သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေရးေပၚအေျခအေန အာခံၿပီး ထိုင္းဆႏၵျပမႈေတြ ဆက္ျဖစ္


ဘန္ေကာက္ၿမိဳ႕မွာ ဆႏၵျပသူေတြကုိ ထုိင္းရဲတပ္ဖြဲ႔က ၿဖဳိခြဲေနတဲ့ျမင္ကြင္း။ (ေအာက္တိုဘာ ၁၆၊ ၂၀၂၀)

(Zawgyi / Unicode)

ထုိင္းႏုိင္ငံမွာ ဒီမုိကေရစီေရး ေထာက္ခံတဲ့သူ ေထာင္ေပါင္းမ်ားစြာဟာ ဒီေန႔မွာလည္း ဘန္ေကာက္ၿမိဳ႕ ေနရာအေတာ္မ်ားမ်ားမွာ ဆႏၵျပခဲ့ၾကပါတယ္။

ထိုင္းအစိုးရကို ၿငိမ္းခ်မ္းစြာ ဆႏၵျပေနတဲ့သူေတြကို အာဏာပိုင္ေတြဘက္က မေန႔ညက အင္အားသုံး ၿဖိဳခဲြခဲ့ၿပီးတဲ့ေနာက္ ဒီေန႔မွာ ဆႏၵျပတဲ့သူေတြ ေသာင္းနဲ႔ခ်ီၿပီး ဆႏၵျပခဲ့ၾကတာပါ။

မေန႔ကေတာ့ ထုိင္းအဓိက႐ုဏ္းႏွိမ္နင္းေရး ရဲေတြက ဆႏၵျပတဲ့သူေတြကို မီးသတ္ပိုက္ေတြနဲ႔ ႏွိမ္နင္းခဲ့ၿပီး ဆႏၵျပပဲြမွာ ပါဝင္တဲ့သူေတြကို သိၿပီးေတာ့ ေနာက္ပိုင္းမွာ အေရးယူႏုိင္ေအာင္ အျပာေရာင္အရည္ေတြသုံးၿပီး ႏွိမ္နင္းခဲ့တာပါ။

ထုိင္းအစိုးရက ႏုိင္ငံေတာ္ အေရးေပၚအေျခအေန ေၾကညာၿပီး လူစုလူေဝးေတြ မလုပ္ၾကဖို႔ အမိန္႔ထုတ္ထားေပမယ့္လည္း ဆႏၵျပတဲ့သူေတြဟာ အဲဒီအမိန္႔ကို ဖီဆန္ၿပီး ဝန္ႀကီးခ်ဳပ္ ပရာယြတ္ ႏုတ္ထြက္ေပးဖို႔နဲ႔ ထုိင္းႏုိင္ငံရဲ႕ စည္းမ်ဥ္းခံဘုရင္စနစ္ကို ျပဳျပင္ေျပာင္းလဲမႈေတြ လုပ္ဖို႔ ဆက္လက္ေတာင္းဆုိေနၾကတာပါ။

"ဆႏၵျပတဲ့သူေတြကိုိ အၾကမ္းဖက္ႏွိမ္နင္းခဲ့တာနဲ႔ အဲဒီလို အၾကမ္းဖက္ဖို႔အတြက္ အမိန္႔ေပးတဲ့သူေတြကို ျပစ္တင္႐ႈတ္ခ်တယ္" လုိ႔ ဆႏၵျပေခါင္းေဆာင္တဦးက ေျပာပါတယ္။

ထုိင္းအာဏာပိုင္ေတြဘက္က ဆႏၵျပပဲြေတြကို ထိန္းခ်ဳပ္ႏုိင္ဖို႔အတြက္ ဘန္ေကာက္ၿမိဳ႕က အမ်ားျပည္သူ ပို႔ေဆာင္ေရးစနစ္ေတြျဖစ္တဲ့ ရထားလိုင္းေတြ ရပ္တန္႔လိုက္ၿပီး လမ္းေတြကိုလည္း ပိတ္လိုက္ပါတယ္။ ဒါေပမယ့္ ဆႏၵျပတဲ့သူေတြကေတာ့ Facebook နဲ႔ Twitter တုိ႔လို လူမႈကြန္ရက္ မီဒီယာေတြကို အသုံးျပဳၿပီး ဆႏၵျပပဲြေတြကို စီစဥ္ခဲ့ၾကၿပီး ထုိင္းအာဏာပိုင္ေတြကေတာ့ အဲဒီလိုမ်ိဳး လူမႈကြန္ရက္ေတြကေနတဆင့္ ဆႏၵျပဖို႔ စည္း႐ုံးေနတာေတြကို အေရးယူသြားမယ္လို႔ ေျပာပါတယ္။

ၿပီးခဲ့တဲ့ အဂၤါေန႔ကစၿပီး ဆႏၵျပတဲ့သူေတြထဲက ထင္ရွားတဲ့သူ ၆၅ ေယာက္ထက္မနည္း အဖမ္းခံခဲ့ရတယ္လို႔ ထုိင္းလူ႔အခြင့္အေရး ေရွ႕ေနမ်ားအဖဲြ႔က ေျပာပါတယ္။ အခုလို ဆႏၵျပတဲ့သူေတြကို အၾကမ္းဖက္ၿဖိဳခြင္းၿပီး ဖမ္းဆီးခဲ့တဲ့အေပၚမွာ လူ႔အခြင့္အေရး အဖဲြ႔ေတြကလည္း ျပစ္တင္႐ႈတ္ခ်လိုက္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------

(Unicode)

အရေးပေါ်အခြေအနေ အာခံပြီး ထိုင်းဆန္ဒပြမှုတွေ ဆက်ဖြစ်

ထိုင်းနိုင်ငံမှာ ဒီမိုကရေစီရေး ထောက်ခံတဲ့သူ ထောင်ပေါင်းများစွာဟာ ဒီနေ့မှာလည်း ဘန်ကောက်မြို့ နေရာအတော်များများမှာ ဆန္ဒပြခဲ့ကြပါတယ်။

ထိုင်းအစိုးရကို ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့သူတွေကို အာဏာပိုင်တွေဘက်က မနေ့ညက အင်အားသုံး ဖြိုခွဲခဲ့ပြီးတဲ့နောက် ဒီနေ့မှာ ဆန္ဒပြတဲ့သူတွေ သောင်းနဲ့ချီပြီး ဆန္ဒပြခဲ့ကြတာပါ။

မနေ့ကတော့ ထိုင်းအဓိကရုဏ်းနှိမ်နင်းရေး ရဲတွေက ဆန္ဒပြတဲ့သူတွေကို မီးသတ်ပိုက်တွေနဲ့ နှိမ်နင်းခဲ့ပြီး ဆန္ဒပြပွဲမှာ ပါဝင်တဲ့သူတွေကို သိပြီးတော့ နောက်ပိုင်းမှာ အရေးယူနိုင်အောင် အပြာရောင်အရည်တွေသုံးပြီး နှိမ်နင်းခဲ့တာပါ။

ထိုင်းအစိုးရက နိုင်ငံတော် အရေးပေါ်အခြေအနေ ကြေညာပြီး လူစုလူဝေးတွေ မလုပ်ကြဖို့ အမိန့်ထုတ်ထားပေမယ့်လည်း ဆန္ဒပြတဲ့သူတွေဟာ အဲဒီအမိန့်ကို ဖီဆန်ပြီး ဝန်ကြီးချုပ် ပရာယွတ် နုတ်ထွက်ပေးဖို့နဲ့ ထိုင်းနိုင်ငံရဲ့ စည်းမျဉ်းခံဘုရင်စနစ်ကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ ဆက်လက်တောင်းဆိုနေကြတာပါ။

"ဆန္ဒပြတဲ့သူတွေကို အကြမ်းဖက်နှိမ်နင်းခဲ့တာနဲ့ အဲဒီလို အကြမ်းဖက်ဖို့အတွက် အမိန့်ပေးတဲ့သူတွေကို ပြစ်တင်ရှုတ်ချတယ်" လို့ ဆန္ဒပြခေါင်းဆောင်တဦးက ပြောပါတယ်။

ထိုင်းအာဏာပိုင်တွေဘက်က ဆန္ဒပြပွဲတွေကို ထိန်းချုပ်နိုင်ဖို့အတွက် ဘန်ကောက်မြို့က အများပြည်သူ ပို့ဆောင်ရေးစနစ်တွေဖြစ်တဲ့ ရထားလိုင်းတွေ ရပ်တန့်လိုက်ပြီး လမ်းတွေကိုလည်း ပိတ်လိုက်ပါတယ်။ ဒါပေမယ့် ဆန္ဒပြတဲ့သူတွေကတော့ Facebook နဲ့ Twitter တို့လို လူမှုကွန်ရက် မီဒီယာတွေကို အသုံးပြုပြီး ဆန္ဒပြပွဲတွေကို စီစဉ်ခဲ့ကြပြီး ထိုင်းအာဏာပိုင်တွေကတော့ အဲဒီလိုမျိုး လူမှုကွန်ရက်တွေကနေတဆင့် ဆန္ဒပြဖို့ စည်းရုံးနေတာတွေကို အရေးယူသွားမယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့ကစပြီး ဆန္ဒပြတဲ့သူတွေထဲက ထင်ရှားတဲ့သူ ၆၅ ယောက်ထက်မနည်း အဖမ်းခံခဲ့ရတယ်လို့ ထိုင်းလူ့အခွင့်အရေး ရှေ့နေများအဖွဲ့က ပြောပါတယ်။ အခုလို ဆန္ဒပြတဲ့သူတွေကို အကြမ်းဖက်ဖြိုခွင်းပြီး ဖမ်းဆီးခဲ့တဲ့အပေါ်မှာ လူ့အခွင့်အရေး အဖွဲ့တွေကလည်း ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

XS
SM
MD
LG