သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

COVID-19 နဲ႔ စိတ္ဖိစီးမႈျပႆနာ


(Zawgyi/Unicode)

ကမၻာတ၀ွမ္း COVID-19 ကပ္ေဘးေၾကာင့္ အသြားအလာ ကန္႔သတ္မႈေတြနဲ႔ လူမႈ စီးပြား အက်ပ္အတည္းေတြ ၾကံဳလာေနရတာမွာ လူေတြအၾကား စိတ္ပိုင္းဆိုင္ရာ ျပႆနာေတြလည္း သိသိသာသာ ပို ဆိုးလာေနတယ္လို႔ က်န္းမာေရး ပညာရွင္ေတြက ေျပာဆိုၾကပါတယ္။ အထူးသျဖင့္ ကိုဗစ္ေၾကာင့္ျဖစ္လာတဲ့ စိတ္ဖိစီးမႈဒဏ္နဲ႔ အက်ပ္အတည္းေတြကို အမ်ိဳးသမီးေတြက ပို ခံစားၾကရတယ္လို႔ Hawaii ျပည္နယ္၊ Honolulu ျမိဳ႕ Queen's Medical Center ေဆး႐ံုက စိတ္ပညာရပ္ဆိုင္ရာ ပညာရွင္တေယာက္လည္းျဖစ္၊ လိုအပ္သူေတြကို အြန္လိုင္းေပၚကေန အခမဲ့ စိတ္က်န္းမာေရး ေဆြးေႏြးမႈေတြလည္း လုပ္ေပးေနတဲ့ မဂ်ဴးဂ်ဴးမင္းသူက ေျပာပါတယ္။ ကိုဗစ္ကာလမွာ ဘယ္လို စိတ္ဖိစီးမႈ ျပႆနာေတြ ပိုမ်ားလာေနတာပါလဲ။ ဒီ စိတ္ဖိစီးမႈျပႆနာေတြ သက္သာရာရေစဖို႔အတြက္ ဘယ္လိုနည္းလမ္းေတြနဲ႔ အထိေရာက္ဆံုး ကုသႏုိင္ပါမလဲ ဆိုတာ မဂ်ဴးဂ်ဴးမင္းသူကို ေမးျမန္းျပီး ဒီသီတင္းပတ္ အမ်ိဳးသမီးက႑မွာ မခင္ျဖဴေထြးက တင္ဆက္ထားပါတယ္။


မဂ်ဴးဂ်ဴးမင္းသူက Hawaii ျပည္နယ္ Honolulu ျမိဳ႕မွာရွိတဲ့ Queen's Medical Center ေဆး႐ံုမွာ စိတ္ပိုင္းဆိုင္ရာ ပညာရွင္တေယာက္အေနနဲ႔ အလုပ္ လုပ္ေနတာ ဆိုေတာ့ အခု ကိုဗစ္ကာလၾကီးမွာ စိတ္ပိုင္းဆိုင္ရာ ဖိစီးမႈေတြ ျပႆနာေတြက ေတာ္ေတာ္ေလးလည္း အက်ပ္အတည္းေတြ ပိုမ်ားလာတယ္လို႔ ပညာရွင္ေတြက ေျပာေနၾကတာဆိုေတာ့၊ ကိုယ္တိုင္က လက္ေတြ႔ ဒီလုပ္ငန္းခြင္ထဲမွာ ရွိေနတဲ့သူ တေယာက္အေနနဲ႔ ဆိုေတာ့ ကိုဗစ္ေၾကာင့္ျဖစ္လာတဲ့ စိတ္ဖိစီးမႈေတြ ဘာေတြ အဓိက ျဖစ္လာတာကို ေတြ႔ရပါလဲ။

“ဟုတ္ကဲ့။ စိတ္ဖိစီးမႈေတြ မ်ားလာတယ္။ အလုပ္လက္မဲ့ေတြ ျဖစ္လာတဲ့အခါက်ေတာ့ အရင္တုန္းကရွိထားတဲ့ဒဏ္ရာအေဟာင္းေတြ၊ စိတ္ဒဏ္ရာေတြ ေပၚလာတာ ျပန္ေတြ႔ရတယ္။ ေနာက္ျပီးေတာ့ ကိုယ့္ကိုယ္ကို သတ္ေသဖို႔အတြက္ ေသေၾကာင္းၾကံျပီးေတာ့ ေဆး႐ံုေရာက္လာတာေတြ ေတြ႔လာရတယ္။ ေနာက္တခါ က်မရဲ႕ လူနာတေယာက္ဆိုရင္ အသက္ကေတာ့ ၇၀ ေက်ာ္ျပီ။ ႏွလံုးေရာဂါနဲ႔ ေရာက္လာတာပါ။ ဒါေပမဲ့လုိ႔ သူ အရင္တုန္းကရွိတဲ့ စီးပြားေရးေတြက ပ်က္သြားတယ္။ စီးပြားေရးဆံုး႐ံႈးသြားတဲ့အျပင္ လူေတြနဲ႔လည္း မေတြ႔ေတာ့ဘူး။ မိသားစုကလည္း တျခား တိုင္းျပည္၊ တျခားျပည္နယ္ေတြမွာ ေနတယ္ ဆိုေတာ့ သူ အထီးက်န္ျပီးေတာ့ သူ႔ႏွလံုးေရာဂါျဖစ္ေနတာကို ဆက္မကုေတာ့ဘဲနဲ႔ လက္ေလ ွ်ာ့ျပီး သူ႔အသက္ကို အဆံုး႐ံႈးခံလိုက္တယ္ေပါ့ေနာ္။ ဒီ ကိုဗစ္ရဲ႕ ႐ိုက္ခတ္မႈက တိုက္႐ုိက္မဟုတ္ေသာ္လည္း သြယ္၀ိုက္ေသာအားျဖင့္ေသာ္လည္းေကာင္း၊ စိတ္ဖိစီးမႈ အရမ္းမ်ားျပီး ကိုယ့္ကိုယ့္ကို ေသေၾကာင္းၾကံတဲ့သူေတြလည္း ေဆး႐ံု ေရာက္လာတာ ေတြ႔ရပါတယ္ရွင့္။”

ဒီ စိတ္က် ေရာဂါတို႔၊ စိတ္ဖိစီးမႈ တို႔ဆိုတာေတြက ကိုဗစ္မတိုင္ခင္တုန္းကလည္း ရွိေနတဲ့ကိစၥေတြေပါ့ေနာ္။ ရွိေနတာကိုမွ ကိုဗစ္ကာလေနာက္ပိုင္းမွာ ဒီအေျခအေနက ပိုျပီးေတာ့ ဆိုးတဲ့ဘက္ကို ဦးတည္သြားသလား။ ဘယ္လိုကြာျခားမႈေတြ ရွိသလဲဆိုတာကိုလည္း ႏိႈင္းယွဥ္ျပီးေတာ့ ေျပာျပေပးပါလား။

“ဟုတ္ကဲ့။ CDC (ကူးစက္ေရာဂါ ကာကြယ္ ထိန္းခ်ဳပ္ေရးဌာန) ရဲ႕ မွတ္တမ္းအရေပါ့ေနာ္။ ဇြန္လ ၂၀၂၀ အစီရင္ခံစာမွာ ဘာေျပာသလဲဆိုေတာ့ အခု ကိုဗစ္ရဲ႕ ႐ိုက္ခတ္မႈေၾကာင့္ စိတ္ဖိစီးမႈေတြ အရင္ကထက္ ၃ ဆ ျမွင့္တက္လာတယ္။ ေနာက္ျပီးေတာ့ depression (စိတ္က်ေရာဂါ) ဆိုရင္ အရင္ကထက္ ၄ ဆ ျမွင့္တက္လာတယ္။ ေနာက္ျပီးေတာ့ suicidal ideation ေပါ့ေနာ္။ ကိုယ့္ကိုယ္ကို ေသေၾကာင္းၾကံဖို႔ အေတြးေတြက အရင္ကထက္ ၂ ဆ ျမွင့္တက္လာတယ္။ ေနာက္ျပီးေတာ့ PTSD - Post Traumatic Stress Disorder (စိတ္ဒဏ္ရာေၾကာင့္ျဖစ္တဲ့ ဖိစီးမႈေ၀ဒနာ) ေပါ့ေနာ္။ အဲ့ဒီဟာကက်ေတာ့ အနည္းဆံုး ၄ ေယာက္မွာ ၁ ေယာက္က အဲ့ဒီေရာဂါလကၡဏာေတြ ျပလာၾကတယ္။ အဲ့ဒီလိုမ်ိဳး အခက္အခဲေတြ ၾကံဳေတြ႔လာတဲ့အခါ က်ေတာ့ ကိုယ့္ဟာကိုယ္ self medication (ကိုယ့္ဖာသာ ကုစားဖို႔ၾကိဳးစားတာေတြ) လုပ္လာၾကတယ္ေပါ့ေနာ္။ သူတို႔ရဲ႕စစ္တမ္းအရ ေျပာျပခ်က္ကေတာ့ လူ အေတာ္မ်ားမ်ားက အရက္ေသစာ သံုးစြဲလာၾကတယ္ေပါ့။ ၁၀ ေယာက္မွာ ၁ ေယာက္ေလာက္က အခုဆိုလို႔ရွိရင္ အိမ္မွာ တေယာက္တည္းအထီးက်န္ျပီးေတာ့ အရက္ ပိုေသာက္လာတာေတြ ေတြ႔လာရတယ္လို႔ သူတို႔စစ္တမ္းထဲမွာ ေျပာျပထားပါတယ္ရွင့္။”

ဒီကပ္ေရာဂါေၾကာင့္မိုလို႔ အသြားအလာကန္႔သတ္မႈေတြနဲ႔ အဘက္ဘက္ေပါ့ေနာ္ စီးပြားေရး၊ လူမႈေရး ဆုတ္ယုတ္မႈေတြၾကားထဲမွာ ကိုဗစ္ေၾကာင့္သက္ေရာက္မႈက အမ်ိဳးသားနဲ႔ အမ်ိဳးသမီးကိုၾကည့္ရင္ အမ်ိဳးသမီးေတြမွာ စိတ္ဒဏ္ရာပိုၾကံဳရတာ ဆိုတာမ်ိဳးေရာ ေျပာလို႔ရႏုိင္လား။ ဘယ္လို ေတြ႔ရလဲ။ ကိုယ္ ကိုယ္တိုင္ ကုသေနတဲ့လူနာေတြထဲမွာေရာ အမ်ားစုက အမ်ိဳးသမီးေတြ ပိုမ်ားလာတာကို ေတြ႔ရလား။ ဒါမွမဟုတ္ အမ်ိဳးသားေတြ ပိုေတြ႔ရလား။

“ဟုတ္ကဲ့။ အထူးသျဖင့္ကေတာ့ အမ်ိဳးသမီးေတြက ပိုမ်ားတယ္လုိ႔ စစ္တမ္းေတြမွာလည္း ေကာက္ယူထားတယ္။ က်မတို႔ ေန႔စဥ္ ကုသေနတဲ့ သူေတြထဲမွာလည္း အမ်ိဳးသမီးေတြ ပိုမ်ားပါတယ္ရွင့္။ အထူးသျဖင့္ အိမ္တြင္းအၾကမ္းဖက္မႈေတြ၊ ႏွစ္ကိုယ္ၾကား အၾကမ္းဖက္မႈေတြ ပိုမ်ားလာတယ္။ Lockdown အခ်ိန္ကာလထဲမွာဆိုရင္ မိသားစုေတြက အိမ္ထဲမွာ အကုန္လံုး စုျပံဳျပီးေတာ့ ကေလးကလည္း ေက်ာင္းမသြားရ။ မိသားစုေတြကလည္း စီးပြားေရးက်ဆင္းလာ။ စိတ္ကလည္း ကေတာက္ကဆေတြျဖစ္။ စကားေတြမ်ားၾက။ အဲ့ဒီလိုေပါ့ေနာ္ လက္ပါလာၾကတာ။ ေနာက္ျပီးေတာ့ Intimate Partner Violence ဆိုတဲ့ ႏွစ္ကိုယ္ၾကား အၾကမ္းဖက္မႈေတြက အထူးသျဖင့္က လက္ပါမွမဟုတ္ဘူး။ စိတ္ပိုင္းဆိုင္ရာ၊ ႐ုပ္ပိုင္းဆုိင္ရာ၊ လိင္ပိုင္းဆိုင္ရာ၊ ေငြေၾကးခ်ဳပ္ကိုင္မႈ။ အဲ့ဒီလိုမ်ိဳးေတြ မ်ိဳးစံုရွိၾကတဲ့အခါက်ေတာ့ အထူးသျဖင့္ အမ်ိဳးသမီးေတြက ဒီဘက္ႏုိင္ငံေတြမွာဆိုရင္လည္း သူတို႔က ၀င္ေငြက ပိုနည္းၾကတယ္။ သူတို႔ရတဲ့ လစာက အမ်ိဳးသားေတြထက္ ပိုနည္းၾကတဲ့အခါက်ေတာ့ အမ်ိဳးသားေတြရဲ႕ ခ်ဳပ္ကိုင္မႈ၊ ေငြေၾကးခ်ဳပ္ကိုင္မႈေအာက္ကို ေရာက္သြားၾကတာေတြလည္း ရွိတဲ့အတြက္ေၾကာင့္မိုလို႔ အိမ္တြင္းအၾကမ္းဖက္မႈေတြ ကေတာ့ ပိုျပီးေတြ႔လာရပါတယ္ရွင့္။”

ဒီကိုဗစ္ကာလအတြင္းမွာ အိမ္တြင္းအၾကမ္းဖက္မႈေတြ သိသိသာသာ ပိုမ်ားလာတယ္ဆိုတာကို ကုလသမဂၢအပါအ၀င္ ႏိုင္ငံတကာ လူ႔အခြင့္အေရးအဖြဲ႔ေတြ၊ အမ်ိဳးသမီးအဖြဲ႔ေတြကလည္း အစီရင္ခံစာေတြ ထုတ္တာ ေတြ႔ရပါတယ္။ ဆိုေတာ့ ဒီဟာနဲ႔ဆက္စပ္ျပီးေတာ့မွ ျဖစ္လာတဲ့ စိတ္ဖိစီးမႈေ၀ဒနာေတြကိုလည္း အမ်ိဳးသမီးေတြ အေတာ္မ်ားမ်ားက ပိုျပီးေတာ့ ခံစားေနရတဲ့သေဘာလို႔လည္း ေျပာလို႔ရႏုိင္တာေပါ့ေနာ္။

“ဟုတ္ကဲ့ရွင့္။ UN Women ရဲ႕ စစ္တမ္းေကာက္ခ်က္ အရဆိုလို႔ရွိရင္ အနည္းဆံုး ၂၀ ကေန ၃၀ % အထိ အိမ္တြင္းအၾကမ္းဖက္မႈေတြ ျမင့္တက္လာတယ္။ အိမ္တြင္းအၾကမ္းဖက္မႈလို႔ ေျပာတဲ့အခါက်ရင္ အမ်ိဳးသမီးနဲ႔ အမ်ိဳးသားနဲ႔ပဲ မျမင္ေစခ်င္ဘဲနဲ႔ မိသားစုတြင္းမွာလည္း ျဖစ္တတ္ၾကတယ္။ မိဘနဲ႔ သားသမီးနဲ႔။ အထူးသျဖင့္ အမ်ိဳးသမီးေတြကေတာ့ အမ်ားဆံုး ခံရတာကို စစ္တမ္းေတြက ေတြ႔ရတယ္။ အမ်ိဳးသမီးေတြ၊ မိန္းခေလးေတြ ၄ ေယာက္မွာ ၁ ေယာက္ႏႈန္း ခံရျပီးေတာ့ အမ်ိဳးသားေတြမွာေတာ့ ၉ ေယာက္မွာ ၁ ေယာက္ႏႈန္း အိမ္တြင္း အၾကမ္းဖက္မႈနဲ႔ ရင္ဆိုင္ရတယ္လို႔ စစ္တမ္းေတြမွာ ေဖာ္ျပထားတယ္ေပါ့ေနာ္။ အထူးသျဖင့္ ကိုဗစ္ကာလထဲမွာဆိုရင္ Lockdown ျဖစ္သြားတယ္။ အိမ္မွာပဲ ေနရေတာ့မယ္။ Stat At Home အမိန္႔ေတြ ရွိတဲ့အတြက္ေၾကာင့္ လူေတြက အိမ္ထဲမွာပဲ အားလံုး စုျပဳံ ပိတ္မိျပီးေတာ့ စီးပြားေရးက်တာက တစ္ခု။ လူမႈေရးေတြ ဆုတ္ယုတ္လာတာက တစ္ခု။ ေက်ာင္းေတြပိတ္ျပီးေတာ့ အိမ္မွာပဲကေလးေတြက ေနရတာတို႔။ အိမ္မွာပဲ ကေလးေတြကို အေမေတြက ဆရာမအေနနဲ႔ စာျပရတာတို႔ အဲ့ဒီ စိတ္ဖိစီးမႈေတြက အရမ္းမ်ားလာျပီးေတာ့ စိတ္ကေတာက္ကဆျဖစ္ျပီး စကားမ်ားၾက၊ လက္ပါၾကတာေတြ ျဖစ္တတ္ပါတယ္။ ေနာက္တစ္ခုကက်ေတာ့ လူေတြ သိပ္ျပီးေတာ့ သတိမထားမိတာက Caregiver Burnout ဆိုတာကက်ေတာ့ အိမ္က လူနာကိုပဲျဖစ္ပါေစ။ အိမ္က ကေလးေတြကိုပဲ ျဖစ္ပါေစ။ ျပဳစုေစာင့္ေရွာက္ရတဲ့ ေစာင့္ေရွာက္သူေတြမွာလည္း အရမ္းနဲ႔ ပင္ပန္းႏြမ္းနယ္လာျပီးေတာ့ သူတို႔ရဲ႕ စိတ္ဖိစီးမႈေတြလည္း အရမ္းမ်ားလာတယ္။ အဲ့ဒီလိုမ်ိဳး စိတ္တအား က်ပ္လာတာေတြ ျဖစ္လာၾကတယ္။ ေဒါသူေတြ ၾကီးလာၾကတယ္။ အဲ့ဒီလိုမ်ိဳးေပါ့ အိမ္ကလူေတြကို ျပဳစုေစာင့္ေရွာက္ရတဲ့သူေတြမွာလည္း စိတ္ထြက္ေပါက္မရဘဲနဲ႔ အျမဲတမ္း ျငီးေငြ႔ျပီးေတာ့ အဲ့ဒီလို ျဖစ္လာတတ္တာေတြလည္း ေတြ႔ရပါတယ္ရွင့္။”

အဲ့ဒီေတာ့ ကိုဗစ္ေၾကာင့္မိုလို႔ စိတ္ဖိစီးမႈ ၾကံဳရတဲ့သူေတြကို ဒီႏိုင္ငံမွာေရာ ဘာေတြ အဓိက ကူညီေစာင့္ေရွာက္ေပးတာရွိသလဲ ဆုိတာလည္း ရွင္းျပေပးပါလား။

“စိတ္ဖိစီးမႈေတြ အရမ္းမ်ားလာျပီးေတာ့ စိတ္ေတြ ကေယာင္ေျခာက္ျခား ျဖစ္လာတယ္။ စိတ္ေတြ မတည္ျငိမ္ေတာ့ဘူး ဆိုရင္ေတာ့ ကုနည္းေတြကေတာ့ အမ်ိဳးမ်ိဳးရွိတယ္ေပါ့ေနာ္။ ေဆးေသာက္လို႔ရတယ္ ဆရာ၀န္နဲ႔ေတြ႔ျပီးေတာ့ စိတ္ျငိမ္ေဆးေတြ ေသာက္လို႔ရတယ္။ ဒါေပမဲ့ အဲ့ဒီဟာက်ေတာ့ သူ႔ရဲ႕ symptom လကၡဏာတခုကိုပဲ ေပ်ာက္ကင္းေစျပီးေတာ့ တကယ္တမ္း သူ႔ရဲ႕ အရင္းအျမစ္ျဖစ္တဲ့ ျပႆနာရဲ႕ အရင္းအျမစ္ျဖစ္တဲ့ စိတ္ဒဏ္ရာတုိ႔၊ စိတ္ဖိစီးမႈတုိ႔။ အဲ့ဒါေတြကေတာ့ counseling (စိတ္က်န္းမာေရး ေဆြးေႏြးမႈ) နဲ႔ကုမွသာ တကယ္လိုရာ ခရီးကို ေရာက္တယ္ေပါ့ေနာ္။ ဒီျပႆနာကို အဓိက ေျဖရွင္းႏုိင္မယ္။ ေနာက္ျပီးက်ေတာ့ Chaplain Service ေတြကေန လာျပီးေတာ့ သူတို႔ကိုးကြယ္ရာ ယံုၾကည္ရာ ဘာသာရပ္ဆိုင္ရာ ဘုန္းေတာ္ၾကီးေတြ၊ ဘုန္းၾကီးေတြကေနလာျပီး အားေပးစကားေျပာတာေတြလည္း ရွိတယ္။ အဲ့ဒီေတာ့ ေဆးပညာတခုတည္းနဲ႔မဟုတ္ဘဲနဲ႔ အလံုးစံု လူတေယာက္ရဲ႕ လိုအပ္ခ်က္ေပၚမွာ မူတည္ျပီးေတာ့လည္း က်မတို႔ေတြက ၀ိုင္းျပီးေတာ့ ကုေပးရပါတယ္ရွင့္။”

ျမန္မာႏုိင္ငံမွာဆိုရင္လည္း အခုဆိုရင္ COVID-19 ကူးစက္မႈေတြက ပိုျပီးေတာ့ ဆိုးလာတယ္။ အက်ပ္အတည္းေတြ ပိုမ်ားလာတယ္။ ဆိုေတာ့ စိတ္ဖိစီးမႈေတြလည္း ပိုျပီးေတာ့ မ်ားလာမယ့္အေနအထား အလားအလာေတြ ရွိေနတာေပါ့ေနာ္။ ျမန္မာႏိုင္ငံမွာေတာ့ စာရင္းအတိအက် ျပဳစုထားတာေတာ့ ေလာေလာဆယ္ မရွိေသးဘူးေပါ့ေလ။ ဆိုၾကပါစို႔။ တခ်ိဳ႕ေတြက စား၀တ္ေနေရး အတြက္ ႐ုန္းကန္ေနရတဲ့အခါက်ေတာ့ ကိုယ့္မွာစိတ္ဖိစီးမႈ ေ၀ဒနာ ျဖစ္လို႔ ျဖစ္ေနမွန္း မစဥ္းစားႏုိင္တာ။ မေတြးမိတာမ်ိဳးေတြလည္း ရွိႏိုင္တယ္။ ေနာက္ျပီးေတာ့ ကုသမႈပိုင္းမွာလည္း အလြယ္တကူ ကုသမႈခံယူဖို႔ ခက္ခဲတာေတြလည္း ရွိႏုိင္ပါတယ္။ ဆိုေတာ့ အဲ့ဒီလိုလူေတြအတြက္ အခု ကိုဗစ္ကာလမွာ သူတို႔ရဲ႕ ဖိစီးမႈေတြ သက္သာဖို႔ဆိုရင္ ဘယ္လို အၾကံဥာဏ္ေတြ ေပးႏိုင္ပါမလဲ။

“စိတ္က ပံုမွန္မဟုတ္ဘူး။ အရမ္းနဲ႔ စိတ္ဖိစီးမႈေတြ မ်ားေနတယ္။ အက်ပ္အတည္းေတြ အရမ္းေရာက္ေနတယ္။ ဘာလုပ္လို႔ ဘာလုပ္ကိုင္ရမလဲမသိဘူး။ ဘယ္သူမွ စကားေျပာစရာ မရွိဘူး ဆိုလို႔ရွိရင္ ျဖစ္ႏုိင္ရင္ က်မရဲ႕ page ျဖစ္တဲ့ Jue Jue Safe Space ကေန Free Consultation (အခမဲ့ ေဆြးေႏြးအၾကံေပးတာ) ေတြ ရွိပါတယ္။ လာေရာက္ျပီးေတာ့ ဆက္သြယ္လို႔ရပါတယ္။ ေနာက္ျပီးေတာ့ ျမန္မာျပည္မွာဆိုလို႔ရွိရင္လည္း က်မတို႔နဲ႔တြဲဖက္ျပီးေတာ့ အတူတူလုပ္ေနၾကတဲ့ Reach Out Myanmar အဖြဲ႔ဆိုရင္လည္း Online Free Counseling (အြန္လိုင္းေပၚကေန အခမဲ့ စိတ္က်န္းမာေရးေဆြးေႏြးမႈ) ေတြ ေပးေနပါတယ္။ ျဖစ္ႏုိင္လို႔ရွိရင္ေတာ့ ျမန္မာျပည္မွာလည္း တတ္ႏုိင္တဲ့ဘက္ကေန စိတ္ပညာရွင္မ်ားက ၀ိုင္း၀န္းျပီးေတာ့ စိတ္ေ၀ဒနာေတြ၊ စိတ္ဖိစီးမႈအက်ပ္အတည္း ေတြကို ေျဖရွင္းဖို႔အတြက္ ၾကိဳးစားေနၾကပါတယ္ရွင္။ အဲ့ဒီေတာ့ တေယာက္တည္း ၾကိတ္ျပီးေတာ့ ခံစားေနစရာ မလိုဘူးေပါ့ေနာ္။ ေနာက္ျပီးေတာ့ ျဖစ္ႏုိင္ရင္ တေယာက္တည္း မေနဘဲနဲ႔ ကိုယ့္ရဲ႕ ေဘးနား ပတ္၀န္းက်င္က စိတ္ခ်ယံုၾကည္ရတဲ့ သူငယ္ခ်င္းေတြ၊ မိသားစုေတြ၊ ကိုယ္စိတ္ခ်ယံုၾကည္ရတဲ့ သူေတြနဲ႔ ရင္ဖြင့္စကားေျပာပါ။ တေယာက္တည္း မေနဘဲနဲ႔ ဗြီဒီယို ေကာ ေလးေတြ၊ ဖုန္းေကာေလးေတြကို အထူးသျဖင့္ မိသားစုနဲ႔ ေ၀းေနတယ္ဆိုရင္ ေခၚေပးပါ။ ေနာက္ျပီးေတာ့ စိတ္ေပ်ာ္ရႊင္ လန္းဆန္းေအာင္ ဟာသေလးေတြ ၾကည့္ေပးတာ၊ ႐ုပ္ရွင္ေလးေတြၾကည့္ေပးတာ။ ေနာက္ Tiktok ေတြ အခုေနာက္ပိုင္း အရမ္းကစားလာၾကတာေတြ ရွိတယ္။ ေနာက္တခု အေရးၾကီးတာကေတာ့ ကိုယ္လက္လႈပ္ရွားမႈ ရွိေအာင္ ေနပါေပါ့ေနာ္။ ကိုယ့္ရဲ႕ကိုယ္လက္ လႈပ္ရွားတဲ့အခါက်လို႔ရွိရင္ ကိုယ့္ရဲ႕ ခႏၶာကိုယ္က ၾကည္လင္ လန္းဆန္းတဲ့အခါ စိတ္ေတြက ေပ်ာ္ရႊင္လန္းဆန္းလာတဲ့ အက်ိဳးေက်းဇူးေတြ ရွိတဲ့အတြက္ေၾကာင့္မိုလို႔၊ စိတ္ညစ္တယ္ဆိုျပီး ထိုင္မေနဘဲ ကိုယ့္ဘက္က တတ္ႏုိင္တဲ့ Selfcare ေလးေတြ၊ ကိုယ့္ကိုယ္ကို ျပဳစုပ်ိဳးေထာင္ႏိုင္တဲ့ နည္းလမ္းေလးေတြလည္း လုပ္ေပးဖို႔အတြက္ တိုက္တြန္းပါရေစရွင့္။”

