ရေးဌာနရဲ့ ဒါရိုက်တာ OPAS KARNKAWIN-PONG ပြောသွားတာ ဖြစ်ပါတယ်။

ရောဂါကူးစက်ထားတယ်ဆိုတဲ့ မြန်မာလင်မယား ၂ ဦးဟာ မြန်မာနိုင်ငံနယ်စပ် မဲဆောက်မြို့မှာ နေထိုင်သူတွေ ဖြစ်ပါတယ်။ သူတို့ကို အောက်တိုဘာ ၁၃ ရက်နေ့က ဆေးစစ်ခဲ့တာပါ။ သူတို့ဆီမှာ ကိုဗစ်ရောဂါ လက္ခဏာတွေ မပြပေမယ့် ဆေးစစ်ချက်အဖြေက Positive ဖြစ်ပါတယ်။

ဒီ ၂ ဦးမတိုင်ခင် ထိုင်းနိုင်ငံတွင်း ပြည်တွင်းက လူအချင်းချင်း ကူးစက်မှုကို ပြီးခဲ့တဲ့ စက်တင်ဘာ အစောပိုင်းမှာ နောက်ဆုံးတွေ့ခဲ့ရတာ ဖြစ်ပါတယ်။

မြန်မာလင်မယား ၂ ဦးကိုတော့ အသွားအလာ ကန့်သတ်ထားပြီး အပြင်နဲ့ မြန်မာ အသိုင်းအဝိုင်းကြား သွားတာတွေ ရှောင်ကြဉ်ဖို့ကိုလည်း ထိုင်းအာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။ သူတို့နဲ့ ထိတွေ့ခဲ့သူ မြန်မာ ၁၀ ဦးကိုလည်း ကွာရမ်တင်းစင်တာကို ပို့ထားပါတယ်။

မြန်မာနိုင်ငံဘက်မှာ ကိုဗစ်ကူးစက်မှုတွေ တစစ တိုးလာပြီးနောက် ထိုင်းအာဏာပိုင်တွေက နယ်စပ်အဝင်အထွက်ကို စောင့်ကြည့် တင်းကျပ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

-------------------------

(Unicode)








XS
SM
MD
LG