သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကယားျပည္နယ္မွာ ကိုဗစ္ ပထမဆံုးကူးစက္သူရွိလာ


PPE ဝတ္စံုဝတ္ ပရဟိတလုပ္သားတဦးကို ရန္ကုန္ၿမိဳ႕ရွိ လမ္းတခုမွာ ေတြ႔ရ။ (ေအာက္တိုဘာ ၁၂၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ ကိုဗစ္ကပ္ေရာဂါ ကူးစက္သူ အတည္ျပဳလူနာ မရွိေသးတဲ့ တခုတည္းေသာ ေဒသျဖစ္တဲ့ ကယားျပည္နယ္မွာ ပထမဆုံးအႀကိမ္ ကူးစက္မႈေတြ႕ရွိခဲ့တဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မအိမ့္သႏၱာထြန္းက ေျပာျပပါမယ္။

ကိုဗစ္ကပ္ေရာဂါကူးစက္မႈေတြ တိုးလာေနေပမဲ့လည္း ျမန္မာႏိုင္ငံမွာ အတည္ျပဳလူနာမေတြ႕ရေသးတဲ့ ကယားျပည္နယ္မွာ ပထမဆုံးအႀကိမ္ ေရာဂါကူးစက္သူ ေတြ႕ရွိခဲ့တာပါ။ ေရာဂါပိုးကူးစက္ေနသူအျဖစ္ မေန႔တုန္းကပဲ အတည္ျပဳလိုက္တဲ့သူဟာ ကပ္ေရာဂါကူးစက္မႈေတြ အမ်ားဆုံး ႀကဳံေနရတဲ့ ရန္ကုန္တိုင္းကေန ျပန္လာတဲ့ က်န္းမာေရးဝန္ထမ္းတဦးျဖစ္တယ္လို႔လည္း ကယားျပည္နယ္ က်န္းမာေရးဦးစီးဌာနက ေျပာပါတယ္။

အတည္ျပဳ လူနာနဲ႔ ထိေတြ႕မႈ ရွိခဲ့သူေတြကိုေတာ့ သီးသန႔္ခြဲ ေစာင့္ၾကည့္စစ္ေဆးေနတယ္လို႔လည္း ကယားျပည္နယ္ ျပည္သူ႔က်န္းမာေရး ဦးစီးမွဴး ေဒါက္တာေဌးလြင္က ေျပာပါတယ္။

“သူ႔အရင္ေရာက္ရွိေနတဲ့ သူ႔ သူငယ္ခ်င္း တစ္ဦး၊ ႏွစ္ဦးနဲ႔ အဲ့ဒီ Quarantine ကာလမွာ စကားေျပာျဖစ္ပါတယ္။ က်န္တာေတာ့ အျပင္ထိေတြ႕တာေတာ့ မရွိပါဘူး။ အေနအထားအရေတာ့ ေရာဂါကေတာ့ အျပင္ကို ပ်ံ႕ႏွံ႔ဖို႔ေတာ့ လတ္တေလာေတာ့ မရွိပါဘူး။ ဒါေပမဲ့ သူနဲ႔ ထိေတြ႕ခဲ့တဲ့ သူ႔သူငယ္ခ်င္း တစ္ေယာက္ေပ့ါ၊ တစ္ေယာက္က သူထက္အရင္ေစာၿပီး တစ္ပတ္ေလာက္ႀကိဳၿပီး Quarantine ဝင္ရတာ၊ သူက facility Quarantine ကေန ေျပာင္းၿပီး အိမ္မွာ Home Quarantine ေျပာင္းေနေနတဲ့ အခ်ိန္ျဖစ္ပါတယ္။ သူလဲ သူနာျပဳပါပဲ၊ သူကိုလည္း က်ေနာ္တို႔ အခု က်ေနာ္တို႔ ဒီေန႔ေဆး႐ုံမွာျပန္ေခၚထားၿပီးေတာ့ Swab ယူၿပီးစစ္ဖို႔ ျပင္ဆင္ေနပါတယ္။ ေနာက္တစ္ခါ အဲ့ဒီ Q ထြက္သြားတဲ့ သူနာျပဳနဲ႔ ထိေတြ႕ခဲ့တဲ့ မိသားစုေတြကိုလည္း က်ေနာ္တို႔က အိမ္မွာပဲ Home Quarantine လုပ္ထားၿပီးေတာ့ ေစာင့္ၾကပ္ၾကည့္ရႈလ်က္ရွိပါတယ္။ လတ္တေလာမွာ သူကေတာ့ အျပင္မွာ ျပည္သူလူထုနဲ႔ ထိေတြ႕ျခင္းေတာ့ မရွိခဲ့ပါဘူး။ အေနအထားအရေတာ့ က်န္တဲ့ဟာေတာ့ လြိဳင္ေကာ္ေဆး႐ုံႀကီးမွာ ကိုဗစ္ေရာဂါသံသယနဲ႔ လာတက္ေရာက္တဲ့လူနာ မရွိပါဘူး။ ကိုဗစ္နဲ႔ ပတ္သက္လို႔ ခုဆို ၁၅ ရက္၊ ရက္၂၀ ေလာက္ရွိၿပီ တစ္ေယာက္မွ ဖ်ားလို႔နာလို႔ ကိုဗစ္ သံသယနဲ႔ တက္လာတာမရွိပါဘူး ဆိုေတာ့ ခု အေျခအေနကေတာ့ လတ္တေလာကေတာ့ ပြင့္ပြင့္လင္းလင္းေျပာရရင္ စိတ္ပူစရာေတာ့မရွိပါဘူး။”

ျမန္မာႏိုင္ငံမွာ လြန္ခဲ့တဲ့ ၂ လေလာက္အတြင္း ကိုဗစ္ကပ္ေရာဂါေၾကာင့္ ေသဆုံးသူ ၇၀၀ ေက်ာ္နဲ႔ ကူးစက္သူ ၃၀,၀၀၀ ေက်ာ္ ရွိခဲ့ေပမဲ့ ကယားျပည္နယ္ကေတာ့ မၾကာေသးခင္ အခ်ိန္အထိ ကူးစက္မႈကင္းရွင္းတဲ့ ေဒသတခုျဖစ္ခဲ့တာပါ။ လတ္တေလာ ကူးစက္မႈေတြ အမ်ားစု ရွိေနတဲ့ ရန္ကုန္တိုင္းမွာ ေဆးဘက္ဆိုင္ရာသင္တန္း လာတက္ခဲ့ၿပီး အရင္တပတ္ကမွ လြိဳင္ေကာ္ၿမိဳ႕ကို ေျပာေရာက္လာရာက အသြားအလာ ကန႔္သတ္ေစာင့္ၾကည့္ စစ္ေဆးရာမွာ ေရာဂါပိုးေတြ႕ရွိခဲ့တာ ျဖစ္ပါတယ္။ ကယားျပည္နယ္မွာ ပထမဆုံး ကူးစက္မႈကို အတည္ျပဳခဲ့ၿပီးေနာက္မွာေတာ့ ရန္ကုန္တိုင္းမွာ အကူအညီေပးဖို႔ ေစလႊတ္ထားတဲ့ က်န္းမာေရးဝန္ထမ္းေတြထဲက ဒီေန႔ ျပန္လာမယ့္ သူေတြကိုလည္း ေစာင့္ၾကည့္စစ္ေဆးဖို႔ စီစဥ္ထားတယ္လို႔ ေဒါက္တာ ေဌးလြင္က ေျပာပါတယ္။

“အခု က်ေနာ္တို႔ ကယားျပည္နယ္က ေနၿပီးေတာ့ ရန္ကုန္ၿမိဳ႕မွာရွိတဲ့ ကိုဗစ္ကုသတဲ့ ေဆး႐ုံေတြျဖစ္တဲ့ ေဖာင္ႀကီးတို႔ ဒဂုံဆိပ္ကမ္းတို႔ကို လႊတ္ထားတဲ့ သူနာျပဳေတြ ဒီည အေယာက္ ၂၀ ျပန္ေရာက္ပါမယ္။ ဒီလူေတြမွာလည္း ေရာဂါေတြက ပါလာမယ္၊ မပါလာႏိုင္ဘူးဆိုတာက.. အဲ့ဒီကားသမားေတြမွာေရာေပါ့၊ ေျပာလို႔မရပါဘူး။ ဒီညျပန္ေရာက္မယ္၊ သူတို႔အေယာက္ ၂၀ ကို သူတို႔ကို သီးျခားခြဲထားၿပီးေတာ့ Swab ယူ ပိုးစစ္မွာျဖစ္ပါတယ္။ ၂ ႀကိမ္ေလာက္ စစ္ရမွာျဖစ္ပါတယ္။”

အခု ကယားျပည္နယ္က အတည္ျပဳလူနာဟာ ရန္ကုန္ၿမိဳ႕ကေန ေအာက္တိုဘာ ၆ ရက္ေန႔က ျပန္ေရာက္တာျဖစ္ၿပီး ေရာက္ေရာက္ခ်င္းမွာပဲ အသြားအလာကန႔္သတ္ထားခဲ့ၿပီး ေအာက္တိုဘာ ၁၄ ရက္ေန႔မွာ စစ္ေဆးခဲ့တာျဖစ္ပါတယ္။

ခုလက္ရွိ ကယားျပည္နယ္မွာ အသြားအလာ ကန႔္သတ္ေစာင့္ၾကည့္ထားသူ အေရအတြက္က ၃၀၀ ေက်ာ္ရွိပါတယ္။ ျမန္မာတစ္ႏိုင္ငံလုံးမွာ ကိုဗစ္အတည္ျပဳလူနာအေရအတြက္က က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ေနာက္ဆုံးထုတ္ျပန္ခ်က္ေတြအရ ၃၂,၀၀၀ ေက်ာ္ရွိေနၿပီး ေသဆုံးသူ ၇၆၀ ေက်ာ္နဲ႔ ျပန္လည္သက္သာလို႔ ေဆး႐ုံဆင္းခြင့္ရသူကို ၁၄,၀၀၀ ေက်ာ္ ရွိပါတယ္။

ကယားျပည္နယ္မွာ ကိုဗစ္ ပထမဆံုးကူးစက္သူရွိလာ
please wait

No media source currently available

0:00 0:03:27 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကယားပြည်နယ်မှာ ကိုဗစ် ပထမဆုံးကူးစက်သူရှိလာ

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်သူ အတည်ပြုလူနာ မရှိသေးတဲ့ တခုတည်းသော ဒေသဖြစ်တဲ့ ကယားပြည်နယ်မှာ ပထမဆုံးအကြိမ် ကူးစက်မှုတွေ့ရှိခဲ့တဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြပါမယ်။

ကိုဗစ်ကပ်ရောဂါကူးစက်မှုတွေ တိုးလာနေပေမဲ့လည်း မြန်မာနိုင်ငံမှာ အတည်ပြုလူနာမတွေ့ရသေးတဲ့ ကယားပြည်နယ်မှာ ပထမဆုံးအကြိမ် ရောဂါကူးစက်သူ တွေ့ရှိခဲ့တာပါ။ ရောဂါပိုးကူးစက်နေသူအဖြစ် မနေ့တုန်းကပဲ အတည်ပြုလိုက်တဲ့သူဟာ ကပ်ရောဂါကူးစက်မှုတွေ အများဆုံး ကြုံနေရတဲ့ ရန်ကုန်တိုင်းကနေ ပြန်လာတဲ့ ကျန်းမာရေးဝန်ထမ်းတဦးဖြစ်တယ်လို့လည်း ကယားပြည်နယ် ကျန်းမာရေးဦးစီးဌာနက ပြောပါတယ်။

အတည်ပြု လူနာနဲ့ ထိတွေ့မှု ရှိခဲ့သူတွေကိုတော့ သီးသန့်ခွဲ စောင့်ကြည့်စစ်ဆေးနေတယ်လို့လည်း ကယားပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးမှူး ဒေါက်တာဌေးလွင်က ပြောပါတယ်။

“သူ့အရင်ရောက်ရှိနေတဲ့ သူ့ သူငယ်ချင်း တစ်ဦး၊ နှစ်ဦးနဲ့ အဲ့ဒီ Quarantine ကာလမှာ စကားပြောဖြစ်ပါတယ်။ ကျန်တာတော့ အပြင်ထိတွေ့တာတော့ မရှိပါဘူး။ အနေအထားအရတော့ ရောဂါကတော့ အပြင်ကို ပျံ့နှံ့ဖို့တော့ လတ်တလောတော့ မရှိပါဘူး။ ဒါပေမဲ့ သူနဲ့ ထိတွေ့ခဲ့တဲ့ သူ့သူငယ်ချင်း တစ်ယောက်ပေ့ါ၊ တစ်ယောက်က သူထက်အရင်စောပြီး တစ်ပတ်လောက်ကြိုပြီး Quarantine ဝင်ရတာ၊ သူက facility Quarantine ကနေ ပြောင်းပြီး အိမ်မှာ Home Quarantine ပြောင်းနေနေတဲ့ အချိန်ဖြစ်ပါတယ်။ သူလဲ သူနာပြုပါပဲ၊ သူကိုလည်း ကျနော်တို့ အခု ကျနော်တို့ ဒီနေ့ဆေးရုံမှာပြန်ခေါ်ထားပြီးတော့ Swab ယူပြီးစစ်ဖို့ ပြင်ဆင်နေပါတယ်။ နောက်တစ်ခါ အဲ့ဒီ Q ထွက်သွားတဲ့ သူနာပြုနဲ့ ထိတွေ့ခဲ့တဲ့ မိသားစုတွေကိုလည်း ကျနော်တို့က အိမ်မှာပဲ Home Quarantine လုပ်ထားပြီးတော့ စောင့်ကြပ်ကြည့်ရှုလျက်ရှိပါတယ်။ လတ်တလောမှာ သူကတော့ အပြင်မှာ ပြည်သူလူထုနဲ့ ထိတွေ့ခြင်းတော့ မရှိခဲ့ပါဘူး။ အနေအထားအရတော့ ကျန်တဲ့ဟာတော့ လွိုင်ကော်ဆေးရုံကြီးမှာ ကိုဗစ်ရောဂါသံသယနဲ့ လာတက်ရောက်တဲ့လူနာ မရှိပါဘူး။ ကိုဗစ်နဲ့ ပတ်သက်လို့ ခုဆို ၁၅ ရက်၊ ရက်၂၀ လောက်ရှိပြီ တစ်ယောက်မှ ဖျားလို့နာလို့ ကိုဗစ် သံသယနဲ့ တက်လာတာမရှိပါဘူး ဆိုတော့ ခု အခြေအနေကတော့ လတ်တလောကတော့ ပွင့်ပွင့်လင်းလင်းပြောရရင် စိတ်ပူစရာတော့မရှိပါဘူး။”

မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၂ လလောက်အတွင်း ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၇၀၀ ကျော်နဲ့ ကူးစက်သူ ၃၀,၀၀၀ ကျော် ရှိခဲ့ပေမဲ့ ကယားပြည်နယ်ကတော့ မကြာသေးခင် အချိန်အထိ ကူးစက်မှုကင်းရှင်းတဲ့ ဒေသတခုဖြစ်ခဲ့တာပါ။ လတ်တလော ကူးစက်မှုတွေ အများစု ရှိနေတဲ့ ရန်ကုန်တိုင်းမှာ ဆေးဘက်ဆိုင်ရာသင်တန်း လာတက်ခဲ့ပြီး အရင်တပတ်ကမှ လွိုင်ကော်မြို့ကို ပြောရောက်လာရာက အသွားအလာ ကန့်သတ်စောင့်ကြည့် စစ်ဆေးရာမှာ ရောဂါပိုးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ကယားပြည်နယ်မှာ ပထမဆုံး ကူးစက်မှုကို အတည်ပြုခဲ့ပြီးနောက်မှာတော့ ရန်ကုန်တိုင်းမှာ အကူအညီပေးဖို့ စေလွှတ်ထားတဲ့ ကျန်းမာရေးဝန်ထမ်းတွေထဲက ဒီနေ့ ပြန်လာမယ့် သူတွေကိုလည်း စောင့်ကြည့်စစ်ဆေးဖို့ စီစဉ်ထားတယ်လို့ ဒေါက်တာ ဌေးလွင်က ပြောပါတယ်။

“အခု ကျနော်တို့ ကယားပြည်နယ်က နေပြီးတော့ ရန်ကုန်မြို့မှာရှိတဲ့ ကိုဗစ်ကုသတဲ့ ဆေးရုံတွေဖြစ်တဲ့ ဖောင်ကြီးတို့ ဒဂုံဆိပ်ကမ်းတို့ကို လွှတ်ထားတဲ့ သူနာပြုတွေ ဒီည အယောက် ၂၀ ပြန်ရောက်ပါမယ်။ ဒီလူတွေမှာလည်း ရောဂါတွေက ပါလာမယ်၊ မပါလာနိုင်ဘူးဆိုတာက.. အဲ့ဒီကားသမားတွေမှာရောပေါ့၊ ပြောလို့မရပါဘူး။ ဒီညပြန်ရောက်မယ်၊ သူတို့အယောက် ၂၀ ကို သူတို့ကို သီးခြားခွဲထားပြီးတော့ Swab ယူ ပိုးစစ်မှာဖြစ်ပါတယ်။ ၂ ကြိမ်လောက် စစ်ရမှာဖြစ်ပါတယ်။”

အခု ကယားပြည်နယ်က အတည်ပြုလူနာဟာ ရန်ကုန်မြို့ကနေ အောက်တိုဘာ ၆ ရက်နေ့က ပြန်ရောက်တာဖြစ်ပြီး ရောက်ရောက်ချင်းမှာပဲ အသွားအလာကန့်သတ်ထားခဲ့ပြီး အောက်တိုဘာ ၁၄ ရက်နေ့မှာ စစ်ဆေးခဲ့တာဖြစ်ပါတယ်။

ခုလက်ရှိ ကယားပြည်နယ်မှာ အသွားအလာ ကန့်သတ်စောင့်ကြည့်ထားသူ အရေအတွက်က ၃၀၀ ကျော်ရှိပါတယ်။ မြန်မာတစ်နိုင်ငံလုံးမှာ ကိုဗစ်အတည်ပြုလူနာအရေအတွက်က ကျန်းမာရေးဝန်ကြီးဌာနရဲ့ နောက်ဆုံးထုတ်ပြန်ချက်တွေအရ ၃၂,၀၀၀ ကျော်ရှိနေပြီး သေဆုံးသူ ၇၆၀ ကျော်နဲ့ ပြန်လည်သက်သာလို့ ဆေးရုံဆင်းခွင့်ရသူကို ၁၄,၀၀၀ ကျော် ရှိပါတယ်။

XS
SM
MD
LG