(Zawgyi / Unicode)
ျမန္မာႏုိင္ငံမွာ လြန္ခဲ့တဲ့ ၂၄ နာရီအတြင္း COVID-19 ေရာဂါ ကူးစက္သူအေရအတြက္ ၁,၃၈၇ ဦး ထပ္တိုးၿပီး ေသဆုံးသူက ၃၉ ဦး ထပ္တိုးတယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔ည ၈ နာရီ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
ကိုဗစ္ေရာဂါ ဒုတိယလႈိင္းအတြင္း ေန႔စဥ္စစ္ေဆးတဲ့ ဓာတ္ခြဲနမူနာ အေရအတြက္ တိုးလာသလို ပိုးကူးစက္ထားသူေတြလည္း ပိုၿပီးေတြ႔လာေနတာပါ။
ေအာက္တိုဘာလ ၁၇ ရက္၊ စေနေန႔ည ၈ နာရီအထိ ဓာတ္ခြဲနမူနာေပါင္း ၁၉,၇၃၆ ခုကို စစ္ေဆးခဲ့တယ္လို႔ က်န္းမာေရးဌာနက ေျပာပါတယ္။
ဒါေၾကာင့္ ဒီေန႔ထိဆိုရင္ စစ္ေဆးခဲ့တဲ့ ဓာတ္ခြဲနမူနာေပါင္း ၄၉၇,၈၀၃ ခု ရွိသြားၿပီ ျဖစ္ပါတယ္။
COVID-19 ဓာတ္ခြဲအတည္ျပဳလူနာ စုစုေပါင္းက ၃၄,၈၇၅ ဦး ရွိသြားၿပီျဖစ္ၿပီး ေသဆုံးသူေပါင္းက ၈၃၈ ဦးရွိၿပီ ျဖစ္ပါတယ္။
ဒီကေန႔မွာ ေဆး႐ုံဆင္းခြင့္ရသူ ၈၉၃ ဦး ထပ္တိုးၿပီး စုစုေပါင္း ၁၆,၃၇၀ ဦး ေဆး႐ုံက ဆင္းသြားၿပီျဖစ္ပါတယ္။
ဒီကေန႔ ပိုးေတြ႔ႏႈန္းက ၇ ရာခုိင္ႏႈန္း၊ ျပန္ေကာင္းလာတဲ့ႏႈန္းက ၄၇ ရာခုိင္ႏႈန္း၊ ေသဆုံးႏႈန္းက ၂.၄ ရာခုိင္ႏႈန္း ရွိၿပီးေတာ့ ေသဆုံးသူေတြထဲမွာ ၆၄ ရာခုိင္ႏႈန္းဟာ မူလေရာဂါအခံရွိသူေတြ ျဖစ္တယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန၊ သတင္းထုတ္ျပန္ေရးအဖြဲ႔ဝင္၊ ဗဟိုကူးစက္ေရာဂါ တိုက္ဖ်က္ေရးဌာနခြဲ ၫႊန္ၾကားေရးမွဴး ေဒါက္တာခင္ခင္ႀကီးက သူ႔ရဲ႕ ေဖ့စ္ဘုတ္မွာ မၾကာေသးခင္ အခ်ိန္ပိုင္းအတြင္းက ေရးထားပါတယ္။
ကိုဗစ္ေရာဂါ သံသယလကၡဏာရွိလို႔ ေစာင့္ၾကည့္ေနတဲ့ လူနာေတြနဲ႔ ေဆး႐ုံမွာ Quarantine ဝင္ေနသူေတြၾကားမွာ ပိုးေတြ႔ႏႈန္းက ၃၃ ရာခိုင္ႏႈန္း၊ Quarantine Center ေတြနဲ႔ ကားဆရာေတြ၊ ေရြးေကာက္ပြဲလုံၿခဳံေရး အထူးရဲေတြၾကားမွာ ပိုးေတြ႔ႏႈန္းက ၂.၇ ရာခုိင္ႏႈန္း ရွိတယ္လုိ႔လည္း ေဒါက္တာခင္ခင္ႀကီးက ေရးထားပါတယ္။
----------------------------
(Unicode)
မြန်မာ ကိုဗစ်ဓာတ်ခွဲအတည်ပြု စုစုပေါင်း ၃၄,၈၇၅၊ သေဆုံး ၈၃၈
မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါ ကူးစက်သူအရေအတွက် ၁,၃၈၇ ဦး ထပ်တိုးပြီး သေဆုံးသူက ၃၉ ဦး ထပ်တိုးတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကိုဗစ်ရောဂါ ဒုတိယလှိုင်းအတွင်း နေ့စဉ်စစ်ဆေးတဲ့ ဓာတ်ခွဲနမူနာ အရေအတွက် တိုးလာသလို ပိုးကူးစက်ထားသူတွေလည်း ပိုပြီးတွေ့လာနေတာပါ။
အောက်တိုဘာလ ၁၇ ရက်၊ စနေနေ့ည ၈ နာရီအထိ ဓာတ်ခွဲနမူနာပေါင်း ၁၉,၇၃၆ ခုကို စစ်ဆေးခဲ့တယ်လို့ ကျန်းမာရေးဌာနက ပြောပါတယ်။
ဒါကြောင့် ဒီနေ့ထိဆိုရင် စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာပေါင်း ၄၉၇,၈၀၃ ခု ရှိသွားပြီ ဖြစ်ပါတယ်။
COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်းက ၃၄,၈၇၅ ဦး ရှိသွားပြီဖြစ်ပြီး သေဆုံးသူပေါင်းက ၈၃၈ ဦးရှိပြီ ဖြစ်ပါတယ်။
ဒီကနေ့မှာ ဆေးရုံဆင်းခွင့်ရသူ ၈၉၃ ဦး ထပ်တိုးပြီး စုစုပေါင်း ၁၆,၃၇၀ ဦး ဆေးရုံက ဆင်းသွားပြီဖြစ်ပါတယ်။
ဒီကနေ့ ပိုးတွေ့နှုန်းက ၇ ရာခိုင်နှုန်း၊ ပြန်ကောင်းလာတဲ့နှုန်းက ၄၇ ရာခိုင်နှုန်း၊ သေဆုံးနှုန်းက ၂.၄ ရာခိုင်နှုန်း ရှိပြီးတော့ သေဆုံးသူတွေထဲမှာ ၆၄ ရာခိုင်နှုန်းဟာ မူလရောဂါအခံရှိသူတွေ ဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ သတင်းထုတ်ပြန်ရေးအဖွဲ့ဝင်၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက သူ့ရဲ့ ဖေ့စ်ဘုတ်မှာ မကြာသေးခင် အချိန်ပိုင်းအတွင်းက ရေးထားပါတယ်။
ကိုဗစ်ရောဂါ သံသယလက္ခဏာရှိလို့ စောင့်ကြည့်နေတဲ့ လူနာတွေနဲ့ ဆေးရုံမှာ Quarantine ဝင်နေသူတွေကြားမှာ ပိုးတွေ့နှုန်းက ၃၃ ရာခိုင်နှုန်း၊ Quarantine Center တွေနဲ့ ကားဆရာတွေ၊ ရွေးကောက်ပွဲလုံခြုံရေး အထူးရဲတွေကြားမှာ ပိုးတွေ့နှုန်းက ၂.၇ ရာခိုင်နှုန်း ရှိတယ်လို့လည်း ဒေါက်တာခင်ခင်ကြီးက ရေးထားပါတယ်။