သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ေၾကာင့္ ထိုင္း-ျမန္မာနယ္စပ္ မဲေဆာက္ ကန္႔သတ္မႈေတြတိုး


မဲေဆာက္ၿမိဳ႕ ထံုေထာင္းရပ္ကြက္မွာ အဝင္အထြက္ကန္႔သတ္ၿပီး ေစာင့္ၾကပ္ေနတဲ့ ထုိင္းအာဏာပုိင္အခ်ဳိ႕။ (ဓာတ္ပုံ - AWO)

(Zawgyi / Unicode)

ျမန္မာကုန္တင္ကားမ်ား ဝင္ထြက္ခဲ့တဲ့ ထိုင္း-ျမန္္မာနယ္စပ္ မဲေဆာက္ၿမိဳ႕ ထုံေထာင္းရပ္ကြက္အတြင္းမွာ ကုိဗစ္ကပ္ေရာဂါပိုးေတြ႔သူ ၅ ဦးေတြ႔ရွိတာေၾကာင့္ စစ္တပ္စစ္ေဆးေရးဂိတ္ေတြ ခ်လိုက္ပါတယ္။ အျပည့္အစုံကုိ ထုိင္းအေျခစုိက္ ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္ မေအးေအးမာ တင္ျပေပးထားပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္း ျမဝတီၿမိဳ႕ကေန မဲေဆာက္ကို ဝင္ေရာက္လာတဲ့ ကုန္တင္ကားေမာင္းသူ ၃ ဦးမွာ ကိုဗစ္ေရာဂါပိုး ေတြ႔ခဲ့ရာက ဒီလူနာေတြ ဝင္ထြက္သြားလာတဲ့ေနရာကို ထိုင္းက်န္းမာေရးဌာနက လူအုပ္စုလိုက္ ေဆးစစ္မႈေတြ ျပဳလုပ္ခဲ့ရာမွာ ဒီကေန႔မွာဆိုရင္ COVID-19 ပိုးေတြ႔လူနာ ၅ ဦးရွိေၾကာင္း ထုိင္းက်န္းမာေရးဌာနက တာဝန္ရွိသူေတြကို ကုိးကားၿပီး ထိုင္းသတင္းေတြမွာ ေဖာ္ျပခဲ့ပါတယ္။

ေအာက္တိုဘာလ ၁၇ ရက္ေန႔ မနက္ကစၿပီး ထုံေထာင္းရပ္ကြက္ ၆ ေနရာကို လဝကဝန္ထမ္းေတြနဲ႔ စစ္တပ္ဂိတ္ေတြ ခ်ထားၿပီး ရပ္ကြက္အတြင္း အဝင္အထြက္ ျပဳလုပ္တာေတြ ခြင့္မျပဳေတာ့ဘဲ ကန္႔သတ္ပိတ္ဆို႔ထားပါတယ္။

ထံုေထာင္းရပ္ကြက္အတြင္း ေနထုိင္တဲ့ ေရႊ႕ေျပာင္းစာသင္ေက်ာင္းက ေက်ာင္းဆရာတဦးျဖစ္တဲ့ ကိုလင္းလင္းထြန္းေနာင္ကေတာ့ အခုလိုေျပာပါတယ္။

“အေျခအေနကေတာ့ က်ေနာ္တို႔ ထံုေထာင္းကေန ၿမိဳ႕ထဲကိုသြားမယ့္ ဝင္ေပါက္ထြက္ေပါက္ကုိ ပိ္တ္လိုက္တယ္။ သူက ဆီမီး Lockdown အဆင့္ပဲ ရွိဦးမယ္။ အကုန္လံုး Lockdown ဆိုရင္ေတာ့ အဝင္အထြက္ မရေတာ့ဘူးေပါ့။ အဲဒီအဆင့္ေတာ့ မဟုတ္ေသးဘူး။ အေရးတႀကီးသြားရမယ့္ ကိစၥေတြကိုေတာ့ ေပးသြားေသးတယ္။ အဲဒီမွာ လဝကေတြပါေတာ့ လက္မွတ္အေထာက္အထား မရွိတဲ့သူေတြ မသြားၾကဖို႔ ေျပာတယ္။”

