သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္း-ျမန္မာ မဲေဆာက္နယ္စပ္ကုန္သြယ္ေရး ယာယီကန္႔သတ္


ကုန္သြယ္မႈလုပ္ေနတ့ဲ ထုိင္း-ျမန္မာနယ္စပ္က ခ်စ္ၾကည္ေရးတံတားအမွတ္ ၂။

(Zawgyi / Unicode)

ထိုင္း-ျမန္မာနယ္စပ္ မဲေဆာက္ၿမိဳ႕မွာ ကုိဗစ္ကပ္ေရာဂါပိုး ေတြ႔ရွိရာကေန စတင္ၿပီး ထိုင္း-ျမန္မာနယ္စပ္ ခ်စ္ၾကည္္ေရးတံတား အမွတ္ ၂ ကေန တင္သြင္းကုန္နဲ႔ တင္ပုိ႔ကုန္ စတဲ့ ကုန္သြယ္မႈေတြကုိ ေအာက္တုိဘာလ ၁၈ ရက္ေန႔ ညေနသံုးနာရီက စတင္ၿပီး တပတ္ၾကာ ယာယီပိတ္ပင္လိုက္ပါတယ္။ အျပည့္အစုံကို ထုိင္းအေျခစုိက္ ဗြီအိုေအျမန္မာပုိင္း သတင္းေထာက္ မေအးေအးမာ တင္ျပထားပါတယ္။

မဲေဆာက္ၿမိဳ႕မွာ ၿပီးခဲ့တဲ့လကစၿပီး ျမန္မာႏုိင္ငံက ျပန္လာတဲ့ ထုိင္းႏုိင္ငံသားေတြ ကုိဗစ္ကပ္ေရာဂါ ေတြ႔ရွိတာ၊ ျမန္မာကုန္တင္ကားေမာင္းသမားေတြ ကုိဗစ္ေတြ႔ရွိတာ၊ ဒါ့အျပင္ ကုန္ကားသမားေတြ ဝင္ထြက္ခဲ့တဲ့ မဲေဆာက္ၿမိဳ႕ ထံုေထာင္းရပ္ကြက္မွာ ပုိးေတြ႔ရွိသူေတြ တုိးလာရာကစလို႔ အနီးတဝုိက္က စာသင္ေက်ာင္းေတြ၊ ဘာသာေရးေက်ာင္းေတြကုိလည္း ယာယီပိ္တ္လိုက္ပါတယ္။ ဒီေနာက္မွာေတာ့ ထိုင္း-ျမန္မာ ခ်စ္ၾကည္ေရးတံတား ၂ မွာ ကုန္သြယ္မႈေတြကိုလည္း တပတ္ၾကာ ကန္႔သတ္လိုက္တဲ့အေၾကာင္း ကရင္ျပည္နယ္ ျမဝတီခ႐ုိင္ အုပ္ခ်ဳပ္ေရးမွဴး ဦးေတဇာေအာင္က အခုလိုေျပာျပပါတယ္။

“ကုန္သြယ္မႈကုိ ယာယီကန္႔သတ္တာေပါ့။ ကုန္သြယ္မႈက သာမန္ Nomal Trade Border Trade ေတြ ကုန္သြယ္မႈေတာ့ မရွိဘူး။ ကုိဗစ္နဲ႔ပတ္သက္ၿပီးေတာ့ ရွိႏုိင္တယ္။ အေရးေပၚဟာမ်ိဳးေတာ့ ရွိိႏိုင္တယ္။ သူသတ္မွတ္ထားတာေတာ့ ၂၅ ရက္ေန႔ ညေနအထိ ကန္႔သတ္ထားတယ္။ သူက Export ကိုလည္း ကန္႔သတ္သလို Import လည္း ကန္႔သတ္ထားေတာ့ က်ေနာ္တို႔လည္း လုပ္လို႔မရဘူး။ သူတို႔လုပ္ခ်င္တဲ့အခါက်ရင္ေတာ့ ျပန္ညႇိႏႈိင္းေပါ့။ သက္ဆိုင္ရာဌာန တခုခ်င္းနဲ႔ဆိုင္တယ္။ ကုန္သြယ္ေရးဆို ကုန္သြယ္ေရးနဲ႔ဆိုင္တယ္၊ အေကာက္ခြန္ဆို အေကာက္ခြန္တုိ႔နဲ႔ပဲ ဆုိင္တယ္၊ ျပန္ညႇိႏႈိင္းၾကေပါ့။”

ကုန္သြယ္မႈေတြ ယာယီရပ္တန္႔ထားမွာ ျဖစ္ေပမယ့္ ကုိဗစ္ကာလမွာ အခက္အခဲ ေတြ႔ႀကံဳေနရတဲ့ ျမန္မာႏုိင္ငံသားေတြ အေနနဲ႔ကေတာ့ တံတား ၂ ကေန ေနရပ္ျပန္လုိ႔ရေၾကာင္းကုိလည္း ေျပာျပပါတယ္။

“အလုပ္သမားေတြကေတာ့ ျပန္လို႔ရတယ္။ မနက္ျဖန္လည္းရတယ္။ သူတို႔ဘက္က ထုိင္းေတြလည္း ျပန္မယ္ဆိုလည္း က်ေနာ္တို႔ကုိ လာညႇိႏႈိင္းေပါ့၊ ရတယ္၊ ႏွစ္ႏုိင္ငံညႇိႏႈိင္းၾကတာေပါ့။ ၂၅ ရက္ေန႔အထိ ဆုိတာက သူတို႔ဘက္က စဥ္းစားတာ၊ ဆံုးျဖတ္တာေပါ့။”

ေအာက္တုိဘာလ ၁၈ ရက္ေန႔မွာေတာ့ ထိုုင္းက်န္းမာေရးဝန္ႀကီး Mr. Anutin Charnvirakul ဟာ မဲေဆာက္ၿမိဳ႕ကို ေလယာဥ္နဲ႔ ေရာက္လာၿပီး နယ္စပ္အေျခအေနကို လာေရာက္စစ္ေဆးခဲ့ၿပီး နယ္ေျမခံ အာဏာပိုင္ေတြနဲ႔ ေတြ႔ဆံုသြားခဲ့ၿပီး အခုလိုေျပာသြားပါတယ္။

“မဲေဆာက္ၿမိဳ႕သူ ၿမိဳ႕သားေတြအေနနဲ႔ ခုလို ကိုဗစ္ေရာဂါပိုး ကူးဆက္ေနတဲ့ အေျခအေနနဲ႔ ပတ္သက္ၿပီး စိုးရိမ္ထိတ္လန္႔တာေတြ မျဖစ္ၾကဖိို႔နဲ႔ အိမ္နီးခ်င္းႏုိင္ငံကေန တရားမဝင္ ဝင္ေရာက္လာသူေတြကို အမ်ိဳးသားေရးတာဝန္လို ေစာင့္ၾကည့္ သတင္းေပးၾကဖို႔” ထုိင္းဘာသာနဲ႔ တိုက္တြန္းသြားပါတယ္။

အခုလို နယ္စပ္တံတား ၂ မွာ ကုန္သြယ္မႈေတြ ယာယီကန္႔သတ္လိုက္တာကေတာ့ မဲေဆာက္ၿမိဳ႕က အစၥလာမ္ဘာသာဝင္ေတြ အမ်ားဆံုးေနထိုင္ေနတဲ့ ထုံေထာင္း မဒီနာရပ္ကြက္မွာ မိသားစုဝင္ငါးဦး ကိုဗစ္ကပ္ေရာဂါ ေတြ႔ရွိခဲ့ၿပီး ထိုင္းႏုိင္ငံအတြင္း ကူးဆက္ျပန္႔ပြားမႈ အေရးေပၚ ထိန္းခ်ဳပ္ႏုိင္ဖို႔ ထိုင္းအာဏာပိုင္ေတြက အေရးေပၚကာလအျဖစ္ ၇ ရက္ သတ္မွတ္လိုက္ေၾကာင္း မဲေဆာက္ၿမိဳ႕ပုိင္က ေၾကညာခ်က္ ထုတ္ျပန္လိုက္ပါတယ္။

အေရးေပၚကာလကို ၇ ရက္ သတ္မွတ္ကာလအတြင္းမွာ ပိုးေတြ႔ရွိတဲ့ရပ္ကြက္နဲ႔ အနီးတဝုိက္က ဘာသာေရးေက်ာင္းေတြနဲ႔ စာသင္ေက်ာင္းေတြအားလံုး ပိတ္ထားရမွာျဖစ္ၿပီး COVID-19 ေရာဂါပိုး ထိန္းခ်ဳပ္ေရးလုပ္ငန္းေတြ လုပ္ေဆာင္ေတာ့မယ္လို႔ ဆုိပါတယ္။

