သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္စစ္ေရွာင္စခန္းတခ်ဳိ႕မွာ ကိုဗစ္ ပထမဆံုးကူးစက္


ရခိုင္ျပည္နယ္ရွိ ရခိုင္စစ္ေဘးေရွာင္ ဒုကၡသည္မ်ားေနထိုင္ရာ စစ္ေရွာင္စခန္းတခု ျမင္ကြင္း။ (ဓာတ္ပံု - Rakhine Ethnics Congress - ဇန္န၀ါရီ ၁၂၊ ၂၀၁၉)

[Zawgyi/Unicode]

ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ႕ စစ္ေရွာင္စခန္းေတြထဲက ဒုကၡသည္တခ်ိဳ႕မွာ ကိုဗစ္ ၁၉ ေရာဂါပိုး ကူးစက္သူေတြ စၿပီးေတြ႔လာတဲ့အတြက္ သိန္းခ်ီတဲ့ ဒုကၡသည္ေတြၾကား ကိုဗစ္ေရာဂါ ပ်ံ႕ႏွံ႔ကူးစက္လာမယ့္အေရး ပိုၿပီး စိုးရိမ္လာေနတဲ့အေၾကာင္း ေျပာျပေပးခ်င္ပါတယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မဆုမြန္က တင္ျပေပးထားပါတယ္။

ရခိုင္လက္နက္ကိုင္တပ္ AA နဲ႔ အစိုးရစစ္တပ္တို႔ၾကား ျပင္းထန္တဲ့တုိက္ပြဲေတြေၾကာင့္ ရခုိင္ျပည္သူ ၂၀၀,၀၀၀ ေက်ာ္ စစ္ေဘးကေန လြတ္ေအာင္ တိမ္းေရွာင္ေနၾကရခ်ိန္ လူအစုလိုက္အျပံဳလိုက္ ခိုလံႈေနထိုင္ေနရတဲ့ စစ္ေရွာင္စခန္းေတြထဲ ကူးစက္ျမန္ေရာဂါ ကိုဗစ္ ၁၉ ျဖစ္မွာကို စိုးရိမ္ေနၾကတဲ့အခ်ိန္မွာပဲ အခုဆိုရင္ ေက်ာက္ေတာ္ၿမိဳ႕နယ္ စစ္ေဘးေရွာင္စခန္း အပါအဝင္ စခန္းတခ်ိဳ႕မွာ ကိုဗစ္ ၁၉ ပိုး ကူးစက္သူေတြ ပထမဆံုး စတင္ေတြ႔ရွိတာျဖစ္ပါတယ္။

ရခုိင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ႕နယ္ သာသနာ့ဗိမာန္ စစ္ေဘးေရွာင္စခန္းမွာ ကိုဗစ္ ၁၉ ေရာဂါပိုးပထမဆံုး စစ္ေဆးေတြ႔ရွိတဲ့ အသက္ ၈၅ ႏွစ္အ႐ြယ္ အမ်ိဳးသမီးၾကီးတဦး က်န္းမာေရး အေျခအေနက အေတာ္ေလးကို စိုးရိမ္စရာ ျဖစ္လာလို႔ စစ္ေတြၿမိဳ႕ ေဆးရံုၾကီးဆီကို ေက်ာက္ေတာ္ေဆးရံုဘက္ကေန မေန႔က လႊဲေျပာင္းေပးပို႔လာတဲ့အတြက္ အေရးေပၚေစာင့္ၾကပ္ ၾကည့္ရႈ႕ေပးေနတယ္လို႔ စစ္ေတြေဆးရံုအုပ္ၾကီး ေဒါက္တာေဇာ္လြင္က ဗီြအုိေအကို ေျပာပါတယ္။

"မေန႔က ေက်ာက္ေတာ္ ၿမိဳ႕နယ္ေဆးရံုက လႊဲတာေပါ့ေနာ္။ အသက္ ၈၅ႏွစ္ စစ္ေဘးေရွာင္စခန္းက အမ်ိဳးသမီးၾကီး တဦးေပါ့။ သူရဲ႕ က်န္းမာေရးအေျခအေနက အခုေလးတင္ပဲ က်ေနာ္ကိုယ္တုိင္ သမားေတာ္ကိုေမးပါတယ္။ သူ႔အတြက္ ေဆးကုေပးေနတဲ့ သမားေတာ္ေပါ့ေနာ္။ မေန႔တုန္းက သူေရာက္လာတဲ့အခ်ိန္တုန္းက ေအာက္ဆီဂ်င္က ၈၇ ေလာက္ ရွိတာေပါ့ေနာ္။ မေန႔က ေရာက္ကတည္းက အဓိက ကုတာကေတာ့ ေအာက္ဆီဂ်င္ Therapy ေပးရတာေပါ့ေနာ္။ ေအာက္ဆီဂ်င္ေပးကုေနတယ္။ အခုလက္ရွိအေနအထားအရေတာ့- ေအာက္ဆီဂ်င္ ရာခိုင္ႏႈန္းတက္လာၿပီ အခုက ၉၅ ရာခုိင္နႈန္းရွိလာတယ္။ အျခားလိုအပ္တဲ့ေဆးဝါးေတြလည္း ကုသေပးေနတဲ့အတြက္ လက္ရွိအေနအထားမွာေတာ့ အဘြားရဲ႕ အေနအထားကေတာ့ အေျခအေနေကာင္းေနတယ္ေပါ့ေနာ္။"

ေက်ာက္ေတာ္ၿမိဳ႕က စစ္ေဘးေရွာင္စခန္းထဲမွာ ကိုဗစ္ ၁၉ ေရာဂါ ပထမဆံုးကူးစက္တယ္ဆိုတာ ေက်ာက္ေတာ္ၿမိဳ႕နယ္ ေဆးရံုအုပ္ၾကီးဆီက သတင္းစကားၾကားရၿပီး စစ္ေျပးဒုကၡသည္ေတြၾကား ေရာဂါကူးစက္ပ်ံ႕ႏွံ႔မႈ ကာကြယ္ႏုိင္ေရး လိုအပ္တာေတြ စီစဥ္ေဆာင္ရြက္ေနပါတယ္လို႔ ေက်ာက္ေတာ္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးထြန္းဝင္းက အတည္ျပဳပါတယ္။

"ဒီေန႔မနက္က က်ေနာ္တို႔ ၿမိဳ႕နယ္ကို လွမ္းဆက္သြယ္ၾကည့္ေတာ့ ၿမိဳ႕နယ္ ေဆးရံုအုပ္ၾကီးကလည္း အတည္ျပဳပါတယ္။ "ဟုတ္တယ္။ ေက်ာက္ေတာ္မွာ စခန္းမွာ ေတြ႔တယ္ေပါ့ေနာ္။" မနက္က ဖုန္းဆက္ၾကည့္တဲ့အခါမွာ စခန္း ၁ ခုေတာင္ မဟုတ္ဘူး။ ဆရာဝန္ၾကီးေျပာျပတာက ၃ ေယာက္ေပါ့ေလ။ ၃ ေယာက္ေတြ႔တယ္။ IDP စခန္း ၃ ခုက ေတြ႔တယ္ေပါ့။ က်ေနာ္တို႔ ေက်ာက္ေတာ္ၿမိဳ႕ထဲမွာ IDP စခန္းက ၁၃ ခု ရွိပါတယ္။ အဲ့ဒီ ၁၃ ခုထဲက ၃ ခုေပါ့။ ၁ ခုကေတာ့ ေက်ာက္ေတာ္ၿမိဳ႕နယ္ သာသနာ့ဗိမၼာန္ဆိုတဲ့ေက်ာင္း ၿမိဳ႕မေစ်းနဲ႔ကပ္ရပ္ေပါ့ အဲ့ဒီ့အေဆာက္အဦးေအာက္ထဲမွာ စုျပံဳၿပီးေနၾကတဲ့ IDP ေတြထဲက တေယာက္ေပါ့။ ေနာက္တခုက ဒီကဝိရတနာဆိုတဲ့ ဘုန္းေတာ္ၾကီးေက်ာင္းဝင္းထဲမွာ က်ေနာ္တို႔ ေဆာက္ထားတဲ့ IDP စခန္းထဲက တေယာက္ေတြ႔တယ္။ ေနာက္တခုက COC ဘာသာေရးအေဆာက္အဦးမွာေနတဲ့ တေယာက္ေပါ့။ ဆိုေတာ့ ၃ ေယာက္ေတြ႔တယ္လို႔ မနက္က က်ေနာ္တို႔ဖုန္းဆက္ေမးၾကည့္တဲ့အခါ ေက်ာက္ေတာ္က ေဆးရံုက ဆရာဝန္ၾကီးက လွမ္းေျပာတာပါခင္ဗ်ာ။"

လူအစုလိုက္အျပံဳလိုက္ စုေပါင္းေနထိုင္ေနရတဲ့ ယာယီ စစ္ေရွာင္စခန္းေတြထဲမွာ ကူးစက္ျမန္ေရာဂါျပန္႔ပြားမႈ ကာကြယ္ႏိုင္ေရး အသြားအလာ ကန္႔သတ္မႈေတြ တင္းက်ပ္ၿပီး သီးျခားခြဲ Quarantine ထားႏုိင္ဖို႔ အေရးတၾကီး ျပင္ဆင္ေနၾကတဲ့ အေၾကာင္းလည္း လႊတ္ေတာ္ကိုယ္စားလွယ္ကေျပာျပပါတယ္။

"ကူးၿပီဆိုေတာ့ ေသခ်ာတယ္။ တျခားလူေတြမွာလည္း အခုေလာက္ဆို ရွိေလာက္ၿပီေပါ့ေနာ္။ ဒီကိစၥနဲ႔ ပတ္သက္ၿပီး အစည္းအေဝး လုပ္ၾကပါတယ္။ ေက်ာက္ေတာ္မွာရွိတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္တခ်ိဳ႕ရယ္၊ ေထြအုပ္ေတြရယ္၊ ၿမိဳ႕ေပၚက တျခား CSO ေတြလည္း ပါပါတယ္။ အဝင္အထြက္ကိစၥကိုေတာ့ အကန္႔အသတ္ေတြနဲ႔ လုပ္မယ္လို႔ၾကားတယ္။ အခုဟာက IDP စခန္းထဲအထိ ေရာက္သြားၿပီဆိုေတာ့ ေတာ္ေတာ္မ်ားမ်ား ရွိေနေလာက္ပါတယ္။ ဆိုေတာ့ အခုေတြ႔တဲ့စခန္းေတြကို ေသေသခ်ာခ်ာ စိစစ္ၿပီးေတာ့ ဘယ္ေလာက္အထိရွိေနၿပီလဲ။ ဘယ္ေလာက္ရွိနိုင္လဲ။ ပိုးေတြ႔တဲ့လူနာေတြေရာ၊ ေနာက္ swab ယူထားဆဲလူနာေတြကို သီးသီးသန္႔သန္႔ Quarantine ထားႏုိင္ေအာင္ စီစဥ္သင့္တာေပါ့။ Quarantine ထားၿပီးေတာ့ က်ေနာ္တို႔ သူတို႔စားေရးေသာက္ေရးကအစ ဝိုင္းကူညီေပးၾကတယ္။"

ရခုိင္ျပည္နယ္တြင္း ကိုဗစ္ကူးစက္မႈ အမ်ားဆံုးျဖစ္ခဲ့တဲ့ စစ္ေတြၿမိဳ႕မွာလည္း အေရးေပၚအေျခအေနနဲ႔ ဆက္ၿပီးေစာင့္ၾကည့္ ကုသေနဆဲျဖစ္ၿပီး က်န္ၿမိဳ႕နယ္ေတြကေန အေရးေပၚေဆးရုံ လႊဲေျပာင္းကုသေပးလာတဲ့ အေရးၾကီး ကိုဗစ္လူနာေတြကို သမားေတာ္ေတြနဲ႔ ေဆးပညာရွင္အဖြဲ႔ေတြက ဝိုင္းဝန္းေစာင့္ေရွာက္ကုသေပးေနၾကတယ္လို႔လည္း စစ္ေတြေဆးရံုအုပ္ၾကီး ေဒါက္တာေဇာ္လြင္ကေျပာပါတယ္။

"ဒီေန႔ဆိုက်ေနာ့္ဆီမွာက လက္ရွိ Second Wave မွာ ၁၆ ရက္ေန႔ ၈ လကတည္းက စၿပီး ကုသေနတာ ဒီေန႔ဆို ၂ လ ျပည့္တာေပါ့။ အခုဆိုရင္ ၂ လအတြင္း ေဆးရံုကဆင္းၿပီးသူေပါင္း ၁,၀၅၆ ေယာက္ရွိသြားပါၿပီ။ ဒီေန႔ဆို လက္က်န္က ၈၁ ေယာက္ပဲ က်န္ပါေတာ့တယ္။ အဲ့ထဲမွာ စစ္ေတြက လူေတြလည္းရွိတယ္။ ခုနကလို စစ္ေတြဘက္ကို လႊဲေျပာင္းေပးတဲ့လူနာေတြပါ အပါေပါ့။ အဓိကေတာ့ က်ေနာ္ကေတာ့ စစ္ေတြေဆးရံုအုပ္ၾကီးဆိုေတာ့ ကိုယ့္ဆီကို လႊဲလို႔ေရာက္လာတဲ့ လူနာတိုင္းကို ဂရုတစိုက္နဲ႔ ကုသေပးတယ္။ ဟိုဘက္က လႊဲေျပာင္းေပးလိုက္တာေတြနဲ႔ ဆက္စပ္တာေတြအတြက္ဆို ဥပမာ ေက်ာက္ေတာ္ဆို ၿမိဳ႕နယ္ဆရာဝန္ၾကီးေတြ ရွိတယ္။ ၿမိဳ႕နယ္ဆရာဝန္ၾကီးကေတာ့ ထံုးစံအတုိင္း ပိုးေတြ႔လူနာနဲ႔ဆက္စပ္တဲ့ Contact ေတြကို ဆက္ၿပီး စစ္ေဆးမယ္ ပိုးေတြ႔ခဲ့ရင္ သူ႔ဆီမွာ ကုမယ္။ ေရာဂါျပင္းထန္မယ္ အသက္ၾကီးမယ္ဆိုရင္ တကယ္လို႔ သူ႔ဆီမွာ မႏိုင္ေတာ့ရင္ေတာ့ ဒီဘက္ကုိ လႊဲေျပာင္းေပးၿပီး ေရာက္လာတာေပါ့ေနာ္။ အဲ့ေတာ့ အခုပိုးေတြ႔လူနာနဲ႔ ပတ္သက္ၿပီး ဆက္စပ္မႈေတြကို ၿမိဳ႕နယ္ဆရာဝန္ၾကီးက ဆက္လက္ေဆာင္ရြက္ပါလိမ့္မယ္။"

ေအာက္တိုဘာလ ၁၆ ရက္ေန႔ ညေန ၅ နာရီခြဲအခ်ိန္ထိ သတင္းထုတ္ျပန္ခ်က္အရ ရခုိင္ျပည္နယ္အပါအဝင္ ျမန္မာတႏိုင္ငံလံုး အတိုင္းအတာနဲ႔ ကိုဗစ္ ၁၉ ကူးစက္မႈေပါင္းက ၃၂,၃၅၀ ေက်ာ္ရွိသြားၿပီျဖစ္ၿပီး ကိုဗစ္ေၾကာင့္ ေသဆံုးမႈက ၇၆၅ ဦးအထိ ရွိေနၿပီျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရခိုင်စစ်ရှောင်စခန်းတချို့မှာ ကိုဗစ် ပထမဆုံးကူးစက်

ရခိုင်ပြည်နယ် ကျောက်တော်မြို့ စစ်ရှောင်စခန်းတွေထဲက ဒုက္ခသည်တချို့မှာ ကိုဗစ် ၁၉ ရောဂါပိုး ကူးစက်သူတွေ စပြီးတွေ့လာတဲ့အတွက် သိန်းချီတဲ့ ဒုက္ခသည်တွေကြား ကိုဗစ်ရောဂါ ပျံ့နှံ့ကူးစက်လာမယ့်အရေး ပိုပြီး စိုးရိမ်လာနေတဲ့အကြောင်း ပြောပြပေးချင်ပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မဆုမွန်က တင်ပြပေးထားပါတယ်။

ရခိုင်လက်နက်ကိုင်တပ် AA နဲ့ အစိုးရစစ်တပ်တို့ကြား ပြင်းထန်တဲ့တိုက်ပွဲတွေကြောင့် ရခိုင်ပြည်သူ ၂၀၀,၀၀၀ ကျော် စစ်ဘေးကနေ လွတ်အောင် တိမ်းရှောင်နေကြရချိန် လူအစုလိုက်အပြုံလိုက် ခိုလှုံနေထိုင်နေရတဲ့ စစ်ရှောင်စခန်းတွေထဲ ကူးစက်မြန်ရောဂါ ကိုဗစ် ၁၉ ဖြစ်မှာကို စိုးရိမ်နေကြတဲ့အချိန်မှာပဲ အခုဆိုရင် ကျောက်တော်မြို့နယ် စစ်ဘေးရှောင်စခန်း အပါအဝင် စခန်းတချို့မှာ ကိုဗစ် ၁၉ ပိုး ကူးစက်သူတွေ ပထမဆုံး စတင်တွေ့ရှိတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် သာသနာ့ဗိမာန် စစ်ဘေးရှောင်စခန်းမှာ ကိုဗစ် ၁၉ ရောဂါပိုးပထမဆုံး စစ်ဆေးတွေ့ရှိတဲ့ အသက် ၈၅ နှစ်အရွယ် အမျိုးသမီးကြီးတဦး ကျန်းမာရေး အခြေအနေက အတော်လေးကို စိုးရိမ်စရာ ဖြစ်လာလို့ စစ်တွေမြို့ ဆေးရုံကြီးဆီကို ကျောက်တော်ဆေးရုံဘက်ကနေ မနေ့က လွှဲပြောင်းပေးပို့လာတဲ့အတွက် အရေးပေါ်စောင့်ကြပ် ကြည့်ရှု့ပေးနေတယ်လို့ စစ်တွေဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်က ဗွီအိုအေကို ပြောပါတယ်။

"မနေ့က ကျောက်တော် မြို့နယ်ဆေးရုံက လွှဲတာပေါ့နော်။ အသက် ၈၅နှစ် စစ်ဘေးရှောင်စခန်းက အမျိုးသမီးကြီး တဦးပေါ့။ သူရဲ့ ကျန်းမာရေးအခြေအနေက အခုလေးတင်ပဲ ကျနော်ကိုယ်တိုင် သမားတော်ကိုမေးပါတယ်။ သူ့အတွက် ဆေးကုပေးနေတဲ့ သမားတော်ပေါ့နော်။ မနေ့တုန်းက သူရောက်လာတဲ့အချိန်တုန်းက အောက်ဆီဂျင်က ၈၇ လောက် ရှိတာပေါ့နော်။ မနေ့က ရောက်ကတည်းက အဓိက ကုတာကတော့ အောက်ဆီဂျင် Therapy ပေးရတာပေါ့နော်။ အောက်ဆီဂျင်ပေးကုနေတယ်။ အခုလက်ရှိအနေအထားအရတော့- အောက်ဆီဂျင် ရာခိုင်နှုန်းတက်လာပြီ အခုက ၉၅ ရာခိုင်နှုန်းရှိလာတယ်။ အခြားလိုအပ်တဲ့ဆေးဝါးတွေလည်း ကုသပေးနေတဲ့အတွက် လက်ရှိအနေအထားမှာတော့ အဘွားရဲ့ အနေအထားကတော့ အခြေအနေကောင်းနေတယ်ပေါ့နော်။"

ကျောက်တော်မြို့က စစ်ဘေးရှောင်စခန်းထဲမှာ ကိုဗစ် ၁၉ ရောဂါ ပထမဆုံးကူးစက်တယ်ဆိုတာ ကျောက်တော်မြို့နယ် ဆေးရုံအုပ်ကြီးဆီက သတင်းစကားကြားရပြီး စစ်ပြေးဒုက္ခသည်တွေကြား ရောဂါကူးစက်ပျံ့နှံ့မှု ကာကွယ်နိုင်ရေး လိုအပ်တာတွေ စီစဉ်ဆောင်ရွက်နေပါတယ်လို့ ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းဝင်းက အတည်ပြုပါတယ်။

"ဒီနေ့မနက်က ကျနော်တို့ မြို့နယ်ကို လှမ်းဆက်သွယ်ကြည့်တော့ မြို့နယ် ဆေးရုံအုပ်ကြီးကလည်း အတည်ပြုပါတယ်။ "ဟုတ်တယ်။ ကျောက်တော်မှာ စခန်းမှာ တွေ့တယ်ပေါ့နော်။" မနက်က ဖုန်းဆက်ကြည့်တဲ့အခါမှာ စခန်း ၁ ခုတောင် မဟုတ်ဘူး။ ဆရာဝန်ကြီးပြောပြတာက ၃ ယောက်ပေါ့လေ။ ၃ ယောက်တွေ့တယ်။ IDP စခန်း ၃ ခုက တွေ့တယ်ပေါ့။ ကျနော်တို့ ကျောက်တော်မြို့ထဲမှာ IDP စခန်းက ၁၃ ခု ရှိပါတယ်။ အဲ့ဒီ ၁၃ ခုထဲက ၃ ခုပေါ့။ ၁ ခုကတော့ ကျောက်တော်မြို့နယ် သာသနာ့ဗိမ္မာန်ဆိုတဲ့ကျောင်း မြို့မဈေးနဲ့ကပ်ရပ်ပေါ့ အဲ့ဒီ့အဆောက်အဦးအောက်ထဲမှာ စုပြုံပြီးနေကြတဲ့ IDP တွေထဲက တယောက်ပေါ့။ နောက်တခုက ဒီကဝိရတနာဆိုတဲ့ ဘုန်းတော်ကြီးကျောင်းဝင်းထဲမှာ ကျနော်တို့ ဆောက်ထားတဲ့ IDP စခန်းထဲက တယောက်တွေ့တယ်။ နောက်တခုက COC ဘာသာရေးအဆောက်အဦးမှာနေတဲ့ တယောက်ပေါ့။ ဆိုတော့ ၃ ယောက်တွေ့တယ်လို့ မနက်က ကျနော်တို့ဖုန်းဆက်မေးကြည့်တဲ့အခါ ကျောက်တော်က ဆေးရုံက ဆရာဝန်ကြီးက လှမ်းပြောတာပါခင်ဗျာ။"

လူအစုလိုက်အပြုံလိုက် စုပေါင်းနေထိုင်နေရတဲ့ ယာယီ စစ်ရှောင်စခန်းတွေထဲမှာ ကူးစက်မြန်ရောဂါပြန့်ပွားမှု ကာကွယ်နိုင်ရေး အသွားအလာ ကန့်သတ်မှုတွေ တင်းကျပ်ပြီး သီးခြားခွဲ Quarantine ထားနိုင်ဖို့ အရေးတကြီး ပြင်ဆင်နေကြတဲ့ အကြောင်းလည်း လွှတ်တော်ကိုယ်စားလှယ်ကပြောပြပါတယ်။

"ကူးပြီဆိုတော့ သေချာတယ်။ တခြားလူတွေမှာလည်း အခုလောက်ဆို ရှိလောက်ပြီပေါ့နော်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အစည်းအဝေး လုပ်ကြပါတယ်။ ကျောက်တော်မှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တချို့ရယ်၊ ထွေအုပ်တွေရယ်၊ မြို့ပေါ်က တခြား CSO တွေလည်း ပါပါတယ်။ အဝင်အထွက်ကိစ္စကိုတော့ အကန့်အသတ်တွေနဲ့ လုပ်မယ်လို့ကြားတယ်။ အခုဟာက IDP စခန်းထဲအထိ ရောက်သွားပြီဆိုတော့ တော်တော်များများ ရှိနေလောက်ပါတယ်။ ဆိုတော့ အခုတွေ့တဲ့စခန်းတွေကို သေသေချာချာ စိစစ်ပြီးတော့ ဘယ်လောက်အထိရှိနေပြီလဲ။ ဘယ်လောက်ရှိနိုင်လဲ။ ပိုးတွေ့တဲ့လူနာတွေရော၊ နောက် swab ယူထားဆဲလူနာတွေကို သီးသီးသန့်သန့် Quarantine ထားနိုင်အောင် စီစဉ်သင့်တာပေါ့။ Quarantine ထားပြီးတော့ ကျနော်တို့ သူတို့စားရေးသောက်ရေးကအစ ဝိုင်းကူညီပေးကြတယ်။"

ရခိုင်ပြည်နယ်တွင်း ကိုဗစ်ကူးစက်မှု အများဆုံးဖြစ်ခဲ့တဲ့ စစ်တွေမြို့မှာလည်း အရေးပေါ်အခြေအနေနဲ့ ဆက်ပြီးစောင့်ကြည့် ကုသနေဆဲဖြစ်ပြီး ကျန်မြို့နယ်တွေကနေ အရေးပေါ်ဆေးရုံ လွှဲပြောင်းကုသပေးလာတဲ့ အရေးကြီး ကိုဗစ်လူနာတွေကို သမားတော်တွေနဲ့ ဆေးပညာရှင်အဖွဲ့တွေက ဝိုင်းဝန်းစောင့်ရှောက်ကုသပေးနေကြတယ်လို့လည်း စစ်တွေဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်ကပြောပါတယ်။

"ဒီနေ့ဆိုကျနော့်ဆီမှာက လက်ရှိ Second Wave မှာ ၁၆ ရက်နေ့ ၈ လကတည်းက စပြီး ကုသနေတာ ဒီနေ့ဆို ၂ လ ပြည့်တာပေါ့။ အခုဆိုရင် ၂ လအတွင်း ဆေးရုံကဆင်းပြီးသူပေါင်း ၁,၀၅၆ ယောက်ရှိသွားပါပြီ။ ဒီနေ့ဆို လက်ကျန်က ၈၁ ယောက်ပဲ ကျန်ပါတော့တယ်။ အဲ့ထဲမှာ စစ်တွေက လူတွေလည်းရှိတယ်။ ခုနကလို စစ်တွေဘက်ကို လွှဲပြောင်းပေးတဲ့လူနာတွေပါ အပါပေါ့။ အဓိကတော့ ကျနော်ကတော့ စစ်တွေဆေးရုံအုပ်ကြီးဆိုတော့ ကိုယ့်ဆီကို လွှဲလို့ရောက်လာတဲ့ လူနာတိုင်းကို ဂရုတစိုက်နဲ့ ကုသပေးတယ်။ ဟိုဘက်က လွှဲပြောင်းပေးလိုက်တာတွေနဲ့ ဆက်စပ်တာတွေအတွက်ဆို ဥပမာ ကျောက်တော်ဆို မြို့နယ်ဆရာဝန်ကြီးတွေ ရှိတယ်။ မြို့နယ်ဆရာဝန်ကြီးကတော့ ထုံးစံအတိုင်း ပိုးတွေ့လူနာနဲ့ဆက်စပ်တဲ့ Contact တွေကို ဆက်ပြီး စစ်ဆေးမယ် ပိုးတွေ့ခဲ့ရင် သူ့ဆီမှာ ကုမယ်။ ရောဂါပြင်းထန်မယ် အသက်ကြီးမယ်ဆိုရင် တကယ်လို့ သူ့ဆီမှာ မနိုင်တော့ရင်တော့ ဒီဘက်ကို လွှဲပြောင်းပေးပြီး ရောက်လာတာပေါ့နော်။ အဲ့တော့ အခုပိုးတွေ့လူနာနဲ့ ပတ်သက်ပြီး ဆက်စပ်မှုတွေကို မြို့နယ်ဆရာဝန်ကြီးက ဆက်လက်ဆောင်ရွက်ပါလိမ့်မယ်။"

အောက်တိုဘာလ ၁၆ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်ထိ သတင်းထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်အပါအဝင် မြန်မာတနိုင်ငံလုံး အတိုင်းအတာနဲ့ ကိုဗစ် ၁၉ ကူးစက်မှုပေါင်းက ၃၂,၃၅၀ ကျော်ရှိသွားပြီဖြစ်ပြီး ကိုဗစ်ကြောင့် သေဆုံးမှုက ၇၆၅ ဦးအထိ ရှိနေပြီဖြစ်ပါတယ်။

XS
SM
MD
LG