သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေရြးေကာက္ပဲြတရားမွွ်တေရး ပါတီေတြနဲ႔ ညိွႏိႈင္းဖို႔ အရပ္ဘက္အဖဲြ႔ေတြ ေတာင္းဆို


ေနျပည္ေတာ္ရွိ ျပည္ေထာင္စုေရြးေကာက္ပဲြေကာ္မရွင္ ဌာနခ်ဳပ္။ (ေအာက္တိုဘာ ၂၇၊ ၂၀၁၅)

[Zawgyi/Unicode]

တိုင္းရင္းသားေဒသ တခ်ိဳ႕မွာ ေရြးေကာက္ပဲြ ပယ္ဖ်က္တာနဲ႔ ပတ္သက္လို႔ တိတိက်က်ရွင္းလင္းေပးဖို႔နဲ႔၊ ဒီမိုကေရစီစံႏႈန္းနဲ႔ ညီၿပီး တရားမွ်တတဲ့ ေရြးေကာက္ပဲြျဖစ္လာေရး အခ်ိန္မီအေကာင္အထည္ေဖာ္ပါလို႔ ျမန္မာအရပ္ဘက္ အဖဲြ႔အစည္း ၂၀၀ ေက်ာ္က ျပည္ေထာင္စုေရြးေကာက္ပဲြေကာ္မရွင္ကို တိုက္တြန္းလိုက္ပါတယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မဆုမြန္က စုစည္းတင္ျပထားပါတယ္။

၂၀၂၀ ျပည့္ႏွစ္ ပါတီစံုဒီမိုကေရစီ အေထြေထြေရြးေကာက္ပြဲၾကီးမွာ တုိင္းရင္းသားပါတီေတြအပါအဝင္ ႏိုင္ငံေရးပါတီေတြ အားလံုး တန္းတူညီမွ် တရားမွ်တစြာ ယွဥ္ၿပိဳင္ခြင့္ရဖို႔၊ ေနာက္ မဲေပးခြင့္ရွိတဲ့ တိုင္းရင္းသားမ်ိဳးႏြယ္စုေတြအပါ ႏိုင္ငံသားတိုင္း လြတ္လပ္စြာ မဲေပးခြင့္ရဖို႔နဲ႔ ေဘးကင္းလံုျခံဳၿပီး သန္႔ရွင္းလြတ္လပ္ တရားမွ်တတဲ့ ေရြးေကာက္ပြဲျဖစ္ေျမာက္ေအာင္ အေကာင္အထည္ေဖာ္ပါလို႔ ျမန္မာႏုိင္ငံတဝန္းမွာရွိတဲ့ လူ႔အခြင့္အေရး ၿငိမ္းခ်မ္းေရး၊ တုိင္းရင္းသားအေရး၊ သဘာဝပတ္ဝန္းက်င္ေရး၊ အမ်ိဳးသမီးေရးစတဲ့ လူထုအေရးလႈပ္ရွားေဆာင္ရြက္ေနတဲ့ အရပ္ဘက္လူမႈအဖြဲ႔အစည္းေပါင္း ၂၀၀ ေက်ာ္နဲ႔ တသီးပုဂၢလ ပုဂၢိဳလ္ေတြကပါ ပူးေပါင္းၿပီးေတာ့ ဒီကေန႔ ေအာက္တိုဘာလ ၁၉ ရက္ေန႔မွာ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ထံ အိတ္ဖြင့္ေပးစာေပးပို႔လိုက္တာပါ။