ေရာဂါပိုး စတင္ေတြ႔ရွိတဲ့ ထုံေထာင္းရပ္ကြက္အတြင္းမွာေတာ့ လူစုလူေဝး လုပ္တာေတြ၊ ဘာသာေရးဆုေတာင္းတာ၊ ဝုိင္းဖြဲ႔အရက္ေသာက္တာေတြ မလုပ္ရသလို စားေသာက္ဆိုင္ေတြမွာလည္း စုေဝးစားေသာက္တာေတြ မလုပ္ဖုိ႔ သတိေပးထားပါတယ္။

ပိုးေတြ႔တဲ့ မိသားစုဝင္ေတြနဲ႔ အနီးကပ္ ေနထိုင္သူေတြကိုေတာ့ ေစာင့္ၾကည့္သြားမွာျဖစ္သလို ရပ္ကြက္အတြင္းမွာေတာ့ ပိုးသတ္ေဆး ဖ်န္းတာေတြလည္း လုပ္ေဆာင္ေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

ထိုင်း-မြန်မာ မဲဆောက်နယ်စပ်ကုန်သွယ်ရေး ယာယီကန့်သတ်

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ ကိုဗစ်ကပ်ရောဂါပိုး တွေ့ရှိရာကနေ စတင်ပြီး ထိုင်း-မြန်မာနယ်စပ် ချစ်ကြည်ရေးတံတား အမှတ် ၂ ကနေ တင်သွင်းကုန်နဲ့ တင်ပို့ကုန် စတဲ့ ကုန်သွယ်မှုတွေကို အောက်တိုဘာလ ၁၈ ရက်နေ့ ညနေသုံးနာရီက စတင်ပြီး တပတ်ကြာ ယာယီပိတ်ပင်လိုက်ပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာ တင်ပြထားပါတယ်။

မဲဆောက်မြို့မှာ ပြီးခဲ့တဲ့လကစပြီး မြန်မာနိုင်ငံက ပြန်လာတဲ့ ထိုင်းနိုင်ငံသားတွေ ကိုဗစ်ကပ်ရောဂါ တွေ့ရှိတာ၊ မြန်မာကုန်တင်ကားမောင်းသမားတွေ ကိုဗစ်တွေ့ရှိတာ၊ ဒါ့အပြင် ကုန်ကားသမားတွေ ဝင်ထွက်ခဲ့တဲ့ မဲဆောက်မြို့ ထုံထောင်းရပ်ကွက်မှာ ပိုးတွေ့ရှိသူတွေ တိုးလာရာကစလို့ အနီးတဝိုက်က စာသင်ကျောင်းတွေ၊ ဘာသာရေးကျောင်းတွေကိုလည်း ယာယီပိတ်လိုက်ပါတယ်။ ဒီနောက်မှာတော့ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား ၂ မှာ ကုန်သွယ်မှုတွေကိုလည်း တပတ်ကြာ ကန့်သတ်လိုက်တဲ့အကြောင်း ကရင်ပြည်နယ် မြဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က အခုလိုပြောပြပါတယ်။

“ကုန်သွယ်မှုကို ယာယီကန့်သတ်တာပေါ့။ ကုန်သွယ်မှုက သာမန် Nomal Trade Border Trade တွေ ကုန်သွယ်မှုတော့ မရှိဘူး။ ကိုဗစ်နဲ့ပတ်သက်ပြီးတော့ ရှိနိုင်တယ်။ အရေးပေါ်ဟာမျိုးတော့ ရှိနိုင်တယ်။ သူသတ်မှတ်ထားတာတော့ ၂၅ ရက်နေ့ ညနေအထိ ကန့်သတ်ထားတယ်။ သူက Export ကိုလည်း ကန့်သတ်သလို Import လည်း ကန့်သတ်ထားတော့ ကျနော်တို့လည်း လုပ်လို့မရဘူး။ သူတို့လုပ်ချင်တဲ့အခါကျရင်တော့ ပြန်ညှိနှိုင်းပေါ့။ သက်ဆိုင်ရာဌာန တခုချင်းနဲ့ဆိုင်တယ်။ ကုန်သွယ်ရေးဆို ကုန်သွယ်ရေးနဲ့ဆိုင်တယ်၊ အကောက်ခွန်ဆို အကောက်ခွန်တို့နဲ့ပဲ ဆိုင်တယ်၊ ပြန်ညှိနှိုင်းကြပေါ့။”

ကုန်သွယ်မှုတွေ ယာယီရပ်တန့်ထားမှာ ဖြစ်ပေမယ့် ကိုဗစ်ကာလမှာ အခက်အခဲ တွေ့ကြုံနေရတဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ကတော့ တံတား ၂ ကနေ နေရပ်ပြန်လို့ရကြောင်းကိုလည်း ပြောပြပါတယ်။

