[Zawgyi/Unicode]
ကုိဗစ္ကပ္ေရာဂါ ကူးစက္မႈေတြ ႀကံဳေနရတဲ့ ျမန္မာႏုိင္ငံကေန ေရာဂါပ်ံ႕ႏွံ႔လာမွာ စုိးရိမ္မႈေၾကာင့္ ထိုင္းႏုိင္ငံ နယ္စပ္ၿမိဳ႕ျဖစ္တဲ့ မဲေဆာက္မွာ ေရာဂါထိန္းခ်ဳပ္ေရး အစီအစဥ္ေတြ တုိးျမွင့္ဖုိ႔ ၿမိဳ႕တာ၀န္ရွိသူေတြ ေၾကညာလုိက္တဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။
မဲေဆာက္ၿမိဳ႕မွာ ျမန္မာႏုိင္ငံသား မိသားစုတစု ကုိဗစ္ကပ္ေရာဂါကူးစက္ေနတာ ေတြ႔ရွိခဲ့ၿပီးေနာက္ သြားလာလႈပ္ရွားမႈေတြနဲ႔ ကုန္သြယ္မႈေတြကုိ ပိတ္ထားလုိက္သလုိ ေနာက္ထပ္လည္း ေရာဂါထိမ္းခ်ဳပ္ေရး အစီအစဥ္ေတြ ခ်မွတ္ဖုိ႔ ထုိင္းအာဏာပုိင္ေတြ စီစဥ္ေနၾကတာပါ။ မဲေဆာက္ျမိဳေတာ္၀န္ Dr. Therdkiat Chinsoranan ကေတာ့ လူဦးေရ ၉၀,၀၀၀ ေလာက္ဟာေရာဂါထိန္းခ်ဳပ္ေရး အစီအစဥ္ေတြေၾကာင့္ အခက္အခဲတခ်ဳိ႕ ႀကံဳရႏုိင္ေၾကာင္းလည္း မေန႔တုန္းကပဲ သတင္းေထာက္ေတြကုိ ေျပာဆုိခဲ့ပါတယ္။
မထင္မွတ္ဘဲ ကိုဗစ္ဒုတိယလိႈင္း ျပည္တြင္းကူးဆက္မွုဟာ မဲေဆာက္ျမိဳ႕တြင္းမွာ စတင္ေတြ ့ရွိခဲ့တာေၾကာင့္ ျမိဳနယ္တြင္းေနထိုင္ေနၾကတဲ့ ထိုင္းနဲ ့ ျမန္မာနိုင္ငံသား ၇၀,၀၀၀ နဲ ့ ေက်ာင္းသား ၂၀,၀၀၀ ေက်ာ္ သက္ေရာက္မႈ ခက္ခဲမႈေတြ ရင္ဆိုင္ရမွာျဖစ္ေပမဲ့ ေရာဂါထိမ္းခ်ဳပ္နိုင္ဘို ့ ဆက္လက္ၾကိဳးပမ္သြားရမွာျဖစ္ေၾကာင္း မဲေဆာက္ၿမိဳ႕ေတာ္၀န္က ထုိင္းဘာသာနဲ႔ ေျပာဆုိသြားတာပါ။
ျမန္မာႏုိင္ငံနဲ႔ ထုိင္းႏုိင္ငံၾကား အဓိကကုန္သြယ္ေရးလမ္းေၾကာင္း တခုလည္းျဖစ္ ျမန္မာႏုိင္ငံသား အမ်ားအျပား ေနထုိင္အလုပ္လုပ္ကုိင္ေနၾကတဲ့ ၿမိဳ႕တၿမိဳ႕လည္းျဖစ္တဲ့ မဲေဆာက္ျမိဳ႕လမ္းေတြ၊ ဆုိင္ေတြမွာေတာ့ အခုအခါ လူသူကင္းမဲ့သေလာက္ ျဖစ္ေနပါၿပီ။
ေရွ႕လာမယ့္ သီတင္းပတ္အတြင္း မဲေဆာက္ၿမိဳ႕ အပါအ၀င္ တခ့္ခရိုင္ထဲက အုန္းဖန္၊ ဖြတ္ဖရ၊ မယ္လမ ျမိဳ႕နယ္မွာ ေနထုိင္သူေတြကို ေရာဂါပုိးရွိ၊ မရွိ ဆက္လက္စစ္ေဆးသြားမယ္လို႔လည္း ထိုင္းက်န္းမာေရး၀န္ၾကီး ဌာနက သတင္းထုတ္ျပန္ထားပါတယ္။
တာ့ခ္ခရိုင္အတြင္း ကပ္ေရာဂါ ထိန္းခ်ဳပ္ေရးလုပ္ငန္းေတြမွာ က်န္းမာေရး၀န္ထမ္းေတြအျပင္ ရဲအင္အား ၄,၀၀၀ ေက်ာ္ ပူးေပါင္းပါ၀င္မွာ ျဖစ္ေၾကာင္းလည္း ထုိင္းႏုိင္ငံ ကုိဗစ္ကပ္ေရာဂါထိန္းခ်ဳပ္ေရးဗ်ဴရိုရဲ႕ ညႊန္ၾကားေရးမွဴး ေဒါက္တာ Sarayut Uttamangkhaphong ကေျပာပါတယ္။ ကပ္ေရာဂါ ထိန္းခ်ဳပ္ေရးလုပ္ငန္းေတြ စီစဥ္ထားတဲ့အတုိင္း အဆုံးသတ္ခဲ့ၿပီးရင္ေတာ့ ေရွ႕လာမယ့္ တနလၤာေန႔မွာ အေစာဆုံးထားၿပီး နယ္စပ္ကုန္သြယ္ေရးကုိ ျပန္ဖြင့္မွာျဖစ္ေၾကာင္းလည္း တာ၀န္ရွိသူေတြက ေျပာဆုိထားပါတယ္။ ဒါေပမဲ့လည္း နယ္စပ္ကုန္သြယ္မႈေတြ ျပန္ဖြင့္ခ်ိန္မွာ က်န္းမာေရး၀န္ထမ္းေတြနဲ႔ ကပ္ေရာဂါထိန္းခ်ဳပ္ေရး စည္းကမ္းသစ္ေတြ တုိးျမွင့္ထားမွာျဖစ္ၿပီး ေန႔စဥ္ ကုန္ကားအမ်ားဆုံး ၇၀၀ အထိ ျဖတ္သန္းခြင့္ျပဳဖုိ႔ ရည္ရြယ္ထားတယ္လုိ႔လည္း ေျပာပါတယ္။
ထုိင္းႏုိင္ငံမွာ ကုိဗစ္ကပ္ေရာဂါေၾကာင့္ ေသဆုံးသူ ၅၉ ေယာက္နဲ႔ ကူးစက္သူ ၃,၆၀၀ ေလာက္ရွိခဲ့ေပမဲ့ မၾကာေသးခင္ လေတြကစလုိ႔ ေရာဂါကူးစက္မႈေတြ က်ဆင္းလာေနတာပါ။ ဒါေပမဲ့လည္း ျမန္မာႏုိင္ငံမွာေတာ့ လပုိင္းအတြင္း ေသဆုံးသူ ၉၀၀ ေက်ာ္နဲ႔ ကူးစက္သူ ၃၇,၀၀၀ ေက်ာ္ ရွိလာၿပီး ထုိင္းႏုိင္ငံေရာက္ ျမန္မာႏုိင္ငံသားေတြမွာပါ ကူးစက္မႈေတြ ေတြ႔ရွိလာရာက ေရာဂါပ်ံ႕ႏွံ႔မွာကုိ စုိးရိမ္ေနတာ ျဖစ္ပါတယ္။
[Unicode Version]
မဲဆောက်မြို့ ကိုဗစ်ထိန်းချုပ်ရေးအရှိန်မြင့်ဆောင်ရွက်
ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ ကြုံနေရတဲ့ မြန်မာနိုင်ငံကနေ ရောဂါပျံ့နှံ့လာမှာ စိုးရိမ်မှုကြောင့် ထိုင်းနိုင်ငံ နယ်စပ်မြို့ဖြစ်တဲ့ မဲဆောက်မှာ ရောဂါထိန်းချုပ်ရေး အစီအစဉ်တွေ တိုးမြှင့်ဖို့ မြို့တာဝန်ရှိသူတွေ ကြေညာလိုက်တဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
မဲဆောက်မြို့မှာ မြန်မာနိုင်ငံသား မိသားစုတစု ကိုဗစ်ကပ်ရောဂါကူးစက်နေတာ တွေ့ရှိခဲ့ပြီးနောက် သွားလာလှုပ်ရှားမှုတွေနဲ့ ကုန်သွယ်မှုတွေကို ပိတ်ထားလိုက်သလို နောက်ထပ်လည်း ရောဂါထိမ်းချုပ်ရေး အစီအစဉ်တွေ ချမှတ်ဖို့ ထိုင်းအာဏာပိုင်တွေ စီစဉ်နေကြတာပါ။ မဲဆောက်မြိုတော်ဝန် Dr. Therdkiat Chinsoranan ကတော့ လူဦးရေ ၉၀,၀၀၀ လောက်ဟာရောဂါထိန်းချုပ်ရေး အစီအစဉ်တွေကြောင့် အခက်အခဲတချို့ ကြုံရနိုင်ကြောင်းလည်း မနေ့တုန်းကပဲ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။
မထင်မှတ်ဘဲ ကိုဗစ်ဒုတိယလှိုင်း ပြည်တွင်းကူးဆက်မှုဟာ မဲဆောက်မြို့တွင်းမှာ စတင်တွေ့ရှိခဲ့တာကြောင့် မြိုနယ်တွင်းနေထိုင်နေကြတဲ့ ထိုင်းနဲ့ မြန်မာနိုင်ငံသား ၇၀,၀၀၀ နဲ့ ကျောင်းသား ၂၀,၀၀၀ ကျော် သက်ရောက်မှု ခက်ခဲမှုတွေ ရင်ဆိုင်ရမှာဖြစ်ပေမဲ့ ရောဂါထိမ်းချုပ်နိုင်ဘို့ ဆက်လက်ကြိုးပမ်သွားရမှာဖြစ်ကြောင်း မဲဆောက်မြို့တော်ဝန်က ထိုင်းဘာသာနဲ့ ပြောဆိုသွားတာပါ။
မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံကြား အဓိကကုန်သွယ်ရေးလမ်းကြောင်း တခုလည်းဖြစ် မြန်မာနိုင်ငံသား အများအပြား နေထိုင်အလုပ်လုပ်ကိုင်နေကြတဲ့ မြို့တမြို့လည်းဖြစ်တဲ့ မဲဆောက်မြို့လမ်းတွေ၊ ဆိုင်တွေမှာတော့ အခုအခါ လူသူကင်းမဲ့သလောက် ဖြစ်နေပါပြီ။
ရှေ့လာမယ့် သီတင်းပတ်အတွင်း မဲဆောက်မြို့ အပါအဝင် တခ့်ခရိုင်ထဲက အုန်းဖန်၊ ဖွတ်ဖရ၊ မယ်လမ မြို့နယ်မှာ နေထိုင်သူတွေကို ရောဂါပိုးရှိ၊ မရှိ ဆက်လက်စစ်ဆေးသွားမယ်လို့လည်း ထိုင်းကျန်းမာရေးဝန်ကြီး ဌာနက သတင်းထုတ်ပြန်ထားပါတယ်။
တာ့ခ်ခရိုင်အတွင်း ကပ်ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းတွေမှာ ကျန်းမာရေးဝန်ထမ်းတွေအပြင် ရဲအင်အား ၄,၀၀၀ ကျော် ပူးပေါင်းပါဝင်မှာ ဖြစ်ကြောင်းလည်း ထိုင်းနိုင်ငံ ကိုဗစ်ကပ်ရောဂါထိန်းချုပ်ရေးဗျူရိုရဲ့ ညွှန်ကြားရေးမှူး ဒေါက်တာ Sarayut Uttamangkhaphong ကပြောပါတယ်။ ကပ်ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းတွေ စီစဉ်ထားတဲ့အတိုင်း အဆုံးသတ်ခဲ့ပြီးရင်တော့ ရှေ့လာမယ့် တနင်္လာနေ့မှာ အစောဆုံးထားပြီး နယ်စပ်ကုန်သွယ်ရေးကို ပြန်ဖွင့်မှာဖြစ်ကြောင်းလည်း တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။ ဒါပေမဲ့လည်း နယ်စပ်ကုန်သွယ်မှုတွေ ပြန်ဖွင့်ချိန်မှာ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ကပ်ရောဂါထိန်းချုပ်ရေး စည်းကမ်းသစ်တွေ တိုးမြှင့်ထားမှာဖြစ်ပြီး နေ့စဉ် ကုန်ကားအများဆုံး ၇၀၀ အထိ ဖြတ်သန်းခွင့်ပြုဖို့ ရည်ရွယ်ထားတယ်လို့လည်း ပြောပါတယ်။
ထိုင်းနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၅၉ ယောက်နဲ့ ကူးစက်သူ ၃,၆၀၀ လောက်ရှိခဲ့ပေမဲ့ မကြာသေးခင် လတွေကစလို့ ရောဂါကူးစက်မှုတွေ ကျဆင်းလာနေတာပါ။ ဒါပေမဲ့လည်း မြန်မာနိုင်ငံမှာတော့ လပိုင်းအတွင်း သေဆုံးသူ ၉၀၀ ကျော်နဲ့ ကူးစက်သူ ၃၇,၀၀၀ ကျော် ရှိလာပြီး ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေမှာပါ ကူးစက်မှုတွေ တွေ့ရှိလာရာက ရောဂါပျံ့နှံ့မှာကို စိုးရိမ်နေတာ ဖြစ်ပါတယ်။