အဓိကကေတာ့ ေအာက္တိုဘာ ၁၆ က ထုတ္ျပန္လိုက္တဲ့ေၾကညာခ်က္ပါ ဆုိင္ရာ တုိင္းရင္းေဒသေတြမွာ ဘယ္လို အေၾကာင္းခ်က္ေၾကာင့္ ေရြးေကာက္ပြဲ မက်င္းပဖို႔ ဆံုးျဖတ္ရသလဲ ဘာေၾကာင့္ ပယ္ဖ်က္ရပါသလဲဆိုတာ သက္ဆိုင္ရာ ႏုိင္ငံေရးပါတီေတြနဲ႔ ျပည္သူထံကို ဒီ့ထက္ပိုၿပီး ရွင္းလင္းတိက်တဲ့ေျဖရွင္းခ်က္ ခ်က္ျခင္းထုတ္ေပးဖို႔ အဓိက တာဝန္အရွိဆံုးျဖစ္တဲ့ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ကို အရပ္ဘက္အဖြဲ႔အစည္းအားလံုးရဲ႕ကိုယ္စား ဦးဂမ္ရွာေအာင္က တိုက္တြန္းလိုက္တာပါ။

"လတ္တေလာ ေရြးေကာက္ပြဲေကာ္မရွင္အေနနဲ႔ ထုတ္ျပန္ထားတဲ့ ကိစၥေတြနဲ႔ ပတ္သက္ၿပီး ခ်က္ျခင္းသက္ဆိုင္ရာႏုိင္ငံေရးပါတီေတြနဲ႔ အတူ အျမန္ဆံုးေတြ႔ဆံုသင့္တယ္လို႔ ပထမအခ်က္အေနနဲ႔ က်ေနာ္တို႔ျမင္တယ္။ ဒုတိယအခ်က္ အေနနဲ႔ကေတာ့ အခု ထုတ္ျပန္ထားတဲ့ကိစၥနဲ႔ပတ္သက္ၿပီးမွ သူတို႔ ဒီဆံုးျဖတ္ခ်က္ခ်ရတဲ့အေပၚ ဒီအေၾကာင္းနဲ႔ ပတ္သက္ၿပီး ေသေသခ်ာခ်ာ ခ်ျပဖို႔လိုမယ္ေပါ့ေနာ္။ ဒါမွာလည္း က်ေနာ္တို႔ေျပာေနတဲ့ ပြင့္လင္းျမင္သာတဲ့ေရြးေကာက္ပြဲ ျဖစ္လာမွာျဖစ္ပါတယ္။ အထူးသျဖင့္ ကိုဗစ္ကာလမွာ ေရြးေကာက္ပြဲ လုပ္ေတာ့မယ္ ဆိုေတာ့ ဒါနဲ႔ပတ္သက္တဲ့ အစီအမံေတြေပါ့ေနာ္ အစီအမံေတြကိုလည္း ပြင့္လင္းျမင္သာစြာနဲ႔ ဒါေတြကို ျပင္ဆင္ဖို႔လည္းလိုတယ္။ ဒါဟာ က်ေနာ္တို႔ ျပည္သူလူထုအားလံုးရဲ႕ အသက္အိုးအိမ္နဲ႔လည္း ဆက္စပ္ေနတာျဖစ္တဲ့အတြက္ေၾကာင့္ ဒါနဲ႔ပတ္သက္ရင္လည္း ရွင္းလင္းျမင္သာစြာနဲ႔ ေသခ်ာလုပ္ဖို႔လိုမယ္ ဒါေတြဟာ အေရးၾကီးတဲ့ကိစၥေတြျဖစ္ပါတယ္။"

ပဋိပကၡေတြရွိတဲ့ေဒသမွာ ေရြးေကာက္ပြဲကို ဖ်က္သိမ္းတာထက္ အဲဒီပဋိပကၡ စစ္ပဲြေတြကို ႏိုင္ငံေရးအရ အေျဖထုတ္သင့္တယ္လို႔ ျမန္မာအရပ္ဘက္အဖဲြ႕ေတြက ရႈျမင္ပါတယ္။ ဒီေနရာမွာ ေရြးေကာက္ပဲြနည္းဆိုတာကေတာ့ ႏိုင္ငံေရးအရ အေျဖရွာတာပါလို႔ ဦးဂမ္ရွာေအာင္က ေျပာပါတယ္။

