သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုိဗစ္ရွိမရွိ စစ္ေဆးေရး Test Kit ၉ ေသာင္းခြဲ ေတာင္ကိုရီးယားက ျမန္မာကို လွဴဒါန္း


ေတာင္ကုိရီးယားက ျမန္မာႏုိင္ငံကို ကိုဗစ္ေရာဂါပုိးရွိမရွိ အျမန္စစ္ေဆးႏုိင္တဲ့ ကိရိယာ လွဴဒါန္းတဲ့ျမင္ကြင္း။ (ေအာက္တိုဘာ ၁၇၊ ၂၀၂၀။ ဓာတ္ပုံ - MOHS)

(Zawgyi / Unicode)

ကုိဗစ္ေရာဂါပိုး ရွိမရွိ အျမန္စစ္ႏုိင္မယ့္ Rapid Antigen Diagnostic Test Kit (RADTK) ကိရိယာ ၉၅,၀၀၀ ကို ေတာင္ကိုရီးယားႏိုင္ငံက ျမန္မာႏိုင္ငံကို လွဴဒါန္းခဲ့တဲ့အတြက္ ျမန္မာျပည္သူေတြကို အရင္ထက္ပိုၿပီး စစ္ေဆးေပးႏိုင္ေတာ့မွာျဖစ္ေၾကာင္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန ဝန္ႀကီး ေဒါက္တာျမင့္ေထြးက စေနေန႔မွာ ေျပာၾကားလိုက္ပါတယ္။

Korea International Cooperation Agency (KOICA) ကုိရီးယား ႏိုင္ငံတကာ ပူးေပါင္းေဆာင္ရြက္ေရး ေအဂ်င္စီက လွဴဒါန္းတဲ့ အေမရိကန္ေဒၚလာ ၅၀၀,၀၀၀ တန္ဖုိးရွိ ေဆးစစ္ကိရိယာ လႊဲေျပာင္းေပးအပ္တဲ့ အခမ္းအနားမွာ ေဒါက္တာျမင့္ေထြးက အဲဒီလို ေျပာၾကားလိုက္တာပါ။

ေတာင္ကိုရီးယားႏိုင္ငံ သံအမတ္ႀကီး H.E Mr. Lee Sang-hwa ကတဆင့္ ျမန္မာႏိုင္ငံ COVID-19 ကာကြယ္ ထိန္းခ်ဳပ္ ကုသေရး ဗဟိုေကာ္မတီကို ေပးအပ္တဲ့ ေဆးစစ္ကိရိယာ RADTK လႊဲေျပာင္းမႈ အခမ္းအနားကို ရန္ကုန္ ေဆးသုေတသန ဦးစီးဌာနမွာ အြန္လိုင္းကတဆင့္ Video Conferencing နဲ႔ ေအာက္တိုဘာ ၁၇ ရက္က ျပဳလုပ္ခဲ့ပါတယ္။

ေတာင္ကိုရီးယားအစိုးရ၊ ကိုရီးယားနိုင္ငံ အေျခစိုက္ ကုမၸဏီေတြနဲ႔ လူမႈေရး အဖြဲ႔အစည္းေတြ စုစုေပါင္း ၂၂ ဖဲြ႔က ေဒၚလာ ၂.၅ သန္းေက်ာ္ဖုိးရွိတဲ့ ေဆးပစၥည္း ကိရိယာေတြနဲ႔ ဓာတ္ခြဲပစၥည္း ကိရိယာေတြကိုလည္း ပံ့ပိုးေပးခဲ့ပါတယ္။

ေအာက္တုိဘာ ၁၇ ရက္ည က်န္းမာေရးဝန္ႀကီးဌာနရဲ႕ သတင္းထုတ္ျပန္ခ်က္အရ ျမန္မာႏိုင္ငံမွာ ကိုဗစ္ ဓာတ္ခဲြအတည္ျပဳလူနာ စုစုေပါင္း ၃၄,၈၇၅ ဦးရွိၿပီး ကိုဗစ္ေၾကာင့္ ေသဆုံးခဲ့သူေပါင္း ၈၃၈ ဦး ရွိသြားၿပီျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------

(Unicode)

ကိုဗစ်ရှိမရှိ စစ်ဆေးရေး Test Kit ၉ သောင်းခွဲ တောင်ကိုရီးယားက မြန်မာကို လှူဒါန်း

ကိုဗစ်ရောဂါပိုး ရှိမရှိ အမြန်စစ်နိုင်မယ့် Rapid Antigen Diagnostic Test Kit (RADTK) ကိရိယာ ၉၅,၀၀၀ ကို တောင်ကိုရီးယားနိုင်ငံက မြန်မာနိုင်ငံကို လှူဒါန်းခဲ့တဲ့အတွက် မြန်မာပြည်သူတွေကို အရင်ထက်ပိုပြီး စစ်ဆေးပေးနိုင်တော့မှာဖြစ်ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာမြင့်ထွေးက စနေနေ့မှာ ပြောကြားလိုက်ပါတယ်။

Korea International Cooperation Agency (KOICA) ကိုရီးယား နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီက လှူဒါန်းတဲ့ အမေရိကန်ဒေါ်လာ ၅၀၀,၀၀၀ တန်ဖိုးရှိ ဆေးစစ်ကိရိယာ လွှဲပြောင်းပေးအပ်တဲ့ အခမ်းအနားမှာ ဒေါက်တာမြင့်ထွေးက အဲဒီလို ပြောကြားလိုက်တာပါ။

တောင်ကိုရီးယားနိုင်ငံ သံအမတ်ကြီး H.E Mr. Lee Sang-hwa ကတဆင့် မြန်မာနိုင်ငံ COVID-19 ကာကွယ် ထိန်းချုပ် ကုသရေး ဗဟိုကော်မတီကို ပေးအပ်တဲ့ ဆေးစစ်ကိရိယာ RADTK လွှဲပြောင်းမှု အခမ်းအနားကို ရန်ကုန် ဆေးသုတေသန ဦးစီးဌာနမှာ အွန်လိုင်းကတဆင့် Video Conferencing နဲ့ အောက်တိုဘာ ၁၇ ရက်က ပြုလုပ်ခဲ့ပါတယ်။

တောင်ကိုရီးယားအစိုးရ၊ ကိုရီးယားနိုင်ငံ အခြေစိုက် ကုမ္ပဏီတွေနဲ့ လူမှုရေး အဖွဲ့အစည်းတွေ စုစုပေါင်း ၂၂ ဖွဲ့က ဒေါ်လာ ၂.၅ သန်းကျော်ဖိုးရှိတဲ့ ဆေးပစ္စည်း ကိရိယာတွေနဲ့ ဓာတ်ခွဲပစ္စည်း ကိရိယာတွေကိုလည်း ပံ့ပိုးပေးခဲ့ပါတယ်။

အောက်တိုဘာ ၁၇ ရက်ည ကျန်းမာရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ကိုဗစ် ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၃၄,၈၇၅ ဦးရှိပြီး ကိုဗစ်ကြောင့် သေဆုံးခဲ့သူပေါင်း ၈၃၈ ဦး ရှိသွားပြီဖြစ်ပါတယ်။

XS
SM
MD
LG