(Zawgyi / Unicode)
ထုိင္းႏုိင္ငံမွာ အစိုးရကို ဆန္႔က်င္ဆႏၵျပသူ ရာေပါင္းမ်ားစြာဟာ ဒီေန႔မွာလည္း ဘန္ေကာက္ၿမိဳ႕မွာ ဆက္ၿပီးေတာ့ ဆႏၵျပခဲ့ၾကပါတယ္။
ထုိင္းအစိုးရက ႏုိင္ငံေတာ္ အေရးေပၚအေျခအေန ေၾကညာၿပီး ဆႏၵျပေခါင္းေဆာင္ေတြ အပါအဝင္ လူဒါဇင္ေပါင္းမ်ားစြာကို ဖမ္းဆီးၿပီး ဆႏၵျပပဲြေတြ တားဆီးေနတဲ့ၾကားမွာပဲ ေက်ာင္းသားေတြ ဦးေဆာင္တဲ့ ဆႏၵျပတဲ့သူ ရာေပါင္းမ်ားစြာဟာ အစိုးရရဲ႕အမိန္႔ကို ဆန္႔က်င္ၿပီး ဘန္ေကာက္ၿမိဳ႕က Victory Monument ေက်ာက္တုိင္ေရွ႕မွာ စုေဝးၿပီးေတာ့ ဝန္ႀကီးခ်ဳပ္ ပရာယြတ္ခ်န္အိုခ်ာ ႏုတ္ထြက္ေပးဖို႔၊ ဖြဲ႔စည္းပုံျပင္ဆင္ဖို႔နဲ႔ ထုိင္းႏုိင္ငံရဲ႕ စည္းမ်ဥ္းခံဘုရင္စနစ္ကို ျပဳျပင္ေျပာင္းလဲေရးေတြ လုပ္ဖို႔ ဆက္ၿပီး ေတာင္းဆုိခဲ့ၾကတာပါ။
ဒါ့အျပင္ ဆႏၵျပတဲ့သူေတြဟာ ဘန္ေကာက္ၿမိဳ႕က တျခားေနရာ အေတာ္မ်ားမ်ားမွာလည္း ေနရာေတြခဲြ ဆႏၵျပခဲ့ၾကၿပီး ေနာက္ထပ္ ဆႏၵျပပဲြေတြ လုပ္သြားမယ္လို႔လည္း ေျပာလိုက္ပါတယ္။
ဆႏၵျပတဲ့သူတဦးကေတာ့ သူတုိ႔ရဲ႕ ေတာင္းဆုိခ်က္ေတြကို မရမခ်င္း ဆက္ၿပီးေတာ့ တိုက္ပဲြဝင္သြားမွာျဖစ္တယ္လို႔ ေျပာၾကားလိုက္ၿပီး ဘန္ေကာက္ၿမိဳ႕က လမ္းေနရာ အေတာ္မ်ားမ်ားမွာလည္း ထုိင္းႏုိင္ငံရဲ႕ အလံေတြနဲ႔ အတူ လြတ္လပ္တဲ့ ထုိင္းသမၼတႏုိင္ငံေတာ္ဆုိတဲ့ စာတန္းေတြကိုလည္း ေဆးေတြနဲ႔ ေရးဆဲြခဲ့ၾကပါတယ္။
မေန႔ကေတာ့ အာဏာပိုင္ေတြက ဆႏၵျပတဲ့သူေတြကို မီးသတ္ပိုက္ေတြနဲ႔ ထုိးၿပီး အင္အားသုံး ႏွိမ္နင္းခဲ့သလို ဆႏၵျပပဲြေတြ မျဖစ္ေအာင္ ရထားလုိင္းေတြနဲ႔ လမ္းေတြကို ပိတ္ဆုိ႔ခဲ့ပါတယ္။ ဒါေပမယ့္ ဆႏၵျပတဲ့သူေတြကေတာ့ တေနရာကေန တေနရာကို အျမန္ေရႊ႕ၿပီးေတာ့ ဆႏၵျပခဲ့ၾကသလို လူမႈကြန္ရက္ မီဒီယာေတြကေန တဆင့္လည္း ဆႏၵျပပဲြေတြကို စီစဥ္ခဲ့ၾကပါတယ္။
ဆႏၵျပတဲ့သူေတြကေတာ့ ၂၀၁၄ ခုႏွစ္က အရပ္သားအစိုးရကို အာဏာသိမ္းၿပီး တက္လာတဲ့ စစ္ေခါင္းေဆာင္ေဟာင္း ပရာယြတ္ဟာ ၿပီးခဲ့တဲ့ ေရြးေကာက္ပဲြမွာ သူအႏုိင္ရဖို႔အတြက္ မမွန္မကန္ လုပ္ခဲ့တယ္လို႔ ေျပာေနၾကပါတယ္။
---------------------
(Unicode)
အစိုးရနဲ့ ဘုရင်စနစ် ဆန့်ကျင်ရေး ထိုင်းဆန္ဒပြမှု တနင်္ဂနွေနေ့ ဆက်ဖြစ်ပွား
