သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

COVID-19 ေစာင့္ၾကည့္ကုသေရး စင္တာေတြရဲ႕ ကုသေစာင့္ၾကည့္မႈ လုပ္ငန္းစဥ္


COVID-19 သံသယလူနာေတြကို ရွာေဖြၿပီး ကြာရမ္တင္းစင္တာေတြဆီ ပို႔ေဆာင္ေပးေနတဲ့ ေစတနာ့ဝန္ထမ္းမ်ား။ (ေအာက္တုိဘာ ၉၊ ၂၀၂၀)

(Zawgyi / Unicode)

ကိုဗစ္ပိုးေတြ႔သူေတြအေနနဲ႔ ရန္ကုန္က ေစာင့္ၾကည့္ကုသေရး စင္တာေတြ သြားရဖို႔ စိုးရိမ္မႈတခ်ိဳ႕ ရွိေနတာအတြက္ ေတာင္ဒဂံုၿမိဳ႕နယ္ရွိ ေအာင္ျမင့္မိုရ္ COVID-19 ကုသေရးစင္တာက ဒုတိယတာဝန္ခံ ေဒါက္တာေက်ာ္မ်ဳိးလႈိင္ကုိ ကိုဝင္းမင္းက ေမးရာမွာ ေဒါက္တာေက်ာ္မ်ိဳးလိႈင္က ေသဆံုးမႈ ေလွ်ာ့ခ်ႏုိင္ေအာင္ အားလံုးစီစဥ္ထားတာမို႔ မစိုးရိမ္ၾကဖို႔နဲ႔ အေျခအေန ျပန္ေကာင္းလာပံုကို ခုလို စရွင္းျပပါတယ္။

ေဒါက္တာေက်ာ္မ်ဳိးလႈိင္ - “အခုခ်ိန္မွာေတာ့ လြန္ခဲ့တဲ့ စဖြင့္ကာစ ကာလထက္ စာရင္ေတာ့လည္း Positive လူနာ နည္းလာတယ္။ စဖြင့္ကာစကေတာ့ ၂,၀၀၀ ေက်ာ္အထိ ေရာက္ၿပီးေတာ့ အခုေတာ့ ၁,၀၀၀ ေလာက္ပဲ လက္ခံရပါေတာ့တယ္။ ၁,၀၀၀ က ေနရာေတြ က်န္တာ ရွိေသးတယ္။”

ကိုဝင္းမင္း - လူနာေတြ စီစဥ္ေရးကေတာ့ ေနရာလြတ္ေတြ ပိုမ်ားလာတာေပါ့ေနာ္၊ အရင္ထက္စာရင္။

ေဒါက္တာေက်ာ္မ်ဳိးလႈိင္ - “ဟုတ္တယ္၊ ထပ္ဖြင့္တဲ့စင္တာေတြလည္း မ်ားလာေတာ့၊ အရင္ကလို တေနရာ ႏွစ္ေနရာတည္း စုၿပီး မပို႔ရေတာ့ဘဲ ခြဲပုိ႔ႏုိင္တဲ့ အေနအထားလည္း ရွိသြားတာေပါ့။ တနဂၤေႏြမနက္ကဆုိရင္ ၂၀၄ ေယာက္ေလာက္ ေဆး႐ုံက ဆင္းသြားတာေပါ့။ ည ၈ နာရီေလာက္အထိေတာ့ ၂၃၀ ေလာက္ ျပန္ဝင္လာတာေပါ့။”

ကုိဝင္းမင္း - ကုသမႈအပိုင္းေရာ ပိုၿပီးေတာ့ ျပည့္ျပည့္ဝဝ ေကာင္းေကာင္းမြန္မြန္ ေပးႏုိင္တဲ့အေနအထား ရွိလား။ ေသဆုံးမႈကလည္း တစုံတရာ ရွိေနေသးတာေပါ့။

