သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဘုရင္စနစ္ျပဳျပင္ေရး ထိုင္းဆႏၵျပသူေတြနဲ႔ လိုလားသူေတြ ထိပ္တိုက္ေတြ႕


ဆန္႔က်င္ ဆႏၵျပသူေတြကို ထိုင္းနိုင္ငံ ဘန္ေကာက္ၿမိဳ႕မွာ ေတြ႔ရ။ (ေအာက္တိုဘာ ၁၄၊ ၂၀၂၀)

[Zawgyi/Unicode]

အစိုးရ ဆန္႔က်င္ေရး ဆႏၵျပပြဲေတြ ၃ လၾကာ ျဖစ္ေပၚေနတာေၾကာင့္ အေျခအေန တင္းမာေနတဲ့ ထိုင္းႏိုင္ငံမွာ အစိုးရကို ဆန္႔က်င္ ဆႏၵျပသူေတြနဲ႔ ထိုင္းဘုရင္ သစၥာခံေတြ အၾကား ဒီကေန႔ ဘန္ေကာက္ၿမိဳ႕ေပၚမွာ အၿပိဳင္ အားျပခဲ့ၾကပါတယ္။

ထိုင္းစစ္တပ္ အႀကီးအကဲေဟာင္း ဝန္ႀကီးခ်ဳပ္ Prayuth Chan-ocha
ထိုင္းစစ္တပ္ အႀကီးအကဲေဟာင္း ဝန္ႀကီးခ်ဳပ္ Prayuth Chan-ocha

အစိုးရ ဆန္႔က်င္ေရး ဆႏၵျပသမားေတြက ဘန္ေကာက္ၿမိဳ႕လယ္က ဒီမိုကေရစီအထိမ္းအမွတ္ေက်ာက္တိုင္ အစိုးရ အိမ္ေတာ္ဆီကို ခ်ီတက္ ဆႏၵျပခဲ့ၾကၿပီး ထိုင္းစစ္တပ္ အႀကီးအကဲေဟာင္း ဝန္ႀကီးခ်ဳပ္ Prayuth Chan-ocha ရာထူးက ႏုတ္ထြက္ေပးေရးနဲ႔ အေျခခံ ဥပေဒ အသစ္ ေရးဆြဲေရး ေတာင္းဆိုခဲ့ၾကပါတယ္။ စည္းမ်ဥ္းခံ ဘုရင္စနစ္ ျပဳျပင္ေျပာင္းလဲေပးဖို႔ကိုလည္း ဆႏၵျပသူေတြက ေတာင္းဆိုခဲ့ၾကတာပါ။

အစိုးရကို ဆန္႔က်င္ ဆႏၵျပသူေတြနဲ႔ မလွမ္းမကမ္းမွာေတာ့ လုံၿခဳံေရး တပ္ဖြဲ႕ေတြ၊ အစိုးရ ဝန္ထမ္းေတြနဲ႔ အဝါေရာင္တီရွပ္အက်ီေတြ၀တ္ထားတဲ့ ဘုရင့္ေထာက္ခံသူေတြ စုေ၀းေနၾကပါတယ္။

ဘုရင္ သစၥာခံေတြက အဝါေရာင္ တီရွပ္အက်ႌေတြ ဝတ္ၿပီး စုေဝး ဆႏၵျပခဲ့ၾကပါတယ္။ ႏွစ္ဖက္ ဆႏၵျပသူေတြ အၾကား သီးျခားစီ ခြဲၿပီး စု႐ုံး ဆႏၵျပခဲ့ၾကတာ ျဖစ္ေပမဲ့ ၂၀၁၄ ခုႏွစ္ စစ္တပ္ အာဏာမသိမ္းခင္က ထိုင္းဘုရင္ သစၥာခံေတြနဲ႔ ဆန္႔က်င္သူေတြ အၾကား ေပၚေပါက္ခဲ့တဲ့ ဆယ္စုႏွစ္တခုၾကာ လမ္းေပၚ အၾကမ္းဖက္မႈေတြ ထပ္ၿပီး ျဖစ္ပြားမလားလို႔ ဆိုတဲ့ စိုးရိမ္ေနၾကပါတယ္။

အဂၤါေန႔တုန္းကေတာ့ ရဲက ဆႏၵျပသူ ၂၁ ဦးကို ဖမ္းဆီးလိုက္ၿပီးတဲ့ေနာက္မွာ ေဒါသထြက္ေနတဲ့ ဆႏၵျပသူေတြက ထိုင္းဘုရင္ရဲ႕ ေမာ္ေတာ္ယာဥ္တန္း ျဖတ္သြားခ်ိန္မွာ ထိုင္းဘုရင္ကို ရွားရွားပါးပါး တိုက္႐ိုက္ ေအာ္ဟစ္ေဝဖန္ခဲ့ပါတယ္။ ထိုင္းစစ္တပ္နဲ႔ ဘုရင့္နန္းေတာ္က လႊမ္းမိုးထားတဲ့ လက္ရွိစနစ္အေပၚ အစိုးရ ဆန္႔က်င္ေရး ဆႏၵျပေနသူေတြက ႏွစ္ေပါင္း မ်ားစြာ စိန္ေခၚလာခဲ့တာ ျဖစ္ပါတယ္။

ဘုရင္စနစ္ကို သစၥာခံသူေတြကေတာ့ ဆႏၵျပသူေတြ ဒီမိုကေရစီ လြတ္လပ္ခြင့္ကို ေတာင္းဆိုတာကို နားလည္ေပးႏိုင္ေပမဲ့ ဘုရင္စနစ္ ျပဳျပင္ေျပာင္းလဲေရးကို မေတာင္းဆိုသင့္ဘူးလို႔ ယူဆေနၾကတာပါ။

ထိုင္းဘုရင့္ နန္းေတာ္ကေတာ့ ဆႏၵျပမႈေတြ အေပၚမွာေကာ ဆႏၵျပသူေတြရဲ႕ ေတာင္းဆိုခ်က္ေတြ အေပၚမွာေရာ တစ္စုံတရာ ေဝဖန္ခ်က္မေပးပါဘူး။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဘုရင်စနစ်ပြုပြင်ရေး ထိုင်းဆန္ဒပြသူတွေနဲ့ လိုလားသူတွေထိပ်တိုက်တွေ့

အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ၃ လကြာ ဖြစ်ပေါ်နေတာကြောင့် အခြေအနေ တင်းမာနေတဲ့ ထိုင်းနိုင်ငံမှာ အစိုးရကို ဆန့်ကျင် ဆန္ဒပြသူတွေနဲ့ ထိုင်းဘုရင် သစ္စာခံတွေ အကြား ဒီကနေ့ ဘန်ကောက်မြို့ပေါ်မှာ အပြိုင် အားပြခဲ့ကြပါတယ်။

အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသမားတွေက ဘန်ကောက်မြို့လယ်က ဒီမိုကရေစီအထိမ်းအမှတ်ကျောက်တိုင် အစိုးရ အိမ်တော်ဆီကို ချီတက် ဆန္ဒပြခဲ့ကြပြီး ထိုင်းစစ်တပ် အကြီးအကဲဟောင်း ဝန်ကြီးချုပ် Prayuth Chan-ocha ရာထူးက နုတ်ထွက်ပေးရေးနဲ့ အခြေခံ ဥပဒေ အသစ် ရေးဆွဲရေး တောင်းဆိုခဲ့ကြပါတယ်။ စည်းမျဉ်းခံ ဘုရင်စနစ် ပြုပြင်ပြောင်းလဲပေးဖို့ကိုလည်း ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြတာပါ။

