သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကိုဗစ် ဓါတ်ခွဲအတည်ပြုစုစုပေါင်း ၃၁,၃၂၅၊ သေဆုံး ၇၃၂


ရန်ကုန်မြို့ Quarantine စင်တာတခုမှာ တွေ့ရတဲ့ PPE ဝတ်စုံဝတ် စေတနာ့ဝန်ထမ်းများ။ (အောက်တိုဘာ ၁၂၊ ၂၀၂၀)
ရန်ကုန်မြို့ Quarantine စင်တာတခုမှာ တွေ့ရတဲ့ PPE ဝတ်စုံဝတ် စေတနာ့ဝန်ထမ်းများ။ (အောက်တိုဘာ ၁၂၊ ၂၀၂၀)

[Zawgyi/Unicode]

မြန်မာနိုင်ငံမှာ COVID-19 ရောဂါ နေ့စဉ်ကူးစက်သူအရေအတွက်ဟာ သီတင်းတပတ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ၁,၀၀၀ အောက် လျော့သွားပါတယ်။

ဒီကနေ့ည ၈ နာရီအချိန် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာပေါင်း ၉,၆၅၆ ခုကို စစ်ဆေးပြီးစီးခဲ့တာမှာ ရောဂါပိုးကူးစက်သူ ၈၈၈ ဦးထပ်တိုးပြီး နောက်ထပ်သေဆုံးသူ ၃၉ ဦးရှိခဲ့ပါတယ်။

ဒါကြောင့် အခုဆိုရင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူပေါင်း ၃၁,၃၂၅ ရှိပြီဖြစ်သလို သေဆုံးသူပေါင်း ၇၃၂ ယောက်ရှိပါပြီ။

ရောဂါပိုး ကူးစက်ခံထားရသူတွေထဲက နောက်ထပ် ၂,၀၉၇ ယောက် ဆေးရုံက ဆင်းခွင့်ရတဲ့အတွက် အခုဆိုရင် ဆေးရုံအသီးသီးက ဆင်းသွားသူပေါင်း ၁၃,၈၆၆ ယောက် ရှိပြီဖြစ်ပါတယ်။

ဒီကနေ့ညနေပိုင်းအထိ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရဆိုရင် ရောဂါပိုးကူးစက်သူ အများစုဟာ ရန်ကုန်တိုင်းဒေသကြီးကဖြစ်ပြီး ပိုးကူးစက်မှု ထိန်းချုပ်နိုင်ရေးအတွက် တာဝန်ရှိသူတွေ အပြင်းအထန် လုပ်ဆောင်နေရပါတယ်။

ဒီကြားထဲမှာပဲ ရန်ကုန်တိုင်းဒေသကြီးအစိုးရက စစ်ဆေးပြီး A အဆင့် ကင်းရှင်းချက်ရတယ်ဆိုရင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီရဲ့ ခွင့်ပြုချက်နဲ့ အသေးစားနဲ့ အလတ်စား စက်ရုံ အလုပ်ရုံတွေ ပြန်ဖွင့်ခွင့်ပေးခဲ့တာကြောင့် လူထုကြား နောက်ထပ် စိုးရိမ်ချက်တွေ ထွက်နေပါတယ်။

မြန်မာကိုဗစ် ဓါတ်ခွဲအတည်ပြုစုစုပေါင်း ၃၁,၃၂၅၊ သေဆုံး ၇၃၂
please wait

No media source currently available

0:00 0:01:14 0:00
တိုက်ရိုက် လင့်ခ်

[Unicode Version]








XS
SM
MD
LG