[Zawgyi/Unicode]
ျမန္မာစစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔တို႔ၾကား စစ္ေရးတင္းမာေနတဲ့ ရခိုင္ျပည္နယ္ထဲမွာ တုိက္ပဲြေတြနဲ႔ ပစ္ခတ္မႈေတြ ဆက္လက္ျဖစ္ပြားေနတဲ့ ေနာက္ဆုံးအေျခအေနကုိ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုႏိုင္ကြန္းအိန္က ေျပာျပေပးပါမယ္။
ရခုိင္ျပည္နယ္ မင္းျပားျမိဳ႕နယ္ဘက္မွာ ဒီကေန႔ တိုက္ပြဲျဖစ္ပြားေနသလုိ ၿပီးခဲ့တဲ့ ရက္ေတြအတြင္း တပ္မေတာ္က အႀကီးအက်ယ္ ထုိးစစ္ဆင္ခဲ့တဲ့ ရေသ့ေတာင္ျမိဳ႕နယ္ဘက္မွာလည္း လက္နက္ၾကီးပစ္ခတ္မႈေတြေၾကာင့္ ေဒသခံေတြ တိမ္းေရွာင္ေနၾကရပါတယ္။ မင္းျပားျမိဳ႕နယ္ ေတာင္ဘုတ္ေကနဲ႔ ေမလြမ္းရြာအၾကား ဒီေန႔အေစာပုိင္းျဖစ္ပြားတဲ့ တုိက္ခုိက္မႈနဲ႔ ပတ္သက္လုိ႔ အနီးအနားမွာ ရွိေနတဲ့ ဖားျပိဳရြာက ေဒသခံ ဦးေမာင္သိန္းက အခုလုိ ေျပာပါတယ္။
“ေမလြမ္းၾကားမွာ ေဇာက္ေခ်ာင္းဆိုတဲ့ေနရာ။ တိုက္ပြဲျဖစ္ၾကတယ္။ ေတာ္တာ္ေလးၾကီး က်ယ္တဲ့ပုံပဲ။ မနက္အေစာၾကီးတည္းက ၆ နာရီေက်ာ္ေလာက္ လက္နက္ၾကီးအသံပဲ ၾကားေနရတယ္ အဲဒီဘက္က။”
AA ရခိုင္လက္နက္ကိုင္အဖြဲ႔ ေျပာခြင့္ရ ခိုင္သုခကလည္း မင္းျပားျမိဳ႕နယ္မွာ ဒီေန႔အေစာပုိင္း တုိက္ပဲြျဖစ္ပြားခဲ့ေၾကာင္း အတည္ျပဳခဲ့ေပမဲ့ အေသးစိတ္မသိရေသးဘူးလုိ႔ ေျပာပါတယ္။
“ဒီေအာက္တိုဘာလ ၁၅ ရက္ေန႕မွာေတာ့ မင္းျပားျမိဳ႕နယ္ ေတာင္ဘုတ္ေကရြာရဲ႕ ေျမာက္ဘက္ ၂ ကီလိုမီတာေလာက္မွာရွိတဲ့ က်ေနာ္တို႔ တပ္ဖြဲ႔ေတြ ရွိတဲ့ေနရာကို ျမန္မာစစ္တပ္ဘက္က ထိုးေဖာက္ ၀င္ေရာက္လာတဲ့အတြက္ေၾကာင့္မို႔လို႔ နာရီ၀က္ေလာက္တိုက္ပြဲျဖစ္တာရွိတယ္။ တိုက္ပြဲအတြင္းမွာ ထိခိုက္က်ဆုံးမႈ အေသးစိတ္ကေတာ့ မသိရေသးဘူး။”
ဒီကေန႔ တုိက္ပဲြျဖစ္ခဲ့တဲ့ နယ္ေျမမွာေတာ့ ဒီလဆန္းကတည္းက တုိက္ခုိက္မႈေတြ ဆက္တုိက္ ျဖစ္ပြားေနခဲ့တာပါ။
ဒီတပတ္ထဲမွာပဲ AA အဖဲြ႔က ေနရာယူထားတဲ့ နယ္ေျမကုိ တပ္မေတာ္က ၾကည္း၊ ေရ၊ ေလ ပူးတဲြ ထုိးစစ္ဆင္ခဲ့တဲ့ ရေသ့ေတာင္ျမိဳ႕နယ္မွာလည္း တပ္မေတာ္ေရတပ္သေဘၤာကေန လက္နက္ၾကီးေတြနဲ႔ ပစ္ခတ္မႈေတြ ရွိေနေၾကာင္း ေဒသခံေတြက ေျပာပါတယ္။
ဒီေန႔အေစာပုိင္းမွာပဲ မယူျမစ္အနီး ေက်းရြာေတြတ၀ုိက္ လက္နက္ၾကီးေတြ က်ေရာက္ခဲ့ေၾကာင္းလည္း ေအာက္ေက်ာင္းေတာင္ ရြာသားတဦးကေျပာပါတယ္။
“ဒီေန႔ေတာ့ အေပၚက ဇက္သေဘၤာဆင္းလာျပီးေတာ့ ရြာေတြကို ပစ္သြားတယ္။ ဒီရြာသစ္ေကရယ္၊ ဟိုဘက္က ဒညင္ေခ်ာင္း ေနာက္ျပီး ေအာက္ေက်ာင္းေတာင္၊ ဒီဘက္ကဆို ခေနာက္ၾကီး အဲဒီရြာေတြကို ေတာက္ေလွ်ာက္ပစ္သြားတာ။”
အလားတူ ရေသ့ေတာင္ျမိဳ႕နယ္ ေတာင္ဘက္ျခမ္း စဲကြ်န္းဘက္မွာလည္း ေရတပ္သေဘၤာကေန လက္နက္ၾကီးနဲ႔ ပစ္ခတ္မႈေၾကာင့္ ကံျပင္ရြာသား ေထာင္ခ်ီေနရပ္ကေန တိမ္းေရွာင္ေနရတယ္လို႔ ကံျပင္အုပ္ခ်ဳပ္ေရးမွဴး ဦးေမာင္ထြန္းစိန္ကေျပာပါတယ္။
“ကံျပင္ရယ္၊ ေရႊေလာင္းတင္ရယ္ အကုန္လုံးကို ထြက္ေျပးေနရတယ္။ မေန႔က ၁၂ နာရီေလာက္မွာ တေခါက္ပစ္။ က်ေနာ္တို႔ ကံျပင္ဆိုရင္ေတာ့ ၾကက္ရိုးဆိပ္မွာ စစ္ေရွာင္ေနရတယ္။ က်ေနာ္တို႔ ကံျပင္က ၁,၀၀၀ ေက်ာ္လာက္ရွိတယ္။”
ဒီလ ၁၃ ရက္ေန႔က စျပီးရေသ့ေတာင္ျမိဳ႕နယ္ထီးဆြဲနဲ႔ ေအာင္သာစည္ရြာအၾကားက AA ရခိုင္လက္နက္ကိုင္အဖြဲ႔ အေျချပဳရာေတာင္ကုန္းကို ျမန္မာတပ္မေတာ္ဘက္က ၾကည္းေရေလ အင္အားသုံးၿပီး တိုက္ေနတာပါ။
ဒီလိုတပ္ပူးေပါင္းအင္အားနဲ႕ထိုးစစ္ဆင္ရာမွာ ေအာင္သာစည္ကုန္းကို သိမ္းပိုက္နိုင္ခဲ့တယ္လို႔ တပ္မေတာ္ဘက္က သတင္းထုတ္ျပန္ထားပါတယ္။
ေဒသခံေတြကေတာ့ တပ္မေတာ္က အျပည့္အ၀ မထိန္းခ်ဳပ္ႏုိင္ေသးတာေၾကာင့္ တုိက္ပဲြေတြ ဆက္ျဖစ္ေနတုန္းပဲလုိ႔ ေျပာၾကပါတယ္။ ဒီကေန႔ ေန႔လယ္ပိုင္းအထိ ေျမျပင္ထိုးစစ္မရွိေပမဲ့ လက္နက္ၾကီးေတြနဲ႔ ပစ္ခတ္တာေတာ့ ရွိေနတဲ့အေၾကာင္း ေဒသခံ ေအာင္သာစည္ ရြာသားတဦးကေျပာပါတယ္။
“ေအာင္သာစည္ကုန္း တိုက္ပြဲေတာ့ျငိမ္ေနတယ္... ခုေလာေလာဆယ္ေတာ့။ မေန႔ကေလယာဥ္နဲ႔ လာပစ္တယ္။ အေျမာက္ၾကီးေတြ လက္နက္ၾကီးေတြ ဒလစပ္ပစ္တယ္မေန႔က။ ၅၃၆၊ ၅၃၇၊ ၅၃၈ ထီးစြဲ ေရစိုးေခ်ာင္းဗ်ဴဟာ အဲဒီကေနျပီးေတာ့ ေတာက္ေလွ်ာက္ တေန႔လုံးပစ္တယ္... မေန႔ကလည္း။ ေနာက္ျပီးေလယာဥ္နဲ႔ လာျပီး ႏွစ္ၾကိမ္ပစ္တယ္မေန႔က။ မေန႔က ေက်းရြာဘုန္းၾကီးေက်ာင္း တခုလုံး ျပိဳပ်က္သြားတယ္။”
စစ္ေရးတင္းမာမႈေတြ ႀကီးထြားေနတဲ့ ရေသ့ေတာင္ျမိဳ႕နယ္မွာ ျမန္မာစစ္တပ္က ေနာက္ထပ္ အင္အားေတြ ထပ္မံျဖည့္တင္းေနတာေၾကာင့္ တုိက္ပဲြေတြ ဆက္ျဖစ္မယ့္ အလားအလာေတြ ရွိေနတယ္လုိ႔လည္း AA ေျပာခြင့္ရခိုင္သုခက ေျပာပါတယ္။
“မေန႔က ေအာက္တိုဘာလ ၁၄ ရက္ေန႔မွာလည္းပဲ ဆက္လက္ျပီး လက္နက္ၾကီး ပစ္ကူ၊ ေလေၾကာင္း ပစ္ကူ အမ်ားျပားအသုံးျပဳျပီးေတာ့မွ ထိုးစစ္ဆင္တိုက္ခိုက္ေနတယ္ဗ်။ ေနာက္ထပ္လဲဘဲ အဲဒီေဒသကို လူအင္အား လက္နက္အင္အားေတြ အေျမာက္အမ်ား ပို႕ေဆာင္ေနတဲ့အတြက္ေၾကာင့္မို႔လို႔ ဒီထက္ျပင္းထန္တဲ့ ထိုးစစ္အတြက္ျပင္ဆင္ေနတာေတြေတာ့ေတြ႕ရတယ္ဗ်။”
မေန႔တုန္းက လက္နက္ၾကီးနဲ႔ ပစ္ခတ္မႈေတြတြင္း ေက်းရြာဘုန္းၾကီးေက်ာင္းျပိဳပ်က္သြားသလုိ ေအာက္တိုဘာ ၁၃ ရက္ေန႔က ပစ္ခတ္တိုက္ခိုက္မႈအတြင္း ေအာင္သာစည္ရြာ မီးေလာင္သြားခဲ့ေၾကာင္းလည္း ေဒသခံေတြက ေျပာပါတယ္။
မင္းျပားနဲ႔ ရေသ့ေတာင္ျမိဳ႕နယ္ေတြက တိုက္ပြဲေတြနဲ႔ ပတ္သက္လို႔ တပ္မေတာ္ေျပာေရး ဆိုခြင့္ရွိသူကို ဆက္သြယ္ခဲ့ေပမဲ့ မရခဲ့ပါဘူး။
ရခိုင္ျပည္နယ္မွာ တပ္မေတာ္နဲ႔ AA အဖဲြ႔တုိ႔ၾကား ျဖစ္ပြားေနတဲ့ ၂ ႏွစ္နီးပါးၾကာ စစ္ေရးပဋိပကၡအတြင္း အရပ္သားေတြ ထိခိုက္ေသဆုံးမႈေတြ ရွိေနတာေၾကာင့္ ကုလသမဂၢ အပါအ၀င္ ႏုိင္ငံတကာအသုိင္းအ၀န္းကလည္း သတိေပးေနပါတယ္။ ဒီလဆန္းမွာပဲ ဘူးသီးေတာင္ၿမိဳ႕နယ္တြင္း တုိက္ပဲြေတြၾကား ကေလးငယ္ ၂ ဦး ေသဆုံးခဲ့တဲ့ ျဖစ္ရပ္အတြက္ ထိတ္လန္႔တုန္လႈပ္မိေၾကာင္းလည္း ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္႐ုံးက မေန႔တုန္းကပဲ သတင္းထုတ္ျပန္ထားပါတယ္။ကုလသမဂၢ လူ႔အခြင့္အေရးဆိုင္ရာ မဟာမင္းၾကီး Michelle Bacheletကလည္း လက္နက္ကုိင္ ပဋိပကၡေတြၾကား အရပ္သား ထိခိုက္ေသဆုံးမႈ ေတြဟာ စစ္ရာဇ၀တ္မႈ ေျမာက္ႏုိင္ေၾကာင္း ၿပီးခဲ့တဲ့လထဲမွာပဲ ကုလသမဂၢ လူ႔အခြင့္အေရး ေကာင္စီမွာ သတိေပးထားပါတယ္။
[Unicode Version]
မင်းပြားနဲ့ ရသေ့တောင်မှာ တိုက်ပွဲပြင်းထန်ဆဲ
မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ကြား စစ်ရေးတင်းမာနေတဲ့ ရခိုင်ပြည်နယ်ထဲမှာ တိုက်ပွဲတွေနဲ့ ပစ်ခတ်မှုတွေ ဆက်လက်ဖြစ်ပွားနေတဲ့ နောက်ဆုံးအခြေအနေကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုနိုင်ကွန်းအိန်က ပြောပြပေးပါမယ်။
ရခိုင်ပြည်နယ် မင်းပြားမြို့နယ်ဘက်မှာ ဒီကနေ့ တိုက်ပွဲဖြစ်ပွားနေသလို ပြီးခဲ့တဲ့ ရက်တွေအတွင်း တပ်မတော်က အကြီးအကျယ် ထိုးစစ်ဆင်ခဲ့တဲ့ ရသေ့တောင်မြို့နယ်ဘက်မှာလည်း လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဒေသခံတွေ တိမ်းရှောင်နေကြရပါတယ်။ မင်းပြားမြို့နယ် တောင်ဘုတ်ကေနဲ့ မေလွမ်းရွာအကြား ဒီနေ့အစောပိုင်းဖြစ်ပွားတဲ့ တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ အနီးအနားမှာ ရှိနေတဲ့ ဖားပြိုရွာက ဒေသခံ ဦးမောင်သိန်းက အခုလို ပြောပါတယ်။
“မေလွမ်းကြားမှာ ဇောက်ချောင်းဆိုတဲ့နေရာ။ တိုက်ပွဲဖြစ်ကြတယ်။ တော်တာ်လေးကြီး ကျယ်တဲ့ပုံပဲ။ မနက်အစောကြီးတည်းက ၆ နာရီကျော်လောက် လက်နက်ကြီးအသံပဲ ကြားနေရတယ် အဲဒီဘက်က။”
AA ရခိုင်လက်နက်ကိုင်အဖွဲ့ ပြောခွင့်ရ ခိုင်သုခကလည်း မင်းပြားမြို့နယ်မှာ ဒီနေ့အစောပိုင်း တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း အတည်ပြုခဲ့ပေမဲ့ အသေးစိတ်မသိရသေးဘူးလို့ ပြောပါတယ်။
“ဒီအောက်တိုဘာလ ၁၅ ရက်နေ့မှာတော့ မင်းပြားမြို့နယ် တောင်ဘုတ်ကေရွာရဲ့ မြောက်ဘက် ၂ ကီလိုမီတာလောက်မှာရှိတဲ့ ကျနော်တို့ တပ်ဖွဲ့တွေ ရှိတဲ့နေရာကို မြန်မာစစ်တပ်ဘက်က ထိုးဖောက် ဝင်ရောက်လာတဲ့အတွက်ကြောင့်မို့လို့ နာရီဝက်လောက်တိုက်ပွဲဖြစ်တာရှိတယ်။ တိုက်ပွဲအတွင်းမှာ ထိခိုက်ကျဆုံးမှု အသေးစိတ်ကတော့ မသိရသေးဘူး။”
ဒီကနေ့ တိုက်ပွဲဖြစ်ခဲ့တဲ့ နယ်မြေမှာတော့ ဒီလဆန်းကတည်းက တိုက်ခိုက်မှုတွေ ဆက်တိုက် ဖြစ်ပွားနေခဲ့တာပါ။
ဒီတပတ်ထဲမှာပဲ AA အဖွဲ့က နေရာယူထားတဲ့ နယ်မြေကို တပ်မတော်က ကြည်း၊ ရေ၊ လေ ပူးတွဲ ထိုးစစ်ဆင်ခဲ့တဲ့ ရသေ့တောင်မြို့နယ်မှာလည်း တပ်မတော်ရေတပ်သင်္ဘောကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေ ရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒီနေ့အစောပိုင်းမှာပဲ မယူမြစ်အနီး ကျေးရွာတွေတဝိုက် လက်နက်ကြီးတွေ ကျရောက်ခဲ့ကြောင်းလည်း အောက်ကျောင်းတောင် ရွာသားတဦးကပြောပါတယ်။
“ဒီနေ့တော့ အပေါ်က ဇက်သင်္ဘောဆင်းလာပြီးတော့ ရွာတွေကို ပစ်သွားတယ်။ ဒီရွာသစ်ကေရယ်၊ ဟိုဘက်က ဒညင်ချောင်း နောက်ပြီး အောက်ကျောင်းတောင်၊ ဒီဘက်ကဆို ခနောက်ကြီး အဲဒီရွာတွေကို တောက်လျှောက်ပစ်သွားတာ။”
အလားတူ ရသေ့တောင်မြို့နယ် တောင်ဘက်ခြမ်း စဲကျွန်းဘက်မှာလည်း ရေတပ်သင်္ဘောကနေ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ကံပြင်ရွာသား ထောင်ချီနေရပ်ကနေ တိမ်းရှောင်နေရတယ်လို့ ကံပြင်အုပ်ချုပ်ရေးမှူး ဦးမောင်ထွန်းစိန်ကပြောပါတယ်။
“ကံပြင်ရယ်၊ ရွှေလောင်းတင်ရယ် အကုန်လုံးကို ထွက်ပြေးနေရတယ်။ မနေ့က ၁၂ နာရီလောက်မှာ တခေါက်ပစ်။ ကျနော်တို့ ကံပြင်ဆိုရင်တော့ ကြက်ရိုးဆိပ်မှာ စစ်ရှောင်နေရတယ်။ ကျနော်တို့ ကံပြင်က ၁,၀၀၀ ကျော်လာက်ရှိတယ်။”
ဒီလ ၁၃ ရက်နေ့က စပြီးရသေ့တောင်မြို့နယ်ထီးဆွဲနဲ့ အောင်သာစည်ရွာအကြားက AA ရခိုင်လက်နက်ကိုင်အဖွဲ့ အခြေပြုရာတောင်ကုန်းကို မြန်မာတပ်မတော်ဘက်က ကြည်းရေလေ အင်အားသုံးပြီး တိုက်နေတာပါ။
ဒီလိုတပ်ပူးပေါင်းအင်အားနဲ့ထိုးစစ်ဆင်ရာမှာ အောင်သာစည်ကုန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ တပ်မတော်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။
ဒေသခံတွေကတော့ တပ်မတော်က အပြည့်အ၀ မထိန်းချုပ်နိုင်သေးတာကြောင့် တိုက်ပွဲတွေ ဆက်ဖြစ်နေတုန်းပဲလို့ ပြောကြပါတယ်။ ဒီကနေ့ နေ့လယ်ပိုင်းအထိ မြေပြင်ထိုးစစ်မရှိပေမဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတော့ ရှိနေတဲ့အကြောင်း ဒေသခံ အောင်သာစည် ရွာသားတဦးကပြောပါတယ်။
“အောင်သာစည်ကုန်း တိုက်ပွဲတော့ငြိမ်နေတယ်... ခုလောလောဆယ်တော့။ မနေ့ကလေယာဉ်နဲ့ လာပစ်တယ်။ အမြောက်ကြီးတွေ လက်နက်ကြီးတွေ ဒလစပ်ပစ်တယ်မနေ့က။ ၅၃၆၊ ၅၃၇၊ ၅၃၈ ထီးစွဲ ရေစိုးချောင်းဗျူဟာ အဲဒီကနေပြီးတော့ တောက်လျှောက် တနေ့လုံးပစ်တယ်... မနေ့ကလည်း။ နောက်ပြီးလေယာဉ်နဲ့ လာပြီး နှစ်ကြိမ်ပစ်တယ်မနေ့က။ မနေ့က ကျေးရွာဘုန်းကြီးကျောင်း တခုလုံး ပြိုပျက်သွားတယ်။”
စစ်ရေးတင်းမာမှုတွေ ကြီးထွားနေတဲ့ ရသေ့တောင်မြို့နယ်မှာ မြန်မာစစ်တပ်က နောက်ထပ် အင်အားတွေ ထပ်မံဖြည့်တင်းနေတာကြောင့် တိုက်ပွဲတွေ ဆက်ဖြစ်မယ့် အလားအလာတွေ ရှိနေတယ်လို့လည်း AA ပြောခွင့်ရခိုင်သုခက ပြောပါတယ်။
“မနေ့က အောက်တိုဘာလ ၁၄ ရက်နေ့မှာလည်းပဲ ဆက်လက်ပြီး လက်နက်ကြီး ပစ်ကူ၊ လေကြောင်း ပစ်ကူ အများပြားအသုံးပြုပြီးတော့မှ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်ဗျ။ နောက်ထပ်လဲဘဲ အဲဒီဒေသကို လူအင်အား လက်နက်အင်အားတွေ အမြောက်အများ ပို့ဆောင်နေတဲ့အတွက်ကြောင့်မို့လို့ ဒီထက်ပြင်းထန်တဲ့ ထိုးစစ်အတွက်ပြင်ဆင်နေတာတွေတော့တွေ့ရတယ်ဗျ။”
မနေ့တုန်းက လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေတွင်း ကျေးရွာဘုန်းကြီးကျောင်းပြိုပျက်သွားသလို အောက်တိုဘာ ၁၃ ရက်နေ့က ပစ်ခတ်တိုက်ခိုက်မှုအတွင်း အောင်သာစည်ရွာ မီးလောင်သွားခဲ့ကြောင်းလည်း ဒေသခံတွေက ပြောပါတယ်။
မင်းပြားနဲ့ ရသေ့တောင်မြို့နယ်တွေက တိုက်ပွဲတွေနဲ့ ပတ်သက်လို့ တပ်မတော်ပြောရေး ဆိုခွင့်ရှိသူကို ဆက်သွယ်ခဲ့ပေမဲ့ မရခဲ့ပါဘူး။
ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ AA အဖွဲ့တို့ကြား ဖြစ်ပွားနေတဲ့ ၂ နှစ်နီးပါးကြာ စစ်ရေးပဋိပက္ခအတွင်း အရပ်သားတွေ ထိခိုက်သေဆုံးမှုတွေ ရှိနေတာကြောင့် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအသိုင်းအဝန်းကလည်း သတိပေးနေပါတယ်။ ဒီလဆန်းမှာပဲ ဘူးသီးတောင်မြို့နယ်တွင်း တိုက်ပွဲတွေကြား ကလေးငယ် ၂ ဦး သေဆုံးခဲ့တဲ့ ဖြစ်ရပ်အတွက် ထိတ်လန့်တုန်လှုပ်မိကြောင်းလည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးက မနေ့တုန်းကပဲ သတင်းထုတ်ပြန်ထားပါတယ်။ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bacheletကလည်း လက်နက်ကိုင် ပဋိပက္ခတွေကြား အရပ်သား ထိခိုက်သေဆုံးမှု တွေဟာ စစ်ရာဇဝတ်မှု မြောက်နိုင်ကြောင်း ပြီးခဲ့တဲ့လထဲမှာပဲ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ သတိပေးထားပါတယ်။