ထိုင်းနိုင်ငံမှာ အစိုးရကို ဆန့်ကျင်ဆန္ဒပြသူ ရာပေါင်းများစွာဟာ ဒီနေ့မှာလည်း ဘန်ကောက်မြို့မှာ ဆက်ပြီးတော့ ဆန္ဒပြခဲ့ကြပါတယ်။
ထိုင်းအစိုးရက နိုင်ငံတော် အရေးပေါ်အခြေအနေ ကြေညာပြီး ဆန္ဒပြခေါင်းဆောင်တွေ အပါအဝင် လူဒါဇင်ပေါင်းများစွာကို ဖမ်းဆီးပြီး ဆန္ဒပြပွဲတွေ တားဆီးနေတဲ့ကြားမှာပဲ ကျောင်းသားတွေ ဦးဆောင်တဲ့ ဆန္ဒပြတဲ့သူ ရာပေါင်းများစွာဟာ အစိုးရရဲ့အမိန့်ကို ဆန့်ကျင်ပြီး ဘန်ကောက်မြို့က Victory Monument ကျောက်တိုင်ရှေ့မှာ စုဝေးပြီးတော့ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ နုတ်ထွက်ပေးဖို့၊ ဖွဲ့စည်းပုံပြင်ဆင်ဖို့နဲ့ ထိုင်းနိုင်ငံရဲ့ စည်းမျဉ်းခံဘုရင်စနစ်ကို ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့ ဆက်ပြီး တောင်းဆိုခဲ့ကြတာပါ။
ဒါ့အပြင် ဆန္ဒပြတဲ့သူတွေဟာ ဘန်ကောက်မြို့က တခြားနေရာ အတော်များများမှာလည်း နေရာတွေခွဲ ဆန္ဒပြခဲ့ကြပြီး နောက်ထပ် ဆန္ဒပြပွဲတွေ လုပ်သွားမယ်လို့လည်း ပြောလိုက်ပါတယ်။
ဆန္ဒပြတဲ့သူတဦးကတော့ သူတို့ရဲ့ တောင်းဆိုချက်တွေကို မရမချင်း ဆက်ပြီးတော့ တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ ပြောကြားလိုက်ပြီး ဘန်ကောက်မြို့က လမ်းနေရာ အတော်များများမှာလည်း ထိုင်းနိုင်ငံရဲ့ အလံတွေနဲ့ အတူ လွတ်လပ်တဲ့ ထိုင်းသမ္မတနိုင်ငံတော်ဆိုတဲ့ စာတန်းတွေကိုလည်း ဆေးတွေနဲ့ ရေးဆွဲခဲ့ကြပါတယ်။
မနေ့ကတော့ အာဏာပိုင်တွေက ဆန္ဒပြတဲ့သူတွေကို မီးသတ်ပိုက်တွေနဲ့ ထိုးပြီး အင်အားသုံး နှိမ်နင်းခဲ့သလို ဆန္ဒပြပွဲတွေ မဖြစ်အောင် ရထားလိုင်းတွေနဲ့ လမ်းတွေကို ပိတ်ဆို့ခဲ့ပါတယ်။ ဒါပေမယ့် ဆန္ဒပြတဲ့သူတွေကတော့ တနေရာကနေ တနေရာကို အမြန်ရွှေ့ပြီးတော့ ဆန္ဒပြခဲ့ကြသလို လူမှုကွန်ရက် မီဒီယာတွေကနေ တဆင့်လည်း ဆန္ဒပြပွဲတွေကို စီစဉ်ခဲ့ကြပါတယ်။
ဆန္ဒပြတဲ့သူတွေကတော့ ၂၀၁၄ ခုနှစ်က အရပ်သားအစိုးရကို အာဏာသိမ်းပြီး တက်လာတဲ့ စစ်ခေါင်းဆောင်ဟောင်း ပရာယွတ်ဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ သူအနိုင်ရဖို့အတွက် မမှန်မကန် လုပ်ခဲ့တယ်လို့ ပြောနေကြပါတယ်။