သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ် ဒုတိယလှိုင်း စီးပွားရေးအထိနာမှု ပြည်သူတွေ စိတ်ရှည်ဖို့လို (ဒေါ်အောင်ဆန်းစုကြည်)


Myanmar State Counsellor Office
Myanmar State Counsellor Office

(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ COVID 19 ရောဂါ ကူးစက်မှု ဒုတိယလှိုင်း တာရှည်နေမှုကြောင့် ပြည်သူတွေရဲ့ စီးပွားရေးအပေါ် ထိခိုက်မှု ရှိနေတာကို သိမြင်ကြောင်းနိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တနင်္လာနေ့က ပြောပါတယ်။

"အခု နိုင်ငံတော်ဘက်က ကြည့်လိုက်တဲ့အခါကျတော့ ကိုဗစ်ရောဂါ ဖြစ်တာ နည်းနည်းကြာလာတာ အထူးသဖြင့် ဒုတိယလှိုင်းပေါ့။ ဖြစ်ပြီးတဲ့နောက်မှာဆိုရင် စီးပွားရေး အရ ကျမတို့ ပြည်သူ တော်တော်များများမှာ ရုန်းကန်ရတဲ့ ဘ၀ ရောက်လာတယ်ဆိုတာ သတိပြုမိပါတယ်။ အဲဒါတွေအတွက်လည်း နိုင်ငံတော်ကနေ ဘယ်လောက်အထိ လုပ်နိုင်မယ်၊ ဘယ်လို နည်းတွေနဲ့ ပံ့ပိုးနိုင်မလဲဆိုတာ တချိန်လုံးပဲ စဉ်းစားပြီးတော့ လိုအပ်ရင် လိုအပ်သလို တတ်နိုင်သမျှ ဖြည့်ဆည်းပေးပါမယ်။ ဖြည့်ဆည်းလည်းပေးနေပါတယ်။ အဲဒီတော့ ပြည်သူတွေကလည်း သာမန်ဘဝလို မဟုတ်ပဲ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတာကိုတော့ သည်းခံပေးစေချင်ပါတယ်။ ကျမတို့ ပစ်မထားပါဘူး။ ဒါပေမယ့် ပြည်သူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ဆို ပြဿနာတွေကို ပိုပြီးတော့ မြန်မြန်ဆန်ဆန်ကျော်လွှား နိုင်မှာ ဖြစ်ပါတယ်။ ပြဿနာဆိုတာတော့ ရင်ဆိုင်ရမှာပဲ။ တစ်ခုမဟုတ်တစ်ခု ရင်ဆိုင်ရမှာပဲ ။ ဒါကတော့ လောကဓမ္မတာလို့လည်း ပြောချင်ပါတယ်။ ဒီလို ပြဿနာကို မှန်မှန်ကန်ကန် ဖြေရှင်းနိုင်ဖို့ကသာ အဓိက ဖြစ်ပါတယ်။”

COVID 19 ရောဂါ ဖြစ်ပွားမှု နောက်ဆုံး အခြေအနေနဲ့ ပတ်သက်ပြီး အောက်တိုဘာလ ၁၉ ရက်နေ့က ပြည်သူတွေကို အစီရင်ခံ ရာမှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ပြောသွားတာ ဖြစ်ပါတယ်။

ရောဂါကူးစက်ပျံ့နှံ့နေတာနဲ့ ပတ်သက်က ကိုယ့်ပြည်နယ်ကို အချိန်မရွေးရောက်လာနိုင်တယ်ဆိုတာကိုလည်း သတိပြုထားဖို့နဲ့ သတိ ဆိုတာ လွန်ကဲတယ်ဆိုတာ မရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ မနေ့ COVID – 19 ကူးစက်သူလူနာ နောက်ထပ် ၁,၁၈၀ အတည်ပြုလိုက်တဲ့အတွက် စုစုပေါင်းကူးစက်သူ ၃၇,၂၀၅ ယောက်ရှိပြီဖြစ်ပါတယ်။ အောက်တိုဘာလ ၁၉ ရက်နေ့အတွက် ဓာတ်ခွဲ နမူနာ ၁၉,၁၀၄ ခုကို စစ်ဆေးခဲ့တာမှာ အခုလို ကူးစက်သူ ၁,၁၀၀ ကျော်ကို ထပ်ပြီးတွေ့တာပါ။

ဒီကနေ့ သေဆုံးသူက ၃၄ ယောက်ရှိတဲ့အတွက် COVID – 19 ကြောင့်သေဆုံးသူပေါင်း ၉၁၄ ယောက်ရှိပြီဖြစ်ပါတယ်။ အခုအချိန်ထိ ဓာတ်ခွဲစစ်ဆေးမှုပေါင်း ၅၃၀,၀၀၀ နီးပါး ပြုလုပ်ခဲ့ပါတယ်။ အတည်ပြုထားတဲ့ ရောဂါ ကူးစက်ခံရသူပေါင်း ၃၇,၀၀၀ ကျော်ထဲက ပြန်ပြီး ကျန်းမာလာတဲ့သူ ၁၇,၅၆၈ ယောက်ရှိပါတယ်။

တိုက်ရိုက် လင့်ခ်


..............


(Unicode)







ဆက်စပ်သတင်းများ ...

XS
SM
MD
LG