"ဒီႏွစ္မွာ လံုျခံဳေရးကိုအေၾကာင္းျပၿပီးမွ တုိင္းရင္းသားေဒသေတြမွာ ေရြးေကာက္ပြဲလုပ္မယ္ေနရာေတြကို ဖ်က္သိမ္းတဲ့ ကိစၥေတြလည္း ျမင္ရေတာ့ ဒီမိုကေရစီလမ္းေၾကာင္းကို ခ်ဲ႕ထြင္ၿပီးမွ လုပ္ရမယ့္အစား တကယ္ဆိုရင္ အခုလိုေရြးေကာက္ပြဲကာလမွာ ပဋိပကၡေတြျဖစ္ေနတဲ့ေဒသေတြမွာ တုိက္ပြဲေတြ အျမန္ဆံုးရပ္ပစ္ၿပီးမွ ႏုိင္ငံေရးနည္းနဲ႔ ေရြးေကာက္ပြဲျဖစ္ေျမာက္ေအာင္ လုပ္ရမယ့္အစား အခုက်ေတာ့ အဲ့ဒီ့ေနရာေတြမွာ "တိုက္ပြဲေတြျဖစ္ေနလို႔ ေရြးေကာက္ပြဲရပ္" ဆိုၿပီးမွ လုပ္လုိက္တဲ့အတြက္ေၾကာင့္ အထူးသျဖင့္ ျပည္သူလူထုရဲ႕အေျခခံအခြင့္အေရး မဲေပးပိုင္ခြင့္ကို အကန္႔အသတ္ခံေနရတဲ့ အေျခအေနကိုလည္း က်ေနာ္တို႔စိုးရိမ္တာျဖစ္ပါတယ္။ ဒါေၾကာင့္ ေသေသခ်ာခ်ာ ေတြ႔ဆံုညိႇႏိႈင္းေဆြးေႏြးၿပီးမွ လုပ္ဖို႔လိုပါတယ္လို႔ ေတြ႔ရွိခ်က္ေတြအေျခခံၿပီး အိတ္ဖြင့္ေပးစာေပးရတာျဖစ္ပါတယ္။"

ေရြးေကာက္ပြဲ တရားမွ်တမႈနဲ႔ ေရြးေကာက္ပြဲ လံုျခံဳေရးအတြက္ အရမ္းကို စိုးရိမ္စရာေကာင္းတဲ့အေနအထားျဖစ္ေနလို႔ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ထံ အိတ္ဖြင့္ေပးစာေပးပို႔ တိုက္တြန္းရတာျဖစ္တယ္လို႔ အိတ္ဖြင့္ေပးစာေပးပို႔တဲ့အထဲ ပါဝင္တဲ့ အရပ္ဖက္အဖြဲ႔အစည္း အနာဂတ္အလင္းတန္းဆံုမွတ္ရဲ႕ ဒါရိုက္တာ ေဒၚသက္သက္ေအာင္က ေျပာပါတယ္။

"အဓိကေျပာခ်င္တာကေတာ့ "ႏိုင္ငံေရးေဘာင္ကို ခ်ဲ႕ရမယ့္ေနရာမွာ ေဘာင္မခ်ဲ႕ဘဲနဲ႔ စစ္ေဘာင္ကို ခ်ံဳ႕ပစ္ရမယ့္ေနရာေတြမွာ ပိုၿပီးေတာ့ စစ္ေဘာင္ကို ခ်ဲ႕လိုက္တဲ့ အေျခအေနမ်ိဳးေတြ" ေနာက္တခုကက်ေတာ့ အာဏာရအစိုးရကေနၿပီးေတာ့ ႏိုင္ငံေတြမွာ ေရြးေကာက္ပြဲေတြကို က်င္းပေပးရတယ္ အဲ့သလိုက်င္းပရတဲ့အခါမွာ" ႏိုင္ငံေရးသိကၡာနဲ႔ ႏုိင္ငံေရးသီလ" က အင္မတန္မွကို အေရးၾကီးပါတယ္။ အခုလိုအေျခအေနမွာဆိုရင္ တုိင္းရင္းေဒသေတြက တိုင္းရင္းသားပါတီေတြရဲ႕ အမ်ားၾကီး နစ္နာဆံုးရံႈးမႈျဖစ္တယ္ အဓိက လႊတ္ေတာ္မွာ ႏုိင္ငံေရးအရ ေဆြးေႏြးမႈေတြ ပိုလုပ္ႏိုင္မယ့္ေနရာေတြကို ပိုၿပီးၾကိဳးစားရမယ့္ အစား ေရြးေကာက္ပြဲကို မက်င္းပႏုိင္ျခင္းအားျဖင့္ ပိုၿပီးေတာ့ ပဋိပကၡေတြအတြက္ စိုးရိမ္ရမယ့္ အေျခအေနေတြရွိလာတယ္။ အဲ့ဒီ့ေတာ့ UEC အေနနဲ႔က သူအေနနဲ႔ ေရြးေကာက္ပြဲ မက်င္းပဘူး ဆိုရင္လည္း ဘာေၾကာင့္ မက်င္းပဘူးလဲဆိုတာ တရားဝင္ ရွင္းရွင္းလင္းလင္း ထုတ္ျပန္ေၾကညာ ရွင္းလင္းေပးဖို႔ လိုအပ္တယ္။"

နိုဝင္ဘာလ ၈ရက္ေန႔မွာက်င္းပမယ့္ ၂၀၂၀ ေရြးေကာက္ပြဲမွာ-ျပည္နယ္တိုင္းေဒသၾကီး မဲဆႏၵနယ္ ၁,၁၅၇ နယ္ေျမအတြက္ ပါတီေပါင္း ၉၁ ပါတီက ပါတီကိုယ္စားျပဳနဲ႔ တသီးပုဂၢလကိုယ္စားေပါင္း ၅,၈၃၉ ဦး ပါဝင္ယွဥ္ၿပိဳင္ၾကမွာပါ။ ဒီလို တႏိုင္ငံလံုး အတုိင္းအတာနဲ႔ မဲရံုေပါင္း ၄၁,၀၀၀ ဝန္းက်င္အတြက္ မဲရံုဝန္ထမ္းက ၄၁၀,၀၀၀ တာဝန္ယူမွာျဖစ္ပါတယ္။ ဒါေၾကာင့္ အထူးသျဖင့္ ကပ္ေရာဂါကိုဗစ္ကာလ က်င္းပရမယ့္ ေရြးေကာက္ပြဲမွာ ျပည္သူလူထု ေဘးကင္းလံုျခံဳၿပီး ႏုိင္ငံသားတိုင္း ပါဝင္ႏုိင္တဲ့ လြတ္လပ္တရားမွ်တတဲ့ေရြးေကာက္ပြဲက်င္းပေပးပါလို႔ အရပ္ဘက္အဖြဲ႔အစည္းေတြဘက္က အခုလို အိတ္ဖြင့္ေပးစာေပးပို႔ လိုက္တာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရွေးကောက်ပွဲတရားမျှတရေး ပါတီတွေနဲ့ ညှိနှိုင်းဖို့ အရပ်ဘက်အဖွဲ့တွေတောင်းဆို

တိုင်းရင်းသားဒေသ တချို့မှာ ရွေးကောက်ပွဲ ပယ်ဖျက်တာနဲ့ ပတ်သက်လို့ တိတိကျကျရှင်းလင်းပေးဖို့နဲ့၊ ဒီမိုကရေစီစံနှုန်းနဲ့ ညီပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်လာရေး အချိန်မီအကောင်အထည်ဖော်ပါလို့ မြန်မာအရပ်ဘက် အဖွဲ့အစည်း ၂၀၀ ကျော်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တိုက်တွန်းလိုက်ပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မဆုမွန်က စုစည်းတင်ပြထားပါတယ်။

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးမှာ တိုင်းရင်းသားပါတီတွေအပါအဝင် နိုင်ငံရေးပါတီတွေ အားလုံး တန်းတူညီမျှ တရားမျှတစွာ ယှဉ်ပြိုင်ခွင့်ရဖို့၊ နောက် မဲပေးခွင့်ရှိတဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေအပါ နိုင်ငံသားတိုင်း လွတ်လပ်စွာ မဲပေးခွင့်ရဖို့နဲ့ ဘေးကင်းလုံခြုံပြီး သန့်ရှင်းလွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မြောက်အောင် အကောင်အထည်ဖော်ပါလို့ မြန်မာနိုင်ငံတဝန်းမှာရှိတဲ့ လူ့အခွင့်အရေး ငြိမ်းချမ်းရေး၊ တိုင်းရင်းသားအရေး၊ သဘာဝပတ်ဝန်းကျင်ရေး၊ အမျိုးသမီးရေးစတဲ့ လူထုအရေးလှုပ်ရှားဆောင်ရွက်နေတဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းပေါင်း ၂၀၀ ကျော်နဲ့ တသီးပုဂ္ဂလ ပုဂ္ဂိုလ်တွေကပါ ပူးပေါင်းပြီးတော့ ဒီကနေ့ အောက်တိုဘာလ ၁၉ ရက်နေ့မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ အိတ်ဖွင့်ပေးစာပေးပို့လိုက်တာပါ။

အဓိကကတော့ အောက်တိုဘာ ၁၆ က ထုတ်ပြန်လိုက်တဲ့ကြေညာချက်ပါ ဆိုင်ရာ တိုင်းရင်းဒေသတွေမှာ ဘယ်လို အကြောင်းချက်ကြောင့် ရွေးကောက်ပွဲ မကျင်းပဖို့ ဆုံးဖြတ်ရသလဲ ဘာကြောင့် ပယ်ဖျက်ရပါသလဲဆိုတာ သက်ဆိုင်ရာ နိုင်ငံရေးပါတီတွေနဲ့ ပြည်သူထံကို ဒီ့ထက်ပိုပြီး ရှင်းလင်းတိကျတဲ့ဖြေရှင်းချက် ချက်ခြင်းထုတ်ပေးဖို့ အဓိက တာဝန်အရှိဆုံးဖြစ်တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အရပ်ဘက်အဖွဲ့အစည်းအားလုံးရဲ့ကိုယ်စား ဦးဂမ်ရှာအောင်က တိုက်တွန်းလိုက်တာပါ။

"လတ်တလော ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ထုတ်ပြန်ထားတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ချက်ခြင်းသက်ဆိုင်ရာနိုင်ငံရေးပါတီတွေနဲ့ အတူ အမြန်ဆုံးတွေ့ဆုံသင့်တယ်လို့ ပထမအချက်အနေနဲ့ ကျနော်တို့မြင်တယ်။ ဒုတိယအချက် အနေနဲ့ကတော့ အခု ထုတ်ပြန်ထားတဲ့ကိစ္စနဲ့ပတ်သက်ပြီးမှ သူတို့ ဒီဆုံးဖြတ်ချက်ချရတဲ့အပေါ် ဒီအကြောင်းနဲ့ ပတ်သက်ပြီး သေသေချာချာ ချပြဖို့လိုမယ်ပေါ့နော်။ ဒါမှာလည်း ကျနော်တို့ပြောနေတဲ့ ပွင့်လင်းမြင်သာတဲ့ရွေးကောက်ပွဲ ဖြစ်လာမှာဖြစ်ပါတယ်။ အထူးသဖြင့် ကိုဗစ်ကာလမှာ ရွေးကောက်ပွဲ လုပ်တော့မယ် ဆိုတော့ ဒါနဲ့ပတ်သက်တဲ့ အစီအမံတွေပေါ့နော် အစီအမံတွေကိုလည်း ပွင့်လင်းမြင်သာစွာနဲ့ ဒါတွေကို ပြင်ဆင်ဖို့လည်းလိုတယ်။ ဒါဟာ ကျနော်တို့ ပြည်သူလူထုအားလုံးရဲ့ အသက်အိုးအိမ်နဲ့လည်း ဆက်စပ်နေတာဖြစ်တဲ့အတွက်ကြောင့် ဒါနဲ့ပတ်သက်ရင်လည်း ရှင်းလင်းမြင်သာစွာနဲ့ သေချာလုပ်ဖို့လိုမယ် ဒါတွေဟာ အရေးကြီးတဲ့ကိစ္စတွေဖြစ်ပါတယ်။"

ပဋိပက္ခတွေရှိတဲ့ဒေသမှာ ရွေးကောက်ပွဲကို ဖျက်သိမ်းတာထက် အဲဒီပဋိပက္ခ စစ်ပွဲတွေကို နိုင်ငံရေးအရ အဖြေထုတ်သင့်တယ်လို့ မြန်မာအရပ်ဘက်အဖွဲ့တွေက ရှုမြင်ပါတယ်။ ဒီနေရာမှာ ရွေးကောက်ပွဲနည်းဆိုတာကတော့ နိုင်ငံရေးအရ အဖြေရှာတာပါလို့ ဦးဂမ်ရှာအောင်က ပြောပါတယ်။

"ဒီနှစ်မှာ လုံခြုံရေးကိုအကြောင်းပြပြီးမှ တိုင်းရင်းသားဒေသတွေမှာ ရွေးကောက်ပွဲလုပ်မယ်နေရာတွေကို ဖျက်သိမ်းတဲ့ ကိစ္စတွေလည်း မြင်ရတော့ ဒီမိုကရေစီလမ်းကြောင်းကို ချဲ့ထွင်ပြီးမှ လုပ်ရမယ့်အစား တကယ်ဆိုရင် အခုလိုရွေးကောက်ပွဲကာလမှာ ပဋိပက္ခတွေဖြစ်နေတဲ့ဒေသတွေမှာ တိုက်ပွဲတွေ အမြန်ဆုံးရပ်ပစ်ပြီးမှ နိုင်ငံရေးနည်းနဲ့ ရွေးကောက်ပွဲဖြစ်မြောက်အောင် လုပ်ရမယ့်အစား အခုကျတော့ အဲ့ဒီ့နေရာတွေမှာ "တိုက်ပွဲတွေဖြစ်နေလို့ ရွေးကောက်ပွဲရပ်" ဆိုပြီးမှ လုပ်လိုက်တဲ့အတွက်ကြောင့် အထူးသဖြင့် ပြည်သူလူထုရဲ့အခြေခံအခွင့်အရေး မဲပေးပိုင်ခွင့်ကို အကန့်အသတ်ခံနေရတဲ့ အခြေအနေကိုလည်း ကျနော်တို့စိုးရိမ်တာဖြစ်ပါတယ်။ ဒါကြောင့် သေသေချာချာ တွေ့ဆုံညှိနှိုင်းဆွေးနွေးပြီးမှ လုပ်ဖို့လိုပါတယ်လို့ တွေ့ရှိချက်တွေအခြေခံပြီး အိတ်ဖွင့်ပေးစာပေးရတာဖြစ်ပါတယ်။"

ရွေးကောက်ပွဲ တရားမျှတမှုနဲ့ ရွေးကောက်ပွဲ လုံခြုံရေးအတွက် အရမ်းကို စိုးရိမ်စရာကောင်းတဲ့အနေအထားဖြစ်နေလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ အိတ်ဖွင့်ပေးစာပေးပို့ တိုက်တွန်းရတာဖြစ်တယ်လို့ အိတ်ဖွင့်ပေးစာပေးပို့တဲ့အထဲ ပါဝင်တဲ့ အရပ်ဖက်အဖွဲ့အစည်း အနာဂတ်အလင်းတန်းဆုံမှတ်ရဲ့ ဒါရိုက်တာ ဒေါ်သက်သက်အောင်က ပြောပါတယ်။

"အဓိကပြောချင်တာကတော့ "နိုင်ငံရေးဘောင်ကို ချဲ့ရမယ့်နေရာမှာ ဘောင်မချဲ့ဘဲနဲ့ စစ်ဘောင်ကို ချုံ့ပစ်ရမယ့်နေရာတွေမှာ ပိုပြီးတော့ စစ်ဘောင်ကို ချဲ့လိုက်တဲ့ အခြေအနေမျိုးတွေ" နောက်တခုကကျတော့ အာဏာရအစိုးရကနေပြီးတော့ နိုင်ငံတွေမှာ ရွေးကောက်ပွဲတွေကို ကျင်းပပေးရတယ် အဲ့သလိုကျင်းပရတဲ့အခါမှာ" နိုင်ငံရေးသိက္ခာနဲ့ နိုင်ငံရေးသီလ" က အင်မတန်မှကို အရေးကြီးပါတယ်။ အခုလိုအခြေအနေမှာဆိုရင် တိုင်းရင်းဒေသတွေက တိုင်းရင်းသားပါတီတွေရဲ့ အများကြီး နစ်နာဆုံးရှုံးမှုဖြစ်တယ် အဓိက လွှတ်တော်မှာ နိုင်ငံရေးအရ ဆွေးနွေးမှုတွေ ပိုလုပ်နိုင်မယ့်နေရာတွေကို ပိုပြီးကြိုးစားရမယ့် အစား ရွေးကောက်ပွဲကို မကျင်းပနိုင်ခြင်းအားဖြင့် ပိုပြီးတော့ ပဋိပက္ခတွေအတွက် စိုးရိမ်ရမယ့် အခြေအနေတွေရှိလာတယ်။ အဲ့ဒီ့တော့ UEC အနေနဲ့က သူအနေနဲ့ ရွေးကောက်ပွဲ မကျင်းပဘူး ဆိုရင်လည်း ဘာကြောင့် မကျင်းပဘူးလဲဆိုတာ တရားဝင် ရှင်းရှင်းလင်းလင်း ထုတ်ပြန်ကြေညာ ရှင်းလင်းပေးဖို့ လိုအပ်တယ်။"

နိုဝင်ဘာလ ၈ရက်နေ့မှာကျင်းပမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ-ပြည်နယ်တိုင်းဒေသကြီး မဲဆန္ဒနယ် ၁,၁၅၇ နယ်မြေအတွက် ပါတီပေါင်း ၉၁ ပါတီက ပါတီကိုယ်စားပြုနဲ့ တသီးပုဂ္ဂလကိုယ်စားပေါင်း ၅,၈၃၉ ဦး ပါဝင်ယှဉ်ပြိုင်ကြမှာပါ။ ဒီလို တနိုင်ငံလုံး အတိုင်းအတာနဲ့ မဲရုံပေါင်း ၄၁,၀၀၀ ဝန်းကျင်အတွက် မဲရုံဝန်ထမ်းက ၄၁၀,၀၀၀ တာဝန်ယူမှာဖြစ်ပါတယ်။ ဒါကြောင့် အထူးသဖြင့် ကပ်ရောဂါကိုဗစ်ကာလ ကျင်းပရမယ့် ရွေးကောက်ပွဲမှာ ပြည်သူလူထု ဘေးကင်းလုံခြုံပြီး နိုင်ငံသားတိုင်း ပါဝင်နိုင်တဲ့ လွတ်လပ်တရားမျှတတဲ့ရွေးကောက်ပွဲကျင်းပပေးပါလို့ အရပ်ဘက်အဖွဲ့အစည်းတွေဘက်က အခုလို အိတ်ဖွင့်ပေးစာပေးပို့ လိုက်တာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG