သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဖ်ားနာေဆးခန္းေတြအတြက္ ေစတနာရွင္ေဆး၀န္ထမ္းေတြ အေရးေပၚလိုအပ္


ေဒါပုံ Fever Clinic (ဓါတ္ပံု-Community Fever Clinic - Yangon Network)

(Zawgyi/Unicode)

ကူးစက္ျမန္ကပ္ေရာဂါ စိုးရိမ္ရတဲ့ အေရးေပၚလူနာေတြ ရာနဲ႔ခ်ီ မ်ားလာတဲ့အတြက္ လူထုအေျချပဳ အခမဲ့ေဆးခန္းေတြမွာ ေစတနာ့ဝန္ထမ္း ေဆးပညာရွင္ေတြ နဲ႔ ဆရာဝန္သူနာျပဳေတြ အေရးတၾကီးလိုအပ္ေနပါတယ္။ ဒါအျပင္ အခမဲ့ေဆးခန္းေရာက္လာတဲ့ ကိုဗစ္သံသယလူနာေတြကို က်န္းမာေရးအာဏာပိုင္ေတြဘက္က ေရာဂါစစ္ေဆးမႈ ပိုလုပ္ႏိုင္ေအာင္ စီစဥ္ေပးဖို႔ ေဆးခန္းတာ၀န္ရွိသူေတြက လိုလားေနပါတယ္။ ဆက္သြယ္ေမးျမန္းထားတဲ့ မဆုမြန္ က အျပည့္အစံုကို ဆက္လက္တင္ျပမွာပါ။

ကမာၻ႔ကပ္ေရာဂါ ကိုဗစ္ ၁၉ ျမန္မာႏိုင္ငံတဝွမ္းလုံး အတိုင္းအတာနဲ႔ ကူးစက္သူ သုံးေသာင္းခုႏွစ္ေထာင္ေက်ာ္ -ကိုဗစ္ေၾကာင့္ ေသဆုံးသူ ၉၀၀ေက်ာ္ရွိလာေနခ်ိန္ ကူးစက္ျမန္ေရာဂါ ထိန္းခ်ဳပ္ႏိုင္ေရး က်န္းမာေရးတာဝန္ရွိသူေတြ အရွိန္ျမႇင့္ေဆာင္႐ြက္ေနခ်ိန္ျဖစ္ပါတယ္။ လူထုကို က်န္းမာေရးေစာင့္ေရွာက္ကုသေပးဖို႔- ေစတနာ့ဝန္ထမ္းေဆးပညာရွင္ေတြ ဆရာဝန္ေတြ အေရးေပၚလိုအပ္လာေနတယ္လို႔ ေစတနာ့ဝန္ထမ္း သမားေတာ္ေတြ ဆရာဝန္ေတြ သူနာျပဳေတြ ဝိုင္းဝန္း လုပ္အားေပး ကုသေပးေနတဲ့ အခမဲ့ဖ်ားနာကုေဆးခန္းေတြရဲ႕ကြန္ရက္တာဝန္ခံကေျပာပါတယ္။

ဒီရက္ပိုင္းအတြင္း လူနာေတြ လာတာ အရမ္းမ်ားလာေနၿပီး တရက္ကို အနည္းဆုံး လူနာရာနဲ႔ခ်ီ အခမဲ့ေဆးခန္းေတြကို ေရာက္ရွိလာတဲ့ အေျခအေနျဖစ္ေနတဲ့အတြက္ ေစတနာ့ဝန္ထမ္း ေဆးပညာပိုင္း အကူအညီေပးႏိုင္တဲ့ ဆရာဝန္သူနာျပဳေတြ ဝိုင္းဝန္းကူညီၾကပါလို႔ ေဒါက္တာေက်ာ္မင္းထြန္းက ေမတၱာရပ္ခံပါတယ္။

"အဓိက လိုအပ္တာက -ဆရာဝန္ေတြ အထူးသျဖင့္ လိုအပ္တယ္။ ဒီရက္ပိုင္းအတြင္း လူနာေတြ အရမ္းကိုမ်ား လာတယ္။ တရက္ တရက္ကို လူနာအေယာက္(၁၀၀) ဝန္းက်င္အထိကိုရွိတယ္ လူနာေတြကေလ။ ကနဦးတုန္းက က်ေနာ္တို႔က ဆရာဝန္ ၁ေယာက္ သူနာျပဳ ၁ေယာက္ Volunteer ၂ ေယာက္ဆို လုံေလာက္တယ္ Fever Clinic တစ္ခုထဲမွာ ၾကည့္တဲ့အခ်ိန္ နဲ႔ လူနာပမာဏနဲ႔ ေပါ့ေနာ္ ဆရာဝန္အင္အားနဲ႔ လုံေလာက္တယ္။ အခုကက်ေတာ့ လူနာက တရက္ကို အေယာက္ ၁၀၀ ေလာက္ ရွိေတာ့ ဆရာဝန္ တေယာက္တည္းၾကည့္မယ္ဆို တအားႀကီးကို ပင္ပမ္းတယ္။ အရမ္းမ်ားလာရင္ ဆရာဝန္ ၃ ေယာက္ေလာက္အထိ တိုးၿပီး ၾကည့္ရတဲ့ရက္ေတြ ရွိတယ္။အဲ့က်ေတာ့ ဆရာဝန္အင္အားေတြ တိုးၿပီးေခၚတယ္။ က်ေနာ္တို႔က အကူအညီေပးႏိုင္တဲ့ ဆရာဝန္ သူနာျပဳေတြ Volunteer ေတြရွိရင္ ကူညီပါလို႔ က်ေနာ္တို႔ေမတၱာရပ္ခံပါတယ္။"

ကပ္ေရာဂါျဖစ္ပြားေနတဲ့ လက္ရွိကာလကလည္း ကူးစက္မႈႏႈန္းေတြ ျမင့္တက္လာေနတဲ့ အေျခအေနျဖစ္ေနတာေၾကာင့္ ေရွ႕တန္းမွာ ေဆးပညာရွင္ေတြေရာ က်န္းမာေရးေဆးဝန္ထမ္း ဆရာဝန္သူနာျပဳေတြ အင္အားျဖည့္ေနၾကရလို႔ ဒီလို အေျခခံလူထုၾကား အခမဲ့ေဆးခန္းေတြက အေရးေပၚလူနာေတြအတြက္ ေဆးပညာရွင္ေတြ အေရးတႀကီး လိုအပ္လာေနတာလို႔ ေဒါက္တာေက်ာ္မင္းထြန္းကေျပာပါတယ္။

"အထူးသျဖင့္ ဒီကာလက လူနာေတြ အရမ္းမ်ားလာသလို Emergency လူနာေတြလည္း နည္းနည္းတက္လာတယ္ ဒီကာလမွာေလ။ အေမာေဖာက္တယ္ ကိုဗစ္သံသယေတြ ရက္ရွည္ဖ်ားနာတာေတြ။ နည္းနည္း Peak ေရာက္ေနတဲ့ ပုံစံမ်ိဳးျဖစ္ေနတယ္ေပါ့ ျဖစ္ေနေတာ့ နည္းနည္းသတိထားရမယ့္အခ်ိန္ျဖစ္ေနတယ္ ဒီကာလကေလ။ ေတာ္ေတာ္မ်ားမ်ား လူနာေတြကလည္း ကိုဗစ္ေရာဂါလကၡဏာေတြျဖစ္ေနၾကေတာ့ ေတာ္ေတာ္မ်ားမ်ားက လာျပၾကတယ္။ အရင္လို အိမ္ထဲ မေနေတာ့ဘူး အခုဆို တခုခုဆိုတာနဲ႔ လာျပၾကတယ္။ ေဆးခန္းမွာ လူနာေတြ အရမ္းမ်ားလာေတာ့ က်ေနာ္တို႔ေဆးခန္းေတြမွာ လူေတြတိုးၿပီးေတာ့ Volunteer အကူအညီေတြ အရမ္းကို လိုအပ္တယ္ ဒီကာလမွာ ။ ဒါေၾကာင့္ က်ေနာ္တို႔က ခဏ ခဏ Post ေတြတင္ၿပီးေတာ့ အကူအညီေတာင္းတာေပါ့ေနာ္။ " ကူညီၾကပါ၊ ကူညီၾကပါ။ " ဆိုၿပီး။ အဲ့လို မ်ားမ်ားကူညီၾကမွ က်ေနာ္တို႔ လူနာေတာ္ေတာ္မ်ားမ်ားကို ထိန္းႏိုင္မွာ ၾကည့္ႏိုင္မွာေပါ့ေနာ္။ ဒီကာလမွာက အေရးႀကီးတဲ့ အေျခအေနျဖစ္ေနလို႔ ဆရာဝန္ေရာ သူနာျပဳေရာ Volunteer ကူေပးမယ့္သူေတြေရာ ဘက္စုံကေန ကူေပးၾကမယ္ဆိုရင္ ဒီကာလ ဒီအေျခအေနမ်ိဳးကို ထိန္းႏိုင္မယ္ေပါ့ေနာ္။ အဲ့တာေၾကာင့္ ေမတၱာရပ္ခံပါတယ္ ကူညီေပးၾကဖို႔။"

အခုဆိုရင္ အခမဲ့ေဆးခန္းေတြကို လာျပတဲ့ ကိုဗစ္သံသယလူနာေတြကို ပိုးရွိ-မရွိ အျမန္ဆုံးစစ္ေဆးေပးႏိုင္ဖို႔ ရန္ကုန္တိုင္းတြင္း ၿမိဳ႕နယ္ ငါးၿမိဳ႕နယ္က သံသယလူနာေတြကို RDT antigen test စစ္ေဆးမႈေတြကို အခ်ိန္မီျပဳလုပ္ႏိုင္ရန္ ဧရာဝတီ ကိုဗစ္ကုသေရး စင္တာသို႔ ပို႔ေဆာင္စစ္ေဆးေပးေနၿပီး ဒီ့ထက္လူနာမ်ားမ်ား စစ္ေဆးေပးႏုိင္ဖို႔လည္း အေရးၾကီးလိုအပ္ေနတယ္လို႔ ေဒါက္တာေက်ာ္မင္းထြန္းကဆက္ေျပာပါတယ္။

"အခု က်ေနာ္တို႔ ၿမိဳ႕နယ္ (၅) ၿမိဳ႕နယ္ေပါ့ေနာ္ ေတာင္ဥကၠလာ၊ သဃၤန္းကၽြန္း၊ တာေမြ၊ မဂၤလာေတာင္ညႊန္႔နဲ႔ ရန္ကင္းေပါ့ေနာ္။ Fever Clinic ကိုလာျပတဲ့လူနာျဖစ္ရမယ္။ အဲ့ဒီ့ၿမိဳ႕နယ္ (၅)ၿမိဳ႕နယ္မွာ ေနထိုင္တဲ့သူျဖစ္ရမယ္။ က်ေနာ္တို႔က အဲ့ဒီ့လူနာေတြကို Tests and Care Center ကို ပို႔ၿပီးစစ္ေပးမယ္။ ဘယ္လိုလူနာေတြကိုစစ္ေပးသလဲဆိုေတာ့ ကိုဗစ္သံသယ လူနာေတြကို အဓိက စစ္ေပးပါတယ္။ ေလာေလာဆယ္ကေတာ့ တၿမိဳ႕နယ္ကို အေယာက္(၂၀) စစ္ေပးတယ္။ ၿမိဳ႕နယ္ငါးၿမိဳ႕နယ္ေပါင္း (၁၀၀) စစ္ေပးေနတယ္ေပါ့။ ေျပာရရင္ အခုေလာေလာဆယ္အေနအထားအရ အေယာက္(၂၀)က တအားကိုနည္းလြန္းေနတယ္။ လူေတြက သြားပံုေနတယ္ အခုက်ေနာ္တို႔ List အရဆိုရင္ေသာၾကာေန႔အထိကိုList ျပည့္သြားၿပီ။ ၿမိဳ႕နယ္ေတြမွာ စစ္သင့္တဲ့သူေတြလည္း တအားမ်ားေနတယ္။ ဒါေၾကာင့္ ထပ္တိုးစစ္လို႔ရေအာင္ က်ေနာ္တို႔လည္း လက္ရွိ ေတာင္းဆိုထားတာေတြလည္းရွိတယ္။ျဖစ္ႏုိင္ရင္ တၿမိဳ႕နယ္ကို အေယာက္(၅၀) ေလာက္စစ္ႏုိင္ရင္ မဆိုးဘူးေပါ့ေနာ္။"

အခုလက္ရွိမွာေတာ့ COVID 19 ေရာဂါပိုးေတြ႔ရွိမႈ အမ်ားဆံုးတိုင္းျဖစ္တဲ့ ရန္ကုန္တုိင္းတြင္းအတြင္း လူထုကို ဖ်ားနာအခမဲ့ ကုသေပးေနတဲ့ Fever Clinicေပါင္း ၂၀ေက်ာ္အထိ ဖြင့္လွစ္ေပးထားပါတယ္။ ကိုဗစ္ေရာဂါလကၡဏာသံသယရွိသူေတြကို အင္းစိန္နဲ႔ ေျမာက္ဥကၠလာပ Fever Clinic ေဆးခန္းေတြမွာ တခါတည္း ေရာဂါပိုး စမ္းသပ္ရွာေဖြေပးေနတဲ့ အေျခအေနျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


.................

ဖျားနာဆေးခန်းတွေအတွက် စေတနာရှင်ဆေးဝန်ထမ်းတွေ အရေးပေါ်လိုအပ်

(Unicode)

ကူးစက်မြန်ကပ်ရောဂါ စိုးရိမ်ရတဲ့ အရေးပေါ်လူနာတွေ ရာနဲ့ချီ များလာတဲ့အတွက် လူထုအခြေပြု အခမဲ့ဆေးခန်းတွေမှာ စေတနာ့ဝန်ထမ်း ဆေးပညာရှင်တွေ နဲ့ ဆရာဝန်သူနာပြုတွေ အရေးတကြီးလိုအပ်နေပါတယ်။ ဒါအပြင် အခမဲ့ဆေးခန်းရောက်လာတဲ့ ကိုဗစ်သံသယလူနာတွေကို ကျန်းမာရေးအာဏာပိုင်တွေဘက်က ရောဂါစစ်ဆေးမှု ပိုလုပ်နိုင်အောင် စီစဉ်ပေးဖို့ ဆေးခန်းတာဝန်ရှိသူတွေက လိုလားနေပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန် က အပြည့်အစုံကို ဆက်လက်တင်ပြမှာပါ။

ကမ္ဘာ့ကပ်ရောဂါ ကိုဗစ် ၁၉ မြန်မာနိုင်ငံတဝှမ်းလုံး အတိုင်းအတာနဲ့ ကူးစက်သူ သုံးသောင်းခုနှစ်ထောင်ကျော် -ကိုဗစ်ကြောင့် သေဆုံးသူ ၉၀၀ကျော်ရှိလာနေချိန် ကူးစက်မြန်ရောဂါ ထိန်းချုပ်နိုင်ရေး ကျန်းမာရေးတာဝန်ရှိသူတွေ အရှိန်မြှင့်ဆောင်ရွက်နေချိန်ဖြစ်ပါတယ်။ လူထုကို ကျန်းမာရေးစောင့်ရှောက်ကုသပေးဖို့- စေတနာ့ဝန်ထမ်းဆေးပညာရှင်တွေ ဆရာဝန်တွေ အရေးပေါ်လိုအပ်လာနေတယ်လို့ စေတနာ့ဝန်ထမ်း သမားတော်တွေ ဆရာဝန်တွေ သူနာပြုတွေ ဝိုင်းဝန်း လုပ်အားပေး ကုသပေးနေတဲ့ အခမဲ့ဖျားနာကုဆေးခန်းတွေရဲ့ကွန်ရက်တာဝန်ခံကပြောပါတယ်။

ဒီရက်ပိုင်းအတွင်း လူနာတွေ လာတာ အရမ်းများလာနေပြီး တရက်ကို အနည်းဆုံး လူနာရာနဲ့ချီ အခမဲ့ဆေးခန်းတွေကို ရောက်ရှိလာတဲ့ အခြေအနေဖြစ်နေတဲ့အတွက် စေတနာ့ဝန်ထမ်း ဆေးပညာပိုင်း အကူအညီပေးနိုင်တဲ့ ဆရာဝန်သူနာပြုတွေ ဝိုင်းဝန်းကူညီကြပါလို့ ဒေါက်တာကျော်မင်းထွန်းက မေတ္တာရပ်ခံပါတယ်။

"အဓိက လိုအပ်တာက -ဆရာဝန်တွေ အထူးသဖြင့် လိုအပ်တယ်။ ဒီရက်ပိုင်းအတွင်း လူနာတွေ အရမ်းကိုများ လာတယ်။ တရက် တရက်ကို လူနာအယောက်(၁၀၀) ဝန်းကျင်အထိကိုရှိတယ် လူနာတွေကလေ။ ကနဦးတုန်းက ကျနော်တို့က ဆရာဝန် ၁ယောက် သူနာပြု ၁ယောက် Volunteer ၂ ယောက်ဆို လုံလောက်တယ် Fever Clinic တစ်ခုထဲမှာ ကြည့်တဲ့အချိန် နဲ့ လူနာပမာဏနဲ့ ပေါ့နော် ဆရာဝန်အင်အားနဲ့ လုံလောက်တယ်။ အခုကကျတော့ လူနာက တရက်ကို အယောက် ၁၀၀ လောက် ရှိတော့ ဆရာဝန် တယောက်တည်းကြည့်မယ်ဆို တအားကြီးကို ပင်ပမ်းတယ်။ အရမ်းများလာရင် ဆရာဝန် ၃ ယောက်လောက်အထိ တိုးပြီး ကြည့်ရတဲ့ရက်တွေ ရှိတယ်။အဲ့ကျတော့ ဆရာဝန်အင်အားတွေ တိုးပြီးခေါ်တယ်။ ကျနော်တို့က အကူအညီပေးနိုင်တဲ့ ဆရာဝန် သူနာပြုတွေ Volunteer တွေရှိရင် ကူညီပါလို့ ကျနော်တို့မေတ္တာရပ်ခံပါတယ်။"

ကပ်ရောဂါဖြစ်ပွားနေတဲ့ လက်ရှိကာလကလည်း ကူးစက်မှုနှုန်းတွေ မြင့်တက်လာနေတဲ့ အခြေအနေဖြစ်နေတာကြောင့် ရှေ့တန်းမှာ ဆေးပညာရှင်တွေရော ကျန်းမာရေးဆေးဝန်ထမ်း ဆရာဝန်သူနာပြုတွေ အင်အားဖြည့်နေကြရလို့ ဒီလို အခြေခံလူထုကြား အခမဲ့ဆေးခန်းတွေက အရေးပေါ်လူနာတွေအတွက် ဆေးပညာရှင်တွေ အရေးတကြီး လိုအပ်လာနေတာလို့ ဒေါက်တာကျော်မင်းထွန်းကပြောပါတယ်။

"အထူးသဖြင့် ဒီကာလက လူနာတွေ အရမ်းများလာသလို Emergency လူနာတွေလည်း နည်းနည်းတက်လာတယ် ဒီကာလမှာလေ။ အမောဖောက်တယ် ကိုဗစ်သံသယတွေ ရက်ရှည်ဖျားနာတာတွေ။ နည်းနည်း Peak ရောက်နေတဲ့ ပုံစံမျိုးဖြစ်နေတယ်ပေါ့ ဖြစ်နေတော့ နည်းနည်းသတိထားရမယ့်အချိန်ဖြစ်နေတယ် ဒီကာလကလေ။ တော်တော်များများ လူနာတွေကလည်း ကိုဗစ်ရောဂါလက္ခဏာတွေဖြစ်နေကြတော့ တော်တော်များများက လာပြကြတယ်။ အရင်လို အိမ်ထဲ မနေတော့ဘူး အခုဆို တခုခုဆိုတာနဲ့ လာပြကြတယ်။ ဆေးခန်းမှာ လူနာတွေ အရမ်းများလာတော့ ကျနော်တို့ဆေးခန်းတွေမှာ လူတွေတိုးပြီးတော့ Volunteer အကူအညီတွေ အရမ်းကို လိုအပ်တယ် ဒီကာလမှာ ။ ဒါကြောင့် ကျနော်တို့က ခဏ ခဏ Post တွေတင်ပြီးတော့ အကူအညီတောင်းတာပေါ့နော်။ " ကူညီကြပါ၊ ကူညီကြပါ။ " ဆိုပြီး။ အဲ့လို များများကူညီကြမှ ကျနော်တို့ လူနာတော်တော်များများကို ထိန်းနိုင်မှာ ကြည့်နိုင်မှာပေါ့နော်။ ဒီကာလမှာက အရေးကြီးတဲ့ အခြေအနေဖြစ်နေလို့ ဆရာဝန်ရော သူနာပြုရော Volunteer ကူပေးမယ့်သူတွေရော ဘက်စုံကနေ ကူပေးကြမယ်ဆိုရင် ဒီကာလ ဒီအခြေအနေမျိုးကို ထိန်းနိုင်မယ်ပေါ့နော်။ အဲ့တာကြောင့် မေတ္တာရပ်ခံပါတယ် ကူညီပေးကြဖို့။"

