သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္း၀န္ႀကီးခ်ဳပ္ႏုတ္ထြက္ေရး ဆႏၵျပသမားေတြ ဆက္လက္ဖိအားေပးမည္


ဆန္႔က်င္ ဆႏၵျပသူေတြကို ထိုင္းနိုင္ငံ ဘန္ေကာက္ၿမိဳ႕မွာ ေတြ႔ရ။ (ေအာက္တိုဘာ ၁၄၊ ၂၀၂၀)

(Zawgyi/Unicode)

ထိုင္းႏိုင္ငံမွာေတာ့ ဝန္ႀကီးခ်ုဳပ္ႏုတ္ထြက္ေပးေရး ဆႏၵျပသူေတြအေနဲ႔၊ တန္ျပန္ဆႏၵျပတဲ့ ဘုရင္စနစ္ေထာက္ခံသူေတြနဲ႔လမ္းမွာမေန႔က ထိပ္တိုက္ေတြ႔ခဲ့ၿပီး၊ အခုေတာ့ ဝန္ႀကီးခ်ဳပ္ရံုးစိုက္ရာ အစိုးရရံုးအျပင္ဘက္မွာ အနည္းဆံုး (၃) ရက္ဆက္ဖိအားေပးဖို႔ ေၾကညာလိုက္ပါတယ္။

ေထာင္ဂဏန္းေတြနဲ႔ခ်ီတဲ့ ဆႏၵျပသူေတြအေနနဲ႔ ဒီအစိုးရရံုးကို မေန႔က ခ်ီတက္ခဲ့ရာလမ္းမွာ၊ ဘုရင္စနစ္ေထာက္ခံသူ အဝါေရာင္ဝတ္ တန္ျပန္ဆႏၵျပသူေတြနဲ႔ ထိပ္တိုက္ေတြ႔မူတခ်ိဳ႕ရွိခဲ့တာအျပင္၊ ရံုးနားအေရာက္မွာလည္း ခ်ထားတဲ့ လံုၿခံဳေရးစည္းကို ျဖတ္ေက်ာ္ကာ အခုလို သပိတ္စခန္းမ်ိဳးဖြင့္လိုက္တာပါ။

လြန္ခဲ့တဲ့ ၆ ႏွစ္ထဲက အာဏာသိမ္းၿပီး ေနာက္ စိတ္ႀကိဳက္ဖြဲ႔စည္းပံုနဲ႔ ေရြးေကာက္ပြဲက တဆင့္တက္လာတဲ့ ဝန္ႀကီးခ်ဳပ္ Prayut Chan-o-cha ျဖဳတ္ခ်ေရးဆႏၵျပပြဲေတြကို ထုိင္းေက်ာင္းသားေတြက လြန္ခဲ့တဲ လပိုင္းေတြထဲက စဦးေဆာင္ခဲ့ကာ၊ အခုလို လူထူပါလာတဲ့ ဆႏၵျပပြဲႀကီးေတြဆက္ျဖစ္လာတာပါ။

အရင္ လြတ္လပ္တဲ့ျပည္သူ႔လႈပ္ရွားမူလို႔နာမည္ေပးခဲ့ရာကေန၊ အခု Khana Ratsadorn ျပည္သူေတြရဲ့အဖြဲ႔လို႔ အဓိပၸါယ္ထြက္တဲ့ နာမည္ေျပာင္းထားတဲ့ ဒီဆႏၵျပပြဲမွာ၊ အခုလို ဝန္ႀကီးခ်ဳပ္ႏုတ္ထြက္ေပးဖို႔ ေတာင္းဆိုတာအျပင္၊ ထိုင္းႏုိင္ငံမွာ အရင္ မေျပာရဲမဆိုရဲျဖစ္ခဲ့တဲ့ ဘုရင္စနစ္ျပဳျပင္ေျပာင္းလဲေရးနဲ႔ ဖြဲ႔စည္းပံုအသစ္ျပန္ေရးဆြဲေရးအထိပါ ေတာင္းဆိုလာေနပါတယ္။

ဆႏၵျပသူေတြအေနနဲ႔ မေန႔ေန႔လည္ ၃ နာရီထိုးကာနီးကေနစၿပီး၊ ဘန္ေကာက္ၿမိဳ.အထင္ကရ ဒီမိုကေရစီ အထိမ္းအမွတ္ေက်ာက္တိုင္ကေန စခ်ီတက္လာတာ၊ ၄ နာရီခန္႔အၾကာမွာ အခုလို ထိုင္းအစိုးရရံုးကိုေရာက္အၿပီးမွာ ဆႏၵျပသူတစ္ဦးက လူေပါင္း ၃ သိန္းေလာက္ရွိလာၿပီလို႔ ခန္႔မွန္းလိုက္ခ်ိန္မွာ၊ ဒီအဖြဲ႔ခါင္းေဆာင္ Arnon Nampha က သူတို႔ရဲ့ အဆံုးသတ္တိုက္ပြဲကို ေရာက္ေနၿပီလို႔ ေၾကြးေၾကာ္လိုက္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


..........

(Unicode)

ထိုင်းနိုင်ငံမှာတော့ ဝန်ကြီးချုုပ်နုတ်ထွက်ပေးရေး ဆန္ဒပြသူတွေအနေဲ့၊ တန်ပြန်ဆန္ဒပြတဲ့ ဘုရင်စနစ်ထောက်ခံသူတွေနဲ့လမ်းမှာမနေ့က ထိပ်တိုက်တွေ့ခဲ့ပြီး၊ အခုတော့ ဝန်ကြီးချုပ်ရုံးစိုက်ရာ အစိုးရရုံးအပြင်ဘက်မှာ အနည်းဆုံး (၃) ရက်ဆက်ဖိအားပေးဖို့ ကြေညာလိုက်ပါတယ်။

ထောင်ဂဏန်းတွေနဲ့ချီတဲ့ ဆန္ဒပြသူတွေအနေနဲ့ ဒီအစိုးရရုံးကို မနေ့က ချီတက်ခဲ့ရာလမ်းမှာ၊ ဘုရင်စနစ်ထောက်ခံသူ အဝါရောင်ဝတ် တန်ပြန်ဆန္ဒပြသူတွေနဲ့ ထိပ်တိုက်တွေ့မူတချို့ရှိခဲ့တာအပြင်၊ ရုံးနားအရောက်မှာလည်း ချထားတဲ့ လုံခြုံရေးစည်းကို ဖြတ်ကျော်ကာ အခုလို သပိတ်စခန်းမျိုးဖွင့်လိုက်တာပါ။

လွန်ခဲ့တဲ့ ၆ နှစ်ထဲက အာဏာသိမ်းပြီး နောက် စိတ်ကြိုက်ဖွဲ့စည်းပုံနဲ့ ရွေးကောက်ပွဲက တဆင့်တက်လာတဲ့ ဝန်ကြီးချုပ် Prayut Chan-o-cha ဖြုတ်ချရေးဆန္ဒပြပွဲတွေကို ထိုင်းကျောင်းသားတွေက လွန်ခဲ့တဲ လပိုင်းတွေထဲက စဦးဆောင်ခဲ့ကာ၊ အခုလို လူထူပါလာတဲ့ ဆန္ဒပြပွဲကြီးတွေဆက်ဖြစ်လာတာပါ။

အရင် လွတ်လပ်တဲ့ပြည်သူ့လှုပ်ရှားမူလို့နာမည်ပေးခဲ့ရာကနေ၊ အခု Khana Ratsadorn ပြည်သူတွေရဲ့အဖွဲ့လို့ အဓိပ္ပါယ်ထွက်တဲ့ နာမည်ပြောင်းထားတဲ့ ဒီဆန္ဒပြပွဲမှာ၊ အခုလို ဝန်ကြီးချုပ်နုတ်ထွက်ပေးဖို့ တောင်းဆိုတာအပြင်၊ ထိုင်းနိုင်ငံမှာ အရင် မပြောရဲမဆိုရဲဖြစ်ခဲ့တဲ့ ဘုရင်စနစ်ပြုပြင်ပြောင်းလဲရေးနဲ့ ဖွဲ့စည်းပုံအသစ်ပြန်ရေးဆွဲရေးအထိပါ တောင်းဆိုလာနေပါတယ်။

ဆန္ဒပြသူတွေအနေနဲ့ မနေ့နေ့လည် ၃ နာရီထိုးကာနီးကနေစပြီး၊ ဘန်ကောက်မြို.အထင်ကရ ဒီမိုကရေစီ အထိမ်းအမှတ်ကျောက်တိုင်ကနေ စချီတက်လာတာ၊ ၄ နာရီခန့်အကြာမှာ အခုလို ထိုင်းအစိုးရရုံးကိုရောက်အပြီးမှာ ဆန္ဒပြသူတစ်ဦးက လူပေါင်း ၃ သိန်းလောက်ရှိလာပြီလို့ ခန့်မှန်းလိုက်ချိန်မှာ၊ ဒီအဖွဲ့ခါင်းဆောင် Arnon Nampha က သူတို့ရဲ့ အဆုံးသတ်တိုက်ပွဲကို ရောက်နေပြီလို့ ကြွေးကြော်လိုက်ပါတယ်။

XS
SM
MD
LG