(Zawgyi/Unicode)
ျမန္မာနိုင္ငံမွာ မေန႔ ေအာက္တိုဘာလ ၁၅ ရက္ေန႔က COVID-19 ကူးစက္သူ ၁၀၂၆ ေယာက္ထပ္ေတြ႕ေၾကာင္း အတည္ျပဳ ေၾကညာခဲ့တာေၾကာင့္ အခုဆိုရင္ ေရာဂါကူးစက္ခံရသူ စုစုေပါင္း ၃၂,၃၅၁ ေယာက္ရွိသြားၿပီျဖစ္ပါတယ္။
ဩဂုတ္လလယ္က ကူးစက္မႈ ၃၇၄ ခုသာ ရွိခဲ့ တဲ့ ျမန္မာနိုင္ငံမွာ တေက်ာ့ျပန္ ကူးစက္မႈ ျဖစ္အၿပီး ၂ လအတြင္း ကူးစက္မႈအခုလို ၃၂,၀၀၀ ေက်ာ္သြားခဲ့တာပါ။ ေအာက္တိုဘာလ ၁၀ ရက္ေန႔မွာ ကူးစက္ခံရသူ ၂၁၅၈ ဦးနဲ႔ တရက္တည္းကူးစက္မႈ အမ်ားဆုံး စံခ်ိန္ တင္သြားခဲ့ၿပီးတဲ့ေနာက္ ေအာက္တိုဘာလ ၁၄ ရက္ေန႔မွာေတာ့ တစ္ပတ္အတြင္း ပထမဆုံးအႀကိမ္ ကူးစက္မႈ ေထာင္ဂဏန္းေအာက္ ေရာက္ခဲ့ပါတယ္။
မေန႔က ကူးစက္မႈ ေထာင္ဂဏန္းအထက္ ျပန္လည္ ေရာက္ရွိခဲ့ေပမယ့္ ဓါတ္ခြဲ နမူနာ ၁၂,၉၇၅ ခုကို စစ္ေဆးခဲ့တာျဖစ္လို႔ စမ္းသပ္ စစ္ေဆးမႈနဲ႔ ေရာဂါ ေတြ႕ရွိမႈ အခ်ိဳးက ၁၀ ရာခိုင္ႏႈန္း အတြင္းမွာ ရွိေနပါတယ္။
COVID-19 ေၾကာင့္ ေသဆုံးသူကလည္း မေန႔က ၃၃ ေယာက္ရွိခဲ့လို႔ ေသဆုံးသူ စုစုေပါင္း ၇၆၅ ေယာက္ ရွိသြားၿပီျဖစ္ပါတယ္။ ဩဂုတ္လလယ္က COVID-19 ေၾကာင့္ ေသဆုံးသူ ၆ ဦးသာ ရွိေနရာကေန ၂ လအတြင္း အခုလို ၇၆၀ ေက်ာ္သြားတာ ျဖစ္ပါတယ္။
ေရာဂါ စမ္းသပ္ စစ္ေဆးမႈ testing ကိုေတာ့ မတ္လ ေႏွာင္းပိုင္းကစလို႔ အခုထိ ၄၆၀,၅၀၀ ေက်ာ္ျပဳလုပ္ခဲ့ပါတယ္။ အခုအခ်ိန္အထိ ေရာဂါေတြ႕ရွိသူ ၃၂,၀၀၀ ေက်ာ္ထဲက ျပန္လည္က်န္းမာလာတဲ့ သူက ၁၄၇၀၆ ေယာက္ရွိပါတယ္။
COVID-19 ကပ္ေရာဂါ ကူးစက္မႈေတြ အဓိကၾကဳံေနရတဲ့ရန္ကုန္တိုင္းအတြင္း ေရာဂါပိုးအခမဲ့ စစ္ေဆးတာေတြ အရွိန္ျမႇင့္ လုပ္ ေဆာင္ေနတယ္ဆိုေပမယ့္လည္း ေရာဂါလကၡဏာ မရွိဘဲ မလိုအပ္ဘဲစစ္ေဆးတာေတြမလုပ္ဖို႔ကိုလည္းက်န္းမာေရးဝန္ႀကီးဌာနက တိုက္တြန္းထားတာကို ေတြ႕ရပါတယ္။ COVID-19 ေရာဂါလကၡဏာေတြ ခံစားရရင္ေတာ့ သက္ဆိုင္ရာ က်န္းမာေရးစင္တာေတြဆီ အခ်ိန္မီသြားေရာက္ျပသဖို႔ကို က်န္းမာေရး ဌာနကသတိေပးထားပါတယ္။
...............
မြန်မာ COVID အောက်တိုဘာ ၁၅ ရက် အခြေအနေ
(Unicode)
မြန်မာနိုင်ငံမှာ မနေ့ အောက်တိုဘာလ ၁၅ ရက်နေ့က COVID-19 ကူးစက်သူ ၁၀၂၆ ယောက်ထပ်တွေ့ကြောင်း အတည်ပြု ကြေညာခဲ့တာကြောင့် အခုဆိုရင် ရောဂါကူးစက်ခံရသူ စုစုပေါင်း ၃၂,၃၅၁ ယောက်ရှိသွားပြီဖြစ်ပါတယ်။
ဩဂုတ်လလယ်က ကူးစက်မှု ၃၇၄ ခုသာ ရှိခဲ့ တဲ့ မြန်မာနိုင်ငံမှာ တကျော့ပြန် ကူးစက်မှု ဖြစ်အပြီး ၂ လအတွင်း ကူးစက်မှုအခုလို ၃၂,၀၀၀ ကျော်သွားခဲ့တာပါ။ အောက်တိုဘာလ ၁၀ ရက်နေ့မှာ ကူးစက်ခံရသူ ၂၁၅၈ ဦးနဲ့ တရက်တည်းကူးစက်မှု အများဆုံး စံချိန် တင်သွားခဲ့ပြီးတဲ့နောက် အောက်တိုဘာလ ၁၄ ရက်နေ့မှာတော့ တစ်ပတ်အတွင်း ပထမဆုံးအကြိမ် ကူးစက်မှု ထောင်ဂဏန်းအောက် ရောက်ခဲ့ပါတယ်။
မနေ့က ကူးစက်မှု ထောင်ဂဏန်းအထက် ပြန်လည် ရောက်ရှိခဲ့ပေမယ့် ဓါတ်ခွဲ နမူနာ ၁၂,၉၇၅ ခုကို စစ်ဆေးခဲ့တာဖြစ်လို့ စမ်းသပ် စစ်ဆေးမှုနဲ့ ရောဂါ တွေ့ရှိမှု အချိုးက ၁၀ ရာခိုင်နှုန်း အတွင်းမှာ ရှိနေပါတယ်။
COVID-19 ကြောင့် သေဆုံးသူကလည်း မနေ့က ၃၃ ယောက်ရှိခဲ့လို့ သေဆုံးသူ စုစုပေါင်း ၇၆၅ ယောက် ရှိသွားပြီဖြစ်ပါတယ်။ ဩဂုတ်လလယ်က COVID-19 ကြောင့် သေဆုံးသူ ၆ ဦးသာ ရှိနေရာကနေ ၂ လအတွင်း အခုလို ၇၆၀ ကျော်သွားတာ ဖြစ်ပါတယ်။
ရောဂါ စမ်းသပ် စစ်ဆေးမှု testing ကိုတော့ မတ်လ နှောင်းပိုင်းကစလို့ အခုထိ ၄၆၀,၅၀၀ ကျော်ပြုလုပ်ခဲ့ပါတယ်။ အခုအချိန်အထိ ရောဂါတွေ့ရှိသူ ၃၂,၀၀၀ ကျော်ထဲက ပြန်လည်ကျန်းမာလာတဲ့ သူက ၁၄၇၀၆ ယောက်ရှိပါတယ်။
COVID-19 ကပ်ရောဂါ ကူးစက်မှုတွေ အဓိကကြုံနေရတဲ့ရန်ကုန်တိုင်းအတွင်း ရောဂါပိုးအခမဲ့ စစ်ဆေးတာတွေ အရှိန်မြှင့် လုပ် ဆောင်နေတယ်ဆိုပေမယ့်လည်း ရောဂါလက္ခဏာ မရှိဘဲ မလိုအပ်ဘဲစစ်ဆေးတာတွေမလုပ်ဖို့ကိုလည်းကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းထားတာကို တွေ့ရပါတယ်။ COVID-19 ရောဂါလက္ခဏာတွေ ခံစားရရင်တော့ သက်ဆိုင်ရာ ကျန်းမာရေးစင်တာတွေဆီ အချိန်မီသွားရောက်ပြသဖို့ကို ကျန်းမာရေး ဌာနကသတိပေးထားပါတယ်။