သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျပန္ဖြင္႔စက္ရံုတခ်ိဳ႔မွာ coronavirus ကူးစက္ပ်ံ႕ႏွ႔ံဖြယ္ရွိ 


မွတ္တမ္းဓါတ္ပံု - ေမလ ၂၈ ရက္ေန႔က COVID ကာကြယ္ေရးလုပ္ငန္းစဥ္ႏွစ္အညီ ဖြင့္ထားေသာ ရန္ကုန္ရွိ အထည္ခ်ဳပ္စက္ရံုတခု

(Zawgyi/Unicode)

ကိုဗစ္ေရာဂါအျဖစ္မ်ားေနတဲ့ ရန္ကုန္မွာ စက္ရံုအလုပ္ရံုတခ်ိဳ႕ ျပန္စဖြင့္ခ်ိန္၊ လုပ္သားေတြအၾကား ကူးစက္မူအနည္းနဲ႔အမ်ား စရွိလာေနတာအတြက္၊ ေဆးစစ္မူေတြလုပ္ႏုိင္ဖို႔ ျပင္ဆင္ေနပါၿပီ။

ဘယ္လိုကူးစက္မူေတြျဖစ္ခဲ့ၿပီး၊ ေရွ.ဆက္ဘယ္လိုသြားဖို႔ရွိေနတာကို၊ ကုန္သည္စက္္မူအသင္းခ်ဳပ္ ဥကၠဌ၊ က်န္းမာေရးေျပာခြင့္ရနဲ႔၊ စက္မူဇံုတာဝန္ရိွသူတို႔ကို ကိုဝင္းမင္းက ေမးထားပါတယ္။

UMFCCI လို႔အတိုေခါက္ေခၚတဲ့ ကုန္သည္မ်ားႏွင့္ စက္မူလက္္မူလုပ္ငန္းရွင္းမ်ားအသင္းခ်ဳပ္ ဥကၠဌ ဦးေဇာ္မင္းဝင္းက က်န္းမာေရးဝန္ႀကီးဌာနနဲ႔ညိႈႏိႈင္းၿပီး ကုန္တင္ကားေတြအတြက္ ေဆးစစ္ေပးရာကေန၊ ေနာက္တစ္ဆင့္ ဒီအလုပ္သမားေတြအတြက္ပါ စျပင္ေနၿပီလို႔ ခုလိုဆိုပါတယ္။

“အခုကေတာ့အရင္ဆံုး ကုန္တင္ကားေတြသြားဖို႔အတြက္ကို ဦးစားေပးၿပီးေတာ့ သူတို႔ စစ္ေပးေနရတယ္။ ေနာက္တစ္ခါလည္း တခ်ိဳ.စက္ရံုေတြကလည္း၊ ၀န္ထမ္းေတြကိုလည္း စစ္ေပးပါလို႔ ေျပာလာတဲ့အတြက္၊ အခု Antigen Rapid Test (အျမန္စစ္တာ) တင္းသြင္းဖို႔ အစည္းအေဝးလုပ္ၾကတယ္။ အစိုးရဆီမွာေတာင္ ဝယ္ထားတာေတာ့ ရွိတာေပါ့ေနာ္။ ဒါေပမဲ့ အစိုးရကလည္းပဲ၊ တျခားဟာေတြလည္း အမ်ားႀကီးသံုးစရာရွိတဲ့အတြက္ေၾကာင့္၊ အဲ့ဒီစက္ရံုေတြကိုပါ အမ်ားႀကီး လုပ္ေပးရမယ္ဆို ခက္မွာေပါ့ေနာ္။”

အဲ့ဒီေတာ့ အလုပ္သမားေတြကို ဘယ္ေတာ့ေလာက္ စစစ္ေပးႏိုင္ပါလဲလို႔ ေမးရာမွာ ဦးေဇာ္မင္းဝင္းကပဲ

“က်န္းမာေရးဝန္ႀကီးဌာနရဲ့ ခြင့္ျပဳခ်က္နဲ႔ တင္သြင္းၿပီးရင္ေတာ့၊ သူတို႔လည္း အျပင္မွာ စစ္ခ်င္တယ္ဆိုရင္ စစ္လို႔ရေအာင္ အစီအစဥ္ေတြေတာ့၊ ကၽြန္ေတာ္ထင္တယ္၊ ေနာက္အပတ္ေလာက္ဆို စၿပီးလုပ္လို႔ရလိမ့္မယ္ထင္တယ္။”

ဒီေနရာမွာ စက္ရံုေတြမွာ ဘယ္လို ကူးစက္ခဲ့တာကို က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနေျပာခြင့္ရ ေဒါက္တာသန္းႏိုင္စိုးကို ေမးရာမွာ၊ စံုစမ္းေနဆဲျဖစ္တယ္လို႔ ခုလိုရွင္းျပပါတယ္။

“လိုအပ္တဲ့ဟာေတြ၊ စံုစမ္းစစ္ေဆးမူေတြလည္းလုပ္တယ္။ တစ္ခုရွိတာကေတာ့ စက္ရံုေတြျပန္ဖြင့္ေတာ့၊ လူစုတာနဲ႔ ကိုဗစ္နဲ႔ေတာ့ မတဲ့ဘူးေပါ့။ ဒါေပမဲ့လည္း စီးပြားေရးလုပ္ငန္းအရ စားဝတ္ေနေရးေတြလည္း ရွိတဲ့အခါက်ေတာ့၊ ကၽြန္ေတာ္တို႔က လုပ္ရမွာေပါ့ေနာ္။ အဲ့ဒီေတာ့ Public Health (ျပည္သူ႔က်န္းမာေရးပညာေပးကာကြယ္ေရး) အပိုင္းကေတာ့ ပိုအားျဖည့္ၿပီး ေဆာင္ရြက္ဖို႔ ေဆြးေႏြးတဲ့အထဲမွာလည္း ပါပါတယ္။။”

ဦးေဇာ္မင္းဝင္းကလည္း ပိုးေတြတာမ်ားတဲ့ မဂၤလာဒံုက မွန္ဘီလူးစက္ရံုတစ္ခုကိုသာ ပိတ္ထားၿပီး၊ က်န္စက္ရံုေတြမွာ နဲနဲသာပိုးစေတြ႔ကာ ဆက္ဖြင့္ထားရတယ္လို႔ ဆိုပါတယ္။

“တခ်ိဳ.စက္ရံုေတြေတာ့ ပိုးကူးတာေလးေတြ ရွိလည္း ရွိေနတယ္။ ဒါေပမဲ့လည္း တခ်ိဳ.လည္း သူ႔ဟာသူ ပိုးကူးတဲ့သူေတြ၊ အဲ့ဒီနားမွာရွိတဲ့ Contact (အနီးကပ္တိုက္ရိုက္ထိေတြ႔တာ) ရွိတဲ့သူေတြကိုပဲ၊ Quarantine (အသြားအလာကန္႔သတ္တာ) ဆင္းတာတို႔ လုပ္တာေပါ့ေနာ္။ စက္ရံုတစ္ခုလံုး ပိတ္တဲ့အေနအထားေတာ့ သူတို႔ မလုပ္ေသးဘူးေပါ့။”

အဲ့ဒီေတာ့ ေရွ.မွာေရာ ဘယ္လိုျဖစ္လာႏိုင္ပါလဲလို႔ ေမးရာမွာ ဦးေဇာ္မင္းဝင္းကပဲ

“ပိုးကူးတဲ့သူေတြ သိပ္မ်ားလာရင္ေတာ့လည္း တမ်ိဳးျဖစ္မယ္။ ဒါေပမဲ့ ခက္တာကလည္း စက္ရံုေတြပိတ္ရင္လည္း၊ အလုပ္သမားေတြအေနနဲ႔ ဒီလစာေတြျပႆနာနဲ႔ အမ်ားႀကီးရွိေနေတာ့၊ သူတို႔ရဲ့ Guideline (လမ္းညႊန္ခ်က္) အတိုင္းေပါ့ေလ၊ A-Grade (A အဆင့္)၊ ရထားတဲ့သူေတြဆို ဖြင့္ခြင့္ေပးထားတယ္။ အခုဆိုရင္ ဘာေျပာေျပာ၊ ေတာ္ေတာ္ေလး၊ ဒီလ ၁၂ ရက္ထဲက စၿပီးေတာ့ လည္ပတ္ေနတဲ့ စက္ရုံေတြလည္း လုပ္ေနၾကၿပီေပါ့ေနာ္။”

ဒီေနရာမွာ ေရွ.ဆက္ကူးစက္မူေတြကေန ကာကြယ္ေရး ဘယ္လို အႀကံေပးခ်င္ပါလဲလို႔ ေမးတာကို ဦးေဇာ္မင္းဝင္းက

“က်န္းမာေရးဝန္ႀကီးဌာနရဲ့ Guideline (လမ္းညႊန္ခ်က္) ကို တိတိက်က် လုိက္နာဖို႔ လိုသလို၊ သူတို႔ရဲ့ အေဆာင္ေတြမွာလည္း ေတာ္ေတာ္ေလး ဂရုစိုက္ဖို႔လိုပါတယ္။ အခုဟာျဖစ္တာက အဲ့ဒီ အျပင္အေဆာင္ေတြမွာ ေနရင္းနဲ႔ပဲ ကူးလိုက္ၾကတာေပါ့။ ေနာက္ဖယ္ရီကားစီးတာကအစေပါ့၊ သူတို႔ရဲ့ Guideline အတိုင္းသြားမွပဲ အဆင္ေျပမယ္။ ဒါေပမဲ့လည္း အလုပ္သမားမ်ားတဲ့ဟာေတြက်ေတာ့ ဖယ္ရီစီးရတဲ့ အခါ ခက္တာေပါ့။ တခ်ိဳ႕လည္း နီးနီးနားနား၊ ဒီ စက္ရံုထဲမွာပဲ Dormitory (အေဆာင္) ေတြရွိလို႔ရွိရင္ေတာ့၊ အျပင္သိပ္မထြက္ရဘူးဆိုရင္ေတာ့ အကူးနည္း တာေပါ့။ အျပင္မွာေနတဲ့သူက်ေတာ့လည္း၊ အေဆာင္ကလည္း၊ သိတဲ့အတိုင္း၊ ဝန္ထမ္းေလးေတြက သနားဖို႔ေကာင္းတာ၊ က်ဥ္းက်ဥ္းေလးေတြနဲ႔ စုေနၾကရေတာ့၊ ကူးၾက၊ ျပဳၾက ျဖစ္တာေပါ့ေနာ္။”

ဒါ့အျပင္ ဒီစက္ရံုေတြမွာ ကိုဗစ္ကာကြယ္ေရးစည္းကမ္းေတြ ေသခ်ာေအာင္ ႀကီးၾကပ္ေပးဖို႔ အေနအထားကို ေမးရာမွာ၊ ဦးေဇာ္မင္းဝင္းကဆက္ၿပီး -

“ရန္ကုန္တိုင္းမွာေတာ့ စီစစ္ေရးေကာ္မတီေတြဖြဲ႔ေနၿပီေပါ့ေနာ္၊ ဖြဲ႔ၿပီးေတာ့ အဲ့ဒီစက္ရံုေတြကို လိုက္စစ္ေနတာေပါ့။ တကယ္ေရာ က်န္းမာေရးဝန္ႀကီးဌာနရဲ့ Guideline (လမ္းညြန္ခ်က္) အတိုင္း ဒီျပင္ဆင္ထားတာ၊ အဲ့ဒီအတိုင္းေရာ လိုက္နာၿပီး လုပ္သလားဆိုတာ စစ္ေနတာေပါ့။”

ဒီေနရာမွာ ေမွာ္ဘီၿမိဳ႕၊ ေျမာင္းတကာစက္မူဇံု ႀကီးၾကပ္ေရးေကာ္မတီ အတြင္းေရးမွဴး ဦးေဇာ္လြင္ကလည္း၊ အရင္ကူးစက္မူရွိခဲ့ေပမဲ့ အခုဆက္ထိန္းထားႏိုင္ၿပီး၊ လူေနက်ဲတာကလည္း အေထာက္အကူျပဳတယ္လို႔ ဆိုပါတယ္။

“က်န္ခဲ့တဲ့လ ၂၀ ရက္ေန႔ကေနၿပီးေတာ့၊ ဟိုနင္း၊ ဘီးလပ္ဆိုတဲ့ အစာစက္ရံုကေနၿပီးေတာ့ Delivery (ပါဆယ္ပို႔တာ) လုပ္ေနတဲ့ ေကာင္ေလး တစ္ေယာက္ေတြ႔တယ္။ က်န္တဲ့ဟာကေတာ့ မရွိေသးပါဘူး၊ ကၽြန္ေတာ္တို႔ စက္မူဇံုမွာ။ ဇံုျပင္ပထဲမွာက်ေတာ့၊ စိုက္ပ်ိဳးေရးၿခံေတြ၊ ႏွင္းဆီၿမိဳင္တို႔ဘာတို႔ေပါ့၊ အဲ့ဒီဘက္ကေနၿပီးေတာ့ ပိုးေတြ႔တာေပါ့။ က်န္းမာေရးဌာနနဲ႔ေတာ့ စကားေျပာၾကည့္တာကေတာ့၊ ေစ်းသြားေစ်းဝယ္က ထိေတြ႔ၿပီး ျဖစ္လာတဲ့သေဘာမ်ိဳးေပါ့။ ဒါေတြကိုလည္း သူတို႔၊ ဒီဖက္က Contact ေတြကို Quarantine Center (အသြားအလာကန္႔စခန္း) ထဲပို႔ၿပီးေတာ့၊ အဲ့ဒီကေန ျပန္ေရာက္တဲ့သူေတြက ေရာက္လာပါၿပီ။”

တကယ္ေတာ့ ကိုဗစ္အျဖစ္မ်ားေနတဲ့ ရန္ကုန္မွာကို၊ လူေနပိုထူထပ္ၿပီး စက္ရံုေတြလည္းမ်ားတဲ့ ေျမာက္ဥကၠလာ၊ လိႈင္သာယာနဲ႔ မဂၤလာဒံုၿမိဳ႕ေတြမွာ ကူးစက္မူထိပ္ဆံုးေရာက္ေနကာ စက္ရံုေတြျပန္ဖြင့္လာခ်ိန္ ခုလိုကူးစက္မူေတြ စႀကံဳလာရတာပါ။

တိုက္႐ိုက္ လင့္ခ္


.............

ပြန်ဖွင့်စက်ရုံတချို့မှာ coronavirus ကူးစက်ပျံ့နှံ့ဖွယ်ရှိ

(Unicode)

ကိုဗစ်ရောဂါအဖြစ်များနေတဲ့ ရန်ကုန်မှာ စက်ရုံအလုပ်ရုံတချို့ ပြန်စဖွင့်ချိန်၊ လုပ်သားတွေအကြား ကူးစက်မူအနည်းနဲ့အများ စရှိလာနေတာအတွက်၊ ဆေးစစ်မူတွေလုပ်နိုင်ဖို့ ပြင်ဆင်နေပါပြီ။

ဘယ်လိုကူးစက်မူတွေဖြစ်ခဲ့ပြီး၊ ရှေ.ဆက်ဘယ်လိုသွားဖို့ရှိနေတာကို၊ ကုန်သည်စက်မူအသင်းချုပ် ဥက္ကဌ၊ ကျန်းမာရေးပြောခွင့်ရနဲ့၊ စက်မူဇုံတာဝန်ရှိသူတို့ကို ကိုဝင်းမင်းက မေးထားပါတယ်။

UMFCCI လို့အတိုခေါက်ခေါ်တဲ့ ကုန်သည်များနှင့် စက်မူလက်မူလုပ်ငန်းရှင်းများအသင်းချုပ် ဥက္ကဌ ဦးဇော်မင်းဝင်းက ကျန်းမာရေးဝန်ကြီးဌာနနဲ့ညှိုနှိုင်းပြီး ကုန်တင်ကားတွေအတွက် ဆေးစစ်ပေးရာကနေ၊ နောက်တစ်ဆင့် ဒီအလုပ်သမားတွေအတွက်ပါ စပြင်နေပြီလို့ ခုလိုဆိုပါတယ်။

“အခုကတော့အရင်ဆုံး ကုန်တင်ကားတွေသွားဖို့အတွက်ကို ဦးစားပေးပြီးတော့ သူတို့ စစ်ပေးနေရတယ်။ နောက်တစ်ခါလည်း တချို.စက်ရုံတွေကလည်း၊ ဝန်ထမ်းတွေကိုလည်း စစ်ပေးပါလို့ ပြောလာတဲ့အတွက်၊ အခု Antigen Rapid Test (အမြန်စစ်တာ) တင်းသွင်းဖို့ အစည်းအဝေးလုပ်ကြတယ်။ အစိုးရဆီမှာတောင် ဝယ်ထားတာတော့ ရှိတာပေါ့နော်။ ဒါပေမဲ့ အစိုးရကလည်းပဲ၊ တခြားဟာတွေလည်း အများကြီးသုံးစရာရှိတဲ့အတွက်ကြောင့်၊ အဲ့ဒီစက်ရုံတွေကိုပါ အများကြီး လုပ်ပေးရမယ်ဆို ခက်မှာပေါ့နော်။”

အဲ့ဒီတော့ အလုပ်သမားတွေကို ဘယ်တော့လောက် စစစ်ပေးနိုင်ပါလဲလို့ မေးရာမှာ ဦးဇော်မင်းဝင်းကပဲ

“ကျန်းမာရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်နဲ့ တင်သွင်းပြီးရင်တော့၊ သူတို့လည်း အပြင်မှာ စစ်ချင်တယ်ဆိုရင် စစ်လို့ရအောင် အစီအစဉ်တွေတော့၊ ကျွန်တော်ထင်တယ်၊ နောက်အပတ်လောက်ဆို စပြီးလုပ်လို့ရလိမ့်မယ်ထင်တယ်။”

ဒီနေရာမှာ စက်ရုံတွေမှာ ဘယ်လို ကူးစက်ခဲ့တာကို ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနပြောခွင့်ရ ဒေါက်တာသန်းနိုင်စိုးကို မေးရာမှာ၊ စုံစမ်းနေဆဲဖြစ်တယ်လို့ ခုလိုရှင်းပြပါတယ်။

“လိုအပ်တဲ့ဟာတွေ၊ စုံစမ်းစစ်ဆေးမူတွေလည်းလုပ်တယ်။ တစ်ခုရှိတာကတော့ စက်ရုံတွေပြန်ဖွင့်တော့၊ လူစုတာနဲ့ ကိုဗစ်နဲ့တော့ မတဲ့ဘူးပေါ့။ ဒါပေမဲ့လည်း စီးပွားရေးလုပ်ငန်းအရ စားဝတ်နေရေးတွေလည်း ရှိတဲ့အခါကျတော့၊ ကျွန်တော်တို့က လုပ်ရမှာပေါ့နော်။ အဲ့ဒီတော့ Public Health (ပြည်သူ့ကျန်းမာရေးပညာပေးကာကွယ်ရေး) အပိုင်းကတော့ ပိုအားဖြည့်ပြီး ဆောင်ရွက်ဖို့ ဆွေးနွေးတဲ့အထဲမှာလည်း ပါပါတယ်။။”

ဦးဇော်မင်းဝင်းကလည်း ပိုးတွေတာများတဲ့ မင်္ဂလာဒုံက မှန်ဘီလူးစက်ရုံတစ်ခုကိုသာ ပိတ်ထားပြီး၊ ကျန်စက်ရုံတွေမှာ နဲနဲသာပိုးစတွေ့ကာ ဆက်ဖွင့်ထားရတယ်လို့ ဆိုပါတယ်။

“တချို.စက်ရုံတွေတော့ ပိုးကူးတာလေးတွေ ရှိလည်း ရှိနေတယ်။ ဒါပေမဲ့လည်း တချို.လည်း သူ့ဟာသူ ပိုးကူးတဲ့သူတွေ၊ အဲ့ဒီနားမှာရှိတဲ့ Contact (အနီးကပ်တိုက်ရိုက်ထိတွေ့တာ) ရှိတဲ့သူတွေကိုပဲ၊ Quarantine (အသွားအလာကန့်သတ်တာ) ဆင်းတာတို့ လုပ်တာပေါ့နော်။ စက်ရုံတစ်ခုလုံး ပိတ်တဲ့အနေအထားတော့ သူတို့ မလုပ်သေးဘူးပေါ့။”

အဲ့ဒီတော့ ရှေ.မှာရော ဘယ်လိုဖြစ်လာနိုင်ပါလဲလို့ မေးရာမှာ ဦးဇော်မင်းဝင်းကပဲ

“ပိုးကူးတဲ့သူတွေ သိပ်များလာရင်တော့လည်း တမျိုးဖြစ်မယ်။ ဒါပေမဲ့ ခက်တာကလည်း စက်ရုံတွေပိတ်ရင်လည်း၊ အလုပ်သမားတွေအနေနဲ့ ဒီလစာတွေပြဿနာနဲ့ အများကြီးရှိနေတော့၊ သူတို့ရဲ့ Guideline (လမ်းညွှန်ချက်) အတိုင်းပေါ့လေ၊ A-Grade (A အဆင့်)၊ ရထားတဲ့သူတွေဆို ဖွင့်ခွင့်ပေးထားတယ်။ အခုဆိုရင် ဘာပြောပြော၊ တော်တော်လေး၊ ဒီလ ၁၂ ရက်ထဲက စပြီးတော့ လည်ပတ်နေတဲ့ စက်ရုံတွေလည်း လုပ်နေကြပြီပေါ့နော်။”

ဒီနေရာမှာ ရှေ.ဆက်ကူးစက်မူတွေကနေ ကာကွယ်ရေး ဘယ်လို အကြံပေးချင်ပါလဲလို့ မေးတာကို ဦးဇော်မင်းဝင်းက

“ကျန်းမာရေးဝန်ကြီးဌာနရဲ့ Guideline (လမ်းညွှန်ချက်) ကို တိတိကျကျ လိုက်နာဖို့ လိုသလို၊ သူတို့ရဲ့ အဆောင်တွေမှာလည်း တော်တော်လေး ဂရုစိုက်ဖို့လိုပါတယ်။ အခုဟာဖြစ်တာက အဲ့ဒီ အပြင်အဆောင်တွေမှာ နေရင်းနဲ့ပဲ ကူးလိုက်ကြတာပေါ့။ နောက်ဖယ်ရီကားစီးတာကအစပေါ့၊ သူတို့ရဲ့ Guideline အတိုင်းသွားမှပဲ အဆင်ပြေမယ်။ ဒါပေမဲ့လည်း အလုပ်သမားများတဲ့ဟာတွေကျတော့ ဖယ်ရီစီးရတဲ့ အခါ ခက်တာပေါ့။ တချို့လည်း နီးနီးနားနား၊ ဒီ စက်ရုံထဲမှာပဲ Dormitory (အဆောင်) တွေရှိလို့ရှိရင်တော့၊ အပြင်သိပ်မထွက်ရဘူးဆိုရင်တော့ အကူးနည်း တာပေါ့။ အပြင်မှာနေတဲ့သူကျတော့လည်း၊ အဆောင်ကလည်း၊ သိတဲ့အတိုင်း၊ ဝန်ထမ်းလေးတွေက သနားဖို့ကောင်းတာ၊ ကျဉ်းကျဉ်းလေးတွေနဲ့ စုနေကြရတော့၊ ကူးကြ၊ ပြုကြ ဖြစ်တာပေါ့နော်။”

ဒါ့အပြင် ဒီစက်ရုံတွေမှာ ကိုဗစ်ကာကွယ်ရေးစည်းကမ်းတွေ သေချာအောင် ကြီးကြပ်ပေးဖို့ အနေအထားကို မေးရာမှာ၊ ဦးဇော်မင်းဝင်းကဆက်ပြီး -

“ရန်ကုန်တိုင်းမှာတော့ စီစစ်ရေးကော်မတီတွေဖွဲ့နေပြီပေါ့နော်၊ ဖွဲ့ပြီးတော့ အဲ့ဒီစက်ရုံတွေကို လိုက်စစ်နေတာပေါ့။ တကယ်ရော ကျန်းမာရေးဝန်ကြီးဌာနရဲ့ Guideline (လမ်းညွန်ချက်) အတိုင်း ဒီပြင်ဆင်ထားတာ၊ အဲ့ဒီအတိုင်းရော လိုက်နာပြီး လုပ်သလားဆိုတာ စစ်နေတာပေါ့။”

ဒီနေရာမှာ မှော်ဘီမြို့၊ မြောင်းတကာစက်မူဇုံ ကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး ဦးဇော်လွင်ကလည်း၊ အရင်ကူးစက်မူရှိခဲ့ပေမဲ့ အခုဆက်ထိန်းထားနိုင်ပြီး၊ လူနေကျဲတာကလည်း အထောက်အကူပြုတယ်လို့ ဆိုပါတယ်။

“ကျန်ခဲ့တဲ့လ ၂၀ ရက်နေ့ကနေပြီးတော့၊ ဟိုနင်း၊ ဘီးလပ်ဆိုတဲ့ အစာစက်ရုံကနေပြီးတော့ Delivery (ပါဆယ်ပို့တာ) လုပ်နေတဲ့ ကောင်လေး တစ်ယောက်တွေ့တယ်။ ကျန်တဲ့ဟာကတော့ မရှိသေးပါဘူး၊ ကျွန်တော်တို့ စက်မူဇုံမှာ။ ဇုံပြင်ပထဲမှာကျတော့၊ စိုက်ပျိုးရေးခြံတွေ၊ နှင်းဆီမြိုင်တို့ဘာတို့ပေါ့၊ အဲ့ဒီဘက်ကနေပြီးတော့ ပိုးတွေ့တာပေါ့။ ကျန်းမာရေးဌာနနဲ့တော့ စကားပြောကြည့်တာကတော့၊ ဈေးသွားဈေးဝယ်က ထိတွေ့ပြီး ဖြစ်လာတဲ့သဘောမျိုးပေါ့။ ဒါတွေကိုလည်း သူတို့၊ ဒီဖက်က Contact တွေကို Quarantine Center (အသွားအလာကန့်စခန်း) ထဲပို့ပြီးတော့၊ အဲ့ဒီကနေ ပြန်ရောက်တဲ့သူတွေက ရောက်လာပါပြီ။”

တကယ်တော့ ကိုဗစ်အဖြစ်များနေတဲ့ ရန်ကုန်မှာကို၊ လူနေပိုထူထပ်ပြီး စက်ရုံတွေလည်းများတဲ့ မြောက်ဥက္ကလာ၊ လှိုင်သာယာနဲ့ မင်္ဂလာဒုံမြို့တွေမှာ ကူးစက်မူထိပ်ဆုံးရောက်နေကာ စက်ရုံတွေပြန်ဖွင့်လာချိန် ခုလိုကူးစက်မူတွေ စကြုံလာရတာပါ။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG