သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံမွာ ကိုဗစ္ စစ္ေဆးေပးမႈႏႈန္း က်ဆင္းျခင္းမရွိ


(Zawgyi/Unicode)

ကိုဗစ္ေရာဂါ ရွိမရွိ စစ္ေဆးမႈႏႈန္း က်ဆင္းျခင္းမရွိပဲ တေန႔ကို တေသာင္းနီးပါးႏႈန္းရွိေနေၾကာင္း ျမန္မာအစိုးရ က်န္းမာေရးတာ၀န္ရွိသူတဦးက ဗီြအိုေအကို အတည္ျပဳေျပာၾကားပါတယ္။ ကိုဗစ္ေရာဂါရွိမရွိ စစ္ေဆးတဲ့ကိရိယာစက္ ခ်ုိ႕ယြင္းမႈေၾကာင့္ စမ္းသပ္စစ္ေဆးတဲ့ႏႈန္းက်သြားတယ္ဆိုတဲ့ သတင္းေတြနဲ႔ ပတ္သက္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနေျပာခြင့္ရ ေဒါက္တာသန္းႏိုင္စိုးကို ကို၀င္းမင္းက ဆက္သြယ္ေမးျမန္းထားပါတယ္။

ေဒါက္တာ သန္းႏိုင္စိုး။ ။ စစ္ႏိုင္ပါတယ္ဆရာ မေန႔ကဆိုရင္လည္း ၉ ေထာင္ေက်ာ္ ၁ ေသာင္းနီးပါးေပါ့ေနာ္။ Rapid Test (အျမန္စစ္တာ) လည္း စစ္ပါတယ္ဆရာ က်ေနာ္တို႔ရဲ႕ Maximum Capacity (အမ်ားဆံုးစစ္ႏိုင္စြမ္း) က ၄ ေထာင္ ေက်ာ္ေပါ့ေနာ္။ ၄ ေထာင္ နဲ႔ ၅ ေထာင္ ၾကားပဲရွိတာ၊ က်န္တာေတြအကုန္လံုးက Rapid Test ထဲက လာတာေပါ့ဆရာ။ က်ေနာ္တို႔ Positivity Rate (ပိုးေတြ႔ႏႈန္း) ေတာင္မွ ၁၀ ရာခိုင္ႏႈန္း ေအာက္ကို က်သြားၿပီေပါ့ဆရာ။ ဒါေလးကလည္း ေကာင္းတဲ့အခ်က္ပါပဲ။

ကို၀င္းမင္း။ ။ ဒီေနရာမွာ ဆရာေရ တခ်ိဳ႕သတင္းေတြထဲမွာေတာ့ PCR စက္တလံုးေပါ့ေနာ္ ပ်က္တယ္ဆိုၿပီးေတာ့ ေဆးစစ္တာေတြ ရက္နဲ႔ခ်ီၾကာခဲ့တယ္ေပါ့ေနာ္ အဲလိုမ်ိဳးေလးေတြ ေျပာေနတာေတြ ၾကားေနတယ္ဆရာ။

ေဒါက္တာ သန္းႏိုင္စိုး။ ။ အမွန္ေတာ့ မဟုတ္ပါဘူးဆရာ မပ်က္ပါဘူး။ NHL (အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမူဆိုင္ရာဌာန) ပံုမွန္လည္ပတ္ေနပါတယ္။ ဟိုရက္ကေတာ့ DMR (ေဆးသုေတသနဦးစီးဌာန) ေပါ့၊ ဒီ ဓါတ္ခြဲခန္းမွာရွိတဲ့ Negative Pressure Room (ပိုးထြက္မူမရွိေအာင္ ေလဖိအားနည္းအခန္း) က Negative Pressure (ေလဖိအားနည္းတာ) မရေတာ့ဘူးေပါ.။ ျပန္ၿပီးေတာ့ ပိုက္ေပါက္ေနတယ္ေပါ့။ ပိုက္ေပါက္ေနတာကို ျပင္လိုက္ေတာ့ ေကာင္းသြားတယ္ဆရာေရ၊ ရက္ပိုင္းေလးပဲ ၂ရက္ ၃ ရက္ေလာက္ပဲ နားလိုက္ရတယ္။ ၿပီးေတာ့ က်ေနာ္တို႔ ခ်က္ခ်င္းျပန္လည္ပတ္ေနတယ္ အခုေတာ့ အရင္တုန္းကလို ျပန္လည္ေနပါၿပီ။

