[Zawgyi/Unicode]
အေမရိကန္ျပည္ေထာင္စု၊ ၿဗိတိန္၊ ဥေရာပသမဂၢ (EU) နဲ႔ ဒုကၡသည္မ်ားဆိုင္ရာ ကုလသမဂၢ မဟာမင္းႀကီး႐ုံး (UNHCR) တို႔ ပူးေပါင္းၿပီး ႐ိုဟင္ဂ်ာ အက်ပ္အတည္း ေျဖရွင္းေရး အလွဴရွင္မ်ားဆိုင္ရာ ညီလာခံကို ေရွ႕အပတ္ထဲ က်င္းပမွာ ျဖစ္ပါတယ္။ အဲဒီညီလာခံကို ဗီဒီယိုကတဆင့္ ေအာက္တိုဘာလ ၂၂ ရက္ေန႔မွာ ျပဳလုပ္သြားမွာ ျဖစ္ၿပီး ႐ိုဟင္ဂ်ာေတြနဲ႔အတူ ႐ိုဟင္ဂ်ာ ဒုကၡသည္ေတြကို လက္ခံထားတဲ့ လူမႈအသိုင္းအဝိုင္းေတြနဲ႔ ျမန္မာႏိုင္ငံအတြင္း အိုးအိမ္ စြန္႔ခြာ ေျပာင္းေ႐ႊ႕ ေနထိုင္ေနရသူေတြကို အကူအညီ တိုးျမႇင့္ေပးဖို႔ ကမာၻ႔ႏိုင္ငံေတြကို တိုက္တြန္းသြားမွာ ျဖစ္ပါတယ္။
၂၀၁၇ ခုႏွစ္ ဩဂုတ္လကတည္းက ျဖစ္ပြားခဲ့တဲ့ အက်ပ္အတည္းေၾကာင့္ ဘဂၤလားေဒ့ရွ္မွာ ေရာက္ရွိေနတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ေတြကို အကူအညီေပးႏိုင္ဖို႔အေရး အေမရိကန္ေဒၚလာ ၁ ဘီလီယံေက်ာ္ ကုလသမဂၢက အကူအညီ ေတာင္းခံထားေပမဲ့ အဲဒီ ပမာဏရဲ႕ ထက္ဝက္ေအာက္သာ လက္ခံရရွိထားေသးတာပါ။ COVID-19 ကပ္ေရာဂါ ေၾကာင့္လည္း ရွိရင္းစြဲ အလွဴေငြပမာဏ ေလ်ာ့နည္းေနတဲ့ ျပႆနာ ပိုၿပီးဆိုးလာတာပါ။
အခုညီလာခံက ျမန္မာႏိုင္ငံအတြင္းနဲ႔အျပင္မွာ ေရာက္ရွိေနတဲ့ ႐ိုဟင္ဂ်ာေတြ လိုအပ္ေနတဲ့ ေငြေၾကးအကူအညီ အလ်င္အျမန္ ရရွိေစဖို႔ ရည္႐ြယ္က်င္းပမွာ ျဖစ္ပါတယ္။
႐ိုဟင္ဂ်ာ အက်ပ္အတည္းကို ေျဖရွင္းရာမွာ ဒုကၡသည္ေတြ မိမိဆႏၵအေလ်ာက္၊ ေဘးရန္ကင္းကင္းနဲ႔ ဂုဏ္သိကၡာရွိရွိ ေနရပ္ ျပန္ႏိုင္ရမယ္ဆိုတဲ့အခ်က္ကို ဒီညီလာခံမွာ ထပ္ၿပီး ေျပာဆိုခြင့္ရရွိမွာ ျဖစ္သလို တကမာၻလုံးက လက္နက္ကိုင္တပ္ေတြ အပစ္အခတ္ ရပ္စဲေရး ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ေမတၱာရပ္ခံခ်က္ကိုလည္း ထပ္မံ ေဖာ္ထုတ္ ေတာင္းဆိုသြားမွာျဖစ္တယ္လို႔ ႐ိုဟင္ဂ်ာညီလာခံဆိုင္ရာ ၿဗိတိန္အစိုးရရဲ႕သတင္းထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
ျမန္မာအစိုးရက ႐ိုဟင္ဂ်ာဆိုတဲ့ အသုံးအႏႈန္းကို လက္မခံေပမဲ့ ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္ထြက္ေျပးခဲ့ရတဲ့ ဒုကၡသည္ေတြကို ျပန္ၿပီးစိစစ္လက္ခံသြားမယ္လို႔ ေျပာဆိုထားပါတယ္။
[Unicode Version]
ရိုဟင်ဂျာအရေး နိုင်ငံတကာ အလှူရှင်ညီလာခံကျင်းပမယ်
အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ဥရောပသမဂ္ဂ (EU) နဲ့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR) တို့ ပူးပေါင်းပြီး ရိုဟင်ဂျာ အကျပ်အတည်း ဖြေရှင်းရေး အလှူရှင်များဆိုင်ရာ ညီလာခံကို ရှေ့အပတ်ထဲ ကျင်းပမှာ ဖြစ်ပါတယ်။ အဲဒီညီလာခံကို ဗီဒီယိုကတဆင့် အောက်တိုဘာလ ၂၂ ရက်နေ့မှာ ပြုလုပ်သွားမှာ ဖြစ်ပြီး ရိုဟင်ဂျာတွေနဲ့အတူ ရိုဟင်ဂျာ ဒုက္ခသည်တွေကို လက်ခံထားတဲ့ လူမှုအသိုင်းအဝိုင်းတွေနဲ့ မြန်မာနိုင်ငံအတွင်း အိုးအိမ် စွန့်ခွာ ပြောင်းရွှေ့ နေထိုင်နေရသူတွေကို အကူအညီ တိုးမြှင့်ပေးဖို့ ကမ္ဘာ့နိုင်ငံတွေကို တိုက်တွန်းသွားမှာ ဖြစ်ပါတယ်။
၂၀၁၇ ခုနှစ် ဩဂုတ်လကတည်းက ဖြစ်ပွားခဲ့တဲ့ အကျပ်အတည်းကြောင့် ဘင်္ဂလားဒေ့ရှ်မှာ ရောက်ရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို အကူအညီပေးနိုင်ဖို့အရေး အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် ကုလသမဂ္ဂက အကူအညီ တောင်းခံထားပေမဲ့ အဲဒီ ပမာဏရဲ့ ထက်ဝက်အောက်သာ လက်ခံရရှိထားသေးတာပါ။ COVID-19 ကပ်ရောဂါ ကြောင့်လည်း ရှိရင်းစွဲ အလှူငွေပမာဏ လျော့နည်းနေတဲ့ ပြဿနာ ပိုပြီးဆိုးလာတာပါ။
အခုညီလာခံက မြန်မာနိုင်ငံအတွင်းနဲ့အပြင်မှာ ရောက်ရှိနေတဲ့ ရိုဟင်ဂျာတွေ လိုအပ်နေတဲ့ ငွေကြေးအကူအညီ အလျင်အမြန် ရရှိစေဖို့ ရည်ရွယ်ကျင်းပမှာ ဖြစ်ပါတယ်။
ရိုဟင်ဂျာ အကျပ်အတည်းကို ဖြေရှင်းရာမှာ ဒုက္ခသည်တွေ မိမိဆန္ဒအလျောက်၊ ဘေးရန်ကင်းကင်းနဲ့ ဂုဏ်သိက္ခာရှိရှိ နေရပ် ပြန်နိုင်ရမယ်ဆိုတဲ့အချက်ကို ဒီညီလာခံမှာ ထပ်ပြီး ပြောဆိုခွင့်ရရှိမှာ ဖြစ်သလို တကမ္ဘာလုံးက လက်နက်ကိုင်တပ်တွေ အပစ်အခတ် ရပ်စဲရေး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မေတ္တာရပ်ခံချက်ကိုလည်း ထပ်မံ ဖော်ထုတ် တောင်းဆိုသွားမှာဖြစ်တယ်လို့ ရိုဟင်ဂျာညီလာခံဆိုင်ရာ ဗြိတိန်အစိုးရရဲ့သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာအစိုးရက ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံပေမဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ထွက်ပြေးခဲ့ရတဲ့ ဒုက္ခသည်တွေကို ပြန်ပြီးစိစစ်လက်ခံသွားမယ်လို့ ပြောဆိုထားပါတယ်။