COVID-19 နဲ႔ စိတ္ဖိစီးမႈျပႆနာ
please wait

No media source currently available

0:00 0:10:37 0:00
တိုက္႐ိုက္ လင့္ခ္

======================================

[Unicode Version]

COVID-19 နဲ့ စိတ်ဖိစီးမှုပြဿနာ (အမျိုးသမီးကဏ္ဍ)
ကမ္ဘာတဝှမ်း COVID-19 ကပ်ဘေးကြောင့် အသွားအလာ ကန့်သတ်မှုတွေနဲ့ လူမှု စီးပွား အကျပ်အတည်းတွေ ကြုံလာနေရတာမှာ လူတွေအကြား စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေလည်း သိသိသာသာ ပို ဆိုးလာနေတယ်လို့ ကျန်းမာရေး ပညာရှင်တွေက ပြောဆိုကြပါတယ်။ အထူးသဖြင့် ကိုဗစ်ကြောင့်ဖြစ်လာတဲ့ စိတ်ဖိစီးမှုဒဏ်နဲ့ အကျပ်အတည်းတွေကို အမျိုးသမီးတွေက ပို ခံစားကြရတယ်လို့ Hawaii ပြည်နယ်၊ Honolulu မြို့ Queen's Medical Center ဆေးရုံက စိတ်ပညာရပ်ဆိုင်ရာ ပညာရှင်တယောက်လည်းဖြစ်၊ လိုအပ်သူတွေကို အွန်လိုင်းပေါ်ကနေ အခမဲ့ စိတ်ကျန်းမာရေး ဆွေးနွေးမှုတွေလည်း လုပ်ပေးနေတဲ့ မဂျူးဂျူးမင်းသူက ပြောပါတယ်။ ကိုဗစ်ကာလမှာ ဘယ်လို စိတ်ဖိစီးမှု ပြဿနာတွေ ပိုများလာနေတာပါလဲ။ ဒီ စိတ်ဖိစီးမှုပြဿနာတွေ သက်သာရာရစေဖို့အတွက် ဘယ်လိုနည်းလမ်းတွေနဲ့ အထိရောက်ဆုံး ကုသနိုင်ပါမလဲ ဆိုတာ မဂျူးဂျူးမင်းသူကို မေးမြန်းပြီး ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက တင်ဆက်ထားပါတယ်။


မဂျူးဂျူးမင်းသူက Hawaii ပြည်နယ် Honolulu မြို့မှာရှိတဲ့ Queen's Medical Center ဆေးရုံမှာ စိတ်ပိုင်းဆိုင်ရာ ပညာရှင်တယောက်အနေနဲ့ အလုပ် လုပ်နေတာ ဆိုတော့ အခု ကိုဗစ်ကာလကြီးမှာ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေ ပြဿနာတွေက တော်တော်လေးလည်း အကျပ်အတည်းတွေ ပိုများလာတယ်လို့ ပညာရှင်တွေက ပြောနေကြတာဆိုတော့၊ ကိုယ်တိုင်က လက်တွေ့ ဒီလုပ်ငန်းခွင်ထဲမှာ ရှိနေတဲ့သူ တယောက်အနေနဲ့ ဆိုတော့ ကိုဗစ်ကြောင့်ဖြစ်လာတဲ့ စိတ်ဖိစီးမှုတွေ ဘာတွေ အဓိက ဖြစ်လာတာကို တွေ့ရပါလဲ။

“ဟုတ်ကဲ့။ စိတ်ဖိစီးမှုတွေ များလာတယ်။ အလုပ်လက်မဲ့တွေ ဖြစ်လာတဲ့အခါကျတော့ အရင်တုန်းကရှိထားတဲ့ဒဏ်ရာအဟောင်းတွေ၊ စိတ်ဒဏ်ရာတွေ ပေါ်လာတာ ပြန်တွေ့ရတယ်။ နောက်ပြီးတော့ ကိုယ့်ကိုယ်ကို သတ်သေဖို့အတွက် သေကြောင်းကြံပြီးတော့ ဆေးရုံရောက်လာတာတွေ တွေ့လာရတယ်။ နောက်တခါ ကျမရဲ့ လူနာတယောက်ဆိုရင် အသက်ကတော့ ၇၀ ကျော်ပြီ။ နှလုံးရောဂါနဲ့ ရောက်လာတာပါ။ ဒါပေမဲ့လို့ သူ အရင်တုန်းကရှိတဲ့ စီးပွားရေးတွေက ပျက်သွားတယ်။ စီးပွားရေးဆုံးရှုံးသွားတဲ့အပြင် လူတွေနဲ့လည်း မတွေ့တော့ဘူး။ မိသားစုကလည်း တခြား တိုင်းပြည်၊ တခြားပြည်နယ်တွေမှာ နေတယ် ဆိုတော့ သူ အထီးကျန်ပြီးတော့ သူ့နှလုံးရောဂါဖြစ်နေတာကို ဆက်မကုတော့ဘဲနဲ့ လက်လေ ျှာ့ပြီး သူ့အသက်ကို အဆုံးရှုံးခံလိုက်တယ်ပေါ့နော်။ ဒီ ကိုဗစ်ရဲ့ ရိုက်ခတ်မှုက တိုက်ရိုက်မဟုတ်သော်လည်း သွယ်ဝိုက်သောအားဖြင့်သော်လည်းကောင်း၊ စိတ်ဖိစီးမှု အရမ်းများပြီး ကိုယ့်ကိုယ့်ကို သေကြောင်းကြံတဲ့သူတွေလည်း ဆေးရုံ ရောက်လာတာ တွေ့ရပါတယ်ရှင့်။”

ဒီ စိတ်ကျ ရောဂါတို့၊ စိတ်ဖိစီးမှု တို့ဆိုတာတွေက ကိုဗစ်မတိုင်ခင်တုန်းကလည်း ရှိနေတဲ့ကိစ္စတွေပေါ့နော်။ ရှိနေတာကိုမှ ကိုဗစ်ကာလနောက်ပိုင်းမှာ ဒီအခြေအနေက ပိုပြီးတော့ ဆိုးတဲ့ဘက်ကို ဦးတည်သွားသလား။ ဘယ်လိုကွာခြားမှုတွေ ရှိသလဲဆိုတာကိုလည်း နှိုင်းယှဉ်ပြီးတော့ ပြောပြပေးပါလား။

“ဟုတ်ကဲ့။ CDC (ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ်ရေးဌာန) ရဲ့ မှတ်တမ်းအရပေါ့နော်။ ဇွန်လ ၂၀၂၀ အစီရင်ခံစာမှာ ဘာပြောသလဲဆိုတော့ အခု ကိုဗစ်ရဲ့ ရိုက်ခတ်မှုကြောင့် စိတ်ဖိစီးမှုတွေ အရင်ကထက် ၃ ဆ မြှင့်တက်လာတယ်။ နောက်ပြီးတော့ depression (စိတ်ကျရောဂါ) ဆိုရင် အရင်ကထက် ၄ ဆ မြှင့်တက်လာတယ်။ နောက်ပြီးတော့ suicidal ideation ပေါ့နော်။ ကိုယ့်ကိုယ်ကို သေကြောင်းကြံဖို့ အတွေးတွေက အရင်ကထက် ၂ ဆ မြှင့်တက်လာတယ်။ နောက်ပြီးတော့ PTSD - Post Traumatic Stress Disorder (စိတ်ဒဏ်ရာကြောင့်ဖြစ်တဲ့ ဖိစီးမှုဝေဒနာ) ပေါ့နော်။ အဲ့ဒီဟာကကျတော့ အနည်းဆုံး ၄ ယောက်မှာ ၁ ယောက်က အဲ့ဒီရောဂါလက္ခဏာတွေ ပြလာကြတယ်။ အဲ့ဒီလိုမျိုး အခက်အခဲတွေ ကြုံတွေ့လာတဲ့အခါ ကျတော့ ကိုယ့်ဟာကိုယ် self medication (ကိုယ့်ဖာသာ ကုစားဖို့ကြိုးစားတာတွေ) လုပ်လာကြတယ်ပေါ့နော်။ သူတို့ရဲ့စစ်တမ်းအရ ပြောပြချက်ကတော့ လူ အတော်များများက အရက်သေစာ သုံးစွဲလာကြတယ်ပေါ့။ ၁၀ ယောက်မှာ ၁ ယောက်လောက်က အခုဆိုလို့ရှိရင် အိမ်မှာ တယောက်တည်းအထီးကျန်ပြီးတော့ အရက် ပိုသောက်လာတာတွေ တွေ့လာရတယ်လို့ သူတို့စစ်တမ်းထဲမှာ ပြောပြထားပါတယ်ရှင့်။”

ဒီကပ်ရောဂါကြောင့်မိုလို့ အသွားအလာကန့်သတ်မှုတွေနဲ့ အဘက်ဘက်ပေါ့နော် စီးပွားရေး၊ လူမှုရေး ဆုတ်ယုတ်မှုတွေကြားထဲမှာ ကိုဗစ်ကြောင့်သက်ရောက်မှုက အမျိုးသားနဲ့ အမျိုးသမီးကိုကြည့်ရင် အမျိုးသမီးတွေမှာ စိတ်ဒဏ်ရာပိုကြုံရတာ ဆိုတာမျိုးရော ပြောလို့ရနိုင်လား။ ဘယ်လို တွေ့ရလဲ။ ကိုယ် ကိုယ်တိုင် ကုသနေတဲ့လူနာတွေထဲမှာရော အများစုက အမျိုးသမီးတွေ ပိုများလာတာကို တွေ့ရလား။ ဒါမှမဟုတ် အမျိုးသားတွေ ပိုတွေ့ရလား။

“ဟုတ်ကဲ့။ အထူးသဖြင့်ကတော့ အမျိုးသမီးတွေက ပိုများတယ်လို့ စစ်တမ်းတွေမှာလည်း ကောက်ယူထားတယ်။ ကျမတို့ နေ့စဉ် ကုသနေတဲ့ သူတွေထဲမှာလည်း အမျိုးသမီးတွေ ပိုများပါတယ်ရှင့်။ အထူးသဖြင့် အိမ်တွင်းအကြမ်းဖက်မှုတွေ၊ နှစ်ကိုယ်ကြား အကြမ်းဖက်မှုတွေ ပိုများလာတယ်။ Lockdown အချိန်ကာလထဲမှာဆိုရင် မိသားစုတွေက အိမ်ထဲမှာ အကုန်လုံး စုပြုံပြီးတော့ ကလေးကလည်း ကျောင်းမသွားရ။ မိသားစုတွေကလည်း စီးပွားရေးကျဆင်းလာ။ စိတ်ကလည်း ကတောက်ကဆတွေဖြစ်။ စကားတွေများကြ။ အဲ့ဒီလိုပေါ့နော် လက်ပါလာကြတာ။ နောက်ပြီးတော့ Intimate Partner Violence ဆိုတဲ့ နှစ်ကိုယ်ကြား အကြမ်းဖက်မှုတွေက အထူးသဖြင့်က လက်ပါမှမဟုတ်ဘူး။ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ၊ ငွေကြေးချုပ်ကိုင်မှု။ အဲ့ဒီလိုမျိုးတွေ မျိုးစုံရှိကြတဲ့အခါကျတော့ အထူးသဖြင့် အမျိုးသမီးတွေက ဒီဘက်နိုင်ငံတွေမှာဆိုရင်လည်း သူတို့က ဝင်ငွေက ပိုနည်းကြတယ်။ သူတို့ရတဲ့ လစာက အမျိုးသားတွေထက် ပိုနည်းကြတဲ့အခါကျတော့ အမျိုးသားတွေရဲ့ ချုပ်ကိုင်မှု၊ ငွေကြေးချုပ်ကိုင်မှုအောက်ကို ရောက်သွားကြတာတွေလည်း ရှိတဲ့အတွက်ကြောင့်မိုလို့ အိမ်တွင်းအကြမ်းဖက်မှုတွေ ကတော့ ပိုပြီးတွေ့လာရပါတယ်ရှင့်။”

ဒီကိုဗစ်ကာလအတွင်းမှာ အိမ်တွင်းအကြမ်းဖက်မှုတွေ သိသိသာသာ ပိုများလာတယ်ဆိုတာကို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေ၊ အမျိုးသမီးအဖွဲ့တွေကလည်း အစီရင်ခံစာတွေ ထုတ်တာ တွေ့ရပါတယ်။ ဆိုတော့ ဒီဟာနဲ့ဆက်စပ်ပြီးတော့မှ ဖြစ်လာတဲ့ စိတ်ဖိစီးမှုဝေဒနာတွေကိုလည်း အမျိုးသမီးတွေ အတော်များများက ပိုပြီးတော့ ခံစားနေရတဲ့သဘောလို့လည်း ပြောလို့ရနိုင်တာပေါ့နော်။

“ဟုတ်ကဲ့ရှင့်။ UN Women ရဲ့ စစ်တမ်းကောက်ချက် အရဆိုလို့ရှိရင် အနည်းဆုံး ၂၀ ကနေ ၃၀ % အထိ အိမ်တွင်းအကြမ်းဖက်မှုတွေ မြင့်တက်လာတယ်။ အိမ်တွင်းအကြမ်းဖက်မှုလို့ ပြောတဲ့အခါကျရင် အမျိုးသမီးနဲ့ အမျိုးသားနဲ့ပဲ မမြင်စေချင်ဘဲနဲ့ မိသားစုတွင်းမှာလည်း ဖြစ်တတ်ကြတယ်။ မိဘနဲ့ သားသမီးနဲ့။ အထူးသဖြင့် အမျိုးသမီးတွေကတော့ အများဆုံး ခံရတာကို စစ်တမ်းတွေက တွေ့ရတယ်။ အမျိုးသမီးတွေ၊ မိန်းခလေးတွေ ၄ ယောက်မှာ ၁ ယောက်နှုန်း ခံရပြီးတော့ အမျိုးသားတွေမှာတော့ ၉ ယောက်မှာ ၁ ယောက်နှုန်း အိမ်တွင်း အကြမ်းဖက်မှုနဲ့ ရင်ဆိုင်ရတယ်လို့ စစ်တမ်းတွေမှာ ဖော်ပြထားတယ်ပေါ့နော်။ အထူးသဖြင့် ကိုဗစ်ကာလထဲမှာဆိုရင် Lockdown ဖြစ်သွားတယ်။ အိမ်မှာပဲ နေရတော့မယ်။ Stat At Home အမိန့်တွေ ရှိတဲ့အတွက်ကြောင့် လူတွေက အိမ်ထဲမှာပဲ အားလုံး စုပြုံ ပိတ်မိပြီးတော့ စီးပွားရေးကျတာက တစ်ခု။ လူမှုရေးတွေ ဆုတ်ယုတ်လာတာက တစ်ခု။ ကျောင်းတွေပိတ်ပြီးတော့ အိမ်မှာပဲကလေးတွေက နေရတာတို့။ အိမ်မှာပဲ ကလေးတွေကို အမေတွေက ဆရာမအနေနဲ့ စာပြရတာတို့ အဲ့ဒီ စိတ်ဖိစီးမှုတွေက အရမ်းများလာပြီးတော့ စိတ်ကတောက်ကဆဖြစ်ပြီး စကားများကြ၊ လက်ပါကြတာတွေ ဖြစ်တတ်ပါတယ်။ နောက်တစ်ခုကကျတော့ လူတွေ သိပ်ပြီးတော့ သတိမထားမိတာက Caregiver Burnout ဆိုတာကကျတော့ အိမ်က လူနာကိုပဲဖြစ်ပါစေ။ အိမ်က ကလေးတွေကိုပဲ ဖြစ်ပါစေ။ ပြုစုစောင့်ရှောက်ရတဲ့ စောင့်ရှောက်သူတွေမှာလည်း အရမ်းနဲ့ ပင်ပန်းနွမ်းနယ်လာပြီးတော့ သူတို့ရဲ့ စိတ်ဖိစီးမှုတွေလည်း အရမ်းများလာတယ်။ အဲ့ဒီလိုမျိုး စိတ်တအား ကျပ်လာတာတွေ ဖြစ်လာကြတယ်။ ဒေါသူတွေ ကြီးလာကြတယ်။ အဲ့ဒီလိုမျိုးပေါ့ အိမ်ကလူတွေကို ပြုစုစောင့်ရှောက်ရတဲ့သူတွေမှာလည်း စိတ်ထွက်ပေါက်မရဘဲနဲ့ အမြဲတမ်း ငြီးငွေ့ပြီးတော့ အဲ့ဒီလို ဖြစ်လာတတ်တာတွေလည်း တွေ့ရပါတယ်ရှင့်။”

အဲ့ဒီတော့ ကိုဗစ်ကြောင့်မိုလို့ စိတ်ဖိစီးမှု ကြုံရတဲ့သူတွေကို ဒီနိုင်ငံမှာရော ဘာတွေ အဓိက ကူညီစောင့်ရှောက်ပေးတာရှိသလဲ ဆိုတာလည်း ရှင်းပြပေးပါလား။

“စိတ်ဖိစီးမှုတွေ အရမ်းများလာပြီးတော့ စိတ်တွေ ကယောင်ခြောက်ခြား ဖြစ်လာတယ်။ စိတ်တွေ မတည်ငြိမ်တော့ဘူး ဆိုရင်တော့ ကုနည်းတွေကတော့ အမျိုးမျိုးရှိတယ်ပေါ့နော်။ ဆေးသောက်လို့ရတယ် ဆရာဝန်နဲ့တွေ့ပြီးတော့ စိတ်ငြိမ်ဆေးတွေ သောက်လို့ရတယ်။ ဒါပေမဲ့ အဲ့ဒီဟာကျတော့ သူ့ရဲ့ symptom လက္ခဏာတခုကိုပဲ ပျောက်ကင်းစေပြီးတော့ တကယ်တမ်း သူ့ရဲ့ အရင်းအမြစ်ဖြစ်တဲ့ ပြဿနာရဲ့ အရင်းအမြစ်ဖြစ်တဲ့ စိတ်ဒဏ်ရာတို့၊ စိတ်ဖိစီးမှုတို့။ အဲ့ဒါတွေကတော့ counseling (စိတ်ကျန်းမာရေး ဆွေးနွေးမှု) နဲ့ကုမှသာ တကယ်လိုရာ ခရီးကို ရောက်တယ်ပေါ့နော်။ ဒီပြဿနာကို အဓိက ဖြေရှင်းနိုင်မယ်။ နောက်ပြီးကျတော့ Chaplain Service တွေကနေ လာပြီးတော့ သူတို့ကိုးကွယ်ရာ ယုံကြည်ရာ ဘာသာရပ်ဆိုင်ရာ ဘုန်းတော်ကြီးတွေ၊ ဘုန်းကြီးတွေကနေလာပြီး အားပေးစကားပြောတာတွေလည်း ရှိတယ်။ အဲ့ဒီတော့ ဆေးပညာတခုတည်းနဲ့မဟုတ်ဘဲနဲ့ အလုံးစုံ လူတယောက်ရဲ့ လိုအပ်ချက်ပေါ်မှာ မူတည်ပြီးတော့လည်း ကျမတို့တွေက ဝိုင်းပြီးတော့ ကုပေးရပါတယ်ရှင့်။”

မြန်မာနိုင်ငံမှာဆိုရင်လည်း အခုဆိုရင် COVID-19 ကူးစက်မှုတွေက ပိုပြီးတော့ ဆိုးလာတယ်။ အကျပ်အတည်းတွေ ပိုများလာတယ်။ ဆိုတော့ စိတ်ဖိစီးမှုတွေလည်း ပိုပြီးတော့ များလာမယ့်အနေအထား အလားအလာတွေ ရှိနေတာပေါ့နော်။ မြန်မာနိုင်ငံမှာတော့ စာရင်းအတိအကျ ပြုစုထားတာတော့ လောလောဆယ် မရှိသေးဘူးပေါ့လေ။ ဆိုကြပါစို့။ တချို့တွေက စားဝတ်နေရေး အတွက် ရုန်းကန်နေရတဲ့အခါကျတော့ ကိုယ့်မှာစိတ်ဖိစီးမှု ဝေဒနာ ဖြစ်လို့ ဖြစ်နေမှန်း မစဉ်းစားနိုင်တာ။ မတွေးမိတာမျိုးတွေလည်း ရှိနိုင်တယ်။ နောက်ပြီးတော့ ကုသမှုပိုင်းမှာလည်း အလွယ်တကူ ကုသမှုခံယူဖို့ ခက်ခဲတာတွေလည်း ရှိနိုင်ပါတယ်။ ဆိုတော့ အဲ့ဒီလိုလူတွေအတွက် အခု ကိုဗစ်ကာလမှာ သူတို့ရဲ့ ဖိစီးမှုတွေ သက်သာဖို့ဆိုရင် ဘယ်လို အကြံဉာဏ်တွေ ပေးနိုင်ပါမလဲ။

“စိတ်က ပုံမှန်မဟုတ်ဘူး။ အရမ်းနဲ့ စိတ်ဖိစီးမှုတွေ များနေတယ်။ အကျပ်အတည်းတွေ အရမ်းရောက်နေတယ်။ ဘာလုပ်လို့ ဘာလုပ်ကိုင်ရမလဲမသိဘူး။ ဘယ်သူမှ စကားပြောစရာ မရှိဘူး ဆိုလို့ရှိရင် ဖြစ်နိုင်ရင် ကျမရဲ့ page ဖြစ်တဲ့ Jue Jue Safe Space ကနေ Free Consultation (အခမဲ့ ဆွေးနွေးအကြံပေးတာ) တွေ ရှိပါတယ်။ လာရောက်ပြီးတော့ ဆက်သွယ်လို့ရပါတယ်။ နောက်ပြီးတော့ မြန်မာပြည်မှာဆိုလို့ရှိရင်လည်း ကျမတို့နဲ့တွဲဖက်ပြီးတော့ အတူတူလုပ်နေကြတဲ့ Reach Out Myanmar အဖွဲ့ဆိုရင်လည်း Online Free Counseling (အွန်လိုင်းပေါ်ကနေ အခမဲ့ စိတ်ကျန်းမာရေးဆွေးနွေးမှု) တွေ ပေးနေပါတယ်။ ဖြစ်နိုင်လို့ရှိရင်တော့ မြန်မာပြည်မှာလည်း တတ်နိုင်တဲ့ဘက်ကနေ စိတ်ပညာရှင်များက ဝိုင်းဝန်းပြီးတော့ စိတ်ဝေဒနာတွေ၊ စိတ်ဖိစီးမှုအကျပ်အတည်း တွေကို ဖြေရှင်းဖို့အတွက် ကြိုးစားနေကြပါတယ်ရှင်။ အဲ့ဒီတော့ တယောက်တည်း ကြိတ်ပြီးတော့ ခံစားနေစရာ မလိုဘူးပေါ့နော်။ နောက်ပြီးတော့ ဖြစ်နိုင်ရင် တယောက်တည်း မနေဘဲနဲ့ ကိုယ့်ရဲ့ ဘေးနား ပတ်ဝန်းကျင်က စိတ်ချယုံကြည်ရတဲ့ သူငယ်ချင်းတွေ၊ မိသားစုတွေ၊ ကိုယ်စိတ်ချယုံကြည်ရတဲ့ သူတွေနဲ့ ရင်ဖွင့်စကားပြောပါ။ တယောက်တည်း မနေဘဲနဲ့ ဗွီဒီယို ကော လေးတွေ၊ ဖုန်းကောလေးတွေကို အထူးသဖြင့် မိသားစုနဲ့ ဝေးနေတယ်ဆိုရင် ခေါ်ပေးပါ။ နောက်ပြီးတော့ စိတ်ပျော်ရွှင် လန်းဆန်းအောင် ဟာသလေးတွေ ကြည့်ပေးတာ၊ ရုပ်ရှင်လေးတွေကြည့်ပေးတာ။ နောက် Tiktok တွေ အခုနောက်ပိုင်း အရမ်းကစားလာကြတာတွေ ရှိတယ်။ နောက်တခု အရေးကြီးတာကတော့ ကိုယ်လက်လှုပ်ရှားမှု ရှိအောင် နေပါပေါ့နော်။ ကိုယ့်ရဲ့ကိုယ်လက် လှုပ်ရှားတဲ့အခါကျလို့ရှိရင် ကိုယ့်ရဲ့ ခန္ဓာကိုယ်က ကြည်လင် လန်းဆန်းတဲ့အခါ စိတ်တွေက ပျော်ရွှင်လန်းဆန်းလာတဲ့ အကျိုးကျေးဇူးတွေ ရှိတဲ့အတွက်ကြောင့်မိုလို့၊ စိတ်ညစ်တယ်ဆိုပြီး ထိုင်မနေဘဲ ကိုယ့်ဘက်က တတ်နိုင်တဲ့ Selfcare လေးတွေ၊ ကိုယ့်ကိုယ်ကို ပြုစုပျိုးထောင်နိုင်တဲ့ နည်းလမ်းလေးတွေလည်း လုပ်ပေးဖို့အတွက် တိုက်တွန်းပါရစေရှင့်။”

XS
SM
MD
LG