အခုဆိုရင် အခမဲ့ဆေးခန်းတွေကို လာပြတဲ့ ကိုဗစ်သံသယလူနာတွေကို ပိုးရှိ-မရှိ အမြန်ဆုံးစစ်ဆေးပေးနိုင်ဖို့ ရန်ကုန်တိုင်းတွင်း မြို့နယ် ငါးမြို့နယ်က သံသယလူနာတွေကို RDT antigen test စစ်ဆေးမှုတွေကို အချိန်မီပြုလုပ်နိုင်ရန် ဧရာဝတီ ကိုဗစ်ကုသရေး စင်တာသို့ ပို့ဆောင်စစ်ဆေးပေးနေပြီး ဒီ့ထက်လူနာများများ စစ်ဆေးပေးနိုင်ဖို့လည်း အရေးကြီးလိုအပ်နေတယ်လို့ ဒေါက်တာကျော်မင်းထွန်းကဆက်ပြောပါတယ်။

"အခု ကျနော်တို့ မြို့နယ် (၅) မြို့နယ်ပေါ့နော် တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်း၊ တာမွေ၊ မင်္ဂလာတောင်ညွှန့်နဲ့ ရန်ကင်းပေါ့နော်။ Fever Clinic ကိုလာပြတဲ့လူနာဖြစ်ရမယ်။ အဲ့ဒီ့မြို့နယ် (၅)မြို့နယ်မှာ နေထိုင်တဲ့သူဖြစ်ရမယ်။ ကျနော်တို့က အဲ့ဒီ့လူနာတွေကို Tests and Care Center ကို ပို့ပြီးစစ်ပေးမယ်။ ဘယ်လိုလူနာတွေကိုစစ်ပေးသလဲဆိုတော့ ကိုဗစ်သံသယ လူနာတွေကို အဓိက စစ်ပေးပါတယ်။ လောလောဆယ်ကတော့ တမြို့နယ်ကို အယောက်(၂၀) စစ်ပေးတယ်။ မြို့နယ်ငါးမြို့နယ်ပေါင်း (၁၀၀) စစ်ပေးနေတယ်ပေါ့။ ပြောရရင် အခုလောလောဆယ်အနေအထားအရ အယောက်(၂၀)က တအားကိုနည်းလွန်းနေတယ်။ လူတွေက သွားပုံနေတယ် အခုကျနော်တို့ List အရဆိုရင်သောကြာနေ့အထိကိုList ပြည့်သွားပြီ။ မြို့နယ်တွေမှာ စစ်သင့်တဲ့သူတွေလည်း တအားများနေတယ်။ ဒါကြောင့် ထပ်တိုးစစ်လို့ရအောင် ကျနော်တို့လည်း လက်ရှိ တောင်းဆိုထားတာတွေလည်းရှိတယ်။ဖြစ်နိုင်ရင် တမြို့နယ်ကို အယောက်(၅၀) လောက်စစ်နိုင်ရင် မဆိုးဘူးပေါ့နော်။"

အခုလက်ရှိမှာတော့ COVID 19 ရောဂါပိုးတွေ့ရှိမှု အများဆုံးတိုင်းဖြစ်တဲ့ ရန်ကုန်တိုင်းတွင်းအတွင်း လူထုကို ဖျားနာအခမဲ့ ကုသပေးနေတဲ့ Fever Clinicပေါင်း ၂၀ကျော်အထိ ဖွင့်လှစ်ပေးထားပါတယ်။ ကိုဗစ်ရောဂါလက္ခဏာသံသယရှိသူတွေကို အင်းစိန်နဲ့ မြောက်ဥက္ကလာပ Fever Clinic ဆေးခန်းတွေမှာ တခါတည်း ရောဂါပိုး စမ်းသပ်ရှာဖွေပေးနေတဲ့ အခြေအနေဖြစ်ပါတယ်။

XS
SM
MD
LG