(Zawgyi/Unicode)
ျမန္မာနိုင္ငံမွာ မေန႔တုန္းက COVID-19 ေရာဂါကူးစက္သူ ၁,၁၃၈ ဦး ထပ္ၿပီး အတည္ျပဳလိုက္တဲ့အတြက္ စုစုေပါင္း ကူးစက္ခံရ သူ၃၃,၄၈၈ ဦးရွိၿပီျဖစ္ပါတယ္။
မေန႔က တရက္တည္း ေသဆုံးသူ ၃၄ ဦးရွိတာေၾကာင့္ ေသဆုံးသူေပါင္းကေတာ့ ၇၉၉ ဦးရွိၿပီ ျဖစ္ပါတယ္။
ေအာက္တိုဘာလ ၁၆ ရက္၊ ေသာၾကာေန႔ည ၈ နာရီအထိ စစ္ေဆးၿပီးစီးခဲ့တဲ့ ဓာတ္ခြဲနမူနာေပါင္း ၁၃,၅၁၀ခုထဲက အခုလိုေနာက္ထပ္ လူနာ ၁၁၀၀ ေက်ာ္ အတည္ျပဳခဲ့တာပါ။ အခုခ်ိန္ထိ စစ္ေဆးၿပီးစီးခဲ့တဲ့ ဓာတ္ခြဲနမူနာေပါင္း ၄၇၈,၀၀၀ ေက်ာ္ရွိပါတယ္။ကူးစက္ခံရသူ ၃၃,၀၀ ေက်ာ္ထဲက ျပန္လည္က်န္းမာလာ သူက ၁၅,၄၇၇ ဦးရွိပါတယ္။
ရခိုင္ျပည္နယ္၊ ေက်ာက္ေတာ္ၿမိဳ႕နယ္ထဲက စစ္ေရွာင္စခန္းတခ်ိဳ႕မွာလည္း COVID-19 ေရာဂါကူးစက္သူေတြရွိလာတဲ့အတြက္ စစ္ေျပးဒုကၡသည္ေတြအၾကား ေရာဂါပိုး ပ်ံ႕ႏွံ႔ကူးစက္မႈ ပိုဆိုးမလာေအာင္ တားဆီးကာကြယ္ဖို႔ ႀကိဳးစားေနၾကပါတယ္။
လူအစုလိုက္အျပဳံလိုက္ စုေပါင္းေနထိုင္ေနရတဲ့ ယာယီစစ္ေရွာင္စခန္းေတြထဲမွာ ကူးစက္ျမန္ေရာဂါ ျပန႔္ပြားမႈ ကာကြယ္နိုင္ေရး အသြားအလာ ကန႔္သတ္မႈေတြ တင္းက်ပ္ၿပီး သီးျခားခြဲ Quarantine ထားနိုင္ဖို႔လည္း အေရးတႀကီး ျပင္ဆင္ေနၾကပါတယ္။
လူအမ်ားသြားလာလႈပ္ရွားတဲ့ ေစ်းေတြ၊ လူေနအေဆာင္ေတြ၊ ဘုန္းေတာ္ႀကီးေက်ာင္း၊ သီလရွင္ေက်ာင္းနဲ႔ စက္႐ုံအလုပ္႐ုံေတြမွာ ေရာဂါကာကြယ္ေရး စည္းကမ္းေတြကို လိုက္နာေဆာင္ရြက္ၾကဖို႔ကိုလည္း က်န္းမာေရးဝန္ႀကီး ေဒါက္တာျမင့္ေထြးက COVID-19 လုပ္ငန္းဆန္းစစ္သုံးသပ္မႈ အပတ္စဥ္ အစည္းအေဝးမွာ သတိေပးခဲ့ပါတယ္။
..............
မြန်မာ COVID အောက်တိုဘာ ၁၆ ရက် အခြေအနေ
(Unicode)
မြန်မာနိုင်ငံမှာ မနေ့တုန်းက COVID-19 ရောဂါကူးစက်သူ ၁,၁၃၈ ဦး ထပ်ပြီး အတည်ပြုလိုက်တဲ့အတွက် စုစုပေါင်း ကူးစက်ခံရ သူ၃၃,၄၈၈ ဦးရှိပြီဖြစ်ပါတယ်။
မနေ့က တရက်တည်း သေဆုံးသူ ၃၄ ဦးရှိတာကြောင့် သေဆုံးသူပေါင်းကတော့ ၇၉၉ ဦးရှိပြီ ဖြစ်ပါတယ်။
အောက်တိုဘာလ ၁၆ ရက်၊ သောကြာနေ့ည ၈ နာရီအထိ စစ်ဆေးပြီးစီးခဲ့တဲ့ ဓာတ်ခွဲနမူနာပေါင်း ၁၃,၅၁၀ခုထဲက အခုလိုနောက်ထပ် လူနာ ၁၁၀၀ ကျော် အတည်ပြုခဲ့တာပါ။ အခုချိန်ထိ စစ်ဆေးပြီးစီးခဲ့တဲ့ ဓာတ်ခွဲနမူနာပေါင်း ၄၇၈,၀၀၀ ကျော်ရှိပါတယ်။ကူးစက်ခံရသူ ၃၃,၀၀ ကျော်ထဲက ပြန်လည်ကျန်းမာလာ သူက ၁၅,၄၇၇ ဦးရှိပါတယ်။
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ထဲက စစ်ရှောင်စခန်းတချို့မှာလည်း COVID-19 ရောဂါကူးစက်သူတွေရှိလာတဲ့အတွက် စစ်ပြေးဒုက္ခသည်တွေအကြား ရောဂါပိုး ပျံ့နှံ့ကူးစက်မှု ပိုဆိုးမလာအောင် တားဆီးကာကွယ်ဖို့ ကြိုးစားနေကြပါတယ်။
လူအစုလိုက်အပြုံလိုက် စုပေါင်းနေထိုင်နေရတဲ့ ယာယီစစ်ရှောင်စခန်းတွေထဲမှာ ကူးစက်မြန်ရောဂါ ပြန့်ပွားမှု ကာကွယ်နိုင်ရေး အသွားအလာ ကန့်သတ်မှုတွေ တင်းကျပ်ပြီး သီးခြားခွဲ Quarantine ထားနိုင်ဖို့လည်း အရေးတကြီး ပြင်ဆင်နေကြပါတယ်။
လူအများသွားလာလှုပ်ရှားတဲ့ ဈေးတွေ၊ လူနေအဆောင်တွေ၊ ဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်းနဲ့ စက်ရုံအလုပ်ရုံတွေမှာ ရောဂါကာကွယ်ရေး စည်းကမ်းတွေကို လိုက်နာဆောင်ရွက်ကြဖို့ကိုလည်း ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေးက COVID-19 လုပ်ငန်းဆန်းစစ်သုံးသပ်မှု အပတ်စဉ် အစည်းအဝေးမှာ သတိပေးခဲ့ပါတယ်။