ကို၀င္းမင္း။ ။ ဟုတ္ကဲ့ ဒီေနရာမွာ Rapid Test (အျမန္စစ္တာ) ေတြစစ္တဲ့ပမာဏ က်သြားတယ္ဆိုၿပီးေျပာေနၾကတာ ၾကားတယ္။

ေဒါက္တာ သန္းႏိုင္စိုး။ ။ မရွိပါဘူးဆရာ၊ ေနာက္ပိုေတာင္တိုးလာၿပီးေတာ့ က်ေနာ္တို႔ ပုဂၢလိကေဆးရံုေတြကေနၿပီးေတာ့၊ ဒီ Rapid Test ကို စစ္ဖို႔ သူတို႔ ဘက္ကေန Team (အဖြဲ႔) ေတြေပါ့ အထူးသျဖင့္ ၊ ကုန္သြယ္ေရးလမ္းေၾကာင္းေပါ့၊ ကုန္ကားေတြစစ္ေပးတဲ့ဟာေတြ ဒါေတြက်ေနာ္တို႔က Systematically Train (စနစ္တက်သင္တာ) လုပ္ေပးဖို႔ က်ေနာ္တို႔ DMR (ေဆးသုေတသနဦးစီးဌာန) မွာ ေခၚၿပီးေတာ့ Train (သင္တာ) လုပ္ေပးတာေတြရွိပါတယ္။ ဒီ ၁ ရက္ ၂ ရက္အတြင္းမွာ Train လုပ္ထားတဲ့ Team ေတြကလည္း ခုနကေျပာတဲ့ Truck Driver (ကုန္ကားေမာင္းသူ) ေတြကိုေပါ့ေနာ္ Test Finding (ေဆးစစ္ရွာေဖြမူေတြ) ဒီထက္ပိုၿပီးေတာ့ က်ယ္က်ယ္ျပန္႔ျပန္႔စစ္ႏိုင္မွာ ျဖစ္ပါတယ္။

ကို၀င္းမင္း။ ။ ဟုတ္ကဲ့ ေနာက္ထပ္ေရာ အဲလိုမ်ိဳးေတြ ထပ္ခ်ဲ႕ဖို႔ အေနအထားမ်ိဳးေတြေပါ့ေနာ္ သင္တန္းေပးမွာေတြ ရွိေသးသလား

ေဒါက္တာ သန္းႏိုင္စိုး။ ။ ရွိပါတယ္ဆရာ ေနာက္လည္းဒီလိုမ်ိဳး Check Point (စစ္ေဆးေရးဂိတ္) ေတြမက၊ တိုင္းေဒသႀကီး/ျပည္နယ္ေဆးရံုေတြကိုလည္း ခြဲေပးထားတာေတြရွိတယ္။ ၿမိဳ႕နယ္ေဆးရံုေတြကိုလည္း မၾကာခင္ေရာက္မယ္ေပါ့ေနာ္။ ဒါေတြကလည္း က်ေနာ္တို႔က ဆက္တိုက္ Training (သင္တန္း) ေတြေပးသြားမွာျဖစ္ပါတယ္။

ကို၀င္းမင္း။ ။ ဟုတ္ကဲ့ဆရာ ေနာက္ ဒီ Test Kit ေတြေရာက္လာတဲ့အေနအထားလည္း အဆင္ေျပပါတယ္ေနာ္။ ဆရာ ဟိုေန႔က ေျပာသလို အခုက ၄ သိန္းေရာက္ၿပီးေတာ့ ေနာက္ ၅ သိန္းေရာက္လာဖို႔။

ေဒါက္တာ သန္းႏိုင္စိုး။ ။ အဲ့ဒါ ေျပတယ္ဆရာ၊ ဒီေန႔ မနက္ေလာက္ေရာက္မယ္နဲ႔တူတယ္။ က်ေနာ္တို႔ အစည္းအေ၀းမွာ က်ေနာ္တို႔ ဥကၠ႒ႀကီးေျပာသြားတယ္။ က်ေနာ္တို႔ ေနာက္ထပ္ ၅ သိန္းမွာထားတယ္ေလ။ ၄ သိန္းကို က်ေနာ္တို႔ရၿပီ၊ အဲဒါၿပီးေတာ့ ၂ သိန္းခြဲ အခုေရာက္မယ္၊ ေနာက္ထပ္ ၂ သိန္းခြဲ ထပ္ေရာက္မယ္ ဒီအပတ္ထဲမွာပဲ။ အဲဒီေတာ့ က်ေနာ္တို႔ Test Kit က ၄ သိန္း၊ Plus (အေပါင္း) ၅ သိန္းေပါ့။ အားလံုး ၉ သိန္းရမယ္ဆရာ။ ေနာက္ အလွဴရွင္ေတြလွဴမွာလည္း ရွိေသးတယ္ဆရာ။ ကိုရီးယားက လွဴမွာလည္း ရွိေသးတယ္။ အဲဒီေတာ့ က်ေနာ္တို႔က 1 Mllion (တစ္သန္း) ေလာက္ တက္သြားမွာပဲ၊ Test Kits ကေလ။ တကယ့္ကို စစ္ထုိက္တဲ့ Population (ျပည္သူေတြ) ေပါ့။ Test Kit နဲ႔ စစ္ရမယ့္ Criteria (သတ္မွတ္ခ်က္) ထဲ ၀င္တယ္ဆိုရင္ အဲဒီလူေတြအကုန္လံုးကို က်ေနာ္တို႔ စစ္သြားမွာေပါ့ေနာ္။ Special Program (အထူးအစီအစဥ္) နဲ႔ စစ္တာေတြလည္း သပ္သပ္ လုပ္ၾကည့္မွာေပါ့ဆရာ။ အလုပ္သမားေတြကေတာ့ဆရာ ပူးေပါင္းေဆာင္ရြက္ေနပါတယ္။ ဒီ UMFCCI၊ စက္မူလုပ္ငန္းရွင္မ်ားအသင္းတို႔ ၊ အလုပ္သမားေရးရာ၀န္ႀကီးဌာနတို႔ က်ေနာ္တို႔ လိုအပ္တဲ့ ညိႈႏႈိင္းမူေတြ က်ေနာ္တို႔ လုပ္ေနပါတယ္။

ကို၀င္းမင္း။ ။ ဟုတ္ကဲ့ဆရာ ေနာက္တစ္ခုကေတာ့ အတည္ျပဳလူနာေတြနဲ႔ေပါ့ေနာ္ Contact အနီးကပ္ထိေတြ႔ခဲ့သူေတြထဲက Negative ျဖစ္တဲ့ ပိုးမေတြ႔သူေတြ ၃၇၀၀ ေက်ာ္ေလာက္ကို အိမ္ေတြမွာ ကိုယ့္ဟာကိုယ္ အသြားအလာ ကန္႔သတ္ဖို႔ေပါ့ေနာ္၊ အိမ္ေတြမွာ ကြာရန္တင္းလုပ္ဖို႔ခြင့္ေပးလိုက္တာကို ေတြ႔ရပါတယ္ဆရာ။ အဲဒါေရာ ထူးျခားမႈရွိလား။

ေဒါက္တာ သန္းႏိုင္စိုး။ ။ အဲဒါက အရင္တုန္းက က်ေနာ္တို႔က Contact (ပိုးရွိသူနဲ႔ တိုက္ရိုက္အနီးကပ္ထိေတြ႔သူ) ေတြကို ကြာရန္တင္း (အသြားအလာကန္႔စခန္း) ထဲ ထည့္တာေပါ့ေနာ္။ ဒါေပမယ့္လည္း အခုက Test Kit နဲ႔ စစ္တယ္။ စစ္ၿပီးေတာ့ ပိုးမေတြ႔ေပမယ့္လည္း၊ အိမ္မွာပဲ ဆက္ၿပီးေတာ့ ေနပါဦးေပါ့ေနာ္၊ တစ္နည္းအားျဖင့္ Home Quarantine (အိမ္မွာအသြားအလာကန္႔တာ) သေဘာမ်ိဳးေပါ့ဆရာ။ Negative (ပိုးမေတြ႔တာ) ျဖစ္တဲ့အေနအထားကို က်ေနာ္တို႔က Home Quarantine မ်ိဳးေပးတာေပါ့ေနာ္။ စေနၿပီေပါ့ေနာ္ Contact Home Quarantine System (ပိုးရွိသူနဲ႔ထိေတြ႔သူအိမ္မွာသြားလာကန္႔တဲစနစ္) စၿပီ။ အရင္တုန္းကေတာ့ Contact (ပိုးေတြ႔သူနဲ႔တိုက္ရိက္အနီးကပ္ထိေတြ႔သူ) ဆိုရင္ တစ္ၾကိမ္တင္မဟုတ္ဘူး ၂ ႀကိမ္ေလာက္စစ္တာေပါေ့နာ္။ ၀င္၀င္ခ်င္းတစ္ႀကိမ္စစ္တယ္၊ ထြက္ခါနီး တစ္ႀကိမ္စစ္တယ္။ ေနာက္ပိုင္းက်ေတာ့ Policy (မူဝါဒ) အေျပာင္းအလဲျဖစ္လာေတာ့၊ ၅ ရက္ ေလာက္မွာ တစ္ခါစစ္တယ္။ ေနာက္ ထြက္ခါနီးမွာ တစ္ခါစစ္တယ္ေပါ့၊ ဒီ Primary Contact (ပိုးရွိသူနဲ႔တိုက္ရိုက္အနီးကပ္ထိေတြ႔သူ) ဆို၊ ၂ ခါေလာက္စစ္တယ္ေပါ့ေနာ္။ ဒီ Test Kit (အျမန္စစ္တာ) အားသာခ်က္ကို ေျပာရမယ္ဆိုရင္ Strict Home Quarantine (တင္းတင္းၾကပ္ၾကပ္ အိမ္မွာ အသြားအလာကန္႔တာ) လုပ္လိုက္ရင္လည္း သူတို႔ေတြအေနနဲ႔ကေတာ့၊ ဆက္ၿပီးေတာ့ မပ်ံ႔ႏိုင္ေတာ့ဘူးေပါ့ေနာ္။ တနည္းအားျဖင့္ က်ေနာ့္အျမင္ကေတာ့ ဒါက တစ္ဆင့္ ေလ်ာ့လိုက္တာေပါ့ေနာ္။

ကို၀င္းမင္း။ ။ ဟုတ္ကဲ့ ေက်းဇူးအမ်ားႀကီး တင္ပါတယ္ဆရာ။ အားလံုးပူးေပါင္းေဆာင္ရြက္မႈ ရၿပီး၊ ဒီကိုဗစ္လိႈင္းကို အျမန္ဆံုးေက်ာ္လႊားႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


.........

မြန်မာနိုင်ငံမှာ ကိုဗစ် စစ်ဆေးပေးမှုနှုန်း ကျဆင်းခြင်းမရှိ

(Unicode)

ကိုဗစ်ရောဂါ ရှိမရှိ စစ်ဆေးမှုနှုန်း ကျဆင်းခြင်းမရှိပဲ တနေ့ကို တသောင်းနီးပါးနှုန်းရှိနေကြောင်း မြန်မာအစိုးရ ကျန်းမာရေးတာဝန်ရှိသူတဦးက ဗွီအိုအေကို အတည်ပြုပြောကြားပါတယ်။ကိုဗစ်ရောဂါရှိမရှိ စစ်ဆေးတဲ့ကိရိယာစက် ချို့ယွင်းမှုကြောင့် စမ်းသပ်စစ်ဆေးတဲ့နှုန်းကျသွားတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနပြောခွင့်ရ ဒေါက်တာသန်းနိုင်စိုးကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်းထားပါတယ်။

ဒေါက်တာ သန်းနိုင်စိုး။ ။ စစ်နိုင်ပါတယ်ဆရာ မနေ့ကဆိုရင်လည်း ၉ ထောင်ကျော် ၁ သောင်းနီးပါးပေါ့နော်။ Rapid Test (အမြန်စစ်တာ) လည်း စစ်ပါတယ်ဆရာ ကျနော်တို့ရဲ့ Maximum Capacity (အများဆုံးစစ်နိုင်စွမ်း) က ၄ ထောင် ကျော်ပေါ့နော်။ ၄ ထောင် နဲ့ ၅ ထောင် ကြားပဲရှိတာ၊ ကျန်တာတွေအကုန်လုံးက Rapid Test ထဲက လာတာပေါ့ဆရာ။ ကျနော်တို့ Positivity Rate (ပိုးတွေ့နှုန်း) တောင်မှ ၁၀ ရာခိုင်နှုန်း အောက်ကို ကျသွားပြီပေါ့ဆရာ။ ဒါလေးကလည်း ကောင်းတဲ့အချက်ပါပဲ။

ကိုဝင်းမင်း။ ။ ဒီနေရာမှာ ဆရာရေ တချို့သတင်းတွေထဲမှာတော့ PCR စက်တလုံးပေါ့နော် ပျက်တယ်ဆိုပြီးတော့ ဆေးစစ်တာတွေ ရက်နဲ့ချီကြာခဲ့တယ်ပေါ့နော် အဲလိုမျိုးလေးတွေ ပြောနေတာတွေ ကြားနေတယ်ဆရာ။

ဒေါက်တာ သန်းနိုင်စိုး။ ။ အမှန်တော့ မဟုတ်ပါဘူးဆရာ မပျက်ပါဘူး။ NHL (အမျိုးသားကျန်းမာရေးဓာတ်ခွဲမူဆိုင်ရာဌာန) ပုံမှန်လည်ပတ်နေပါတယ်။ ဟိုရက်ကတော့ DMR (ဆေးသုတေသနဦးစီးဌာန) ပေါ့၊ ဒီ ဓါတ်ခွဲခန်းမှာရှိတဲ့ Negative Pressure Room (ပိုးထွက်မူမရှိအောင် လေဖိအားနည်းအခန်း) က Negative Pressure (လေဖိအားနည်းတာ) မရတော့ဘူးပေါ.။ ပြန်ပြီးတော့ ပိုက်ပေါက်နေတယ်ပေါ့။ ပိုက်ပေါက်နေတာကို ပြင်လိုက်တော့ ကောင်းသွားတယ်ဆရာရေ၊ ရက်ပိုင်းလေးပဲ ၂ရက် ၃ ရက်လောက်ပဲ နားလိုက်ရတယ်။ ပြီးတော့ ကျနော်တို့ ချက်ချင်းပြန်လည်ပတ်နေတယ် အခုတော့ အရင်တုန်းကလို ပြန်လည်နေပါပြီ။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ ဒီနေရာမှာ Rapid Test (အမြန်စစ်တာ) တွေစစ်တဲ့ပမာဏ ကျသွားတယ်ဆိုပြီးပြောနေကြတာ ကြားတယ်။

ဒေါက်တာ သန်းနိုင်စိုး။ ။ မရှိပါဘူးဆရာ၊ နောက်ပိုတောင်တိုးလာပြီးတော့ ကျနော်တို့ ပုဂ္ဂလိကဆေးရုံတွေကနေပြီးတော့၊ ဒီ Rapid Test ကို စစ်ဖို့ သူတို့ ဘက်ကနေ Team (အဖွဲ့) တွေပေါ့ အထူးသဖြင့် ၊ ကုန်သွယ်ရေးလမ်းကြောင်းပေါ့၊ ကုန်ကားတွေစစ်ပေးတဲ့ဟာတွေ ဒါတွေကျနော်တို့က Systematically Train (စနစ်တကျသင်တာ) လုပ်ပေးဖို့ ကျနော်တို့ DMR (ဆေးသုတေသနဦးစီးဌာန) မှာ ခေါ်ပြီးတော့ Train (သင်တာ) လုပ်ပေးတာတွေရှိပါတယ်။ ဒီ ၁ ရက် ၂ ရက်အတွင်းမှာ Train လုပ်ထားတဲ့ Team တွေကလည်း ခုနကပြောတဲ့ Truck Driver (ကုန်ကားမောင်းသူ) တွေကိုပေါ့နော် Test Finding (ဆေးစစ်ရှာဖွေမူတွေ) ဒီထက်ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့်စစ်နိုင်မှာ ဖြစ်ပါတယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ နောက်ထပ်ရော အဲလိုမျိုးတွေ ထပ်ချဲ့ဖို့ အနေအထားမျိုးတွေပေါ့နော် သင်တန်းပေးမှာတွေ ရှိသေးသလား

ဒေါက်တာ သန်းနိုင်စိုး။ ။ ရှိပါတယ်ဆရာ နောက်လည်းဒီလိုမျိုး Check Point (စစ်ဆေးရေးဂိတ်) တွေမက၊ တိုင်းဒေသကြီး/ပြည်နယ်ဆေးရုံတွေကိုလည်း ခွဲပေးထားတာတွေရှိတယ်။ မြို့နယ်ဆေးရုံတွေကိုလည်း မကြာခင်ရောက်မယ်ပေါ့နော်။ ဒါတွေကလည်း ကျနော်တို့က ဆက်တိုက် Training (သင်တန်း) တွေပေးသွားမှာဖြစ်ပါတယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ဆရာ နောက် ဒီ Test Kit တွေရောက်လာတဲ့အနေအထားလည်း အဆင်ပြေပါတယ်နော်။ ဆရာ ဟိုနေ့က ပြောသလို အခုက ၄ သိန်းရောက်ပြီးတော့ နောက် ၅ သိန်းရောက်လာဖို့။

ဒေါက်တာ သန်းနိုင်စိုး။ ။ အဲ့ဒါ ပြေတယ်ဆရာ၊ ဒီနေ့ မနက်လောက်ရောက်မယ်နဲ့တူတယ်။ ကျနော်တို့ အစည်းအဝေးမှာ ကျနော်တို့ ဥက္ကဋ္ဌကြီးပြောသွားတယ်။ ကျနော်တို့ နောက်ထပ် ၅ သိန်းမှာထားတယ်လေ။ ၄ သိန်းကို ကျနော်တို့ရပြီ၊ အဲဒါပြီးတော့ ၂ သိန်းခွဲ အခုရောက်မယ်၊ နောက်ထပ် ၂ သိန်းခွဲ ထပ်ရောက်မယ် ဒီအပတ်ထဲမှာပဲ။ အဲဒီတော့ ကျနော်တို့ Test Kit က ၄ သိန်း၊ Plus (အပေါင်း) ၅ သိန်းပေါ့။ အားလုံး ၉ သိန်းရမယ်ဆရာ။ နောက် အလှူရှင်တွေလှူမှာလည်း ရှိသေးတယ်ဆရာ။ ကိုရီးယားက လှူမှာလည်း ရှိသေးတယ်။ အဲဒီတော့ ကျနော်တို့က 1 Mllion (တစ်သန်း) လောက် တက်သွားမှာပဲ၊ Test Kits ကလေ။ တကယ့်ကို စစ်ထိုက်တဲ့ Population (ပြည်သူတွေ) ပေါ့။ Test Kit နဲ့ စစ်ရမယ့် Criteria (သတ်မှတ်ချက်) ထဲ ဝင်တယ်ဆိုရင် အဲဒီလူတွေအကုန်လုံးကို ကျနော်တို့ စစ်သွားမှာပေါ့နော်။ Special Program (အထူးအစီအစဉ်) နဲ့ စစ်တာတွေလည်း သပ်သပ် လုပ်ကြည့်မှာပေါ့ဆရာ။ အလုပ်သမားတွေကတော့ဆရာ ပူးပေါင်းဆောင်ရွက်နေပါတယ်။ ဒီ UMFCCI၊ စက်မူလုပ်ငန်းရှင်များအသင်းတို့ ၊ အလုပ်သမားရေးရာဝန်ကြီးဌာနတို့ ကျနော်တို့ လိုအပ်တဲ့ ညှိုနှိုင်းမူတွေ ကျနော်တို့ လုပ်နေပါတယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ဆရာ နောက်တစ်ခုကတော့ အတည်ပြုလူနာတွေနဲ့ပေါ့နော် Contact အနီးကပ်ထိတွေ့ခဲ့သူတွေထဲက Negative ဖြစ်တဲ့ ပိုးမတွေ့သူတွေ ၃၇၀၀ ကျော်လောက်ကို အိမ်တွေမှာ ကိုယ့်ဟာကိုယ် အသွားအလာ ကန့်သတ်ဖို့ပေါ့နော်၊ အိမ်တွေမှာ ကွာရန်တင်းလုပ်ဖို့ခွင့်ပေးလိုက်တာကို တွေ့ရပါတယ်ဆရာ။ အဲဒါရော ထူးခြားမှုရှိလား။

ဒေါက်တာ သန်းနိုင်စိုး။ ။ အဲဒါက အရင်တုန်းက ကျနော်တို့က Contact (ပိုးရှိသူနဲ့ တိုက်ရိုက်အနီးကပ်ထိတွေ့သူ) တွေကို ကွာရန်တင်း (အသွားအလာကန့်စခန်း) ထဲ ထည့်တာပေါ့နော်။ ဒါပေမယ့်လည်း အခုက Test Kit နဲ့ စစ်တယ်။ စစ်ပြီးတော့ ပိုးမတွေ့ပေမယ့်လည်း၊ အိမ်မှာပဲ ဆက်ပြီးတော့ နေပါဦးပေါ့နော်၊ တစ်နည်းအားဖြင့် Home Quarantine (အိမ်မှာအသွားအလာကန့်တာ) သဘောမျိုးပေါ့ဆရာ။ Negative (ပိုးမတွေ့တာ) ဖြစ်တဲ့အနေအထားကို ကျနော်တို့က Home Quarantine မျိုးပေးတာပေါ့နော်။ စနေပြီပေါ့နော် Contact Home Quarantine System (ပိုးရှိသူနဲ့ထိတွေ့သူအိမ်မှာသွားလာကန့်တဲစနစ်) စပြီ။ အရင်တုန်းကတော့ Contact (ပိုးတွေ့သူနဲ့တိုက်ရိက်အနီးကပ်ထိတွေ့သူ) ဆိုရင် တစ်ကြိမ်တင်မဟုတ်ဘူး ၂ ကြိမ်လောက်စစ်တာပေါေ့နာ်။ ဝင်ဝင်ချင်းတစ်ကြိမ်စစ်တယ်၊ ထွက်ခါနီး တစ်ကြိမ်စစ်တယ်။ နောက်ပိုင်းကျတော့ Policy (မူဝါဒ) အပြောင်းအလဲဖြစ်လာတော့၊ ၅ ရက် လောက်မှာ တစ်ခါစစ်တယ်။ နောက် ထွက်ခါနီးမှာ တစ်ခါစစ်တယ်ပေါ့၊ ဒီ Primary Contact (ပိုးရှိသူနဲ့တိုက်ရိုက်အနီးကပ်ထိတွေ့သူ) ဆို၊ ၂ ခါလောက်စစ်တယ်ပေါ့နော်။ ဒီ Test Kit (အမြန်စစ်တာ) အားသာချက်ကို ပြောရမယ်ဆိုရင် Strict Home Quarantine (တင်းတင်းကြပ်ကြပ် အိမ်မှာ အသွားအလာကန့်တာ) လုပ်လိုက်ရင်လည်း သူတို့တွေအနေနဲ့ကတော့၊ ဆက်ပြီးတော့ မပျံ့နိုင်တော့ဘူးပေါ့နော်။ တနည်းအားဖြင့် ကျနော့်အမြင်ကတော့ ဒါက တစ်ဆင့် လျော့လိုက်တာပေါ့နော်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ ကျေးဇူးအများကြီး တင်ပါတယ်ဆရာ။ အားလုံးပူးပေါင်းဆောင်ရွက်မှု ရပြီး၊ ဒီကိုဗစ်လှိုင်းကို အမြန်ဆုံးကျော်လွှားနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

XS
SM
MD
LG