(Zawgyi / Unicode)
ႏွင္းဆီပါတီလို႔ လူသိၾကတဲ့ ညီၫြတ္ေသာ ဒီမိုကရက္တစ္ပါတီ (United Democratic Party - UDP) ကို ဖ်က္သိမ္းလိုက္ေၾကာင္း ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္ (UEC) က ေအာက္တိုဘာ ၁၇ ရက္ ညပိုင္းမွာ ေၾကညာလိုက္ပါတယ္။
UDP ပါတီဟာ ႏိုင္ငံေရးပါတီမ်ား မွတ္ပုံတင္ျခင္း ဥပေဒပုဒ္မ (၁၂)၊ ပုဒ္မခြဲ (က)၊ ပုဒ္မခြဲငယ္ (၄) နဲ႔ေရာ ပါတီမွတ္ပုံတင္ျခင္း နည္းဥပေဒ (၁၅) ပါ ပုဒ္မခြဲေတြနဲ႔ပါ ၿငိစြန္းေၾကာင္း စိစစ္ေတြ႕ရွိရတဲ့အတြက္ ႏိုင္ငံေရးပါတီ မွတ္ပုံတင္ျခင္း ပုဒ္မ (၁၂) နဲ႔အညီ ေကာ္မရွင္ရဲ႕ ေအာက္တိုဘာ ၁၇ စုံညီအစည္းအေဝးကေန UDP ကို ႏိုင္ငံေရးပါတီအျဖစ္မွ ပယ္ဖ်က္လိုက္ေၾကာင္း ေ႐ြးေကာက္ပြဲေကာ္မရွင္ ဥကၠ႒ ဦးလွသိန္း လက္မွတ္နဲ႔ ေၾကညာခဲ့တာပါ။
ပါတီကို အခုလို ဖ်က္သိမ္းလိုက္တဲ့အတြက္ UDP ပါတီကို ကိုယ္စားျပဳဝင္ၿပိဳင္ဖို႔ ျပင္ဆင္ထားၾကတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြဟာလည္း ေ႐ြးေကာက္ပြဲ က်င္းပေရးဆိုင္ရာ ဥပေဒပုဒ္မ (၁၀) ျပ႒ာန္းခ်က္ပါ အခ်က္အလက္ေတြနဲ႔ ၿငိစြန္းေနတဲ့အတြက္ UDP ကိုယ္စားလွယ္ေလာင္းေတြ အားလုံး ေ႐ြးေကာက္ပြဲမွာ ယွဥ္ၿပိဳင္ခြင့္ရေတာ့မွာ မဟုတ္ဘူးလို႔လည္း ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။
ႏွင္းဆီပါတီ ဥကၠ႒ ဦးေက်ာ္ျမင့္ (ေခၚ) စခုန္ဇုန္းေဇာင္ (ေခၚ) မိုက္ကယ္ဟြားဟူဟာ စီးပြားေရးကုမၸဏီမ်ား အက္ဥပေဒကို ခ်ိဳးေဖာက္မႈနဲ႔ ၁၉၉၈ မွာ ေထာင္ဒဏ္ ၉ ႏွစ္ က်ခံရပါတယ္။ ၁၉၉၉ မွာ မႏၲေလး အိုးဘိုေထာင္ကေန ထြက္ေျပးလြတ္ေျမာက္သြားၿပီး ကေနဒါႏိုင္ငံမွာ သြားေရာက္ခိုလႈံခဲ့သူပါ။
အဲဒီလို ေထာင္ေျပးမႈအတြက္ ရာဇသတ္ႀကီးပုဒ္မ ၂၂၄ အရ ေအာက္တိုဘာလဆန္းပိုင္းမွာ သူ႔ကို ဖမ္းဆီးထားၿပီး စစ္ေဆးရာမွာ တ႐ုတ္ႏိုင္ငံဘက္ေန ျမန္မာႏိုင္ငံထဲကို က်ပ္ေငြ ၁၆ ဘီလ်ံေက်ာ္ တရားမဝင္ လႊဲေျပာင္းခဲ့တာ ေပၚေပါက္ခဲ့ေၾကာင္း သမၼတ႐ုံး ေျပာခြင့္ရ ဦးေဇာ္ေဌးက ဒီရက္ပိုင္းျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ထုတ္ေဖာ္ ေျပာဆိုခဲ့ပါတယ္။ ဒါဟာ ၂၀၁၄ ေငြေၾကးခဝါခ်မႈ တိုက္ဖ်က္ေရး ဥပေဒပုဒ္မ ၄၃ နဲ႔လည္း ၿငိစြန္းေနေၾကာင္းလည္း ေျပာပါတယ္။ ဒါေတြကို အျမန္စိစစ္ၿပီး ျပည္ေထာင္စုေ႐ြးေကာက္ပြဲ ေကာ္မရွင္က အေရးယူႏိုင္ဖို႔ တင္ျပထားေၾကာင္းလည္း ဦးေဇာ္ေဌးက ရွင္းျပခဲ့တာပါ။
ကေနဒါက ျပန္လာတဲ့ ဦးေက်ာ္ျမင့္ဟာ ဦးသိန္းစိန္အစိုးရ မတိုင္ခင္ ေ႐ြးေကာက္ပြဲေကာ္မရွင္မွာ UDP ပါတီကို မွတ္ပုံတင္ခဲ့ၿပီး ၂၀၁၀/၂၀၁၅ ေ႐ြးေကာက္ပြဲေတြမွာ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ေပမယ့္ တေယာက္မွ အႏိုင္မရခဲ့ပါဘူး။
၂၀၂၀ ေ႐ြးေကာက္ပြဲမွာ NLD ပါတီၿပီးရင္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ၁,၁၀၀ ေက်ာ္နဲ႔ ဒုတိယအမ်ားဆုံး ဝင္ေရာက္ယွဥ္ၿပိဳင္ဖို႔ လုပ္လာတဲ့ UDP ပါတီကို လူေတြ ပိုသတိထားမိရာက ေနာက္ေၾကာင္းျပန္အမႈေတြ တခုၿပီးတခု ေပၚေပါက္လာတာ ျဖစ္ပါတယ္။
---------------------------
(Unicode)
UDP ပါတီကို ရွေးကောက်ပွဲကော်မရှင် ဖျက်သိမ်း