ေဒါက္တာေက်ာ္မ်ဳိးလႈိင္ - “က်ေနာ္တုိ႔ စင္တာေတြကေတာ့ ေရာဂါလကၡဏာ မျပဘဲနဲ႔ Positive ျဖစ္ေနတဲ့ လူနာေတြ လက္ခံထားတာလည္း ျဖစ္တယ္။ ၿပီးေတာ့ အဲဒီထဲမွာမွ ေသြးတြင္း ေအာက္ဆီဂ်င္ က်လာၿပီးေတာ့ နည္းနည္း ဆိုးတဲ့လူေတြက်ေတာ့လည္း ထိန္းႏုိင္သေလာက္ ထိန္းၿပီးေတာ့ ဒီ့ထက္ ေကာင္းမြန္တဲ့ ကုသမႈ လုိအပ္မယ္ဆုိရင္ေတာ့လည္း ေဖာင္ႀကီးတုိ႔၊ ေဝဘာဂီတုိ႔၊ ေတာင္ဥကၠလာတုိ႔ ICU ရွိတဲ့ေနရာေတြကို ခ်ိတ္ဆက္ၿပီး Refer (လႊဲေပးတာ) လုပ္ေပးတာေပါ့။”

ကုိဝင္းမင္း - ဘယ္ေလာက္ေလာက္ အခုခ်ိန္ထိ ပို႔ခဲ့ၿပီးေတာ့ ဘယ္ေလာက္ေလာက္ ျပန္ေကာင္းလာတာ ေတြ႔ရလဲ။

ေဒါက္တာေက်ာ္မ်ဳိးလႈိင္ - “ဖြင့္ခဲ့တာ အရက္ ၂၀ ေက်ာ္ၿပီဆုိေတာ့ ပို႔ခဲ့တာ ၃၀၊ ၄၀ ေလာက္ေတာ့ ရွိပါၿပီ။ က်ေနာ္တုိ႔ဆီက ပုိ႔တဲ့အထဲကေတာ့ ဆုိးဝါးသြားတာ မၾကားပါဘူး။ ေကာင္းၿပီးေတာ့ ျပန္ဆင္းသြားတယ္။ တခ်ဳိ႕လည္း လုိအပ္လို႔ သက္ဆုိင္ရာ ေဆး႐ုံေတြမွာ ဆက္ၿပီးေတာ့ ကုသမႈေပးေနတယ္လို႔ပဲ ၾကားရပါတယ္။”

ကုိဝင္းမင္း - ေသဆုံးမႈေတြ တစုံတရာ ရွိေသာ္လည္းပဲ အခုလို ေစာေစာစီးစီး ေရာက္လာႏုိင္ရင္ေတာ့ အခ်ိန္မီ ICU အထူးၾကပ္မတ္ေဆာင္ရွိတဲ့ ေနရာေတြဆီ ပုိ႔လို႔ရတဲ့အတြက္ အသက္အႏၱရာယ္ အမ်ားႀကီး ေလ်ာ့သြားတယ္၊ အသက္ကယ္ႏုိင္တယ္လို႔ ေျပာလို႔ရတာေပါ့ ဆရာ။

ေဒါက္တာေက်ာ္မ်ဳိးလႈိင္ - “မွန္တာေပါ့ဗ်ာ။”

ကုိဝင္းမင္း - ဒီေနရာမွာ တျခားေသာ ျပည္သူေတြကို ဘာေျပာခ်င္ေသးလဲ။

ေဒါက္တာေက်ာ္မ်ဳိးလႈိင္ - “ျပည္သူေတြ အေနနဲ႔ကေတာ့ ကုိဗစ္ Positive စေတြ႔ခဲ့တဲ့ မတ္လကတည္းက က်ေနာ္တုိ႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနကေန ထုတ္ျပန္ထားတဲ့ လိုက္နာသင့္တဲ့ အခ်က္ေလးေတြ၊ အျပင္ထြက္ရင္ Mask တပ္ပါ၊ လက္ကို မၾကာခန ေဆးပါ၊ တခါေဆးရင္ စကၠန္႔ ၂၀ ေဆးပါ၊ မလိုအပ္ဘဲ အျပင္မထြက္ပါနဲ႔၊ တေယာက္နဲ႔တေယာက္ အနည္းဆုံး ၃ ေပ၊ ျဖစ္ႏုိင္ရင္ ၆ ေပေလာက္အထိ ခြဲေန၊ အဲဒါေလးေတြကို တတ္ႏုိင္သေလာက္ လုိက္နာၿပီးေတာ့ လိုအပ္သလို ထပ္ထုတ္ျပန္ထားတဲ့ ၿမိဳ႕နယ္အလုိက္ Home Stay အတြက္ သီးသန္႔အမိန္႔ေတြ ရွိတယ္ေလ၊ အဲဒီအေပၚမွာလည္း လုိက္နာမယ္ ဆုိရင္ေတာ့ ေရာဂါပိုး ကူးစက္ႏုိင္တဲ့ အေနအထားကေန ေလ်ာ့နည္းႏုိင္တယ္။ တကယ္လို႔ ေနာက္ဆုံး ကိုယ္ ကူးစက္ခံရလို႔ Positive ျဖစ္ခဲ့ရင္ေတာင္မွ ဒီလို ေရာဂါလကၡဏာ မျပဘဲ Positive ျဖစ္တဲ့ လူနာေတြအတြက္ သီးသန္႔ထားတဲ့ စင္တာႀကီးေတြမွာ လာေရာက္ၿပီးေတာ့ ပုိ႔ေဆာင္ေပးရင္လည္း သတ္မွတ္ရက္အတြင္း အဆင္ေျပေအာင္ ေနထုိင္ၿပီးေတာ့ က်န္းက်န္းမာမာနဲ႔ အိမ္ျပန္သြားႏုိင္ပါတယ္။”

ကုိဝင္းမင္း - အဓိကေတာ့ ေရာဂါလကၡဏာ မျပေသာ္လည္းဘဲ ေစာေစာစီးစီး အခုလို ဆရာတို႔ ေအာင္ျမင့္မုိရ္ကေန အခ်ိန္မီ လိုအပ္တဲ့ ေနရာေတြကို ပို႔ေပးႏုိင္ေအာင္၊ ေစာင့္ၾကည့္ႏုိင္ေအာင္၊ အသက္မဆုံး႐ႈံးေအာင္ေပါ့။

ေဒါက္တာေက်ာ္မ်ဳိးလႈိင္ - “ဟုတ္ပါတယ္၊ ကေ်နာ္တုိ႔က ဒီမွာ ကုသေပးတယ္ဆုိတာက Seriously Ill (ျပင္းျပင္းထန္ထန္ဖ်ားတာ) မျဖစ္တဲ့ အေနအထားကို ကုသေပးတာေပါ့။ Fever ရွိမယ္၊ ေခ်ာင္းဆုိးမယ္၊ အတန္အသင့္ ရင္ၾကပ္မယ္၊ အသက္႐ွဴၾကပ္မယ္ေပါ့၊ ေအာက္ဆီဂ်င္က်တယ္၊ ဒါေပမယ့္ တအားႀကီးမက်ဘူး၊ အဲဒီမွာ က်ေနာ္တုိ႔က ေအာက္ဆီဂ်င္ဆလင္ဒါ ေအာက္ဆီဂ်င္ ကြန္ဆန္ထေရတာေတြနဲ႔ ျပန္ထိန္းေပးထားမယ္ေပါ့။ ဒါက Comorbid (ေရာဂါအခံရွိတာ) ေပါ့၊ ေသြးတုိး ဆီးခ်ဳိရွိရင္လည္း အတုိင္ပင္ခံ သမားေတာ္တေယာက္ ဦးေဆာင္ၿပီးေတာ့ လက္ေထာက္ဆရာဝန္ အထူးကု ၃ ေယာက္ပါတဲ့ အဖြဲ႔ကေနၿပီးေတာ့ လိုအပ္တဲ့ ကုသမႈေတြကို ေပးတာေပါ့။ အဲဒါကိုမွ ေတာက္ေလွ်ာက္ ေအာက္ဆီဂ်င္ေပးဖို႔ လိုအပ္တယ္၊ တျခား ဒီ့ထက္ပိုၿပီး ျပည့္စုံတဲ့ကုသမႈ လိုအပ္တာမ်ဳိးၾကမွ ကေနာ္တုိ႔က လႊဲပို႔တာျဖစ္တဲ့အတြက္ေၾကာင့္ အေၾကာင္းအားလေ်ာ္စြာ Positive ျဖစ္သြားတဲ့ ျပည္သူေတြ အေနနဲ႔လည္း ဘာမွ စိုးရိမ္ေၾကာင့္ၾက မရွိဘဲနဲ႔ က်ေနာ္တို႔ ေအာင္ျမင့္မုိရ္စင္တာကို ကုသဖုိ႔ ေရာက္ရွိလာတယ္ဆုိရင္ ေလးေယာက္ေနတဲ့ အခန္းတခုမွာ ေအာက္ဆီဂ်င္တုိင္းတဲ့ဟာ၊ ေနာက္ ဒစ္ဂ်စ္တယ္ BP (Blood Pressure) Cuff (ကိရိယာ) ေပါ့၊ Pressure တုိင္းလို႔ရတယ္၊ ေနာက္ ဂလူကိုမီတာပါ ထည့္ေပးထားတယ္။ မ်ားေသာအားျဖင့္က အသက္ ၅၀၊ ၆၀ အရြယ္ ႏိုင္ငံသားေတြက အခုအခ်ိန္မွာ ေသြးတုိးနဲ႔ ဆီးခ်ိဳ ရွိေနၾကတာ မ်ားေတာ့။ သူတို႔ဘာသာ တုိင္းၿပီးေတာ့မွ ပုံမွန္နဲ႔မတူ၊ ထူးျခားတယ္ဆုိရင္ ဒီကေန သူတုိ႔ ပုံမွန္ေသာက္ေနၾကေဆး ပါလာတယ္ဆုိရင္ ဘယ္လိုေသာက္ပါေပါ့၊ မပါလာတဲ့လူဆုိရင္ က်ေနာ္တုိ႔ဘက္က ေဆးကုိ Volunteer နဲ႔ ပို႔ေပးပါတယ္။ အားလုံး ၁၁ ရက္ေနရတာကုိး။ အဆင္ေျပေအာင္ က်န္းမာေရးကအစ၊ လူမႈေရးကအစ ႏွစ္သိမ့္ ေဆြးေႏြးေပးတာေပါ့။ စိတ္ဖိစီးမႈေတြ ေျပာျပေပးတဲ့အခါၾကေတာ့ သူတုိ႔ ေက်နပ္ႏွစ္သိမ့္မႈတခ်ဳိ႕ ရရွိသြားတာေပါ့။”

ကုိဝင္းမင္း - ဟုတ္ကဲ့၊ ေက်းဇူးအမ်ားႀကီးတင္ပါတယ္ဆရာ။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

COVID-19 စောင့်ကြည့်ကုသရေး စင်တာတွေရဲ့ ကုသစောင့်ကြည့်မှု လုပ်ငန်းစဉ်

ကိုဗစ်ပိုးတွေ့သူတွေအနေနဲ့ ရန်ကုန်က စောင့်ကြည့်ကုသရေး စင်တာတွေ သွားရဖို့ စိုးရိမ်မှုတချို့ ရှိနေတာအတွက် တောင်ဒဂုံမြို့နယ်ရှိ အောင်မြင့်မိုရ် COVID-19 ကုသရေးစင်တာက ဒုတိယတာဝန်ခံ ဒေါက်တာကျော်မျိုးလှိုင်ကို ကိုဝင်းမင်းက မေးရာမှာ ဒေါက်တာကျော်မျိုးလှိုင်က သေဆုံးမှု လျှော့ချနိုင်အောင် အားလုံးစီစဉ်ထားတာမို့ မစိုးရိမ်ကြဖို့နဲ့ အခြေအနေ ပြန်ကောင်းလာပုံကို ခုလို စရှင်းပြပါတယ်။

ဒေါက်တာကျော်မျိုးလှိုင် - “အခုချိန်မှာတော့ လွန်ခဲ့တဲ့ စဖွင့်ကာစ ကာလထက် စာရင်တော့လည်း Positive လူနာ နည်းလာတယ်။ စဖွင့်ကာစကတော့ ၂,၀၀၀ ကျော်အထိ ရောက်ပြီးတော့ အခုတော့ ၁,၀၀၀ လောက်ပဲ လက်ခံရပါတော့တယ်။ ၁,၀၀၀ က နေရာတွေ ကျန်တာ ရှိသေးတယ်။”

ကိုဝင်းမင်း - လူနာတွေ စီစဉ်ရေးကတော့ နေရာလွတ်တွေ ပိုများလာတာပေါ့နော်၊ အရင်ထက်စာရင်။

ဒေါက်တာကျော်မျိုးလှိုင် - “ဟုတ်တယ်၊ ထပ်ဖွင့်တဲ့စင်တာတွေလည်း များလာတော့၊ အရင်ကလို တနေရာ နှစ်နေရာတည်း စုပြီး မပို့ရတော့ဘဲ ခွဲပို့နိုင်တဲ့ အနေအထားလည်း ရှိသွားတာပေါ့။ တနင်္ဂနွေမနက်ကဆိုရင် ၂၀၄ ယောက်လောက် ဆေးရုံက ဆင်းသွားတာပေါ့။ ည ၈ နာရီလောက်အထိတော့ ၂၃၀ လောက် ပြန်ဝင်လာတာပေါ့။”

ကိုဝင်းမင်း - ကုသမှုအပိုင်းရော ပိုပြီးတော့ ပြည့်ပြည့်ဝဝ ကောင်းကောင်းမွန်မွန် ပေးနိုင်တဲ့အနေအထား ရှိလား။ သေဆုံးမှုကလည်း တစုံတရာ ရှိနေသေးတာပေါ့။

ဒေါက်တာကျော်မျိုးလှိုင် - “ကျနော်တို့ စင်တာတွေကတော့ ရောဂါလက္ခဏာ မပြဘဲနဲ့ Positive ဖြစ်နေတဲ့ လူနာတွေ လက်ခံထားတာလည်း ဖြစ်တယ်။ ပြီးတော့ အဲဒီထဲမှာမှ သွေးတွင်း အောက်ဆီဂျင် ကျလာပြီးတော့ နည်းနည်း ဆိုးတဲ့လူတွေကျတော့လည်း ထိန်းနိုင်သလောက် ထိန်းပြီးတော့ ဒီ့ထက် ကောင်းမွန်တဲ့ ကုသမှု လိုအပ်မယ်ဆိုရင်တော့လည်း ဖောင်ကြီးတို့၊ ဝေဘာဂီတို့၊ တောင်ဥက္ကလာတို့ ICU ရှိတဲ့နေရာတွေကို ချိတ်ဆက်ပြီး Refer (လွှဲပေးတာ) လုပ်ပေးတာပေါ့။”

ကိုဝင်းမင်း - ဘယ်လောက်လောက် အခုချိန်ထိ ပို့ခဲ့ပြီးတော့ ဘယ်လောက်လောက် ပြန်ကောင်းလာတာ တွေ့ရလဲ။

ဒေါက်တာကျော်မျိုးလှိုင် - “ဖွင့်ခဲ့တာ အရက် ၂၀ ကျော်ပြီဆိုတော့ ပို့ခဲ့တာ ၃၀၊ ၄၀ လောက်တော့ ရှိပါပြီ။ ကျနော်တို့ဆီက ပို့တဲ့အထဲကတော့ ဆိုးဝါးသွားတာ မကြားပါဘူး။ ကောင်းပြီးတော့ ပြန်ဆင်းသွားတယ်။ တချို့လည်း လိုအပ်လို့ သက်ဆိုင်ရာ ဆေးရုံတွေမှာ ဆက်ပြီးတော့ ကုသမှုပေးနေတယ်လို့ပဲ ကြားရပါတယ်။”

ကိုဝင်းမင်း - သေဆုံးမှုတွေ တစုံတရာ ရှိသော်လည်းပဲ အခုလို စောစောစီးစီး ရောက်လာနိုင်ရင်တော့ အချိန်မီ ICU အထူးကြပ်မတ်ဆောင်ရှိတဲ့ နေရာတွေဆီ ပို့လို့ရတဲ့အတွက် အသက်အန္တရာယ် အများကြီး လျော့သွားတယ်၊ အသက်ကယ်နိုင်တယ်လို့ ပြောလို့ရတာပေါ့ ဆရာ။

ဒေါက်တာကျော်မျိုးလှိုင် - “မှန်တာပေါ့ဗျာ။”

ကိုဝင်းမင်း - ဒီနေရာမှာ တခြားသော ပြည်သူတွေကို ဘာပြောချင်သေးလဲ။

ဒေါက်တာကျော်မျိုးလှိုင် - “ပြည်သူတွေ အနေနဲ့ကတော့ ကိုဗစ် Positive စတွေ့ခဲ့တဲ့ မတ်လကတည်းက ကျနော်တို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကနေ ထုတ်ပြန်ထားတဲ့ လိုက်နာသင့်တဲ့ အချက်လေးတွေ၊ အပြင်ထွက်ရင် Mask တပ်ပါ၊ လက်ကို မကြာခန ဆေးပါ၊ တခါဆေးရင် စက္ကန့် ၂၀ ဆေးပါ၊ မလိုအပ်ဘဲ အပြင်မထွက်ပါနဲ့၊ တယောက်နဲ့တယောက် အနည်းဆုံး ၃ ပေ၊ ဖြစ်နိုင်ရင် ၆ ပေလောက်အထိ ခွဲနေ၊ အဲဒါလေးတွေကို တတ်နိုင်သလောက် လိုက်နာပြီးတော့ လိုအပ်သလို ထပ်ထုတ်ပြန်ထားတဲ့ မြို့နယ်အလိုက် Home Stay အတွက် သီးသန့်အမိန့်တွေ ရှိတယ်လေ၊ အဲဒီအပေါ်မှာလည်း လိုက်နာမယ် ဆိုရင်တော့ ရောဂါပိုး ကူးစက်နိုင်တဲ့ အနေအထားကနေ လျော့နည်းနိုင်တယ်။ တကယ်လို့ နောက်ဆုံး ကိုယ် ကူးစက်ခံရလို့ Positive ဖြစ်ခဲ့ရင်တောင်မှ ဒီလို ရောဂါလက္ခဏာ မပြဘဲ Positive ဖြစ်တဲ့ လူနာတွေအတွက် သီးသန့်ထားတဲ့ စင်တာကြီးတွေမှာ လာရောက်ပြီးတော့ ပို့ဆောင်ပေးရင်လည်း သတ်မှတ်ရက်အတွင်း အဆင်ပြေအောင် နေထိုင်ပြီးတော့ ကျန်းကျန်းမာမာနဲ့ အိမ်ပြန်သွားနိုင်ပါတယ်။”

ကိုဝင်းမင်း - အဓိကတော့ ရောဂါလက္ခဏာ မပြသော်လည်းဘဲ စောစောစီးစီး အခုလို ဆရာတို့ အောင်မြင့်မိုရ်ကနေ အချိန်မီ လိုအပ်တဲ့ နေရာတွေကို ပို့ပေးနိုင်အောင်၊ စောင့်ကြည့်နိုင်အောင်၊ အသက်မဆုံးရှုံးအောင်ပေါ့။

ဒေါက်တာကျော်မျိုးလှိုင် - “ဟုတ်ပါတယ်၊ ကျေနာ်တို့က ဒီမှာ ကုသပေးတယ်ဆိုတာက Seriously Ill (ပြင်းပြင်းထန်ထန်ဖျားတာ) မဖြစ်တဲ့ အနေအထားကို ကုသပေးတာပေါ့။ Fever ရှိမယ်၊ ချောင်းဆိုးမယ်၊ အတန်အသင့် ရင်ကြပ်မယ်၊ အသက်ရှူကြပ်မယ်ပေါ့၊ အောက်ဆီဂျင်ကျတယ်၊ ဒါပေမယ့် တအားကြီးမကျဘူး၊ အဲဒီမှာ ကျနော်တို့က အောက်ဆီဂျင်ဆလင်ဒါ အောက်ဆီဂျင် ကွန်ဆန်ထရေတာတွေနဲ့ ပြန်ထိန်းပေးထားမယ်ပေါ့။ ဒါက Comorbid (ရောဂါအခံရှိတာ) ပေါ့၊ သွေးတိုး ဆီးချိုရှိရင်လည်း အတိုင်ပင်ခံ သမားတော်တယောက် ဦးဆောင်ပြီးတော့ လက်ထောက်ဆရာဝန် အထူးကု ၃ ယောက်ပါတဲ့ အဖွဲ့ကနေပြီးတော့ လိုအပ်တဲ့ ကုသမှုတွေကို ပေးတာပေါ့။ အဲဒါကိုမှ တောက်လျှောက် အောက်ဆီဂျင်ပေးဖို့ လိုအပ်တယ်၊ တခြား ဒီ့ထက်ပိုပြီး ပြည့်စုံတဲ့ကုသမှု လိုအပ်တာမျိုးကြမှ ကနော်တို့က လွှဲပို့တာဖြစ်တဲ့အတွက်ကြောင့် အကြောင်းအားလျော်စွာ Positive ဖြစ်သွားတဲ့ ပြည်သူတွေ အနေနဲ့လည်း ဘာမှ စိုးရိမ်ကြောင့်ကြ မရှိဘဲနဲ့ ကျနော်တို့ အောင်မြင့်မိုရ်စင်တာကို ကုသဖို့ ရောက်ရှိလာတယ်ဆိုရင် လေးယောက်နေတဲ့ အခန်းတခုမှာ အောက်ဆီဂျင်တိုင်းတဲ့ဟာ၊ နောက် ဒစ်ဂျစ်တယ် BP (Blood Pressure) Cuff (ကိရိယာ) ပေါ့၊ Pressure တိုင်းလို့ရတယ်၊ နောက် ဂလူကိုမီတာပါ ထည့်ပေးထားတယ်။ များသောအားဖြင့်က အသက် ၅၀၊ ၆၀ အရွယ် နိုင်ငံသားတွေက အခုအချိန်မှာ သွေးတိုးနဲ့ ဆီးချို ရှိနေကြတာ များတော့။ သူတို့ဘာသာ တိုင်းပြီးတော့မှ ပုံမှန်နဲ့မတူ၊ ထူးခြားတယ်ဆိုရင် ဒီကနေ သူတို့ ပုံမှန်သောက်နေကြဆေး ပါလာတယ်ဆိုရင် ဘယ်လိုသောက်ပါပေါ့၊ မပါလာတဲ့လူဆိုရင် ကျနော်တို့ဘက်က ဆေးကို Volunteer နဲ့ ပို့ပေးပါတယ်။ အားလုံး ၁၁ ရက်နေရတာကိုး။ အဆင်ပြေအောင် ကျန်းမာရေးကအစ၊ လူမှုရေးကအစ နှစ်သိမ့် ဆွေးနွေးပေးတာပေါ့။ စိတ်ဖိစီးမှုတွေ ပြောပြပေးတဲ့အခါကြတော့ သူတို့ ကျေနပ်နှစ်သိမ့်မှုတချို့ ရရှိသွားတာပေါ့။”

ကိုဝင်းမင်း - ဟုတ်ကဲ့၊ ကျေးဇူးအများကြီးတင်ပါတယ်ဆရာ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG