သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကာလ ျမန္မာ့သဘာ၀ပတ္၀န္းက်င္ထိခိုက္မႈေတြရွိေနဆဲ


ရန္ကုန္တျမိဳ႕လံုး ေနအိမ္ေန ကန္႔သတ္္ခ်က္ထုတ္ျပန္ျပီး၊ ပထမဆံုးေန႔ေတြ႕ရသည့္ ျမင္ကြင္း။ (စက္တင္ဘာ ၂၁၊ ၂၀၂၀)

(Zawgyi/Unicode)

ကိုဗစ္ကပ္ေရာဂါကာလမွာ စီးပြားေရး၊ လူမႈေရး၊ က်န္းမာေရးအရ ထိခိုက္နစ္နာမႈေတြ ရွိေနေပမဲ့ သြားလာလႈပ္ရွားမႈေတြ ကန႔္သတ္ထားတာေၾကာင့္ ေလာင္စာသုံးစြဲမႈေတြ သိသိသာသာ ေလ်ာ့နည္းသြားတဲ့အတြက္ ေလထုညစ္ညမ္းမႈေတြ က်ဆင္းတာလို႔ ပတ္ဝန္းက်င္ဆိုင္ရာ တိုးတက္မႈတခ်ိဳ႕လည္း ရွိေနပါတယ္။ ဒါေပမဲ့လည္း ကပ္ေရာဂါကာလမွာပဲ အမႈိက္သ႐ိုက္ေတြကို မီးရႈိ႕တာလို ပတ္ဝန္းက်င္ ထိခိုက္ေစတဲ့ စိန္ေခၚမႈေတြလည္း ရွိေနဆဲ ျဖစ္တဲ့အေပၚ ပတ္ဝန္းက်င္အေရး လႈပ္ရွားသူေတြ သတိေပးေနတဲ့ အေၾကာင္းကိုေတာ့ ကိုစည္သူက စုစည္းတင္ျပထားပါတယ္။

ကိုဗစ္ကပ္ေရာဂါကာလ ေမာ္ေတာ္ယာဥ္ အသုံးျပဳမႈေတြနည္းပါးတာ စက္႐ုံအလုပ္႐ုံေတြ ပိတ္ထား ရတာေတြေၾကာင့္ မီးခိုးထြက္ႏႈန္း ေလ်ာ့နည္းသြားတာေၾကာင့္ ေလထုညစ္ညမ္းမႈေတြလည္း ေလ်ာ့က်လာတယ္လို႔ သဘာ၀ပတ္ဝန္းက်င္ ေစာင့္ၾကည့္ေလ့လာသူေတြက ေျပာပါတယ္။ ဒါေပမယ့္လည္း ျမန္မာႏုိင္ငံမွာ ကပ္ေရာဂါစတင္ခဲ့တဲ့ မတ္လထဲမွာ ရန္ကုန္ၿမိဳ႕ရဲ႕ ေလထုညစ္ညမ္းမႈဟာ ေလ်ာ့ပါးသြားတယ္ ဆိုေပမဲ့ အသက္ရႈလမ္းေၾကာင္းဆိုင္ရာ ေရာဂါအခံရွိသူေတြအတြက္ အႏၲရယ္ရွိတဲ့ စိုးရိမ္စရာ လိေမၼာ္ေရာင္အဆင့္မွာ ရွိခဲ့တယ္လို႔ ရန္ကုန္ၿမိဳ႕အေမရိကန္သံ႐ုံးက ထုတ္ျပန္တဲ့ အခ်က္အလက္ေတြမွာ ေဖာ္ျပထားပါတယ္။

အေမရိကန္ ပတ္ဝန္းက်င္ကာကြယ္ထိန္းသိမ္းေရးေအဂ်င္စီ (EPA) ရဲ႕ စံခ်ိန္စံၫႊန္းနဲ႔ တိုင္းတာတဲ့ သံ႐ုံးရဲ႕ Air Quality Index (AQI) ေလထုအရည္အေသြး တိုင္းတာခ်က္အရ ျမန္မာႏိုင္ငံမွာ ကိုဗစ္ကပ္ေရာဂါစျဖစ္တဲ့ မတ္လနဲ႔ဧၿပီလေတြမွာ လိေမၼာ္ေရာင္အဆင့္မွာ ရွိေနပါတယ္။

ကပ္ေရာဂါကာလ အသြားအလာေတြ ေလ်ာ့ပါးသြားေပမဲ့လည္း ေလထုအရည္အေသြး ထင္သေလာက္ တိုးတက္မလာရတဲ့ အေၾကာင္းရင္းနဲ႔ ပတ္သက္လို႔ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရး အဖြဲ႕တစ္ခုျဖစ္တဲ့ Nature Advocacy ဦးေဆာင္သူ ကိုၿငိမ္းေဇာ္ကိုကေတာ့ အခုလို သုံးသပ္ပါတယ္။

“ဧၿပီလမွာ ကားေတြစက္႐ုံေတြရပ္ထားတဲ့အခ်ိန္မွာ ေလထုညစ္ညမ္းမႈက သိသိသာသာေတာ့ ေလ်ာ့သြားတယ္။ ဒါေပမယ့္ အမႈိက္မီးရႈိ႕တာတစ္ခုတည္းနဲ႔တင္ AQI အၫႊန္းကိန္းမွာ လိေမၼာ္ေရာင္အဆင့္ထိ ေရာက္ေနတာကိုေတြ႕လိမ့္မယ္။ Lockdown ခ်ထား႐ုံနဲ႔ ကားေတြစက္႐ုံေတြမရွိ႐ုံနဲ႔ ေလထုညစ္ညမ္းမႈ က်သြားေပမယ့္ လူေတြအႏၲရာယ္မရွိေလာက္ေအာင္က်သြားတယ္လို႔ မွန္းလို႔မရဘူး။ အရင္အတိုင္းပဲ မီးရႈိ႕ေနဦးမယ္ဆိုရင္ ကိုဗစ္ပိုးကူးစက္ခံထားရသူေတြအတြက္ အသက္အႏၲရာယ္ေတာင္ ရွိႏိုင္တယ္။”

မႏၲေလးၿမိဳ႕စိမ္းေရာင္စိုသဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးအဖြဲ႕ရဲ႕ တာဝန္ခံ ဦးေမာင္ေမာင္ဦးကေတာ့ သစ္႐ြက္ေျခာက္ေတြအျပင္ ပလက္စတစ္စြန႔္ပစ္ပစၥည္းေတြပါ မီးရႈိ႕ဖ်က္ဆီးၾကတာက က်န္းမာေရး မသင့္ေတာ္သလို ေဂဟစနစ္ကို ပ်က္စီးေစႏိုင္တယ္လို႔ သတိေပးပါတယ္။

“မႏၲေလးမွာ အမႈိက္သိမ္းဧရိယာရဲ႕အျပင္ဖက္ ျမစ္ကမ္းပါးလိုေနရာေတြမွာ အခုထက္ထိ အမႈိက္ကို မီးရႈိ႕ဖ်က္ဆီးေနၾကတာေတြေျမာက္မ်ားစြာရွိေနဆဲပါပဲ။ မီးရႈိ႕ဖ်က္စီးတဲ့စနစ္ကေတာ့ လူအပါအဝင္ Eco system တစ္ခုလုံးကို ျပင္းထန္တဲ့ သက္ေရာက္မႈျဖစ္ေစမယ္လို႔ ကြၽန္ေတာ္ထင္ပါတယ္။ “

ေလထုညစ္ညမ္းမႈဒဏ္ခံရတဲ့ ကိုဗစ္ေရာဂါသည္ေတြ အေနနဲ႔ ေရာဂါအေျခအေန ပိုမိုဆိုး႐ြားေစႏုိင္သလုိ၊ ေသဆုံးမႈႏႈန္း (၈) ရာခိုင္ႏႈန္းေလာက္ တိုးလာႏိုင္တယ္လို႔လည္း အေမရိကန္ ျပည္ေထာင္စု Harvard တကၠသိုလ္ရဲ႕ စက္တင္ဘာလထဲထုတ္ျပန္တဲ့ ေလ့လာေတြ႕ရွိခ်က္မွာ ေဖာ္ျပထားပါတယ္။

မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနရဲ႕ တိုင္းတာခ်က္ေတြအရ ၿပီးခဲ့တဲ့ႏွစ္ေတြမွာ ေလထုညစ္ညမ္းမႈေတြ ျမင့္တက္ခဲ့တယ္လို႔ လက္ေထာက္ၫႊန္ၾကားေရးမႉး ေဒါက္တာၾကဴၾကဴစိန္က ေျပာျပပါတယ္။

“၂၀၁၈-၁၉ ဒီဇင္ဘာ၊ ဇန္နဝါရီ၊ ေဖေဖာ္ဝါရီမွာဆိုရင္ WHO စံႏႈန္းထက္ကိုမ်ားေနတာကို သြားေတြ႕ရ တယ္ေပ့ါေနာ္ ၊ မိုးတြင္းမွာေတာ့ေလ်ာ့တယ္ တခါတေလ Unhealthy အဆင့္ေပ့ါေနာ္ က်န္းမာေရးနဲ႔ မသင့္ေတာ္တဲ့ အေနအထားမ်ိဳးကို ေရာက္သြားတယ္ေပ့ါေနာ္”

ျမန္မာႏိုင္ငံရဲ႕ ရာသီသုံးခုမွာ ႏို၀င္ဘာလကေန မတ္လအထိ ပြင့္လင္းရာသီဟာ ေလထုညစ္ညမ္းမႈ အဆိုးဆုံးျဖစ္တယ္လို႔လည္းကြၽမ္းက်င္သူေတြက ေလ့လာေတြ႕ရွိထားပါတယ္။ ဒါေၾကာင့္လည္း ဒီလိုကာလမ်ိဳးမွာ က်န္းမာေရးနဲ႔ညီၫြတ္တဲ့ ေလထုအရည္အေသြး ရရွိႏိုင္ေအာင္ ႀကိဳးပမ္းေနေၾကာင္း ပတ္ဝန္းက်င္အရည္အေသြးႏွင့္ စံခ်ိန္စံၫႊန္းဌာနက ဒုတိယၫႊန္ၾကားေရးမႉး ေဒါက္တာတင္တင္ေသာ္ ကေျပာပါတယ္။

“ေရွ႕ေလွ်ာက္ကေတာ့ စည္ပင္ကလည္း အမႈိက္ကိုမီးမရႈိ႕ဖို႔ ပညာေပးေနပါတယ္။ ပူျပင္းေျခာက္ေသြ႕တဲ့ ရာသီဆိုေတာ့ အ႐ြတ္ေတြေႂကြတယ္။​ ေနာက္တစ္ခုက စိုက္ပ်ိဳးေရးေျမၾသဇာအတြက္ မီးရႈိ႕တာမလုပ္ဖို႔ေပါ့ေနာ္ ပညာေပးေတြလုပ္ေနပါတယ္။ Air quality ကိုေတာ့ တတ္ႏိုင္သေလာက္ ႏိုင္ငံေတာ္အဆင့္ေပါ့ေနာ္ ေဆာင္႐ြက္ေနပါတယ္။”

အမႈိက္မီးရႈိ႕တာအပါအဝင္ ကိုဗစ္အလြန္ စက္မႈစီးပြားေရး ႐ုန္းကန္မႈေတြေၾကာင့္ လာမယ့္ ပြင့္လင္းရာသီမွာအရင္ႏွစ္ေတြလိုပဲ ေလထုညစ္ညမ္းမႈႀကဳံရမွာကို သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းသူေတြ အထူးတလည္ စိုးရိမ္ေနၾကပါတယ္။ ျပည္သူေတြအေနနဲ႔ တတ္ႏိုင္သေလာက္ အမႈိက္မီးမရႈိ႕ၾကဖို႔အျပင္ အစိုးရအေနနဲ႔လည္း ထုတ္ျပန္ထားတဲ့ ပတ္ဝန္းက်င္ထိန္းသိမ္းေရး လုပ္ငန္းလမ္းၫႊန္ခ်က္ေတြ အတိအက်အေကာင္အထည္ေဖာ္ဖို႔လည္း ပတ္ဝန္းက်င္ထိန္းသိမ္းေရး လႈပ္ရွားေနတဲ့ စိမ္းေရာင္စိုအဖြဲ႔က ဦးေမာင္ေမာင္ဦးက အႀကံျပဳပါတယ္။

“ေလထုညစ္ညမ္းမႈဟာ ေရွာင္လႊဲလို႔မရပါဘူး။ သက္ဆိုင္ရာ အစိုးရေတြက တိက်တဲ့လုပ္ငန္း လမ္းၫႊန္ခ်က္ေတြအျပင္ နဂိုသတ္မွတ္ထားတဲ့စည္းကမ္းေတြအသက္ဝင္ဖို႔လိုပါတယ္။ ကိုဗစ္အလြန္ကာလမွာ စီးပြားေရးလုပ္ငန္းေတြ တြန္းလုပ္လိုက္ရင္ ပိုၿပီးေတာ့ air pollution တင္မက အားလုံးလႊမ္းၿခဳံတဲ့ တိက်တဲ့ လုပ္ငန္းလမ္းၫႊန္ခ်က္ေတြရွိဖို႔လိုတယ္။ ျပည္သူလူထုအေနနဲ႔လည္း ဒီေပၚမွာ တာဝန္သိစိတ္နဲ႔ ပူးေပါင္းေဆာင္႐ြက္ဖို႔လိုတယ္လို႔ထင္ပါတယ္။ “

ေလထုညစ္ညမ္းမႈဟာ ကမာၻတဝန္း ေသဆုံးမႈေတြနဲ႔ ေရာဂါဘယေတြ ျဖစ္ပြားရတဲ့ အဓိက အေၾကာင္းရင္းတခု အျဖစ္နဲ႔လည္း ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO) က သတိေပးထားပါတယ္။ အဆုတ္ကင္ဆာ၊ အသက္ရႈလမ္းေၾကာင္းဆိုင္ရာ ေရာဂါေတြ အျပင္ ႏွလုံးေရာဂါ၊ ဦးေႏွာက္ေသြးေၾကာျပတ္တာ စတဲ့ ေရာဂါေတြနဲ႔ ႏွစ္စဥ္ လူေပါင္း ၄ သန္းေက်ာ္ သက္တမ္းမေစ့ခင္ ေသဆုံးေနရတာဟာ ေလထုညစ္ညမ္းမႈနဲ႔ ဆက္ႏြယ္ေနေၾကာင္းလည္း ေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္
ကိုဗစ္ကာလ ျမန္မာေလထုညစ္ညမ္းမႈနဲ႔ စိန္ေခၚမႈမ်ား
please wait

No media source currently available

0:00 0:06:33 0:00

..............

ကိုဗစ်ကာလ မြန်မာ့သဘာဝပတ်ဝန်းကျင်ထိခိုက်မှုတွေရှိနေဆဲ

(Unicode)

ကိုဗစ်ကပ်ရောဂါကာလမှာ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးအရ ထိခိုက်နစ်နာမှုတွေ ရှိနေပေမဲ့ သွားလာလှုပ်ရှားမှုတွေ ကန့်သတ်ထားတာကြောင့် လောင်စာသုံးစွဲမှုတွေ သိသိသာသာ လျော့နည်းသွားတဲ့အတွက် လေထုညစ်ညမ်းမှုတွေ ကျဆင်းတာလို့ ပတ်ဝန်းကျင်ဆိုင်ရာ တိုးတက်မှုတချို့လည်း ရှိနေပါတယ်။ ဒါပေမဲ့လည်း ကပ်ရောဂါကာလမှာပဲ အမှိုက်သရိုက်တွေကို မီးရှို့တာလို ပတ်ဝန်းကျင် ထိခိုက်စေတဲ့ စိန်ခေါ်မှုတွေလည်း ရှိနေဆဲ ဖြစ်တဲ့အပေါ် ပတ်ဝန်းကျင်အရေး လှုပ်ရှားသူတွေ သတိပေးနေတဲ့ အကြောင်းကိုတော့ ကိုစည်သူက စုစည်းတင်ပြထားပါတယ်။

ကိုဗစ်ကပ်ရောဂါကာလ မော်တော်ယာဉ် အသုံးပြုမှုတွေနည်းပါးတာ စက်ရုံအလုပ်ရုံတွေ ပိတ်ထား ရတာတွေကြောင့် မီးခိုးထွက်နှုန်း လျော့နည်းသွားတာကြောင့် လေထုညစ်ညမ်းမှုတွေလည်း လျော့ကျလာတယ်လို့ သဘာဝပတ်ဝန်းကျင် စောင့်ကြည့်လေ့လာသူတွေက ပြောပါတယ်။ ဒါပေမယ့်လည်း မြန်မာနိုင်ငံမှာ ကပ်ရောဂါစတင်ခဲ့တဲ့ မတ်လထဲမှာ ရန်ကုန်မြို့ရဲ့ လေထုညစ်ညမ်းမှုဟာ လျော့ပါးသွားတယ် ဆိုပေမဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါအခံရှိသူတွေအတွက် အန္တရယ်ရှိတဲ့ စိုးရိမ်စရာ လိမ္မော်ရောင်အဆင့်မှာ ရှိခဲ့တယ်လို့ ရန်ကုန်မြို့အမေရိကန်သံရုံးက ထုတ်ပြန်တဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

အမေရိကန် ပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းရေးအေဂျင်စီ (EPA) ရဲ့ စံချိန်စံညွှန်းနဲ့ တိုင်းတာတဲ့ သံရုံးရဲ့ Air Quality Index (AQI) လေထုအရည်အသွေး တိုင်းတာချက်အရ မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါစဖြစ်တဲ့ မတ်လနဲ့ဧပြီလတွေမှာ လိမ္မော်ရောင်အဆင့်မှာ ရှိနေပါတယ်။

ကပ်ရောဂါကာလ အသွားအလာတွေ လျော့ပါးသွားပေမဲ့လည်း လေထုအရည်အသွေး ထင်သလောက် တိုးတက်မလာရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့တစ်ခုဖြစ်တဲ့ Nature Advocacy ဦးဆောင်သူ ကိုငြိမ်းဇော်ကိုကတော့ အခုလို သုံးသပ်ပါတယ်။

“ဧပြီလမှာ ကားတွေစက်ရုံတွေရပ်ထားတဲ့အချိန်မှာ လေထုညစ်ညမ်းမှုက သိသိသာသာတော့ လျော့သွားတယ်။ ဒါပေမယ့် အမှိုက်မီးရှို့တာတစ်ခုတည်းနဲ့တင် AQI အညွှန်းကိန်းမှာ လိမ္မော်ရောင်အဆင့်ထိ ရောက်နေတာကိုတွေ့လိမ့်မယ်။ Lockdown ချထားရုံနဲ့ ကားတွေစက်ရုံတွေမရှိရုံနဲ့ လေထုညစ်ညမ်းမှု ကျသွားပေမယ့် လူတွေအန္တရာယ်မရှိလောက်အောင်ကျသွားတယ်လို့ မှန်းလို့မရဘူး။ အရင်အတိုင်းပဲ မီးရှို့နေဦးမယ်ဆိုရင် ကိုဗစ်ပိုးကူးစက်ခံထားရသူတွေအတွက် အသက်အန္တရာယ်တောင် ရှိနိုင်တယ်။”

မန္တလေးမြို့စိမ်းရောင်စိုသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ရဲ့ တာဝန်ခံ ဦးမောင်မောင်ဦးကတော့ သစ်ရွက်ခြောက်တွေအပြင် ပလက်စတစ်စွန့်ပစ်ပစ္စည်းတွေပါ မီးရှို့ဖျက်ဆီးကြတာက ကျန်းမာရေး မသင့်တော်သလို ဂေဟစနစ်ကို ပျက်စီးစေနိုင်တယ်လို့ သတိပေးပါတယ်။

“မန္တလေးမှာ အမှိုက်သိမ်းဧရိယာရဲ့အပြင်ဖက် မြစ်ကမ်းပါးလိုနေရာတွေမှာ အခုထက်ထိ အမှိုက်ကို မီးရှို့ဖျက်ဆီးနေကြတာတွေမြောက်များစွာရှိနေဆဲပါပဲ။ မီးရှို့ဖျက်စီးတဲ့စနစ်ကတော့ လူအပါအဝင် Eco system တစ်ခုလုံးကို ပြင်းထန်တဲ့ သက်ရောက်မှုဖြစ်စေမယ်လို့ ကျွန်တော်ထင်ပါတယ်။ “

လေထုညစ်ညမ်းမှုဒဏ်ခံရတဲ့ ကိုဗစ်ရောဂါသည်တွေ အနေနဲ့ ရောဂါအခြေအနေ ပိုမိုဆိုးရွားစေနိုင်သလို၊ သေဆုံးမှုနှုန်း (၈) ရာခိုင်နှုန်းလောက် တိုးလာနိုင်တယ်လို့လည်း အမေရိကန် ပြည်ထောင်စု Harvard တက္ကသိုလ်ရဲ့ စက်တင်ဘာလထဲထုတ်ပြန်တဲ့ လေ့လာတွေ့ရှိချက်မှာ ဖော်ပြထားပါတယ်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ တိုင်းတာချက်တွေအရ ပြီးခဲ့တဲ့နှစ်တွေမှာ လေထုညစ်ညမ်းမှုတွေ မြင့်တက်ခဲ့တယ်လို့ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာကြူကြူစိန်က ပြောပြပါတယ်။

“၂၀၁၈-၁၉ ဒီဇင်ဘာ၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီမှာဆိုရင် WHO စံနှုန်းထက်ကိုများနေတာကို သွားတွေ့ရ တယ်ပေ့ါနော် ၊ မိုးတွင်းမှာတော့လျော့တယ် တခါတလေ Unhealthy အဆင့်ပေ့ါနော် ကျန်းမာရေးနဲ့ မသင့်တော်တဲ့ အနေအထားမျိုးကို ရောက်သွားတယ်ပေ့ါနော်”

မြန်မာနိုင်ငံရဲ့ ရာသီသုံးခုမှာ နိုဝင်ဘာလကနေ မတ်လအထိ ပွင့်လင်းရာသီဟာ လေထုညစ်ညမ်းမှု အဆိုးဆုံးဖြစ်တယ်လို့လည်းကျွမ်းကျင်သူတွေက လေ့လာတွေ့ရှိထားပါတယ်။ ဒါကြောင့်လည်း ဒီလိုကာလမျိုးမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ လေထုအရည်အသွေး ရရှိနိုင်အောင် ကြိုးပမ်းနေကြောင်း ပတ်ဝန်းကျင်အရည်အသွေးနှင့် စံချိန်စံညွှန်းဌာနက ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာတင်တင်သော် ကပြောပါတယ်။

“ရှေ့လျှောက်ကတော့ စည်ပင်ကလည်း အမှိုက်ကိုမီးမရှို့ဖို့ ပညာပေးနေပါတယ်။ ပူပြင်းခြောက်သွေ့တဲ့ ရာသီဆိုတော့ အရွတ်တွေကြွေတယ်။ နောက်တစ်ခုက စိုက်ပျိုးရေးမြေသြဇာအတွက် မီးရှို့တာမလုပ်ဖို့ပေါ့နော် ပညာပေးတွေလုပ်နေပါတယ်။ Air quality ကိုတော့ တတ်နိုင်သလောက် နိုင်ငံတော်အဆင့်ပေါ့နော် ဆောင်ရွက်နေပါတယ်။”

အမှိုက်မီးရှို့တာအပါအဝင် ကိုဗစ်အလွန် စက်မှုစီးပွားရေး ရုန်းကန်မှုတွေကြောင့် လာမယ့် ပွင့်လင်းရာသီမှာအရင်နှစ်တွေလိုပဲ လေထုညစ်ညမ်းမှုကြုံရမှာကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းသူတွေ အထူးတလည် စိုးရိမ်နေကြပါတယ်။ ပြည်သူတွေအနေနဲ့ တတ်နိုင်သလောက် အမှိုက်မီးမရှို့ကြဖို့အပြင် အစိုးရအနေနဲ့လည်း ထုတ်ပြန်ထားတဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းလမ်းညွှန်ချက်တွေ အတိအကျအကောင်အထည်ဖော်ဖို့လည်း ပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားနေတဲ့ စိမ်းရောင်စိုအဖွဲ့က ဦးမောင်မောင်ဦးက အကြံပြုပါတယ်။

“လေထုညစ်ညမ်းမှုဟာ ရှောင်လွှဲလို့မရပါဘူး။ သက်ဆိုင်ရာ အစိုးရတွေက တိကျတဲ့လုပ်ငန်း လမ်းညွှန်ချက်တွေအပြင် နဂိုသတ်မှတ်ထားတဲ့စည်းကမ်းတွေအသက်ဝင်ဖို့လိုပါတယ်။ ကိုဗစ်အလွန်ကာလမှာ စီးပွားရေးလုပ်ငန်းတွေ တွန်းလုပ်လိုက်ရင် ပိုပြီးတော့ air pollution တင်မက အားလုံးလွှမ်းခြုံတဲ့ တိကျတဲ့ လုပ်ငန်းလမ်းညွှန်ချက်တွေရှိဖို့လိုတယ်။ ပြည်သူလူထုအနေနဲ့လည်း ဒီပေါ်မှာ တာဝန်သိစိတ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်လို့ထင်ပါတယ်။ “

လေထုညစ်ညမ်းမှုဟာ ကမ္ဘာတဝန်း သေဆုံးမှုတွေနဲ့ ရောဂါဘယတွေ ဖြစ်ပွားရတဲ့ အဓိက အကြောင်းရင်းတခု အဖြစ်နဲ့လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတိပေးထားပါတယ်။ အဆုတ်ကင်ဆာ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေ အပြင် နှလုံးရောဂါ၊ ဦးနှောက်သွေးကြောပြတ်တာ စတဲ့ ရောဂါတွေနဲ့ နှစ်စဉ် လူပေါင်း ၄ သန်းကျော် သက်တမ်းမစေ့ခင် သေဆုံးနေရတာဟာ လေထုညစ်ညမ်းမှုနဲ့ ဆက်နွယ်နေကြောင်းလည်း ပြောဆိုထားပါတယ်။

XS
SM
MD
LG