အဝါေရာင္တီရွပ္အက်ီေတြ၀တ္ထားတဲ့ ဘုရင့္ေထာက္ခံသူမ်ားကို ထိုင္းနိုင္ငံ ဘန္ေကာက္ၿမိဳ႕မွာ ေတြ႔ရ။ (ေအာက္တိုဘာ ၁၄၊ ၂၀၂၀)
အဝါေရာင္တီရွပ္အက်ီေတြ၀တ္ထားတဲ့ ဘုရင့္ေထာက္ခံသူမ်ားကို ထိုင္းနိုင္ငံ ဘန္ေကာက္ၿမိဳ႕မွာ ေတြ႔ရ။ (ေအာက္တိုဘာ ၁၄၊ ၂၀၂၀)

အစိုးရကို ဆန့်ကျင် ဆန္ဒပြသူတွေနဲ့ မလှမ်းမကမ်းမှာတော့ လုံခြုံရေး တပ်ဖွဲ့တွေ၊ အစိုးရ ဝန်ထမ်းတွေနဲ့ အဝါရောင်တီရှပ်အကျီတွေဝတ်ထားတဲ့ ဘုရင့်ထောက်ခံသူတွေ စုဝေးနေကြပါတယ်။

ဘုရင် သစ္စာခံတွေက အဝါရောင် တီရှပ်အင်္ကျီတွေ ဝတ်ပြီး စုဝေး ဆန္ဒပြခဲ့ကြပါတယ်။ နှစ်ဖက် ဆန္ဒပြသူတွေ အကြား သီးခြားစီ ခွဲပြီး စုရုံး ဆန္ဒပြခဲ့ကြတာ ဖြစ်ပေမဲ့ ၂၀၁၄ ခုနှစ် စစ်တပ် အာဏာမသိမ်းခင်က ထိုင်းဘုရင် သစ္စာခံတွေနဲ့ ဆန့်ကျင်သူတွေ အကြား ပေါ်ပေါက်ခဲ့တဲ့ ဆယ်စုနှစ်တခုကြာ လမ်းပေါ် အကြမ်းဖက်မှုတွေ ထပ်ပြီး ဖြစ်ပွားမလားလို့ ဆိုတဲ့ စိုးရိမ်နေကြပါတယ်။

အင်္ဂါနေ့တုန်းကတော့ ရဲက ဆန္ဒပြသူ ၂၁ ဦးကို ဖမ်းဆီးလိုက်ပြီးတဲ့နောက်မှာ ဒေါသထွက်နေတဲ့ ဆန္ဒပြသူတွေက ထိုင်းဘုရင်ရဲ့ မော်တော်ယာဉ်တန်း ဖြတ်သွားချိန်မှာ ထိုင်းဘုရင်ကို ရှားရှားပါးပါး တိုက်ရိုက် အော်ဟစ်ဝေဖန်ခဲ့ပါတယ်။ ထိုင်းစစ်တပ်နဲ့ ဘုရင့်နန်းတော်က လွှမ်းမိုးထားတဲ့ လက်ရှိစနစ်အပေါ် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြနေသူတွေက နှစ်ပေါင်း များစွာ စိန်ခေါ်လာခဲ့တာ ဖြစ်ပါတယ်။

ဘုရင်စနစ်ကို သစ္စာခံသူတွေကတော့ ဆန္ဒပြသူတွေ ဒီမိုကရေစီ လွတ်လပ်ခွင့်ကို တောင်းဆိုတာကို နားလည်ပေးနိုင်ပေမဲ့ ဘုရင်စနစ် ပြုပြင်ပြောင်းလဲရေးကို မတောင်းဆိုသင့်ဘူးလို့ ယူဆနေကြတာပါ။

ထိုင်းဘုရင့် နန်းတော်ကတော့ ဆန္ဒပြမှုတွေ အပေါ်မှာကော ဆန္ဒပြသူတွေရဲ့ တောင်းဆိုချက်တွေ အပေါ်မှာရော တစ်စုံတရာ ဝေဖန်ချက်မပေးပါဘူး။

XS
SM
MD
LG