ေသာၾကာေန႔ကေတာ့ ထိုင္းအေထာက္အထား ကိုင္ေဆာင္ထားတဲ့ အေနၾကာတဲ့ ျမန္မာႏုိင္ငံသား ၂ ဦးကုိ ကုိဗစ္ကပ္ေရာဂါပိုး ေတြ႔ရိွေၾကာင္း ထုတ္ေဖာ္ေျပာဆုိခ့ဲၿပီး စေနေန႔မွာပဲ သူတို႔နဲ႔ ဆက္စပ္သူ ေနာက္ထပ္ ၃ ဦးမွာ ပိုးေတြ႔ရွိခဲ့တာေၾကာင့္ ထံုေထာင္းရပ္ကြက္ကုိ စေနေန႔မနက္က စတင္ၿပီး ကန္႔သတ္မႈေတြ လုပ္လာတာျဖစ္ပါတယ္။

ထိုင္းမွာအေနၾကာတဲ့ ျမန္မာႏုိင္ငံသား မိသားစုမွာ စတင္ျဖစ္ပြားခဲ့ၿပီးေနာက္ လူနာေတြကိုေတာ့ မဲေဆာက္ေဆး႐ုံႀကီးမွာ ေဆးကုသေပးေနပါတယ္။ မဲေဆာက္ၿမိဳ႕ပိုင္ကေတာ့ မဲေဆာက္ၿမိဳ႕ခံ ျပည္သူေတြအေနနဲ႔ စိုးရိမ္ပူပန္မႈေတြ ျဖစ္မေနၾကဘဲ သက္ဆိုင္ရာ အာဏာပိုင္ေတြရဲ႕ ညႊန္ၾကားခ်က္ေတြအတိုင္း လိုက္နာလုပ္ေဆာင္သြားၾကပါလို႔ တိုက္တြန္းထားပါတယ္။

ထံုေထာင္းရပ္ကြက္မွာ ျမန္မာႏုိင္ငံသားေတြ ေထာင္ဂဏန္းေလာက္ ေနထိုင္ေနၾကတာျဖစ္ၿပီး ၿပီးခဲ့တဲ့ရက္ကေတာ့ ထံုေထာင္း မဒီနာ အစၥလာမ္မ်ား ေနထုိင္ရာ ေနရာမွာ ကုိဗစ္ကပ္ေရာပိုး စစ္ေဆးမႈကို လူ ၁,၀၀၀ ေက်ာ္ စစ္ေဆးေပးခဲ့တာ ျဖစ္ပါတယ္။ အဲဒီထဲက အခုဆိုရင္ ၅ ေယာက္ရဲ႕အေျဖမွာ ကုိဗစ္ကပ္ေရာဂါပိုး ေတြ႔ရွိခဲ့တာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------

(Unicode)

ကိုဗစ်ကြောင့် ထိုင်း-မြန်မာနယ်စပ် မဲဆောက် ကန့်သတ်မှုတွေတိုး

မြန်မာကုန်တင်ကားများ ဝင်ထွက်ခဲ့တဲ့ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ ထုံထောင်းရပ်ကွက်အတွင်းမှာ ကိုဗစ်ကပ်ရောဂါပိုးတွေ့သူ ၅ ဦးတွေ့ရှိတာကြောင့် စစ်တပ်စစ်ဆေးရေးဂိတ်တွေ ချလိုက်ပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မြဝတီမြို့ကနေ မဲဆောက်ကို ဝင်ရောက်လာတဲ့ ကုန်တင်ကားမောင်းသူ ၃ ဦးမှာ ကိုဗစ်ရောဂါပိုး တွေ့ခဲ့ရာက ဒီလူနာတွေ ဝင်ထွက်သွားလာတဲ့နေရာကို ထိုင်းကျန်းမာရေးဌာနက လူအုပ်စုလိုက် ဆေးစစ်မှုတွေ ပြုလုပ်ခဲ့ရာမှာ ဒီကနေ့မှာဆိုရင် COVID-19 ပိုးတွေ့လူနာ ၅ ဦးရှိကြောင်း ထိုင်းကျန်းမာရေးဌာနက တာဝန်ရှိသူတွေကို ကိုးကားပြီး ထိုင်းသတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။

အောက်တိုဘာလ ၁၇ ရက်နေ့ မနက်ကစပြီး ထုံထောင်းရပ်ကွက် ၆ နေရာကို လဝကဝန်ထမ်းတွေနဲ့ စစ်တပ်ဂိတ်တွေ ချထားပြီး ရပ်ကွက်အတွင်း အဝင်အထွက် ပြုလုပ်တာတွေ ခွင့်မပြုတော့ဘဲ ကန့်သတ်ပိတ်ဆို့ထားပါတယ်။

ထုံထောင်းရပ်ကွက်အတွင်း နေထိုင်တဲ့ ရွှေ့ပြောင်းစာသင်ကျောင်းက ကျောင်းဆရာတဦးဖြစ်တဲ့ ကိုလင်းလင်းထွန်းနောင်ကတော့ အခုလိုပြောပါတယ်။

“အခြေအနေကတော့ ကျနော်တို့ ထုံထောင်းကနေ မြို့ထဲကိုသွားမယ့် ဝင်ပေါက်ထွက်ပေါက်ကို ပိတ်လိုက်တယ်။ သူက ဆီမီး Lockdown အဆင့်ပဲ ရှိဦးမယ်။ အကုန်လုံး Lockdown ဆိုရင်တော့ အဝင်အထွက် မရတော့ဘူးပေါ့။ အဲဒီအဆင့်တော့ မဟုတ်သေးဘူး။ အရေးတကြီးသွားရမယ့် ကိစ္စတွေကိုတော့ ပေးသွားသေးတယ်။ အဲဒီမှာ လဝကတွေပါတော့ လက်မှတ်အထောက်အထား မရှိတဲ့သူတွေ မသွားကြဖို့ ပြောတယ်။”

သောကြာနေ့ကတော့ ထိုင်းအထောက်အထား ကိုင်ဆောင်ထားတဲ့ အနေကြာတဲ့ မြန်မာနိုင်ငံသား ၂ ဦးကို ကိုဗစ်ကပ်ရောဂါပိုး တွေ့ရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး စနေနေ့မှာပဲ သူတို့နဲ့ ဆက်စပ်သူ နောက်ထပ် ၃ ဦးမှာ ပိုးတွေ့ရှိခဲ့တာကြောင့် ထုံထောင်းရပ်ကွက်ကို စနေနေ့မနက်က စတင်ပြီး ကန့်သတ်မှုတွေ လုပ်လာတာဖြစ်ပါတယ်။

ထိုင်းမှာအနေကြာတဲ့ မြန်မာနိုင်ငံသား မိသားစုမှာ စတင်ဖြစ်ပွားခဲ့ပြီးနောက် လူနာတွေကိုတော့ မဲဆောက်ဆေးရုံကြီးမှာ ဆေးကုသပေးနေပါတယ်။ မဲဆောက်မြို့ပိုင်ကတော့ မဲဆောက်မြို့ခံ ပြည်သူတွေအနေနဲ့ စိုးရိမ်ပူပန်မှုတွေ ဖြစ်မနေကြဘဲ သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ ညွှန်ကြားချက်တွေအတိုင်း လိုက်နာလုပ်ဆောင်သွားကြပါလို့ တိုက်တွန်းထားပါတယ်။

ထုံထောင်းရပ်ကွက်မှာ မြန်မာနိုင်ငံသားတွေ ထောင်ဂဏန်းလောက် နေထိုင်နေကြတာဖြစ်ပြီး ပြီးခဲ့တဲ့ရက်ကတော့ ထုံထောင်း မဒီနာ အစ္စလာမ်များ နေထိုင်ရာ နေရာမှာ ကိုဗစ်ကပ်ရောပိုး စစ်ဆေးမှုကို လူ ၁,၀၀၀ ကျော် စစ်ဆေးပေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီထဲက အခုဆိုရင် ၅ ယောက်ရဲ့အဖြေမှာ ကိုဗစ်ကပ်ရောဂါပိုး တွေ့ရှိခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG