(Zawgyi/Unicode)
ျမန္မာႏိုင္ငံမွာ COVID-19 ေရာဂါ ေန႔စဥ္ကူးစက္သူအေရအတြက္ သီတင္းတပတ္အတြင္း ပထမဆုံးအႀကိမ္အျဖစ္ ၁,၀၀၀ ေအာက္ေလ်ာ့သြားေပမဲ့၊ စစ္ေဆးမူအနည္းငယ္နည္းသြားၿပီး၊ ေသဆံုးမူကေတာ့ ၄၀ ခန္႔အထိရွိခဲ့ပါတယ္။
ဒီသီတင္းပတ္ ယခင္ရက္ေတြအတြင္း စစ္ေဆးမူေပါင္း တစ္ေသာင္းေက်ာ္ေန႔စဥ္ရွိခဲ့ရာကေန၊ မေန႔ကေတာ့ ဒီစစ္ေဆးမူတစ္ေသာင္းေအာက္ေရာက္ခဲ့ရာကေန ခုလိုေတြ႔ရွိခဲ့တာျဖစ္ေပမဲ့၊ ဒီရက္ပိုင္းေတြအတြင္း ပိုးေတြ႔ႏႈန္းက ၁၀ % ေအာက္ျပန္က်လာေနပါတယ္။
မေန႔ ဗုဒၶဟူးေန႔ည ၈ နာရီအခ်ိန္ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္အရ လြန္ခဲ့တဲ့ ၂၄ နာရီအတြင္း ဓာတ္ခြဲနမူနာေပါင္း ၉,၆၅၆ ခုကို စစ္ေဆးခဲ့ၿပီး၊ ပိုးကူးစက္သူ ၈၈၈ ဦး ထပ္တိုးၿပီး၊ ေနာက္ထပ္ေသဆုံးသူ ၃၉ ဦးရွိခဲ့ပါတယ္။
ဒါေၾကာင့္ စုစုေပါင္းကို႐ိုနာဗိုင္းရပ္စ္ကူးစက္သူေပါင္း ၃၁,၃၂၅ ရွိလာၿပီး၊ ေသဆုံးသူေပါင္းကလည္း ၇၃၂ ေယာက္အျဖစ္ ၇၀၀ ေက်ာ္အဆင့္ကိုတက္လာေနပါတယ္။
ဒါေပမဲ့ ျပန္ေကာင္းလာသူေတြလဲ ပိုမ်ားလာကာ၊ မေန႔က ၂,၀၉၇ ေယာက္ ေဆး႐ုံက ဆင္းခြင့္ရတာေၾကာင့္၊ စုစုေပါင္း ျပန္ေကာင္းလာသူ ၁၃,၈၆၆ ေယာက္အျဖစ္ စုစုေပါင္းပိုးေတြ႔သူရဲ့ သံုးပံုတစ္ပံုေက်ာ္ လာပါၿပီ။
ဒီကေန႔ညေနပိုင္း ထုတ္ျပန္ခ်က္အရလည္း တေန႔က ပိုးေတြ႔သူေပါင္း ၁၁၂၃ ဦးမွာ၊ ထံုးစံအတိုင္း ရန္ကုန္တိုင္းက ၉၁၅ ဦးနဲ႔ ကူးစက္သူအမ်ားဆံုးဆက္ျဖစ္ခဲ့ၿပီး၊ မႏၱေလးက ၆၀ သာ ဒုတိယနဲ႔ ပဲခူးက ၅၈ ဦးအျဖစ္နဲ႔သာ တတိယအမ်ားဆံုးျဖစ္ခဲ့ပါတယ္။
အမ်ားဆံုးျဖစ္ေနတဲ့ ရန္ကုန္က ၿမိဳ.နယ္ေတြထဲမွာလည္း၊ စက္ရံုေတြမ်ားတဲ့ ေျမာက္ဥကၠလာ၊ လိႈင္သာယာနဲ႔ မဂၤလာဒံုမွာ ကူးစက္သူေပါင္း ၁၅၀၀၊ ၁၆၀၀ ဝန္းက်င္စီနဲ႔ ထိပ္ဆံုးျဖစ္ေနခ်ိန္ စက္ရံုတခ်ိဳ႕ ျပန္ဖြင့္လာတာေၾကာင့္ကူးစက္မႈေတြ တိုးလာမွာကို စိုးရိမ္ေနၾကပါတယ္။
...........
မြန်မာ COVID အောက်တိုဘာ ၁၄ ရက် အခြေအနေ
(႕Unicode)
မြန်မာနိုင်ငံမှာ COVID-19 ရောဂါ နေ့စဉ်ကူးစက်သူအရေအတွက် သီတင်းတပတ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ၁,၀၀၀ အောက်လျော့သွားပေမဲ့၊ စစ်ဆေးမူအနည်းငယ်နည်းသွားပြီး၊ သေဆုံးမူကတော့ ၄၀ ခန့်အထိရှိခဲ့ပါတယ်။
ဒီသီတင်းပတ် ယခင်ရက်တွေအတွင်း စစ်ဆေးမူပေါင်း တစ်သောင်းကျော်နေ့စဉ်ရှိခဲ့ရာကနေ၊ မနေ့ကတော့ ဒီစစ်ဆေးမူတစ်သောင်းအောက်ရောက်ခဲ့ရာကနေ ခုလိုတွေ့ရှိခဲ့တာဖြစ်ပေမဲ့၊ ဒီရက်ပိုင်းတွေအတွင်း ပိုးတွေ့နှုန်းက ၁၀ % အောက်ပြန်ကျလာနေပါတယ်။
မနေ့ ဗုဒ္ဓဟူးနေ့ည ၈ နာရီအချိန် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာပေါင်း ၉,၆၅၆ ခုကို စစ်ဆေးခဲ့ပြီး၊ ပိုးကူးစက်သူ ၈၈၈ ဦး ထပ်တိုးပြီး၊ နောက်ထပ်သေဆုံးသူ ၃၉ ဦးရှိခဲ့ပါတယ်။
ဒါကြောင့် စုစုပေါင်းကိုရိုနာဗိုင်းရပ်စ်ကူးစက်သူပေါင်း ၃၁,၃၂၅ ရှိလာပြီး၊ သေဆုံးသူပေါင်းကလည်း ၇၃၂ ယောက်အဖြစ် ၇၀၀ ကျော်အဆင့်ကိုတက်လာနေပါတယ်။
ဒါပေမဲ့ ပြန်ကောင်းလာသူတွေလဲ ပိုများလာကာ၊ မနေ့က ၂,၀၉၇ ယောက် ဆေးရုံက ဆင်းခွင့်ရတာကြောင့်၊ စုစုပေါင်း ပြန်ကောင်းလာသူ ၁၃,၈၆၆ ယောက်အဖြစ် စုစုပေါင်းပိုးတွေ့သူရဲ့ သုံးပုံတစ်ပုံကျော် လာပါပြီ။
ဒီကနေ့ညနေပိုင်း ထုတ်ပြန်ချက်အရလည်း တနေ့က ပိုးတွေ့သူပေါင်း ၁၁၂၃ ဦးမှာ၊ ထုံးစံအတိုင်း ရန်ကုန်တိုင်းက ၉၁၅ ဦးနဲ့ ကူးစက်သူအများဆုံးဆက်ဖြစ်ခဲ့ပြီး၊ မန္တလေးက ၆၀ သာ ဒုတိယနဲ့ ပဲခူးက ၅၈ ဦးအဖြစ်နဲ့သာ တတိယအများဆုံးဖြစ်ခဲ့ပါတယ်။
အများဆုံးဖြစ်နေတဲ့ ရန်ကုန်က မြို.နယ်တွေထဲမှာလည်း၊ စက်ရုံတွေများတဲ့ မြောက်ဥက္ကလာ၊ လှိုင်သာယာနဲ့ မင်္ဂလာဒုံမှာ ကူးစက်သူပေါင်း ၁၅၀၀၊ ၁၆၀၀ ဝန်းကျင်စီနဲ့ ထိပ်ဆုံးဖြစ်နေချိန် စက်ရုံတချို့ ပြန်ဖွင့်လာတာကြောင့်ကူးစက်မှုတွေ တိုးလာမှာကို စိုးရိမ်နေကြပါတယ်။