နှင်းဆီပါတီလို့ လူသိကြတဲ့ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (United Democratic Party - UDP) ကို ဖျက်သိမ်းလိုက်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) က အောက်တိုဘာ ၁၇ ရက် ညပိုင်းမှာ ကြေညာလိုက်ပါတယ်။
UDP ပါတီဟာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ (၁၂)၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၄) နဲ့ရော ပါတီမှတ်ပုံတင်ခြင်း နည်းဥပဒေ (၁၅) ပါ ပုဒ်မခွဲတွေနဲ့ပါ ငြိစွန်းကြောင်း စိစစ်တွေ့ရှိရတဲ့အတွက် နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း ပုဒ်မ (၁၂) နဲ့အညီ ကော်မရှင်ရဲ့ အောက်တိုဘာ ၁၇ စုံညီအစည်းအဝေးကနေ UDP ကို နိုင်ငံရေးပါတီအဖြစ်မှ ပယ်ဖျက်လိုက်ကြောင်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း လက်မှတ်နဲ့ ကြေညာခဲ့တာပါ။
ပါတီကို အခုလို ဖျက်သိမ်းလိုက်တဲ့အတွက် UDP ပါတီကို ကိုယ်စားပြုဝင်ပြိုင်ဖို့ ပြင်ဆင်ထားကြတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေဟာလည်း ရွေးကောက်ပွဲ ကျင်းပရေးဆိုင်ရာ ဥပဒေပုဒ်မ (၁၀) ပြဋ္ဌာန်းချက်ပါ အချက်အလက်တွေနဲ့ ငြိစွန်းနေတဲ့အတွက် UDP ကိုယ်စားလှယ်လောင်းတွေ အားလုံး ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ခွင့်ရတော့မှာ မဟုတ်ဘူးလို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
နှင်းဆီပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့် (ခေါ်) စခုန်ဇုန်းဇောင် (ခေါ်) မိုက်ကယ်ဟွားဟူဟာ စီးပွားရေးကုမ္ပဏီများ အက်ဥပဒေကို ချိုးဖောက်မှုနဲ့ ၁၉၉၈ မှာ ထောင်ဒဏ် ၉ နှစ် ကျခံရပါတယ်။ ၁၉၉၉ မှာ မန္တလေး အိုးဘိုထောင်ကနေ ထွက်ပြေးလွတ်မြောက်သွားပြီး ကနေဒါနိုင်ငံမှာ သွားရောက်ခိုလှုံခဲ့သူပါ။
အဲဒီလို ထောင်ပြေးမှုအတွက် ရာဇသတ်ကြီးပုဒ်မ ၂၂၄ အရ အောက်တိုဘာလဆန်းပိုင်းမှာ သူ့ကို ဖမ်းဆီးထားပြီး စစ်ဆေးရာမှာ တရုတ်နိုင်ငံဘက်နေ မြန်မာနိုင်ငံထဲကို ကျပ်ငွေ ၁၆ ဘီလျံကျော် တရားမဝင် လွှဲပြောင်းခဲ့တာ ပေါ်ပေါက်ခဲ့ကြောင်း သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးက ဒီရက်ပိုင်းပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ ဒါဟာ ၂၀၁၄ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၄၃ နဲ့လည်း ငြိစွန်းနေကြောင်းလည်း ပြောပါတယ်။ ဒါတွေကို အမြန်စိစစ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အရေးယူနိုင်ဖို့ တင်ပြထားကြောင်းလည်း ဦးဇော်ဌေးက ရှင်းပြခဲ့တာပါ။
ကနေဒါက ပြန်လာတဲ့ ဦးကျော်မြင့်ဟာ ဦးသိန်းစိန်အစိုးရ မတိုင်ခင် ရွေးကောက်ပွဲကော်မရှင်မှာ UDP ပါတီကို မှတ်ပုံတင်ခဲ့ပြီး ၂၀၁၀/၂၀၁၅ ရွေးကောက်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် တယောက်မှ အနိုင်မရခဲ့ပါဘူး။
၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီပြီးရင် လွှတ်တော်ကိုယ်စားလှယ်လောင်း ၁,၁၀၀ ကျော်နဲ့ ဒုတိယအများဆုံး ဝင်ရောက်ယှဉ်ပြိုင်ဖို့ လုပ်လာတဲ့ UDP ပါတီကို လူတွေ ပိုသတိထားမိရာက နောက်ကြောင်းပြန်အမှုတွေ တခုပြီးတခု ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။