“အလုပ်သမားတွေကတော့ ပြန်လို့ရတယ်။ မနက်ဖြန်လည်းရတယ်။ သူတို့ဘက်က ထိုင်းတွေလည်း ပြန်မယ်ဆိုလည်း ကျနော်တို့ကို လာညှိနှိုင်းပေါ့၊ ရတယ်၊ နှစ်နိုင်ငံညှိနှိုင်းကြတာပေါ့။ ၂၅ ရက်နေ့အထိ ဆိုတာက သူတို့ဘက်က စဉ်းစားတာ၊ ဆုံးဖြတ်တာပေါ့။”

အောက်တိုဘာလ ၁၈ ရက်နေ့မှာတော့ ထိုင်းကျန်းမာရေးဝန်ကြီး Mr. Anutin Charnvirakul ဟာ မဲဆောက်မြို့ကို လေယာဉ်နဲ့ ရောက်လာပြီး နယ်စပ်အခြေအနေကို လာရောက်စစ်ဆေးခဲ့ပြီး နယ်မြေခံ အာဏာပိုင်တွေနဲ့ တွေ့ဆုံသွားခဲ့ပြီး အခုလိုပြောသွားပါတယ်။

“မဲဆောက်မြို့သူ မြို့သားတွေအနေနဲ့ ခုလို ကိုဗစ်ရောဂါပိုး ကူးဆက်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး စိုးရိမ်ထိတ်လန့်တာတွေ မဖြစ်ကြဖို့နဲ့ အိမ်နီးချင်းနိုင်ငံကနေ တရားမဝင် ဝင်ရောက်လာသူတွေကို အမျိုးသားရေးတာဝန်လို စောင့်ကြည့် သတင်းပေးကြဖို့” ထိုင်းဘာသာနဲ့ တိုက်တွန်းသွားပါတယ်။

အခုလို နယ်စပ်တံတား ၂ မှာ ကုန်သွယ်မှုတွေ ယာယီကန့်သတ်လိုက်တာကတော့ မဲဆောက်မြို့က အစ္စလာမ်ဘာသာဝင်တွေ အများဆုံးနေထိုင်နေတဲ့ ထုံထောင်း မဒီနာရပ်ကွက်မှာ မိသားစုဝင်ငါးဦး ကိုဗစ်ကပ်ရောဂါ တွေ့ရှိခဲ့ပြီး ထိုင်းနိုင်ငံအတွင်း ကူးဆက်ပြန့်ပွားမှု အရေးပေါ် ထိန်းချုပ်နိုင်ဖို့ ထိုင်းအာဏာပိုင်တွေက အရေးပေါ်ကာလအဖြစ် ၇ ရက် သတ်မှတ်လိုက်ကြောင်း မဲဆောက်မြို့ပိုင်က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

အရေးပေါ်ကာလကို ၇ ရက် သတ်မှတ်ကာလအတွင်းမှာ ပိုးတွေ့ရှိတဲ့ရပ်ကွက်နဲ့ အနီးတဝိုက်က ဘာသာရေးကျောင်းတွေနဲ့ စာသင်ကျောင်းတွေအားလုံး ပိတ်ထားရမှာဖြစ်ပြီး COVID-19 ရောဂါပိုး ထိန်းချုပ်ရေးလုပ်ငန်းတွေ လုပ်ဆောင်တော့မယ်လို့ ဆိုပါတယ်။

ရောဂါပိုး စတင်တွေ့ရှိတဲ့ ထုံထောင်းရပ်ကွက်အတွင်းမှာတော့ လူစုလူဝေး လုပ်တာတွေ၊ ဘာသာရေးဆုတောင်းတာ၊ ဝိုင်းဖွဲ့အရက်သောက်တာတွေ မလုပ်ရသလို စားသောက်ဆိုင်တွေမှာလည်း စုဝေးစားသောက်တာတွေ မလုပ်ဖို့ သတိပေးထားပါတယ်။

ပိုးတွေ့တဲ့ မိသားစုဝင်တွေနဲ့ အနီးကပ် နေထိုင်သူတွေကိုတော့ စောင့်ကြည့်သွားမှာဖြစ်သလို ရပ်ကွက်အတွင်းမှာတော့ ပိုးသတ်ဆေး ဖျန်းတာတွေလည်း လုပ်ဆောင်နေပါတယ်။

XS
SM
MD
LG