သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရန္ကုန္ဖ်ားနာကုအခမဲ့ေဆးခန္းမ်ား တိုးခ်ဲ႕ဖို႔ျပင္ဆင္


ရန္ကုန္ၿမိဳ႕ အလံုၿမိဳ႕နယ္ရွိ Fever Clinic ျမင္ကြင္း။ (ဓာတ္ပံု - Ahlone Fever Clinic - ေအာက္တိုဘာ ၂၀၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ ကိုဗစ္ကပ္ေရာဂါ ကူးစက္မႈေတြ အမ်ားဆုံးႀကဳံေနရတဲ့ ရန္ကုန္တိုင္းအတြင္း ဖ်ားနာကုေဆးခန္းေတြမွာ လာေရာက္ျပသသူေတြ တိုးလာေနတာေၾကာင့္ အခက္အခဲေတြ ႀကဳံေနရတဲ့အေၾကာင္း ေျပာျပပါမယ္။ ဒီသတင္းကို ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္ မစုစုက တင္ဆက္ေပးမွာပါ။

ျပည္တြင္း ကိုဗစ္အတည္ျပဳလူနာေတြထဲက ပိုးေတြ႕သူဦးေရ ထက္ဝက္ေက်ာ္မက ရွိေနတဲ့ ရန္ကုန္တိုင္းထဲက ၿမိဳ႕နယ္အလိုက္ဖြင့္ထားတဲ့ ဖ်ားနာကုေဆးခန္းေတြမွာ လာေရာက္ျပသတဲ့သူ တိုးလာေနတာေၾကာင့္ ေနာက္ထပ္ တိုးခ်ဲ႕ဖို႔ ျပင္ဆင္ေနပါတယ္။ ကိုဗစ္ေရာဂါ ကာကြယ္ႏိုင္ဖို႔ ရည္႐ြယ္ခ်က္နဲ႔ ဖြင့္လွစ္ထားတဲ့ ဒီအခမဲ့ေဆးခန္းေတြထဲက ေဆး႐ုံနဲ႔တြဲထားတဲ့ အင္းစိန္၊ ေျမာက္ဥကၠလာနဲ႔ ဗိုလ္တေထာင္ၿမိဳ႕နယ္က ဖ်ားနာကုေဆးခန္းေတြမွာေတာ့ သံသယလူနာေတြဆီကေန Swab ယူစစ္ေဆးေပးေနပါတယ္။ ဒါေပမဲ့လည္း လာေရာက္ျပသတဲ့ လူနာေတြ တိုးလာတာနဲ႔အမွ် ျမန္ျမန္ဆန္ဆန္ စစ္ေဆးႏိုင္ဖို႔ လိုေနတယ္လို႔လည္း ရန္ကုန္တိုင္းဖ်ားနာကု အခမဲ့ေဆးခန္းေတြရဲ႕ျပန္ၾကားေရးတာဝန္ခံ ေဒါက္တာေနမင္းထက္က ေျပာပါတယ္။

“(Fever Clinic ေတြမွာ) ဒီ ၁၀ လပိုင္း လဆန္းထက္စာရင္ေတာ့ မဆိုသေလာက္ေလးေပါ့၊ အနည္းငယ္ေလးေတာ့ ေလွ်ာ့သြားသလိုရွိတယ္။ သို႔ေပမဲ့လည္း တခ်ိဳ႕ရက္ေတြကေတာ့ ဒုံရင္းက ဒုံရင္းပဲ မ်ားေနဆဲေပါ့ေနာ္။ Fever Clinic ကေတာ့ က်ေနာ္တို႔ထုံးစံအတိုင္း သြားေနတယ္။ သို႔ေပမဲ့ က်ေနာ္တို႔ Fever Clinic ေတြအားလုံးကို Test Center လုပ္ခြင့္ကို ရန္ကုန္တိုင္းက ခြင့္ျပဳခ်က္ မေပးေသးဘူး။ ေျမျပင္မွာႀကဳံေတြ႕ေနရတဲ့ လတ္တေလာအေျခအေနက ဘယ္လိုလဲဆိုေတာ့ Rapid Test Kit ေတြလည္းေပၚလာေတာ့ က်ေနာ္တို႔က ျမန္ျမန္စစ္ေစခ်င္တယ္ဗ်ာ။ အခုဆိုလည္း ဒီ Quarantine Center ေတြလည္း ရွိေနၿပီ၊ ကိုဗစ္စင္တာေတြလည္း ရွိေနၿပီ။ အဲေတာ့ ျမန္ျမန္စစ္ေစခ်င္တယ္၊ ျမန္ျမန္ေတြ႕ေစခ်င္တယ္၊ ျမန္ျမန္ကုေပးေစခ်င္တယ္ေပါ့ေနာ္။ အဲဒီေတာ့ Fever Clinic ေတြမွာ Rapid Test Kit ေတြ စစ္လို႔မရေသးတာေတာ့ အမွန္တိုင္းေျပာရင္ က်ေနာ္တို႔အေနနဲ႔ အားမရဘူး။”

ေရာဂါကူးစက္မႈေတြ အမ်ားစု ႀကဳံေနရတဲ့ ရန္ကုန္တိုင္းထဲက ေဝဘာဂီ၊ ေဖာင္ႀကီးနဲ႔ ေတာင္ဥကၠလာပေဆး႐ုံေတြမွာ ကိုဗစ္လူနာေတြကို အဓိကထား ကုသေပးေနၿပီး၊ ရန္ကုန္ေဆး႐ုံႀကီးအပါအဝင္ ေျမာက္ဥကၠလာ၊ အင္းစိန္နဲ႔ သဃၤန္းကြၽန္း စံျပေဆး႐ုံႀကီးေတြမွာလည္း ထပ္တိုးကုသမႈေပးေနတာပါ။ ရန္ကုန္တိုင္းမွာရွိတဲ့ ကိုဗစ္ကုသေရးဌာနေတြနဲ႔ စင္တာေတြမွာ လုပ္အားေပးေနသူ အပါအဝင္၊ ကိုဗစ္သံသယ လူနာတင္ယာဥ္ေတြမွာပါ လိုက္ပါေဆာင္႐ြက္ေနတဲ့ ေစတနာ့ဝန္ထမ္းကေတာ့ ၁၀,၀၀၀ ေက်ာ္ရွိပါတယ္။ တခ်ိန္တည္းမွာပဲ ေရာဂါလကၡဏာ မျပင္းထန္သူေတြနဲ႔ သံသယလူနာေတြကိုထားဖို႔ တိုးခ်ဲ႕ထားတဲ့စင္တာေတြမွာေတာ့ ေစတနာ့ဝန္ထမ္း လုပ္အားေပးေတြ လိုအပ္ေနပါတယ္။ လူအင္အားလိုအပ္ခ်က္ရွိေနလို႔ အလွည့္က်စနစ္နဲ႔ ကူညီေနရတယ္လို႔ ေစတနာ့ဝန္ထမ္းေတြကို ဦးေဆာင္ေနသူ ကိုဒီၿငိမ္းလင္းက ေျပာပါတယ္။

“လူနာဦးေရကေတာ့ ပုံမွန္ပဲျဖစ္ေနတာေပါ့ေလ။ အရမ္းႀကီးက်ဆင္းတယ္လို႔လည္း ေျပာလို႔မရဘူး။ ေလာေလာဆယ္ က်ေနာ္တို႔ေတြ မ်ဥ္းလိုင္းနဲ႔ေျပာမယ္ဆိုရင္ေတာ့ မ်ဥ္းတန္းေနတဲ့အဆင့္ပဲ ရွိေသးတယ္ဗ်ာ။ အေပၚလည္း တက္မသြားဘူး၊ ေအာက္လည္း ဆင္းမသြားဘူး၊ Normal Range ေလးတခုမွာ နည္းနည္းေလးၿငိမ္ေနတယ္ ဆိုတဲ့ဟာပဲ ရွိေနတာေလ။ ဆိုေတာ့ အမ်ားႀကီးလည္း က်ေနာ္တို႔ႀကိဳးစားဆဲပဲ ရွိေနေသးတာ၊ ထိန္းေနဆဲဆိုတဲ့ အဆင့္ပဲရွိေနေသးတာဗ်ာ။ ဒါေပမဲ့ တၿပိဳင္နက္တည္းမွာ Volunteer ေတြရဲ႕ လိုအပ္ခ်က္ကရွိတယ္။ ဘာေၾကာင့္လဲဆိုေတာ့ (ကိုဗစ္ကာလ) ၾကာၿပီကိုး။ ၾကာၿပီဆိုေတာ့ က်န္းမာေရးဝန္ထမ္းေတြလည္း ေတာ္ေတာ္ေလးၿပိဳင္းေနတယ္၊ က်ေနာ္တို႔ Volunteer ေတြလည္း ၿပိဳင္းေတာ့ က်ေနာ္တို႔အလွည့္က် Run ေပးရတဲ့ပုံစံ ျပန္လုပ္ေနရတာ။ တိုက္ပြဲက မၿပီးေသးဘူး၊ မၿပီးမခ်င္းကေတာ့ လိုအပ္ခ်က္ေတြကေတာ့ ရွိေနမွာပဲေလ။”

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔မြန္းလြဲပိုင္း ထုတ္ျပန္ၿပီးခ်ိန္အထိဆို ျပည္တြင္းမွာ အတည္ျပဳလူနာေပါင္း ၃၈,၅၀၂ ဦးရွိေနၿပီး၊ ေသဆုံးသူကေတာ့ ၉၄၅ ဦးရွိေနပါတယ္။ ေသဆုံးသူေတြရဲ႕ ၉၅ ရာခိုင္ႏႈန္းေလာက္က နာတာရွည္ေရာဂါ အခံရွိသူေတြျဖစ္ေနၿပီး၊ အသက္အ႐ြယ္ႀကီးသူေတြနဲ႔ ေရာဂါအခံရွိသူေတြ ပိုၿပီး သတိရွိၾကဖို႔ကို က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက တိုက္တြန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရန်ကုန်ဖျားနာကုအခမဲ့ဆေးခန်းများ တိုးချဲ့ဖို့ပြင်ဆင်

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ အများဆုံးကြုံနေရတဲ့ ရန်ကုန်တိုင်းအတွင်း ဖျားနာကုဆေးခန်းတွေမှာ လာရောက်ပြသသူတွေ တိုးလာနေတာကြောင့် အခက်အခဲတွေ ကြုံနေရတဲ့အကြောင်း ပြောပြပါမယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုစုက တင်ဆက်ပေးမှာပါ။

ပြည်တွင်း ကိုဗစ်အတည်ပြုလူနာတွေထဲက ပိုးတွေ့သူဦးရေ ထက်ဝက်ကျော်မက ရှိနေတဲ့ ရန်ကုန်တိုင်းထဲက မြို့နယ်အလိုက်ဖွင့်ထားတဲ့ ဖျားနာကုဆေးခန်းတွေမှာ လာရောက်ပြသတဲ့သူ တိုးလာနေတာကြောင့် နောက်ထပ် တိုးချဲ့ဖို့ ပြင်ဆင်နေပါတယ်။ ကိုဗစ်ရောဂါ ကာကွယ်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ ဖွင့်လှစ်ထားတဲ့ ဒီအခမဲ့ဆေးခန်းတွေထဲက ဆေးရုံနဲ့တွဲထားတဲ့ အင်းစိန်၊ မြောက်ဥက္ကလာနဲ့ ဗိုလ်တထောင်မြို့နယ်က ဖျားနာကုဆေးခန်းတွေမှာတော့ သံသယလူနာတွေဆီကနေ Swab ယူစစ်ဆေးပေးနေပါတယ်။ ဒါပေမဲ့လည်း လာရောက်ပြသတဲ့ လူနာတွေ တိုးလာတာနဲ့အမျှ မြန်မြန်ဆန်ဆန် စစ်ဆေးနိုင်ဖို့ လိုနေတယ်လို့လည်း ရန်ကုန်တိုင်းဖျားနာကု အခမဲ့ဆေးခန်းတွေရဲ့ပြန်ကြားရေးတာဝန်ခံ ဒေါက်တာနေမင်းထက်က ပြောပါတယ်။

“(Fever Clinic တွေမှာ) ဒီ ၁၀ လပိုင်း လဆန်းထက်စာရင်တော့ မဆိုသလောက်လေးပေါ့၊ အနည်းငယ်လေးတော့ လျှော့သွားသလိုရှိတယ်။ သို့ပေမဲ့လည်း တချို့ရက်တွေကတော့ ဒုံရင်းက ဒုံရင်းပဲ များနေဆဲပေါ့နော်။ Fever Clinic ကတော့ ကျနော်တို့ထုံးစံအတိုင်း သွားနေတယ်။ သို့ပေမဲ့ ကျနော်တို့ Fever Clinic တွေအားလုံးကို Test Center လုပ်ခွင့်ကို ရန်ကုန်တိုင်းက ခွင့်ပြုချက် မပေးသေးဘူး။ မြေပြင်မှာကြုံတွေ့နေရတဲ့ လတ်တလောအခြေအနေက ဘယ်လိုလဲဆိုတော့ Rapid Test Kit တွေလည်းပေါ်လာတော့ ကျနော်တို့က မြန်မြန်စစ်စေချင်တယ်ဗျာ။ အခုဆိုလည်း ဒီ Quarantine Center တွေလည်း ရှိနေပြီ၊ ကိုဗစ်စင်တာတွေလည်း ရှိနေပြီ။ အဲတော့ မြန်မြန်စစ်စေချင်တယ်၊ မြန်မြန်တွေ့စေချင်တယ်၊ မြန်မြန်ကုပေးစေချင်တယ်ပေါ့နော်။ အဲဒီတော့ Fever Clinic တွေမှာ Rapid Test Kit တွေ စစ်လို့မရသေးတာတော့ အမှန်တိုင်းပြောရင် ကျနော်တို့အနေနဲ့ အားမရဘူး။”

ရောဂါကူးစက်မှုတွေ အများစု ကြုံနေရတဲ့ ရန်ကုန်တိုင်းထဲက ဝေဘာဂီ၊ ဖောင်ကြီးနဲ့ တောင်ဥက္ကလာပဆေးရုံတွေမှာ ကိုဗစ်လူနာတွေကို အဓိကထား ကုသပေးနေပြီး၊ ရန်ကုန်ဆေးရုံကြီးအပါအဝင် မြောက်ဥက္ကလာ၊ အင်းစိန်နဲ့ သင်္ဃန်းကျွန်း စံပြဆေးရုံကြီးတွေမှာလည်း ထပ်တိုးကုသမှုပေးနေတာပါ။ ရန်ကုန်တိုင်းမှာရှိတဲ့ ကိုဗစ်ကုသရေးဌာနတွေနဲ့ စင်တာတွေမှာ လုပ်အားပေးနေသူ အပါအဝင်၊ ကိုဗစ်သံသယ လူနာတင်ယာဉ်တွေမှာပါ လိုက်ပါဆောင်ရွက်နေတဲ့ စေတနာ့ဝန်ထမ်းကတော့ ၁၀,၀၀၀ ကျော်ရှိပါတယ်။ တချိန်တည်းမှာပဲ ရောဂါလက္ခဏာ မပြင်းထန်သူတွေနဲ့ သံသယလူနာတွေကိုထားဖို့ တိုးချဲ့ထားတဲ့စင်တာတွေမှာတော့ စေတနာ့ဝန်ထမ်း လုပ်အားပေးတွေ လိုအပ်နေပါတယ်။ လူအင်အားလိုအပ်ချက်ရှိနေလို့ အလှည့်ကျစနစ်နဲ့ ကူညီနေရတယ်လို့ စေတနာ့ဝန်ထမ်းတွေကို ဦးဆောင်နေသူ ကိုဒီငြိမ်းလင်းက ပြောပါတယ်။

“လူနာဦးရေကတော့ ပုံမှန်ပဲဖြစ်နေတာပေါ့လေ။ အရမ်းကြီးကျဆင်းတယ်လို့လည်း ပြောလို့မရဘူး။ လောလောဆယ် ကျနော်တို့တွေ မျဉ်းလိုင်းနဲ့ပြောမယ်ဆိုရင်တော့ မျဉ်းတန်းနေတဲ့အဆင့်ပဲ ရှိသေးတယ်ဗျာ။ အပေါ်လည်း တက်မသွားဘူး၊ အောက်လည်း ဆင်းမသွားဘူး၊ Normal Range လေးတခုမှာ နည်းနည်းလေးငြိမ်နေတယ် ဆိုတဲ့ဟာပဲ ရှိနေတာလေ။ ဆိုတော့ အများကြီးလည်း ကျနော်တို့ကြိုးစားဆဲပဲ ရှိနေသေးတာ၊ ထိန်းနေဆဲဆိုတဲ့ အဆင့်ပဲရှိနေသေးတာဗျာ။ ဒါပေမဲ့ တပြိုင်နက်တည်းမှာ Volunteer တွေရဲ့ လိုအပ်ချက်ကရှိတယ်။ ဘာကြောင့်လဲဆိုတော့ (ကိုဗစ်ကာလ) ကြာပြီကိုး။ ကြာပြီဆိုတော့ ကျန်းမာရေးဝန်ထမ်းတွေလည်း တော်တော်လေးပြိုင်းနေတယ်၊ ကျနော်တို့ Volunteer တွေလည်း ပြိုင်းတော့ ကျနော်တို့အလှည့်ကျ Run ပေးရတဲ့ပုံစံ ပြန်လုပ်နေရတာ။ တိုက်ပွဲက မပြီးသေးဘူး၊ မပြီးမချင်းကတော့ လိုအပ်ချက်တွေကတော့ ရှိနေမှာပဲလေ။”

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့မွန်းလွဲပိုင်း ထုတ်ပြန်ပြီးချိန်အထိဆို ပြည်တွင်းမှာ အတည်ပြုလူနာပေါင်း ၃၈,၅၀၂ ဦးရှိနေပြီး၊ သေဆုံးသူကတော့ ၉၄၅ ဦးရှိနေပါတယ်။ သေဆုံးသူတွေရဲ့ ၉၅ ရာခိုင်နှုန်းလောက်က နာတာရှည်ရောဂါ အခံရှိသူတွေဖြစ်နေပြီး၊ အသက်အရွယ်ကြီးသူတွေနဲ့ ရောဂါအခံရှိသူတွေ ပိုပြီး သတိရှိကြဖို့ကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG