သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဘန္ေကာက္ဆႏၵျပပဲြ ထိုင္းရဲ အင္အားသံုး လူစုခဲြ


ဘန္ေကာက္ၿမိဳ႕မွာ ဒီမိုကေရစီေရး ဆႏၵျပသူေတြကို ရဲက မီးသတ္ပိုက္နဲ႔ လူစုခြဲ

(Zawgyi/Unicode)

ထိုင္းနိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕မွာ ေသာၾကာေန႔ညက ဒီမိုကေရစီေရး ဆႏၵျပသူေတြကို ရဲက မီးသတ္ပိုက္နဲ႔ လူစုခြဲ ႏွိမ္ႏွင္းခဲ့ပါတယ္။

လူစုလူေဝးမလုပ္ဖို႔ ထုတ္ျပန္ထားတဲ့ အေရးေပၚ ဥပေဒကို အာခံၿပီး ဆႏၵျပပြဲေတြ ၂ရက္ဆက္တိုက္ ျဖစ္ပြားေနခ်ိန္မွာ အခုလို ရဲက မီးသတ္ပိုက္ အသုံးျပဳၿပီး လူစုခြဲခဲ့တာျဖစ္ပါတယ္။

ဘန္ေကာက္ၿမိဳ႕လယ္ ေစ်းဝယ္စင္တာေတြရွိတဲ့ ေနရာမွာ ဆႏၵျပသူ ၂၀၀၀ ေလာက္စုေဝးၿပီး ဖမ္းဆီးခံထားရတဲ့ ဒီမိုကေရစီေရး လႈပ္ရွားသူေတြကို ျပန္လႊတ္ေပးဖို႔ ေတးသီခ်င္းေတြသီဆို ဆႏၵျပခဲ့ၾကသလို ဝန္ႀကီးခ်ဳပ္Prayut Chan-O-Cha ကိုဦးတည္ၿပီး မဖြယ္မရာေတြလည္း ေအာ္ဟစ္ ခဲ့ၾကပါတယ္။

ရာနဲ႔ခ်ီတဲ့ လုံျခဳံေရးတပ္ဖြဲ႕ေတြက ဆႏၵျပသူေတြကို တားဆီးထားခဲ့ၿပီး အိမ္ျပန္ၾကဖို႔တိုက္တြန္းသလို မီးသတ္ပိုက္နဲ႔ လူစုခြဲမယ္လို႔ လည္း ေျပာဆိုခဲ့ပါတယ္။

လူအုပ္ႀကီးနဲ႔ မလွမ္းမကမ္းမွာေတာ့ တျခား ဆႏၵျပသူေတြက လမ္းေတြကို ပိတ္ဆို႔ထားခဲ့ၿပီး လုံျခဳံေရး တပ္ဖြဲ႕ ေတြကို ထြက္သြားဖို႔ ေျပာဆိုခဲ့ပါတယ္။ ထိုင္းနိုင္ငံေတာ္ သီခ်င္းကိုလည္း သီဆိုခဲ့ၾကပါတယ္။

ေသာၾကာေန႔ည ႐ုန္းရင္းဆန္ခတ္ ျဖစ္မႈမွာရဲအရာရွိ ၄ ေယာက္နဲ႔ ဆႏၵျပသူ ၁ ေယာက္ ဒဏ္ရာရခဲ့တယ္လို႔ၿမိဳံထဲက ေဆး႐ုံတစ္႐ုံ က AFP သတင္းကို ေျပာပါတယ္။

ရဲတပ္ဖြဲ႕က ဓာတုေဆးရည္ပါတဲ့ေရေတြကို သုံးၿပီး ဆႏၵျပသူေတြကို လူစုခြဲခဲ့တာပါ။ ဆႏၵျပသူေတြက ထီးေတြနဲ႔ အကာအကြယ္ယူခဲ့ တာကိုလည္း ေတြ႕ျမင္ၾကရပါတယ္။

အခု ထိုင္းနိုင္ငံရဲ့ လက္ရွိ ျဖစ္ေနတဲ့ အေျခအေနေတြကို မ်ိဳးဆက္သစ္လူငယ္ေတြက သည္းခံေတာ့မွာ မဟုတ္ဘူးလို႔ ဆႏၵၿပ ေက်ာင္းသား Pim က AFP သတင္းကို အေစာပိုင္းက ေျပာပါတယ္။လုံျခဳံေရးတပ္ဖြဲ႕ေတြက လူစုခြဲခဲ့ေပမဲ့ ဆႏၵျပသူ အေတာ္မ်ားမ်ားက ထပ္ၿပီးဆႏၵျပဖို႔ ဆုံးျဖတ္ထားတယ္လို႔ေျပာပါတယ္။

ၾကာသပေတးေန႔တုန္းက ဝန္ႀကီးခ်ဳပ္ Prayut က လူ ၄ ဦးထက္ပိုမစုဖို႔ အေရးေပၚ ဥပေဒ ထုတ္ျပန္ခဲ့ေပမယ့္ ဒီအမိန္႔ကို ဂ႐ု မစိုက္ဘဲ လူ ၁၀၀၀၀ ေလာက္ လမ္းေတြေပၚထြက္ ညပိုင္းအထိဆႏၵျပခဲ့ၾကတာလည္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

ဘန်ကောက်ဆန္ဒပြပွဲ ထိုင်းရဲ အင်အားသုံး လူစုခွဲ

(Unicode)

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ သောကြာနေ့ညက ဒီမိုကရေစီရေး ဆန္ဒပြသူတွေကို ရဲက မီးသတ်ပိုက်နဲ့ လူစုခွဲ နှိမ်နှင်းခဲ့ပါတယ်။

လူစုလူဝေးမလုပ်ဖို့ ထုတ်ပြန်ထားတဲ့ အရေးပေါ် ဥပဒေကို အာခံပြီး ဆန္ဒပြပွဲတွေ ၂ရက်ဆက်တိုက် ဖြစ်ပွားနေချိန်မှာ အခုလို ရဲက မီးသတ်ပိုက် အသုံးပြုပြီး လူစုခွဲခဲ့တာဖြစ်ပါတယ်။

ဘန်ကောက်မြို့လယ် ဈေးဝယ်စင်တာတွေရှိတဲ့ နေရာမှာ ဆန္ဒပြသူ ၂၀၀၀ လောက်စုဝေးပြီး ဖမ်းဆီးခံထားရတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေကို ပြန်လွှတ်ပေးဖို့ တေးသီချင်းတွေသီဆို ဆန္ဒပြခဲ့ကြသလို ဝန်ကြီးချုပ်Prayut Chan-O-Cha ကိုဦးတည်ပြီး မဖွယ်မရာတွေလည်း အော်ဟစ် ခဲ့ကြပါတယ်။

ရာနဲ့ချီတဲ့ လုံခြုံရေးတပ်ဖွဲ့တွေက ဆန္ဒပြသူတွေကို တားဆီးထားခဲ့ပြီး အိမ်ပြန်ကြဖို့တိုက်တွန်းသလို မီးသတ်ပိုက်နဲ့ လူစုခွဲမယ်လို့ လည်း ပြောဆိုခဲ့ပါတယ်။

လူအုပ်ကြီးနဲ့ မလှမ်းမကမ်းမှာတော့ တခြား ဆန္ဒပြသူတွေက လမ်းတွေကို ပိတ်ဆို့ထားခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့ တွေကို ထွက်သွားဖို့ ပြောဆိုခဲ့ပါတယ်။ ထိုင်းနိုင်ငံတော် သီချင်းကိုလည်း သီဆိုခဲ့ကြပါတယ်။

သောကြာနေ့ည ရုန်းရင်းဆန်ခတ် ဖြစ်မှုမှာရဲအရာရှိ ၄ ယောက်နဲ့ ဆန္ဒပြသူ ၁ ယောက် ဒဏ်ရာရခဲ့တယ်လို့မြိုံထဲက ဆေးရုံတစ်ရုံ က AFP သတင်းကို ပြောပါတယ်။

ရဲတပ်ဖွဲ့က ဓာတုဆေးရည်ပါတဲ့ရေတွေကို သုံးပြီး ဆန္ဒပြသူတွေကို လူစုခွဲခဲ့တာပါ။ ဆန္ဒပြသူတွေက ထီးတွေနဲ့ အကာအကွယ်ယူခဲ့ တာကိုလည်း တွေ့မြင်ကြရပါတယ်။

အခု ထိုင်းနိုင်ငံရဲ့ လက်ရှိ ဖြစ်နေတဲ့ အခြေအနေတွေကို မျိုးဆက်သစ်လူငယ်တွေက သည်းခံတော့မှာ မဟုတ်ဘူးလို့ ဆန္ဒပြ ကျောင်းသား Pim က AFP သတင်းကို အစောပိုင်းက ပြောပါတယ်။လုံခြုံရေးတပ်ဖွဲ့တွေက လူစုခွဲခဲ့ပေမဲ့ ဆန္ဒပြသူ အတော်များများက ထပ်ပြီးဆန္ဒပြဖို့ ဆုံးဖြတ်ထားတယ်လို့ပြောပါတယ်။

ကြာသပတေးနေ့တုန်းက ဝန်ကြီးချုပ်Prayut က လူ ၄ ဦးထက်ပိုမစုဖို့ အရေးပေါ် ဥပဒေ ထုတ်ပြန်ခဲ့ပေမယ့် ဒီအမိန့်ကို ဂရု မစိုက်ဘဲ လူ ၁၀၀၀၀ လောက် လမ်းတွေပေါ်ထွက် ညပိုင်းအထိဆန္ဒပြခဲ့ကြတာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG