သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္းႏုိင္ငံမွာ ႏုိင္ငံေတာ္ အေရးေပၚအေျခအေန ေၾကညာထား


ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕မွာ ေတြ႔ရတဲ့ ဆႏၵျပပဲြ ျမင္ကြင္း။ (ေအာက္တိုဘာ ၁၅၊ ၂၀၂၀)

[Zawgyi/Unicode]

ထုိင္းႏုိင္ငံမွာ အစိုးရႏုတ္ထြက္ေပးဖို႔နဲ႔ စည္းမ်ဥ္းခံဘုရင္စနစ္ကို ျပဳျပင္ေျပာင္းလဲမႈေတြလုပ္ဖို႔ ဆႏၵျပေတာင္းဆိုတာေတြ အႀကီးအက်ယ္ ျဖစ္ခဲ့ၿပီးတဲ့ေနာက္ ထိုင္း၀န္ႀကီးခ်ဳပ္က ႏုိင္ငံေတာ္အေရးေပၚအေျခအေန ေၾကျငာလိုက္ပါတယ္။ ဆႏၵျပတဲ့သူေတြ ေသာင္းနဲ႔ခ်ီၿပီး ဘန္ေကာက္ၿမိဳ႕က အစိုးရ႐ုံးေရွ႕မွာ ဗုဒၶဟူးေန႔က ဆႏၵျပခဲ့ၾကၿပီးတဲ့ေနာက္ ၀န္ႀကီးခ်ဳပ္ ပရာရြတ္ခ်န္အိုခ်ာက လက္မွတ္ထုိးၿပီး အေရးေပၚ အေျခအေနေၾကျငာတဲ့အမိန္႔ကို မေန႔ညေႏွာင္းပိုင္းမွာ ေၾကျငာလိုက္တာပါ။ ၀န္ႀကီခ်ဳပ္ ပရာရြတ္ကေတာ့ သူ႔ဘက္က သေဘာမတူမခ်င္း ရာထူးကေန ႏုတ္ထြက္သြားမွာ မဟုတ္ဘူးလို႔ေျပာလိုက္ပါတယ္။

ႏုိင္ငံေတာ္အေရးေပၚအေျခအေနေၾကျငာၿပီး သိပ္မၾကာခင္မွာပဲ ရဲတပ္ဖဲြ႔က ဆႏၵျပတဲ့သူေတြကို လူစုခဲြခဲ့ၿပီး ဆႏၵျပေခါင္းေဆာင္ Arnon Nampha နဲ႔ Parit Penguin Chiwarak တုိ႔ အပါအ၀င္ လူစုခဲြဖို႔ ျငင္းဆန္ခဲ့တဲ့သူ ၂၀ ေက်ာ္ကို ဖမ္းဆီးလိုက္ပါတယ္။ ဒါ့အျပင္ ဘန္ေကာက္ၿမိဳ႕မွာ ဒီေန႔ ဆႏၵျပဖို႔ စီစဥ္ထားတာကို မလုပ္ဖို႔ကိုလည္း အာဏာပိုင္ေတြဘက္က သတိေပးလိုက္ပါတယ္။

စစ္ေခါင္းေဆာင္ေဟာင္းျဖစ္တဲ့ ၀န္ႀကီးခ်ဳပ္ ပရာရြတ္ဟာ ၂၀၁၄ မွာ အရပ္သားအစိုးရကို အာဏာသိမ္းၿပီး တက္လာခဲ့တာျဖစ္ၿပီး မႏွစ္ကလုပ္တဲ့ ေရြးေကာက္ပဲြမွာ ၀င္အေရြးခံၿပီး အႏုိင္ရခဲ့တာပါ။ ဆႏၵျပတဲ့သူေတြကေတာ့ ဒီေရြးေကာက္ပြဲဟာ သူအႏုိင္ရေအာင္ စစ္တပ္က ေရးဆဲြထားတဲ့ဥပေဒနဲ႔ လုပ္ခဲ့တာေၾကာင့္ အႏုိင္ရခဲ့တာျဖစ္ၿပီး မဲမသမာမႈေတြ ရွိတယ္လို႔ ေျပာပါတယ္။ ဆႏၵျပတဲ့သူေတြက စစ္တပ္ကေရးဆဲြထားတဲ့ ဖဲြ႔စည္းပုံအေျခခံဥပေဒကို ျပင္ဖို႔အျပင္ ထုိင္းဘုရင္စနစ္ရဲ႕ ၾသဇာလႊမ္းမုိးမႈေတြကိုပါ ေလွ်ာ့ခ်ဖို႔ ေတာင္းဆုိခဲ့ၾကၿပီး ထုိင္းဘုရင္ Maha Vajiralongkorn နဲ႔ မိဘုရား Suthida တုိ႔ ကားနဲ႔ ျဖတ္သြားစဥ္မွာလည္း ေႂကြးေၾကာ္သံေတြေအာ္ဟစ္ၿပီးေတာ့ ဆန္႔က်င္ေၾကာင္း ဆႏၵျပခဲ့ၾကပါတယ္။ ထုိင္းႏုိင္ငံမွာ ဘုရင္စနစ္ကို lese majeste လို႔ေခၚတဲ့ ဥပေဒ နဲ႔ အကာအကြယ္ေပးထားၿပီး ဘုရင္စနစ္ကို ဆန္႔က်င္ကန္႔ကြက္သူမွန္သမွ် ဒီဥပေဒအရ ေထာင္ဒဏ္ခ်မွတ္ခံရတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ထိုင်းနိုင်ငံမှာ နိုင်ငံတော် အရေးပေါ်အခြေအနေ ကြေညာထား

ထိုင်းနိုင်ငံမှာ အစိုးရနုတ်ထွက်ပေးဖို့နဲ့ စည်းမျဉ်းခံဘုရင်စနစ်ကို ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ ဆန္ဒပြတောင်းဆိုတာတွေ အကြီးအကျယ် ဖြစ်ခဲ့ပြီးတဲ့နောက် ထိုင်းဝန်ကြီးချုပ်က နိုင်ငံတော်အရေးပေါ်အခြေအနေ ကြေငြာလိုက်ပါတယ်။ ဆန္ဒပြတဲ့သူတွေ သောင်းနဲ့ချီပြီး ဘန်ကောက်မြို့က အစိုးရရုံးရှေ့မှာ ဗုဒ္ဓဟူးနေ့က ဆန္ဒပြခဲ့ကြပြီးတဲ့နောက် ဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာက လက်မှတ်ထိုးပြီး အရေးပေါ် အခြေအနေကြေငြာတဲ့အမိန့်ကို မနေ့ညနှောင်းပိုင်းမှာ ကြေငြာလိုက်တာပါ။ ဝန်ကြီချုပ် ပရာရွတ်ကတော့ သူ့ဘက်က သဘောမတူမချင်း ရာထူးကနေ နုတ်ထွက်သွားမှာ မဟုတ်ဘူးလို့ပြောလိုက်ပါတယ်။

နိုင်ငံတော်အရေးပေါ်အခြေအနေကြေငြာပြီး သိပ်မကြာခင်မှာပဲ ရဲတပ်ဖွဲ့က ဆန္ဒပြတဲ့သူတွေကို လူစုခွဲခဲ့ပြီး ဆန္ဒပြခေါင်းဆောင် Arnon Nampha နဲ့ Parit Penguin Chiwarak တို့ အပါအဝင် လူစုခွဲဖို့ ငြင်းဆန်ခဲ့တဲ့သူ ၂၀ ကျော်ကို ဖမ်းဆီးလိုက်ပါတယ်။ ဒါ့အပြင် ဘန်ကောက်မြို့မှာ ဒီနေ့ ဆန္ဒပြဖို့ စီစဉ်ထားတာကို မလုပ်ဖို့ကိုလည်း အာဏာပိုင်တွေဘက်က သတိပေးလိုက်ပါတယ်။

စစ်ခေါင်းဆောင်ဟောင်းဖြစ်တဲ့ ဝန်ကြီးချုပ် ပရာရွတ်ဟာ ၂၀၁၄ မှာ အရပ်သားအစိုးရကို အာဏာသိမ်းပြီး တက်လာခဲ့တာဖြစ်ပြီး မနှစ်ကလုပ်တဲ့ ရွေးကောက်ပွဲမှာ ဝင်အရွေးခံပြီး အနိုင်ရခဲ့တာပါ။ ဆန္ဒပြတဲ့သူတွေကတော့ ဒီရွေးကောက်ပွဲဟာ သူအနိုင်ရအောင် စစ်တပ်က ရေးဆွဲထားတဲ့ဥပဒေနဲ့ လုပ်ခဲ့တာကြောင့် အနိုင်ရခဲ့တာဖြစ်ပြီး မဲမသမာမှုတွေ ရှိတယ်လို့ ပြောပါတယ်။ ဆန္ဒပြတဲ့သူတွေက စစ်တပ်ကရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဖို့အပြင် ထိုင်းဘုရင်စနစ်ရဲ့ သြဇာလွှမ်းမိုးမှုတွေကိုပါ လျှော့ချဖို့ တောင်းဆိုခဲ့ကြပြီး ထိုင်းဘုရင် Maha Vajiralongkorn နဲ့ မိဘုရား Suthida တို့ ကားနဲ့ ဖြတ်သွားစဉ်မှာလည်း ကြွေးကြော်သံတွေအော်ဟစ်ပြီးတော့ ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြပါတယ်။ ထိုင်းနိုင်ငံမှာ ဘုရင်စနစ်ကို lese majeste လို့ခေါ်တဲ့ ဥပဒေ နဲ့ အကာအကွယ်ပေးထားပြီး ဘုရင်စနစ်ကို ဆန့်ကျင်ကန့်ကွက်သူမှန်သမျှ ဒီဥပဒေအရ ထောင်ဒဏ်ချမှတ်ခံရတာဖြစ်ပါတယ်။

XS
SM
MD
LG