သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ထိန်းချုပ်မှုကြားက တရားမဝင်နယ်စပ်ဖြတ်သူများ ထိုင်းဖမ်းဆီး


မြဝတီဘက်ကနေ ပြန်ပြီးခိုးဝင်လာတဲ့ ထိုင်းနိုင်ငံသားများကို မဲဆောက်မြို့မှာ ဖမ်းမိတဲ့မြင်ကွင်း။ (ဓာတ်ပုံ - နယ်ခြားစောင့်တပ် - အောက်တိုဘာ ၁၉၊ ၂၀၂၀)
မြဝတီဘက်ကနေ ပြန်ပြီးခိုးဝင်လာတဲ့ ထိုင်းနိုင်ငံသားများကို မဲဆောက်မြို့မှာ ဖမ်းမိတဲ့မြင်ကွင်း။ (ဓာတ်ပုံ - နယ်ခြားစောင့်တပ် - အောက်တိုဘာ ၁၉၊ ၂၀၂၀)

[Zawgyi/Unicode]

ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ ကြုံနေရတဲ့ မြန်မာနိုင်ငံဘက်ကနေ တရားမဝင် နယ်စပ်ဖြတ်ကျော်လာတဲ့ ထိုင်းနဲ့ မြန်မာနိုင်ငံသားတွေကို ဒီရက်ပိုင်းအတွင်း ဆက်လက်ဖမ်းဆီးမိနေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက ထိုင်း မြန်မာနယ်စပ်ကနေ သတင်းပေးပို့ထားပါတယ်။

ထိုင်းမြန်မာနယ်စပ် မဲဆောက်မြဝတီမြို့တွေမှာ ကိုဗစ်ကပ်ရောဂါပိုး ပျံ့နှံ့လာတာကြောင့် ကုန်သွယ်မှုတွေကို ယာယီရပ်နားထားပြီး နယ်စပ်တွေကို တင်းတင်းကြပ်ကြပ် စောင့်ကြည့်နေချိန်မှာပဲ တရားမဝင် နယ်စပ်ဖြတ်ကျော်လာသူတွေကို ဖမ်းဆီးမိနေတာပါ။ မနေ့တုန်းကလည်း မြန်မာနိုင်ငံမြဝတီမြို့မှာ အလုပ်လုပ်နေကြတဲ့ ထိုင်းနိုင်ငံသားတွေကို ထိုင်းလုံခြုံရေးအာဏာပိုင်တွေက ဖမ်းဆီးမိခဲ့ကြောင်း မြန်မာအလုပ်သမားရေး လုပ်ဆောင်နေတဲ့ AAC မဟာမိတ်အဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ကိုရဲမင်းက ပြောပြပါတယ်။

မြဝတီဘက်ကနေ ပြန်ပြီးခိုးဝင်လာတဲ့ ထိုင်းနိုင်ငံသားများကို မဲဆောက်မြို့မှာ ဖမ်းမိတဲ့မြင်ကွင်း (ဓာတ်ပုံ - နယ်ခြားစောင့်တပ် - အောက်တိုဘာ ၁၉၊ ၂၀၂၀)
မြဝတီဘက်ကနေ ပြန်ပြီးခိုးဝင်လာတဲ့ ထိုင်းနိုင်ငံသားများကို မဲဆောက်မြို့မှာ ဖမ်းမိတဲ့မြင်ကွင်း (ဓာတ်ပုံ - နယ်ခြားစောင့်တပ် - အောက်တိုဘာ ၁၉၊ ၂၀၂၀)

"မနေ့ကပေါ့နော်။ မဲဆောက်မြဝတီနယ်စပ်မှာ သောင်ရင်းမြစ်ရှိတယ်။ မိုးရေးမြစ်လို့လည်းခေါ်တယ်။ ထိုင်းနိုင်ငံက ကျား၊ မ ၁၂ ဦး ပါတဲ့ အုပ်စုက မြန်မာဘက်က နေထိုင်ဘက်ကိုခိုးဝင်တယ် သူတို့က မြန်မာဘက်ကို ဘာကြောင့်ရောက်လာသလဲဆိုတော့ မြန်မာဘက်မှာ အလုပ်လုပ်တဲ့သူတွေဖြစ်တယ်။ မြန်မာဘက်က ထိုင်းလူမျိုးတွေ ပိုင်တဲ့စားသောက်ဆိုင်တွေရှိတယ်။ သူတို့က မြဝတီဘက်မှာ ကိုဗစ်ကူးစက်မှုတွေ ပိုမြင့်တက်လာတယ်၊ ပိုပို များလာတော့ကြောက်လန့်ပြီး သူတို့ နိုင်ငံထဲကို ပြန်ခိုးဝင်တာ မယ်ပဘက်မှာ ထိုင်းနယ်ခြားစောင့်တပ်က ဖမ်းဆီးလိုက်တယ်လို့ ကျနော်တို့ သိရပါတယ်။"

စက်လှေနဲ့ ဖြတ်ပြီး ခိုးဝင်လာတဲ့ မိန်းကလေးအများစုပါတဲ့ ထိုင်းတွေကို ဖမ်းမိပြီးတဲ့နောက်အောက်တိုဘာလ ၁၉ ရက်နေ့မှာတော့ သောင်ရင်းမြစ်ကို လက်ပစ်ကူးပြီး ခိုးဝင်လာတဲ့ မြန်မာနိုင်ငံသား ၄ ဦးကိုလည်း ထပ်ဖမ်းမိပါတယ်။ ကုန်သွယ်မူတွေလုပ်နေတဲ့ မဲဆောက်မြဝတီချစ်ကြည်ရေးတံတား ၂ ကို မနေ့ကစပြီး ကုန်သွယ်မှုတွေ ရပ်ဆိုင်းထားပြီး ကိုဗစ်ပိုးတွေရှိတဲ့ မြန်မာမိသားစုနေထိုင်တဲ့ မဲဆောက်မြို့က ထုံထောင်းရပ်ကွက်ကိုလည်း ဝင်ခွင့်ထွက်ခွင့်တွေ ပိတ်ထားပါတယ်။ လုံခြုံရေးတွေ အထူးတင်းကြပ်နေတဲ့ကြားကပဲ ခိုးဝင်လာသူတွေက ရှိနေတာကြောင့် ထိုင်းအာဏာပိုင်တွေဘက်က စိုးရိမ်မှုတွေရှိနေတာပါ။ မဲဆောက်မှာ ကိုဗစ်ကပ်ရောဂါပိုးတွေ့ရှိမှုကိုတော့ ပထမဦးဆုံးပြည်တွင်းကူးစက်မူှုအဖြစ် ထိုင်းအာဏာပိုင်တွေက ပြောကြားပါတယ်။ ထိုင်းနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၅၉ ယောက်နဲ့ ကူးစက်သူ ၃,၆၀၀ လောက်ရှိခဲ့ပြီးနောက် ရောဂါကူးစက်မှုတွေ ကျဆင်းလာနေချိန်မှာပဲ မြန်မာနိုင်ငံဘက်ခြမ်းမှာ ကူးစက်မှုတွေ တိုးလာနေတာကြောင့် ထိုင်းနိုင်ငံက ကူးစက်ပျံ့နှံ့မလာအောင် ထိန်းချုပ်နေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]






XS
SM
MD
LG