(Zawgyi / Unicode)
ျမန္မာႏုိင္ငံမွာ COVID-19 ကပ္ေရာဂါေၾကာင့္ ေသဆုံးသူအေရအတြက္ ၈၈၀ ရွိသြားၿပီလို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ဒီေန႔ည ၈ နာရီ ထုတ္ျပန္ခ်က္မွာ ေျပာၾကားလိုက္ပါတယ္။
ဒီေန႔မွာ ဗုိင္းရပ္စ္ေၾကာင့္ ေသဆုံးသူ ေနာက္ထပ္ ၄၂ ေယာက္ရွိတာေၾကာင့္ စုစုေပါင္း ေသဆုံးသူဦးေရဟာ ၈၈၀ အထိ ရွိလာခဲ့တာျဖစ္ပါတယ္။ ေသဆုံးသူ ၄၂ ေယာက္ထဲက ၂၇ ေယာက္ကေတာ့ နဂိုေရာဂါအခံရွိသူေတြ ျဖစ္တယ္လို႔ ဆုိပါတယ္။
ဒါ့အျပင္ ဒီေန႔မွာ ေနာက္ထပ္ ဗုိင္းရပ္စ္ကူးစက္ခံရသူ ၁,၁၅၀ ရွိတဲ့အတြက္ ကူးစက္သူ စုစုေပါင္း ၃၆,၀၂၅ ေယာက္ရွိၿပီလို႔ ေျပာပါတယ္။ လြန္ခဲ့တဲ့ ၂၄ နာရီအတြင္း ဓာတ္ခဲြနမူနာ ၁၂,၃၀၇ ကို စမ္းသပ္စစ္ေဆးခဲ့တာမွာ ေရာဂါပိုးေတြ႔ရွိသူ ၁,၁၅၀ ထပ္မံေတြ႔ရွိခဲ့တာ ျဖစ္ပါတယ္။
ျမန္မာႏုိင္ငံမွာ ၿပီးခဲ့တဲ့ သီတင္းပတ္ေတြကစၿပီး ဗုိင္းရပ္စ္ရွိမရွိ စမ္းသပ္စစ္ေဆးမႈေတြကို တုိးလုပ္လာေနသလို ပိုးေတြ႔ရွိသူေတြလည္း တုိးလာေနတာ ျဖစ္ပါတယ္။
မေန႔ကေတာ့ COVID-19 ေရာဂါကူးစက္သူ ၁,၃၈၇ ေယာက္ရွိခဲ့ၿပီး အဲဒီထဲမွာ ရန္ကုန္တုိင္းေဒသႀကီးက ၁,၀၆၃ ေယာက္နဲ႔ အမ်ားဆုံးျဖစ္ပါတယ္။ အဲဒီေနာက္မွာေတာ့ ပဲခူးတုိင္းက ၇၀ နဲ႔ ဒုတိယအမ်ားဆုံးျဖစ္ၿပီး မြန္ျပည္နယ္က ၆၉ ေယာက္နဲ႔ တတိယအမ်ားဆုံး ျဖစ္ပါတယ္။
ဒီေန႔မွာ ၂ ႀကိမ္ဆက္ ပိုးမေတြ႔လို႔ ေဆး႐ုံက ဆင္းခြင့္ရသူ ေနာက္ထပ္ ၇၀၆ ေယာက္ရွိတာေၾကာင့္ ေရာဂါသက္သာေပ်ာက္ကင္းသူ ၁၇,၀၇၆ ေယာက္ရွိၿပီျဖစ္တယ္လို႔ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။
----------------------------
(Unicode)
မြန်မာကိုဗစ် ဓာတ်ခွဲအတည်ပြု စုစုပေါင်း ၃၆,၀၂၅၊ သေဆုံး ၈၈၀
မြန်မာနိုင်ငံမှာ COVID-19 ကပ်ရောဂါကြောင့် သေဆုံးသူအရေအတွက် ၈၈၀ ရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ပြောကြားလိုက်ပါတယ်။
ဒီနေ့မှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ နောက်ထပ် ၄၂ ယောက်ရှိတာကြောင့် စုစုပေါင်း သေဆုံးသူဦးရေဟာ ၈၈၀ အထိ ရှိလာခဲ့တာဖြစ်ပါတယ်။ သေဆုံးသူ ၄၂ ယောက်ထဲက ၂၇ ယောက်ကတော့ နဂိုရောဂါအခံရှိသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒီနေ့မှာ နောက်ထပ် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁,၁၅၀ ရှိတဲ့အတွက် ကူးစက်သူ စုစုပေါင်း ၃၆,၀၂၅ ယောက်ရှိပြီလို့ ပြောပါတယ်။ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၂,၃၀၇ ကို စမ်းသပ်စစ်ဆေးခဲ့တာမှာ ရောဂါပိုးတွေ့ရှိသူ ၁,၁၅၀ ထပ်မံတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ်တွေကစပြီး ဗိုင်းရပ်စ်ရှိမရှိ စမ်းသပ်စစ်ဆေးမှုတွေကို တိုးလုပ်လာနေသလို ပိုးတွေ့ရှိသူတွေလည်း တိုးလာနေတာ ဖြစ်ပါတယ်။
မနေ့ကတော့ COVID-19 ရောဂါကူးစက်သူ ၁,၃၈၇ ယောက်ရှိခဲ့ပြီး အဲဒီထဲမှာ ရန်ကုန်တိုင်းဒေသကြီးက ၁,၀၆၃ ယောက်နဲ့ အများဆုံးဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ပဲခူးတိုင်းက ၇၀ နဲ့ ဒုတိယအများဆုံးဖြစ်ပြီး မွန်ပြည်နယ်က ၆၉ ယောက်နဲ့ တတိယအများဆုံး ဖြစ်ပါတယ်။
ဒီနေ့မှာ ၂ ကြိမ်ဆက် ပိုးမတွေ့လို့ ဆေးရုံက ဆင်းခွင့်ရသူ နောက်ထပ် ၇၀၆ ယောက်ရှိတာကြောင့် ရောဂါသက်သာပျောက်ကင်းသူ ၁၇,၀၇၆ ယောက်ရှိပြီဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။