သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရန္ကုန္တိုင္းတြင္း စက္႐ံုအလုပ္သမား ရာနဲ႔ခ်ီ ကိုဗစ္ကူးစက္


ရန္ကုန္ၿမိဳ႕ ေရႊျပည္သာ အထည္ခ်ဳပ္စက္ရံုတခုက ျမင္ကြင္း။ (စက္တင္ဘာ ၁၈၊ ၂၀၁၅)

[Zawgyi/Unicode]

ကုိဗစ္ကပ္ေရာဂါကူးစက္မႈ အမ်ားဆုံး ႀကံဳေနရတဲ့ ရန္ကုန္တုိင္းအတြင္း စက္႐ုံ တ႐ုံမွာ ရာဂဏန္းရွိတဲ့ အလုပ္သမားေတြမွာ ေရာဂါပုိးရွိေနတာ ေတြ႔ရတဲ့အေၾကာင္း သတင္းေၾကာင့္ စုိးရိမ္မႈေတြ ထြက္ေပၚေနတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မအဂၢႏြန္က သတင္းေပးပို႔ထားပါတယ္။

ကုိဗစ္ကပ္ေရာဂါ ကူးစက္မႈေတြေၾကာင့္ ရန္ကုန္တုိင္းအတြင္း ယာယီပိတ္ထားရတဲ့ စက္႐ုံေတြကုိ ဒီတပတ္ထဲ ျပန္ဖြင့္ေပးလုိက္တဲ့ အခ်ိန္မွာပဲ စက္႐ုံတ႐ုံမွာ ေရာဂါကူးစက္သူ ရာဂဏန္းအထိ ေတြ႔ရတဲ့အေၾကာင္း သတင္းေတြ ထြက္ေပၚခဲ့တာပါ။ မဂၤလာဒုံစက္မႈဇုန္က မွန္ဘီလူးစက္႐ုံမွာ အလုပ္သမား ရာဂဏန္းအထိ ေရာဂါကူးစက္ေနတာ ေတြ႔ရတဲ့အတြက္ က်န္းမာေရးဆုိင္ရာ လမ္းညႊန္ခ်က္ေတြကုိ အလုပ္ရွင္ေရာ၊ အလုပ္သမားေတြပါ တိတိက်က်လိုက္နာဖုိ႔ လုိအပ္ေၾကာင္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန၊ ဗဟိုကူးစက္ေရာဂါ တိုက္ဖ်က္ေရးဌာနခြဲ ၫႊန္ၾကားေရးမႉး ေဒါက္တာခင္ခင္ႀကီးက ေျပာပါတယ္။

“အဲ့မွာ စက္႐ုံတစ္ခုု႐ုံမွာဆိုလို႔ရွင္ ေရာဂါပိုး ကူးစက္တဲ့သူေပါ့ေနာ္ ရာနဲ႔ခ်ီရွိတယ္ေပါ့ေနာ္။ ၁၀၀၊ ၂၀၀ ေက်ာ္ဝန္းက်င္ရွိေနတယ္၊ ျဖစ္ေနတဲ့အပိုင္းမွာ ဆိုလို႔ရွိရင္ ဒါဟာ အထူးဂ႐ုစိုက္ရမယ့္ ကာလျဖစ္ပါတယ္။ အဓိကေတာ့ တစ္ေယာက္နဲ႔ တစ္ေယာက္ေနာ္ နီးနီးကပ္ကပ္ သူတို႔အလုပ္လုပ္တဲ့ ေနရာေတြ ျဖစ္မေနရဘူးေပါ့ေနာ္။ သူတို႔ေတြ လက္ေဆးဖို႔အတြက္ အလုပ္လုပ္တဲ့ေနရာနဲ႔ ဝန္းက်င္မွာဆိုရင္ လက္သန္႔ေဆးရည္ေတြ အလြယ္တကူေဆးႏိုင္ေအာင္ လုပ္ထားရမယ္၊ Face shield နဲ႔ Mask ကို တပ္ထားရမယ္။ လက္ကိုလည္း အမ်ားပိုင္ ပစၥည္းေလး ကိုင္တြယ္အသံုးျပဳၿပီးတဲ့အခါတိုင္းမွာ လက္ကို မကိုင္တြယ္ခင္ ေဆးမယ္၊ ကိုင္တြယ္ၿပီးရင္ ေဆးမယ္။”

စက္႐ုံအလုပ္သမားေတြထဲမွာ ေရာဂါကူးစက္သူအျဖစ္ အတည္ျပဳထားသူ အေရအတြက္ အတိအက်နဲ႔ ဘယ္လုိကူးစက္ခံရသလဲဆုိတာကေတာ့ ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။ ဒါေပမဲ့လည္း ရာဂဏန္းအထိ ကူးစက္သူေတြ ေတြ႔ရွိခဲ့တဲ့ သတင္းေၾကာင့္ လုပ္ငန္းေတြ ျပန္စတာ ရက္ပုိင္းသာ ရွိေသးတဲ့ စက္႐ုံ၊ အလုပ္႐ုံေတြမွာ လုပ္ငန္းခြင္လုံၿခံဳေရး စုိးရိမ္မႈေတြလည္း ထြက္ေပၚလာပါတယ္။

ဒီတပတ္ထဲမွာပဲ ေထာင္နဲ႔ခ်ီတဲ့ စက္႐ုံ၊ အလုပ္႐ုံေတြ ျပန္ဖြင့္ခဲ့ေပမဲ့ ကပ္ေရာဂါကူးစက္မႈ အႏၱရာယ္အတြက္ ႀကိဳတင္ျပင္ဆင္မႈေတြမွာ အားနည္းတာ ေတြ႔ရတဲ့အေၾကာင္း ျမန္မာႏိုင္ငံ စက္မႈလက္မႈနဲ႔ ဝန္ေဆာင္မႈလုပ္ငန္းေပါင္းစံု အလုပ္သမားမ်ားသမဂၢအဖြဲ႔ခ်ဳပ္ အေထြေထြအတြင္းေရးမွဴး ဦးသက္ႏွင္းေအာင္ ကေျပာပါတယ္။

“အဓိက ကူးစက္တဲ့ဟာက တခ်ဳိ႕ ဒီ တစ္ေယာက္ကေန စၿပီးေတာ့မွေပါ့ေနာ္။ ကူးစက္လိုက္ၿပီးဆိုလို႔ရွိရင္ စက္႐ုံ အလုပ္႐ုံထဲမွာ ထိန္းသိမ္းရတာ အင္မတန္ခက္သြားတဲ့ အေနအထားေပါ့ေလ၊ ဘာလုိ႔လဲဆိုေတာ့ အလုပ္ေတြကို လက္ဆင့္ကမ္းၿပီးေတာ့မွ လုပ္ရတာေတြရွိတယ္၊ ေနာက္ဌာနတစ္ခုထဲမွာ လုပ္ရတာေတြရွိတယ္၊ အဲ့ဒါအျပင္ က်ေနာ္တို႔ ပိုးေတြ႔လူနာအလုပ္လုပ္သြားတဲ့ စက္နဲ႔ စက္ပစၥည္းေတြကုိ ဒီပိုးသတ္ေဆးနဲ႔ ဖ်န္းတဲ့ဟာေတြ အရမ္းအားနည္းၾကတာေတြလည္း ေတြ႕ရတယ္၊ အဲ့ေတာ့ အဲ့ဒီကေနတဆင့္ ကူးစက္ၾကတာလုိ႔ ဒီလုိပဲအၾကမ္းဖ်င္း သံုးသပ္ရမွာျဖစ္ပါတယ္။”

ျမန္မာႏုိင္ငံမွာ ကုိဗစ္ကပ္ေရာဂါ ကူးစက္မႈေတြ ႐ုတ္တရက္ တုိးလာရာက စက္တင္ဘာလ ေႏွာင္းပုိင္းမွာပဲ ရန္ကုန္တုိင္းအတြင္းက ကုန္ထုတ္လုပ္ငန္းေတြကုိ သီတင္း ၂ ပတ္ၾကာ ရပ္နားထားဖုိ႔ အစုိးရက အမိန္႔ထုတ္ခဲ့တာပါ။ သီတင္း ၂ ပတ္ျပည့္ခဲ့ၿပီးေနာက္ ဒီလဆန္းပုိင္းမွာပဲ ေနာက္ထပ္ သီတင္း ၂ ပတ္ ရပ္နားထားဖုိ႔ သက္တမ္းထပ္တုိးထားေပမဲ့ သတ္မွတ္ထားတဲ့ရက္ မျပည့္ခင္မွာဘဲ က်န္းမာေရးဆုိင္ရာ လမ္းညႊန္ခ်က္ေတြနဲ႔ ကုိက္ညီတဲ့လုပ္ငန္းေတြအေနနဲ႔ လုပ္ငန္းေတြ ျပန္လုပ္ႏုိင္ေၾကာင္း ခြင့္ျပဳခဲ့တာ ျဖစ္ပါတယ္။ ဒါေပမဲ့လည္း လူစုလူေ၀းနဲ႔ အလုပ္လုပ္ကုိင္ၾကရတဲ့ လုပ္ငန္းခြင္မွာ ေရာဂါကူးစက္ႏုိင္တဲ့ အႏၱရာယ္ရွိေနတာေၾကာင့္ အစုိးရက ေစာင့္ၾကည့္စစ္ေဆးဖုိ႔ လုိတယ္လုိ႔လည္း ရန္ကုန္တုိင္း လိႈင္သာယာၿမိဳ႕နယ္ ေရႊလင္ဗန္းစက္မႈဇုန္ ဥကၠ႒ ဦးေအးေသာင္းက ေျပာပါတယ္။

“ႏိုင္ငံေတာ္ကမ်ား ... က်ေနာ္တို႔ စက္႐ုံ အလုပ္႐ုံေတြကို ဦးစီးၿပီးေတာ့ စစ္ေပးႏိုင္မယ္ဆိုလို႔ရွိရင္ စစ္ေပးႏိုင္မယ္ဆိုရင္ က်ေနာ္တို႔ဘက္က တတ္ႏိုင္သေလာက္ေပါ့ေနာ္... ဝိုင္းၿပီးေတာ့ က်ခံေပးမယ္ဆိုလို႔ရွိရင္ ဒါ ႏိုင္ငံေတာ္အတြက္ ဝန္ထုပ္ဝန္ပိုး မျဖစ္ေတာ့ဘူးေပ့ါေနာ္။ ဒါဆိုုလို႔ရွိရင္ ကိုယ့္စက္႐ုံမွာ စစ္လိုက္တဲ့အခါက်ေတာ့ စစ္လိုက္ရင္ ခ်က္ခ်င္းသိတဲ့အခါက်ေတာ့ လူေတြက စိတ္ထဲရွင္းသြားတာေပါ့ဗ်ာ၊ ဒါေလးေတြလည္း လုုပ္ေပးႏိုင္မယ္ဆိုလို႔ရွိရင္ က်ေနာ္တို႔ဘက္က ပူးေပါင္းပါဝင္ေပးဖို႔ေတာ့ အဆင္သင့္ရွိတာေပါ့ေနာ္။”

ကုန္ထုတ္လုပ္ငန္းေတြ ျပန္ခြင့္ျပဳလုိက္ၿပီးေနာက္မွာပဲ အလုပ္သမားေတြၾကား ေရာဂါပုိးကူးစက္သူေတြ ရွိေနတဲ့ သတင္းေတြလည္း ထြက္ေပၚေနပါတယ္။ ရန္ကုန္တုိင္း ေမွာ္ဘီၿမိဳ႕နယ္ အထည္ခ်ဳပ္ အလုပ္သမားအဖြဲ႔ ဥကၠ႒ ေဒၚျမႏွင္းသက္ကလည္း ေမွာ္ဘီၿမိဳ႕နယ္က လုပ္ငန္းခြင္မွာ ကူးစက္သူတခ်ဳိ႕ ေတြ႔ရွိထားတယ္လုိ႔ ေျပာပါတယ္။

"အခု ေမွာ္ဘီ႐ုံေတြ စဖြင့္ေတာ့ အခုလက္ရွိကေတာ့ တစ္႐ုံ၊ ႏွစ္႐ုံ၊ သံုး႐ုံ၊ ေလာေလာဆယ္မွာေတာ့ က်မတို႔မွာ သံုး႐ုံရွိထားတယ္ေပါ့ေနာ္ ပိုးေတြ႕တာ။ အခု စက္႐ုံဖြင့္ဖြင့္ခ်င္းမွာေပ့ါ၊ ပိုးေတြ႔တဲ့ လူကေတာ့ သံုးေယာက္ပဲ ရွိပါေသးတယ္... အခုခ်က္ခ်င္းေပါ့ေနာ္။”

ရန္ကုန္တုိင္းအစုိးရကေတာ့ လုပ္ငန္းရွင္ေတြနဲ႔ အလုပ္သမားေတြ အေနနဲ႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ထားတဲ့ စည္းကမ္းခ်က္ေတြကုိ လုိက္နာၾကဖုိ႔နဲ႔ ျပန္လည္ပတ္ေနတဲ့ စက္႐ုံ၊ အလုပ္႐ုံေတြကို ၾကပ္မတ္စစ္ေဆးဖုိ႔ က်န္းမာေရးလမ္းညႊန္ခ်က္နဲ႔ မညီတာေတြ ေတြ႔ရွိရင္ ယာယီရပ္ဆိုင္းဖုိ႔ ညႊန္ၾကားထားပါတယ္။ စက္႐ုံ၊ အလုပ္႐ုံေတြ ျပန္ဖြင့္ေပးထားတဲ့ အေျခအေနနဲ႔ အလုပ္သမားေတြၾကား ေရာဂါပုိးကူးစက္မႈေတြနဲ႔ ပတ္သက္လုိ႔ ရန္ကုန္တုိင္းအစုိးရ တာ၀န္ရွိသူေတြကုိ ဆက္သြယ္ေမးျမန္းဖုိ႔ ႀကိဳးစားေပမဲ့ မရခဲ့ပါဘူး။

ႏိုင္ငံေတာ္အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကေတာ့ ကပ္ေရာဂါေၾကာင့္ တုိင္းျပည္စီးပြားေရး ထိခုိက္ေနခ်ိန္မွာ ကုန္ထုတ္လုပ္ငန္းေတြကို အခ်ိန္ၾကာၾကာ ရပ္ဆိုင္းထားမယ္ဆိုရင္ ရင္းႏွီးျမွုဳပ္ႏွံမႈေတြနဲ႔အတူ ေနာက္ဆက္တဲြ အလုပ္သမားေတြရဲ႕ ဘ၀ရပ္တည္မႈကိုပါ ထိခိုက္လာႏုိင္ေၾကာင္း တနလၤာေန႔တုန္းက အြန္လုိင္းက မိန္႔ခြန္းေျပာရာမွာ ထည့္သြင္းေျပာဆုိခဲ့တာပါ။ ဒါေပမဲ့လည္း လုပ္ငန္းေတြကုိ ျပန္လည္ပတ္ရာမွာ ေရာဂါအႏၱရာယ္ ကာကြယ္ေရး စည္းမ်ဥ္းစည္းကမ္းေတြကို တိတိက်က် လိုက္နာဖုိ႔ လုိအပ္ေၾကာင္းလည္း သတိေပးထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရန်ကုန်တိုင်းတွင်း စက်ရုံအလုပ်သမား ရာနဲ့ချီ ကိုဗစ်ကူးစက်

ကိုဗစ်ကပ်ရောဂါကူးစက်မှု အများဆုံး ကြုံနေရတဲ့ ရန်ကုန်တိုင်းအတွင်း စက်ရုံ တရုံမှာ ရာဂဏန်းရှိတဲ့ အလုပ်သမားတွေမှာ ရောဂါပိုးရှိနေတာ တွေ့ရတဲ့အကြောင်း သတင်းကြောင့် စိုးရိမ်မှုတွေ ထွက်ပေါ်နေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအဂ္ဂနွန်က သတင်းပေးပို့ထားပါတယ်။

ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေကြောင့် ရန်ကုန်တိုင်းအတွင်း ယာယီပိတ်ထားရတဲ့ စက်ရုံတွေကို ဒီတပတ်ထဲ ပြန်ဖွင့်ပေးလိုက်တဲ့ အချိန်မှာပဲ စက်ရုံတရုံမှာ ရောဂါကူးစက်သူ ရာဂဏန်းအထိ တွေ့ရတဲ့အကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။ မင်္ဂလာဒုံစက်မှုဇုန်က မှန်ဘီလူးစက်ရုံမှာ အလုပ်သမား ရာဂဏန်းအထိ ရောဂါကူးစက်နေတာ တွေ့ရတဲ့အတွက် ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်တွေကို အလုပ်ရှင်ရော၊ အလုပ်သမားတွေပါ တိတိကျကျလိုက်နာဖို့ လိုအပ်ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

“အဲ့မှာ စက်ရုံတစ်ခုရုံမှာဆိုလို့ရှင် ရောဂါပိုး ကူးစက်တဲ့သူပေါ့နော် ရာနဲ့ချီရှိတယ်ပေါ့နော်။ ၁၀၀၊ ၂၀၀ ကျော်ဝန်းကျင်ရှိနေတယ်၊ ဖြစ်နေတဲ့အပိုင်းမှာ ဆိုလို့ရှိရင် ဒါဟာ အထူးဂရုစိုက်ရမယ့် ကာလဖြစ်ပါတယ်။ အဓိကတော့ တစ်ယောက်နဲ့ တစ်ယောက်နော် နီးနီးကပ်ကပ် သူတို့အလုပ်လုပ်တဲ့ နေရာတွေ ဖြစ်မနေရဘူးပေါ့နော်။ သူတို့တွေ လက်ဆေးဖို့အတွက် အလုပ်လုပ်တဲ့နေရာနဲ့ ဝန်းကျင်မှာဆိုရင် လက်သန့်ဆေးရည်တွေ အလွယ်တကူဆေးနိုင်အောင် လုပ်ထားရမယ်၊ Face shield နဲ့ Mask ကို တပ်ထားရမယ်။ လက်ကိုလည်း အများပိုင် ပစ္စည်းလေး ကိုင်တွယ်အသုံးပြုပြီးတဲ့အခါတိုင်းမှာ လက်ကို မကိုင်တွယ်ခင် ဆေးမယ်၊ ကိုင်တွယ်ပြီးရင် ဆေးမယ်။”

စက်ရုံအလုပ်သမားတွေထဲမှာ ရောဂါကူးစက်သူအဖြစ် အတည်ပြုထားသူ အရေအတွက် အတိအကျနဲ့ ဘယ်လိုကူးစက်ခံရသလဲဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒါပေမဲ့လည်း ရာဂဏန်းအထိ ကူးစက်သူတွေ တွေ့ရှိခဲ့တဲ့ သတင်းကြောင့် လုပ်ငန်းတွေ ပြန်စတာ ရက်ပိုင်းသာ ရှိသေးတဲ့ စက်ရုံ၊ အလုပ်ရုံတွေမှာ လုပ်ငန်းခွင်လုံခြုံရေး စိုးရိမ်မှုတွေလည်း ထွက်ပေါ်လာပါတယ်။

ဒီတပတ်ထဲမှာပဲ ထောင်နဲ့ချီတဲ့ စက်ရုံ၊ အလုပ်ရုံတွေ ပြန်ဖွင့်ခဲ့ပေမဲ့ ကပ်ရောဂါကူးစက်မှု အန္တရာယ်အတွက် ကြိုတင်ပြင်ဆင်မှုတွေမှာ အားနည်းတာ တွေ့ရတဲ့အကြောင်း မြန်မာနိုင်ငံ စက်မှုလက်မှုနဲ့ ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားများသမဂ္ဂအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးသက်နှင်းအောင် ကပြောပါတယ်။

“အဓိက ကူးစက်တဲ့ဟာက တချို့ ဒီ တစ်ယောက်ကနေ စပြီးတော့မှပေါ့နော်။ ကူးစက်လိုက်ပြီးဆိုလို့ရှိရင် စက်ရုံ အလုပ်ရုံထဲမှာ ထိန်းသိမ်းရတာ အင်မတန်ခက်သွားတဲ့ အနေအထားပေါ့လေ၊ ဘာလို့လဲဆိုတော့ အလုပ်တွေကို လက်ဆင့်ကမ်းပြီးတော့မှ လုပ်ရတာတွေရှိတယ်၊ နောက်ဌာနတစ်ခုထဲမှာ လုပ်ရတာတွေရှိတယ်၊ အဲ့ဒါအပြင် ကျနော်တို့ ပိုးတွေ့လူနာအလုပ်လုပ်သွားတဲ့ စက်နဲ့ စက်ပစ္စည်းတွေကို ဒီပိုးသတ်ဆေးနဲ့ ဖျန်းတဲ့ဟာတွေ အရမ်းအားနည်းကြတာတွေလည်း တွေ့ရတယ်၊ အဲ့တော့ အဲ့ဒီကနေတဆင့် ကူးစက်ကြတာလို့ ဒီလိုပဲအကြမ်းဖျင်း သုံးသပ်ရမှာဖြစ်ပါတယ်။”

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ ရုတ်တရက် တိုးလာရာက စက်တင်ဘာလ နှောင်းပိုင်းမှာပဲ ရန်ကုန်တိုင်းအတွင်းက ကုန်ထုတ်လုပ်ငန်းတွေကို သီတင်း ၂ ပတ်ကြာ ရပ်နားထားဖို့ အစိုးရက အမိန့်ထုတ်ခဲ့တာပါ။ သီတင်း ၂ ပတ်ပြည့်ခဲ့ပြီးနောက် ဒီလဆန်းပိုင်းမှာပဲ နောက်ထပ် သီတင်း ၂ ပတ် ရပ်နားထားဖို့ သက်တမ်းထပ်တိုးထားပေမဲ့ သတ်မှတ်ထားတဲ့ရက် မပြည့်ခင်မှာဘဲ ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်တွေနဲ့ ကိုက်ညီတဲ့လုပ်ငန်းတွေအနေနဲ့ လုပ်ငန်းတွေ ပြန်လုပ်နိုင်ကြောင်း ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း လူစုလူဝေးနဲ့ အလုပ်လုပ်ကိုင်ကြရတဲ့ လုပ်ငန်းခွင်မှာ ရောဂါကူးစက်နိုင်တဲ့ အန္တရာယ်ရှိနေတာကြောင့် အစိုးရက စောင့်ကြည့်စစ်ဆေးဖို့ လိုတယ်လို့လည်း ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန် ဥက္ကဋ္ဌ ဦးအေးသောင်းက ပြောပါတယ်။

“နိုင်ငံတော်ကများ ... ကျနော်တို့ စက်ရုံ အလုပ်ရုံတွေကို ဦးစီးပြီးတော့ စစ်ပေးနိုင်မယ်ဆိုလို့ရှိရင် စစ်ပေးနိုင်မယ်ဆိုရင် ကျနော်တို့ဘက်က တတ်နိုင်သလောက်ပေါ့နော်... ဝိုင်းပြီးတော့ ကျခံပေးမယ်ဆိုလို့ရှိရင် ဒါ နိုင်ငံတော်အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်တော့ဘူးပေ့ါနော်။ ဒါဆိုလို့ရှိရင် ကိုယ့်စက်ရုံမှာ စစ်လိုက်တဲ့အခါကျတော့ စစ်လိုက်ရင် ချက်ချင်းသိတဲ့အခါကျတော့ လူတွေက စိတ်ထဲရှင်းသွားတာပေါ့ဗျာ၊ ဒါလေးတွေလည်း လုပ်ပေးနိုင်မယ်ဆိုလို့ရှိရင် ကျနော်တို့ဘက်က ပူးပေါင်းပါဝင်ပေးဖို့တော့ အဆင်သင့်ရှိတာပေါ့နော်။”

ကုန်ထုတ်လုပ်ငန်းတွေ ပြန်ခွင့်ပြုလိုက်ပြီးနောက်မှာပဲ အလုပ်သမားတွေကြား ရောဂါပိုးကူးစက်သူတွေ ရှိနေတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ ရန်ကုန်တိုင်း မှော်ဘီမြို့နယ် အထည်ချုပ် အလုပ်သမားအဖွဲ့ ဥက္ကဋ္ဌ ဒေါ်မြနှင်းသက်ကလည်း မှော်ဘီမြို့နယ်က လုပ်ငန်းခွင်မှာ ကူးစက်သူတချို့ တွေ့ရှိထားတယ်လို့ ပြောပါတယ်။

"အခု မှော်ဘီရုံတွေ စဖွင့်တော့ အခုလက်ရှိကတော့ တစ်ရုံ၊ နှစ်ရုံ၊ သုံးရုံ၊ လောလောဆယ်မှာတော့ ကျမတို့မှာ သုံးရုံရှိထားတယ်ပေါ့နော် ပိုးတွေ့တာ။ အခု စက်ရုံဖွင့်ဖွင့်ချင်းမှာပေ့ါ၊ ပိုးတွေ့တဲ့ လူကတော့ သုံးယောက်ပဲ ရှိပါသေးတယ်... အခုချက်ချင်းပေါ့နော်။”

ရန်ကုန်တိုင်းအစိုးရကတော့ လုပ်ငန်းရှင်တွေနဲ့ အလုပ်သမားတွေ အနေနဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကို လိုက်နာကြဖို့နဲ့ ပြန်လည်ပတ်နေတဲ့ စက်ရုံ၊ အလုပ်ရုံတွေကို ကြပ်မတ်စစ်ဆေးဖို့ ကျန်းမာရေးလမ်းညွှန်ချက်နဲ့ မညီတာတွေ တွေ့ရှိရင် ယာယီရပ်ဆိုင်းဖို့ ညွှန်ကြားထားပါတယ်။ စက်ရုံ၊ အလုပ်ရုံတွေ ပြန်ဖွင့်ပေးထားတဲ့ အခြေအနေနဲ့ အလုပ်သမားတွေကြား ရောဂါပိုးကူးစက်မှုတွေနဲ့ ပတ်သက်လို့ ရန်ကုန်တိုင်းအစိုးရ တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမဲ့ မရခဲ့ပါဘူး။

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ ကပ်ရောဂါကြောင့် တိုင်းပြည်စီးပွားရေး ထိခိုက်နေချိန်မှာ ကုန်ထုတ်လုပ်ငန်းတွေကို အချိန်ကြာကြာ ရပ်ဆိုင်းထားမယ်ဆိုရင် ရင်းနှီးမြှုုပ်နှံမှုတွေနဲ့အတူ နောက်ဆက်တွဲ အလုပ်သမားတွေရဲ့ ဘဝရပ်တည်မှုကိုပါ ထိခိုက်လာနိုင်ကြောင်း တနင်္လာနေ့တုန်းက အွန်လိုင်းက မိန့်ခွန်းပြောရာမှာ ထည့်သွင်းပြောဆိုခဲ့တာပါ။ ဒါပေမဲ့လည်း လုပ်ငန်းတွေကို ပြန်လည်ပတ်ရာမှာ ရောဂါအန္တရာယ် ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းတွေကို တိတိကျကျ လိုက်နာဖို့ လိုအပ်ကြောင်းလည်း သတိပေးထားပါတယ်။

XS
SM
MD
LG