သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ COVID-19 ကူးစက္သူ ၁,၁၃၈ ဦး၊ ေသဆံုးသူ ၃၄ ဦး ထပ္တိုး


ရန္ကုန္ၿမိဳ႕ရွိ Quarantine စင္တာတခုမွာ Covid 19 ေရာဂါ ရွိ၊ မရွိ swab နမူနာယူ စစ္ေဆးေပးေနတဲ့ က်န္မာေရး၀န္ထမ္းတဦး။ (ေအာက္တိုဘာ ၁၆၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏုိင္ငံမွာ လြန္ခဲ့တဲ့ ၂၄ နာရီအတြင္း COVID-19 ေရာဂါကူးစက္သူ ၁,၁၃၈ ဦး ထပ္တိုးသလို ေသဆံုးသူက ၃၄ ဦး ထပ္တိုးတဲ့အေၾကာင္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔ည ၈ နာရီထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ေအာက္တိုဘာလ ၁၆ ရက္၊ ေသာၾကာေန႔ည ၈ နာရီအထိ စစ္ေဆးၿပီးစီးခဲ့တဲ့ ဓာတ္ခြဲနမူနာေပါင္း ၁၃,၅၁၀ ခုထဲမွာ ေနာက္ထပ္ ပိုးကူးလူနာေတြ ထပ္ေတြ႔တာပါ။

ဒါေၾကာင့္ အခုခ်ိန္ထိ စစ္ေဆးၿပီးစီးခဲ့တဲ့ ဓာတ္ခြဲနမူနာေပါင္း ၄၇၈,၀၆၇ ခုထဲမွာ COVID-19 ဓာတ္ခြဲ အတည္ျပဳလူနာ စုစုေပါင္း ၃၃,၄၈၈ ဦး ရွိၿပီျဖစ္ပါတယ္။ ေသဆံုးသူေပါင္းကေတာ့ ၇၉၉ ဦးရွိသြားပါၿပီ။

ဒီကေန႔ည ထုတ္ျပန္ခ်က္မွာ ေဆး႐ံုဆင္းခြင့္ရရွိသူ ၇၇၁ ဦး ထပ္တိုးတဲ့အတြက္ ကိုဗစ္ေရာဂါ ကူးစက္လို႔ ေဆး႐ံုတက္ရသူေတြထဲက လူေပါင္း ၁၅,၄၇၇ ဦး ေဆး႐ံုေတြကေန ဆင္းသြားၿပီျဖစ္ပါတယ္။

ႏိုင္ငံတြင္းမွာ ကိုဗစ္ေရာဂါ စၿပီး ပ်ံ႕ႏွံ႔ကူးစက္ခဲ့ခ်ိန္ကတည္းက မၾကာခင္ရက္ပိုင္းအထိ ေရာဂါပိုး ကူးစက္သူမရွိခဲ့တဲ့ ကယားျပည္နယ္မွာေတာ့ ကိုဗစ္ကူးစက္ထားသူတစ္ဦး ရွိလာၿပီျဖစ္ပါတယ္။

ရန္ကုန္ကေန လိြဳင္ေကာ္ၿမိဳ႕ကိုျပန္လာတဲ့ သူနာျပဳဆရာမတစ္ဦး ကိုဗစ္ကူးစက္ခံထားရတယ္ဆိုတာ စစ္ေဆးေတြ႔ရွိခဲ့တာပါ။

ရခုိင္ျပည္နယ္၊ ေက်ာက္ေတာ္ၿမိဳ႕နယ္ထဲက စစ္ေရွာင္စခန္းတခ်ဳိ႕မွာလည္း ကိုဗစ္ေရာဂါကူးစက္သူ ေတြရွိလာတဲ့အတြက္ စစ္ေျပးဒုကၡသည္ေတြအၾကား ေရာဂါပိုး ပ်ံ႕ႏွံ႔ကူးစက္မႈ ပိုဆိုးမလာေအာင္ တားဆီးကာကြယ္ဖို႔ ႀကိဳးစားေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာ COVID-19 ကူးစက်သူ ၁,၁၃၈ ဦး၊ သေဆုံးသူ ၃၄ ဦး ထပ်တိုး

မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ ၁,၁၃၈ ဦး ထပ်တိုးသလို သေဆုံးသူက ၃၄ ဦး ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အောက်တိုဘာလ ၁၆ ရက်၊ သောကြာနေ့ည ၈ နာရီအထိ စစ်ဆေးပြီးစီးခဲ့တဲ့ ဓာတ်ခွဲနမူနာပေါင်း ၁၃,၅၁၀ ခုထဲမှာ နောက်ထပ် ပိုးကူးလူနာတွေ ထပ်တွေ့တာပါ။

ဒါကြောင့် အခုချိန်ထိ စစ်ဆေးပြီးစီးခဲ့တဲ့ ဓာတ်ခွဲနမူနာပေါင်း ၄၇၈,၀၆၇ ခုထဲမှာ COVID-19 ဓာတ်ခွဲ အတည်ပြုလူနာ စုစုပေါင်း ၃၃,၄၈၈ ဦး ရှိပြီဖြစ်ပါတယ်။ သေဆုံးသူပေါင်းကတော့ ၇၉၉ ဦးရှိသွားပါပြီ။

ဒီကနေ့ည ထုတ်ပြန်ချက်မှာ ဆေးရုံဆင်းခွင့်ရရှိသူ ၇၇၁ ဦး ထပ်တိုးတဲ့အတွက် ကိုဗစ်ရောဂါ ကူးစက်လို့ ဆေးရုံတက်ရသူတွေထဲက လူပေါင်း ၁၅,၄၇၇ ဦး ဆေးရုံတွေကနေ ဆင်းသွားပြီဖြစ်ပါတယ်။

နိုင်ငံတွင်းမှာ ကိုဗစ်ရောဂါ စပြီး ပျံ့နှံ့ကူးစက်ခဲ့ချိန်ကတည်းက မကြာခင်ရက်ပိုင်းအထိ ရောဂါပိုး ကူးစက်သူမရှိခဲ့တဲ့ ကယားပြည်နယ်မှာတော့ ကိုဗစ်ကူးစက်ထားသူတစ်ဦး ရှိလာပြီဖြစ်ပါတယ်။

ရန်ကုန်ကနေ လွိုင်ကော်မြို့ကိုပြန်လာတဲ့ သူနာပြုဆရာမတစ်ဦး ကိုဗစ်ကူးစက်ခံထားရတယ်ဆိုတာ စစ်ဆေးတွေ့ရှိခဲ့တာပါ။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ထဲက စစ်ရှောင်စခန်းတချို့မှာလည်း ကိုဗစ်ရောဂါကူးစက်သူ တွေရှိလာတဲ့အတွက် စစ်ပြေးဒုက္ခသည်တွေအကြား ရောဂါပိုး ပျံ့နှံ့ကူးစက်မှု ပိုဆိုးမလာအောင် တားဆီးကာကွယ်ဖို့ ကြိုးစားနေကြပါတယ်။

XS
SM
MD
LG