သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ေရာဂါလကၡဏာမရွိသူေတြ စစ္ေဆးတာမလုပ္ဖို႔ က်န္းမာေရးဌာနတိုက္တြန္း


ရန္ကုန္ၿမိဳ႕ရွိ Quarantin စင္တာတခုမွာ COVID ေရာဂါပိုး ရွိ၊ မရွိ စစ္ေဆးေပးေနတဲ့ က်န္းမာေရး၀န္ထမ္းတဦး။ (ေအာက္တိုဘာ ၀၇၊ ၂၀၂၀)

[Zawgyi/Unicode]

ကိုဗစ္ကပ္ေရာဂါ ကူးစက္မႈေတြ အဓိကႀကဳံေနရတဲ့ ရန္ကုန္တိုင္းအတြင္း ေရာဂါပိုး ရွိ၊ မရွိ တာဝန္ရွိသူေတြ တိုးျမႇင့္စစ္ေဆးေနေပမဲ့ ေရာဂါလကၡဏာမရွိသူေတြ မလိုအပ္ဘဲ စစ္ေဆးတာေတြ မလုပ္ဖို႔လည္း က်န္းမာေရးဝန္ႀကီးဌာနက တိုက္တြန္းေနတဲ့အေၾကာင္း ေျပာျပပါမယ္။ ဒီသတင္းကို ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္စုစုက တင္ဆက္ေပးမွာပါ။

ျမန္မာႏိုင္ငံမွာ ကိုဗစ္ေရာဂါပိုး ကူးစက္သူထက္ဝက္ေက်ာ္ ရွိေနတဲ့ ရန္ကုန္တိုင္းမွာ အခမဲ့ စစ္ေဆးတာ အပါအဝင္ ေရာဂါထိန္းခ်ဳပ္ေရး အရွိန္ျမႇင့္ ေဆာင္႐ြက္ေနပါတယ္။ ေတာင္ဥကၠလာ၊ သဃၤန္းကြၽန္း၊ တာေမြ၊ မဂၤလာေတာင္ၫႊန႔္နဲ႔ ရန္ကင္းၿမိဳ႕နယ္ေတြမွာ ေနထိုင္သူေတြထဲက ကိုဗစ္ေရာဂါလကၡဏာ ရွိသူေတြကို အခမဲ့စစ္ေဆးေပးေနၿပီး ေရာဂါပိုးရွိသူအျဖစ္ အတည္ျပဳထားသူေတြကိုလည္း သီးျခားခြဲ ကုသေပးေနေၾကာင္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန၊ ဗဟိုကူးစက္ေရာဂါ တိုက္ဖ်က္ေရးဌာနခြဲ ၫႊန္ၾကားေရးမႉး ေဒါက္တာခင္ခင္ႀကီးက ေျပာပါတယ္။ ဒါေပမဲ့လည္း မလိုအပ္ဘဲ စစ္ေဆးတာမ်ိဳးေတြကေတာ့ အက်ိဳးမရွိႏိုင္ဘူးလို႔လည္း ေျပာပါတယ္။

“အဓိက ရည္႐ြယ္ခ်က္ကေတာ့ ျပည္သူလူထုထဲမွာ သံသယလကၡဏာရွိေနတဲ့ သူေတြကိုေဖာ္ထုတ္ဖို႔ ရည္႐ြယ္ခ်က္ျဖစ္ပါတယ္။ ဒီေနရာမွာ တခ်ိဳ႕ေတြက ေရာဂါလကၡဏာလည္း ဘာမွမရွိဘူး၊ ဘာမွလည္း ပိုးေတြ႕တဲ့လူနဲ႔ ထိေတြ႕မႈမရွိေပမဲ့လို႔ အဲလိုမ်ိဳးစစ္ခ်င္တဲ့ သူေတြအတြက္ အဓိကရည္႐ြယ္တာ မဟုတ္ပါဘူးလို႔ ေျပာပါရေစ။ အခုလက္ရွိလာျပတဲ့ သူေတြအေနနဲ႔ဆိုရင္ တကယ္ကို သူတို႔မွာ ေရာဂါလကၡဏာရွိေနၿပီးသား သူေတြျဖစ္တဲ့အတြက္ေၾကာင့္ ကိုယ္ကေရာဂါလကၡဏာ မရွိဘဲနဲ႔ သြားစစ္ရင္ သူတို႔ေတြနဲ႔ ထိေတြ႕ၿပီးေတာ့ေတာင္ ကူးစက္ႏိုင္ပါတယ္။ ဒါေလးကိုေတာ့ သတိေပးခ်င္ပါတယ္။”

ေရာဂါလကၡဏာရွိသူေတြဆီက ႏွာေခါင္းတို႔ပတ္ယူ စစ္ေပးေနတာျဖစ္ၿပီး အခုအသုံးျပဳေနတဲ့ Test Kit ဟာ WHO က အသိအမွတ္ျပဳထားၿပီးသားျဖစ္လို႔ စိတ္ခ်ရေပမဲ့ အားနည္းခ်က္ေတြေတာ့ ရွိေနပါတယ္။ ေရာဂါလကၡဏာရွိသူေတြကို ၅ ရက္ကေန ၇ ရက္အတြင္း စစ္မယ္ဆိုရင္ေတာ့ အေကာင္းဆုံးရလဒ္ကို ရႏိုင္တယ္လို႔လည္း က်န္းမာေရးပညာရွင္ေတြက ေျပာပါတယ္။ ေရာဂါလကၡဏာ ရွိသူေတြနဲ႔ လိုအပ္တဲ့ သူေတြကေတာ့ အျမန္ဆုံးစစ္ေဆးမႈ ခံယူသင့္တယ္လို႔လည္း ေဒါက္တာခင္ခင္ႀကီးကေျပာပါတယ္။

“အခုလက္ရွိ AYA Center မွာစစ္ေဆးတယ္ဆိုတာက က်မတို႔ Rapid Diagnostic Test ေတြနဲ႔စစ္တာ ျဖစ္ပါတယ္။ Antigen Test ျဖစ္ပါတယ္။ ဒါေပမဲ့လို႔ အခမဲ့တိုင္းဟာဆိုလို႔ရွိရင္ အားလုံးအတြက္မဟုတ္ပါဘူးဆိုတာ ဒါေလးကိုေတာ့ သိေစခ်င္ပါတယ္။ ဒီေနရာမွာေတာ့ က်န္းမာေရးဝန္ထမ္းေတြနဲ႔ ေစတနာ့ဝန္ထမ္းေတြကေတာ့ ဘယ္ၿမိဳ႕နယ္ကမဆို လာစစ္လို႔ရပါတယ္။ ဒါေလးကို စစ္လိုက္ျခင္းအားျဖင့္ က်မတို႔စစ္တဲ့သူ ဘယ္ႏွစ္ေယာက္မွာ ပိုးေတြ႕တာ ဘယ္ႏွစ္ေယာက္ ရွိတယ္ဆိုတာ သိရွိႏိုင္မွာ ျဖစ္ပါတယ္။ မေန႔ကဆိုရင္ ဒီစင္တာေတြမွာ လာစစ္တာရဲ႕ ၃၀ - ၄၀ ရာခိုင္ႏႈန္းေလာက္က Positive ျဖစ္တယ္ဆိုတာ ေတြ႕ရွိရပါတယ္။”

ကိုဗစ္ေရာဂါရွိ၊ မရွိ ျမန္ျမန္ဆန္ဆန္ စစ္ေဆးႏိုင္မဲ့ Antigen စမ္းသပ္မႈေတြကိုေတာ့ ကမာၻ႔က်န္းမာေရးအဖြဲ႔ WHO က ၿပီးခဲ့တဲ့လ ေႏွာင္းပိုင္းမွာပဲ အတည္ျပဳေပးထားတာပါ။ ဒါေပမဲ့လည္း ဒီနည္းဟာ ေရာဂါလကၡဏာ မရွိတဲ့သူေတြအတြက္ေတာ့ အက်ိဳးမရွိဘူးလို႔လည္း ေဒါက္တာခင္ခင္ႀကီးက ေျပာပါတယ္။

“Test Kit က Virus ရဲ႕ Protein ကို စစ္တာျဖစ္လို႔ လကၡဏာေပၚေနတုန္းအခ်ိန္မွာ စမ္းသပ္မွ အေကာင္းဆုံးအေျဖရတာ ျဖစ္ပါတယ္။ သို႔ေသာ္ PCR Test ကေတာ့ Virus ရဲ႕ Gene ကိုစစ္တာျဖစ္လို႔ သူဟာပိုၿပီးေတာ့ Sensitive ျဖစ္တယ္၊ ပိုၿပီးေတာ့ ၾကာသြားရင္ေတာင္မွ အေျဖက မွန္တယ္ေပါ့ေနာ္။ ဒါမ်ိဳးေတြက ကြာသြားတယ္။ ေနာက္တခုက ႏွာေခါင္းတို႔ပတ္ကို ယူရတာျဖစ္ပါတယ္။ ေသြးကိုစစ္တာ မဟုတ္ပါဘူး။ ဒီေတာ့ စစ္ေပးတဲ့သူအေနနဲ႔ Full PPE ဝတ္ရမွာျဖစ္ပါတယ္။ ၿပီးရင္ကြၽမ္းက်င္မႈ လိုပါတယ္။”

အခုေဈးကြက္ထဲမွာရွိေနတဲ့ ေသြးေဖာက္စစ္လို႔ရတဲ့ Antibody Test Kit ေတြဟာ ေရာဂါစစ္ေဆးရာမွာ တိက်မႈမရွိသလို၊ ကိုယ့္သေဘာနဲ႔ကိုယ္ စစ္ေဆးေနတာေတြကိုလည္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက တားျမစ္ထားပါတယ္။ ကိုယ့္ဆီမွာ ကိုဗစ္ေရာဂါလကၡဏာေတြ ရွိလာၿပီဆိုရင္ေတာ့ သက္ဆိုင္ရာ ကိုဗစ္စင္တာေတြဆီ အခ်ိန္မီသြားေရာက္ျပသဖို႔ကိုလည္း သတိေပးထားပါတယ္။ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔မြန္းလြဲပိုင္း ထုတ္ျပန္ၿပီးခ်ိန္အထိ ျပည္တြင္းမွာအတည္ျပဳလူနာေပါင္း ၃၁,၃၂၅ ဦးရွိေနၿပီး ေသဆုံးသူကေတာ့ ၇၃၂ ဦးရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကိုဗစ်ရောဂါလက္ခဏာမရှိသူတွေ စစ်ဆေးတာမလုပ်ဖို့ ကျန်းမာရေးဌာနတိုက်တွန်း

ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ အဓိကကြုံနေရတဲ့ ရန်ကုန်တိုင်းအတွင်း ရောဂါပိုး ရှိ၊ မရှိ တာဝန်ရှိသူတွေ တိုးမြှင့်စစ်ဆေးနေပေမဲ့ ရောဂါလက္ခဏာမရှိသူတွေ မလိုအပ်ဘဲ စစ်ဆေးတာတွေ မလုပ်ဖို့လည်း ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းနေတဲ့အကြောင်း ပြောပြပါမယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက်စုစုက တင်ဆက်ပေးမှာပါ။

မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါပိုး ကူးစက်သူထက်ဝက်ကျော် ရှိနေတဲ့ ရန်ကုန်တိုင်းမှာ အခမဲ့ စစ်ဆေးတာ အပါအဝင် ရောဂါထိန်းချုပ်ရေး အရှိန်မြှင့် ဆောင်ရွက်နေပါတယ်။ တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်း၊ တာမွေ၊ မင်္ဂလာတောင်ညွှန့်နဲ့ ရန်ကင်းမြို့နယ်တွေမှာ နေထိုင်သူတွေထဲက ကိုဗစ်ရောဂါလက္ခဏာ ရှိသူတွေကို အခမဲ့စစ်ဆေးပေးနေပြီး ရောဂါပိုးရှိသူအဖြစ် အတည်ပြုထားသူတွေကိုလည်း သီးခြားခွဲ ကုသပေးနေကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။ ဒါပေမဲ့လည်း မလိုအပ်ဘဲ စစ်ဆေးတာမျိုးတွေကတော့ အကျိုးမရှိနိုင်ဘူးလို့လည်း ပြောပါတယ်။

“အဓိက ရည်ရွယ်ချက်ကတော့ ပြည်သူလူထုထဲမှာ သံသယလက္ခဏာရှိနေတဲ့ သူတွေကိုဖော်ထုတ်ဖို့ ရည်ရွယ်ချက်ဖြစ်ပါတယ်။ ဒီနေရာမှာ တချို့တွေက ရောဂါလက္ခဏာလည်း ဘာမှမရှိဘူး၊ ဘာမှလည်း ပိုးတွေ့တဲ့လူနဲ့ ထိတွေ့မှုမရှိပေမဲ့လို့ အဲလိုမျိုးစစ်ချင်တဲ့ သူတွေအတွက် အဓိကရည်ရွယ်တာ မဟုတ်ပါဘူးလို့ ပြောပါရစေ။ အခုလက်ရှိလာပြတဲ့ သူတွေအနေနဲ့ဆိုရင် တကယ်ကို သူတို့မှာ ရောဂါလက္ခဏာရှိနေပြီးသား သူတွေဖြစ်တဲ့အတွက်ကြောင့် ကိုယ်ကရောဂါလက္ခဏာ မရှိဘဲနဲ့ သွားစစ်ရင် သူတို့တွေနဲ့ ထိတွေ့ပြီးတော့တောင် ကူးစက်နိုင်ပါတယ်။ ဒါလေးကိုတော့ သတိပေးချင်ပါတယ်။”

ရောဂါလက္ခဏာရှိသူတွေဆီက နှာခေါင်းတို့ပတ်ယူ စစ်ပေးနေတာဖြစ်ပြီး အခုအသုံးပြုနေတဲ့ Test Kit ဟာ WHO က အသိအမှတ်ပြုထားပြီးသားဖြစ်လို့ စိတ်ချရပေမဲ့ အားနည်းချက်တွေတော့ ရှိနေပါတယ်။ ရောဂါလက္ခဏာရှိသူတွေကို ၅ ရက်ကနေ ၇ ရက်အတွင်း စစ်မယ်ဆိုရင်တော့ အကောင်းဆုံးရလဒ်ကို ရနိုင်တယ်လို့လည်း ကျန်းမာရေးပညာရှင်တွေက ပြောပါတယ်။ ရောဂါလက္ခဏာ ရှိသူတွေနဲ့ လိုအပ်တဲ့ သူတွေကတော့ အမြန်ဆုံးစစ်ဆေးမှု ခံယူသင့်တယ်လို့လည်း ဒေါက်တာခင်ခင်ကြီးကပြောပါတယ်။

“အခုလက်ရှိ AYA Center မှာစစ်ဆေးတယ်ဆိုတာက ကျမတို့ Rapid Diagnostic Test တွေနဲ့စစ်တာ ဖြစ်ပါတယ်။ Antigen Test ဖြစ်ပါတယ်။ ဒါပေမဲ့လို့ အခမဲ့တိုင်းဟာဆိုလို့ရှိရင် အားလုံးအတွက်မဟုတ်ပါဘူးဆိုတာ ဒါလေးကိုတော့ သိစေချင်ပါတယ်။ ဒီနေရာမှာတော့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်းတွေကတော့ ဘယ်မြို့နယ်ကမဆို လာစစ်လို့ရပါတယ်။ ဒါလေးကို စစ်လိုက်ခြင်းအားဖြင့် ကျမတို့စစ်တဲ့သူ ဘယ်နှစ်ယောက်မှာ ပိုးတွေ့တာဘယ်နှစ်ယောက် ရှိတယ်ဆိုတာ သိရှိနိုင်မှာ ဖြစ်ပါတယ်။ မနေ့ကဆိုရင် ဒီစင်တာတွေမှာ လာစစ်တာရဲ့ ၃၀ - ၄၀ ရာခိုင်နှုန်းလောက်က Positive ဖြစ်တယ်ဆိုတာ တွေ့ရှိရပါတယ်။”

ကိုဗစ်ရောဂါရှိ၊ မရှိ မြန်မြန်ဆန်ဆန် စစ်ဆေးနိုင်မဲ့ Antigen စမ်းသပ်မှုတွေကိုတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ပြီးခဲ့တဲ့လ နှောင်းပိုင်းမှာပဲ အတည်ပြုပေးထားတာပါ။ ဒါပေမဲ့လည်း ဒီနည်းဟာ ရောဂါလက္ခဏာ မရှိတဲ့သူတွေအတွက်တော့ အကျိုးမရှိဘူးလို့လည်း ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

“Test Kit က Virus ရဲ့ Protein ကို စစ်တာဖြစ်လို့ လက္ခဏာပေါ်နေတုန်းအချိန်မှာ စမ်းသပ်မှ အကောင်းဆုံးအဖြေရတာ ဖြစ်ပါတယ်။ သို့သော် PCR Test ကတော့ Virus ရဲ့ Gene ကိုစစ်တာဖြစ်လို့ သူဟာပိုပြီးတော့ Sensitive ဖြစ်တယ်၊ ပိုပြီးတော့ ကြာသွားရင်တောင်မှ အဖြေက မှန်တယ်ပေါ့နော်။ ဒါမျိုးတွေက ကွာသွားတယ်။ နောက်တခုက နှာခေါင်းတို့ပတ်ကို ယူရတာဖြစ်ပါတယ်။ သွေးကိုစစ်တာ မဟုတ်ပါဘူး။ ဒီတော့ စစ်ပေးတဲ့သူအနေနဲ့ Full PPE ဝတ်ရမှာဖြစ်ပါတယ်။ ပြီးရင်ကျွမ်းကျင်မှု လိုပါတယ်။”

အခုဈေးကွက်ထဲမှာရှိနေတဲ့ သွေးဖောက်စစ်လို့ရတဲ့ Antibody Test Kit တွေဟာ ရောဂါစစ်ဆေးရာမှာ တိကျမှုမရှိသလို၊ ကိုယ့်သဘောနဲ့ကိုယ် စစ်ဆေးနေတာတွေကိုလည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက တားမြစ်ထားပါတယ်။ ကိုယ့်ဆီမှာ ကိုဗစ်ရောဂါလက္ခဏာတွေ ရှိလာပြီဆိုရင်တော့ သက်ဆိုင်ရာ ကိုဗစ်စင်တာတွေဆီ အချိန်မီသွားရောက်ပြသဖို့ကိုလည်း သတိပေးထားပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့မွန်းလွဲပိုင်း ထုတ်ပြန်ပြီးချိန်အထိ ပြည်တွင်းမှာအတည်ပြုလူနာပေါင်း ၃၁,၃၂၅ ဦးရှိနေပြီး သေဆုံးသူကတော့ ၇၃၂ ဦးရှိပါတယ်။

XS
SM
MD
LG