သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္း ဆႏၵျပသူေတြနဲ႔ အစိုးရၾကား ထိပ္တိုက္ျဖစ္ေနဆဲ


ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕မွာ ေတြ႔ရတဲ့ ဆႏၵျပပဲြ ျမင္ကြင္း။ (ေအာက္တိုဘာ ၁၅၊ ၂၀၂၀)

[Zawgyi/Unicode]

ထိုင္းႏုိင္ငံက ေထာင္ေသာင္းခ်ီတဲ့ အစိုးရဆန္႔က်င္ေရး ဆႏၵျပသူေတြက အစိုးရတားျမစ္ခ်က္ကိုမလိုက္နာဘဲ အာခံေနတာေတြရပ္ဖို႔ ၀န္ႀကိီးခ်ဳပ္ ပယာရြတ္ ခ်န္အိုခ်ာက သတိေပးလိုက္သလို သူ႔အေနနဲ႔ ရာထူးကႏုတ္ထြက္မွာ မဟုတ္ဘူးလို႔လည္း ေသာၾကာေန႔မွာ ေျပာပါတယ္။

“အၾကမ္းဖက္မႈေတြပါ ေပၚေပါက္လာတဲ့အတြက္ အစိုးရဘက္က ရက္ေပါင္း ၃၀ ယာယီအမိန္႔ထုတ္ျပန္ထားၿပီး အေျခအေနေတြ တည္ၿငိမ္သြားရင္ေတာ့ အဲဒီေလာက္ၾကာမွာမဟုတ္ဘူး။" လို႔ အစိုးရအဖြဲ႔ အေရးေပၚ အစည္းအေဝးအၿပီးမွာ ၀န္ႀကီးခ်ဳပ္ ခ်န္အိုခ်ာက သတင္းေထာက္ေတြကို ေျပာဆိုသြားတာပါ။

လူ ၅ ဦးထက္ပိုၿပီး မစုေ၀းရဆိုတဲ့ တားျမစ္ခ်က္အမိန္႔ကို ၾကာသပေတးေန႔အေစာပိုင္းမွာ ထုိင္းအစိုးရက ထုတ္ျပန္ခဲ့ပါတယ္။ ၃ လနီးပါး႐ွိလာတဲ့ ထိုင္းဆႏၵျပပြဲမွာ ထုိင္းဘုရင္ မဟာဗဇီရာေလာင္ကြန္းရဲ႕ အာဏာေလ ွ်ာ့ခ်ေရးနဲ႔ ၀န္ႀကီးခ်ဳပ္ႏုတ္ထြက္ေပးေရး ေတာင္းဆိုေနၾကတာျဖစ္ပါတယ္။

လူစုလူေ၀းမလုပ္ရအမိန္႔ကို ဖီဆန္ခဲ့ၾကတဲ့ ဆႏၵျပသူေတြက ဘန္ေကာက္ၿမိဳ ႔မွာ ၾကာသပေတးေန႔က အႀကီးအက်ယ္စုေ၀းဆႏၵျပခဲ့ၾကပါတယ္။

၂၀၁၄ ခုႏွစ္မွာ အစိုးရကို စစ္တပ္ကဖယ္ရွားၿပီး အာဏာရယူခဲ့တဲ့ မစၥတာ ခ်န္အိုခ်ာဟာ ၀န္ႀကီးခ်ဳပ္ရာထူးကို ဆက္ၿပီးဆုပ္ကိုင္ထားႏုိင္ေအာင္ မႏွစ္ကေရြးေကာက္ပြဲကို သူ႔အလိုက်စီမံခဲ့တယ္လိ႔ု ဆႏၵျပသူေတြက ေျပာပါတယ္။ ၀န္ႀကီးခ်ဳပ္ကေတာ့ အဲဒီေရြးေကာက္ပြဲကို တရားမ ွ်တစြာ က်င္းပခဲ့တာလို႔ေျပာပါတယ္။

စစ္တပ္ကေရးဆဲြထားတဲ့ ဖဲြ႔စည္းပုံအေျခခံဥပေဒကို ျပင္ဆင္ေရးနဲ႔ႏုိင္ငံေရးမွာ စစ္တပ္ရဲ႕ လႊမ္းမိုးမႈရွိေအာင္ ကူညီေနတယ္ဆိုတဲ့ စည္းမ်ဥ္းခံဘုရင္စနစ္ ျပဳျပင္ေျပာင္းလဲေရးကိုပါ ဆႏၵျပသူေတြ ေတာင္းဆိုေနၾကတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ထိုင်း ဆန္ဒပြသူတွေနဲ့ အစိုးရကြား ထိပ်တိုက်ဖြစ်နေဆဲ

ထိုင်းနိုင်ငံက ထောင်သောင်းချီတဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေက အစိုးရတားမြစ်ချက်ကိုမလိုက်နာဘဲ အာခံနေတာတွေရပ်ဖို့ ဝန်ကြီးချုပ် ပယာရွတ် ချန်အိုချာက သတိပေးလိုက်သလို သူ့အနေနဲ့ ရာထူးကနုတ်ထွက်မှာ မဟုတ်ဘူးလို့လည်း သောကြာနေ့မှာ ပြောပါတယ်။

“အကြမ်းဖက်မှုတွေပါ ပေါ်ပေါက်လာတဲ့အတွက် အစိုးရဘက်က ရက်ပေါင်း ၃၀ ယာယီအမိန့်ထုတ်ပြန်ထားပြီး အခြေအနေတွေ တည်ငြိမ်သွားရင်တော့ အဲဒီလောက်ကြာမှာမဟုတ်ဘူး။" လို့ အစိုးရအဖွဲ့ အရေးပေါ် အစည်းအဝေးအပြီးမှာ ဝန်ကြီးချုပ် ချန်အိုချာက သတင်းထောက်တွေကို ပြောဆိုသွားတာပါ။

လူ ၅ ဦးထက်ပိုပြီး မစုဝေးရဆိုတဲ့ တားမြစ်ချက်အမိန့်ကို ကြာသပတေးနေ့အစောပိုင်းမှာ ထိုင်းအစိုးရက ထုတ်ပြန်ခဲ့ပါတယ်။ ၃ လနီးပါးရှိလာတဲ့ ထိုင်းဆန္ဒပြပွဲမှာ ထိုင်းဘုရင် မဟာဗဇီရာလောင်ကွန်းရဲ့ အာဏာလေ ျှာ့ချရေးနဲ့ ဝန်ကြီးချုပ်နုတ်ထွက်ပေးရေး တောင်းဆိုနေကြတာဖြစ်ပါတယ်။

လူစုလူဝေးမလုပ်ရအမိန့်ကို ဖီဆန်ခဲ့ကြတဲ့ ဆန္ဒပြသူတွေက ဘန်ကောက်မြို့မှာ ကြာသပတေးနေ့က အကြီးအကျယ်စုဝေးဆန္ဒပြခဲ့ကြပါတယ်။

၂၀၁၄ ခုနှစ်မှာ အစိုးရကို စစ်တပ်ကဖယ်ရှားပြီး အာဏာရယူခဲ့တဲ့ မစ္စတာ ချန်အိုချာဟာ ဝန်ကြီးချုပ်ရာထူးကို ဆက်ပြီးဆုပ်ကိုင်ထားနိုင်အောင် မနှစ်ကရွေးကောက်ပွဲကို သူ့အလိုကျစီမံခဲ့တယ်လိ့ု ဆန္ဒပြသူတွေက ပြောပါတယ်။ ဝန်ကြီးချုပ်ကတော့ အဲဒီရွေးကောက်ပွဲကို တရားမ ျှတစွာ ကျင်းပခဲ့တာလို့ပြောပါတယ်။

စစ်တပ်ကရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးနဲ့နိုင်ငံရေးမှာ စစ်တပ်ရဲ့ လွှမ်းမိုးမှုရှိအောင် ကူညီနေတယ်ဆိုတဲ့ စည်းမျဉ်းခံဘုရင်စနစ် ပြုပြင်ပြောင်းလဲရေးကိုပါ ဆန္ဒပြသူတွေ တောင်းဆိုနေကြတာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG