သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

UDP ပါတီဥကၠ႒ ေနာက္ဆက္တြဲ ရင္ဆုိင္ရႏုိင္တဲ့ အမႈမ်ား


(ႏွင္းဆီပါတီ) ညီညြတ္ေသာဒီမုိကရက္တစ္ပါတီဥကၠ႒ ဦးေက်ာ္ျမင့္။ (ဓာတ္ပံု - United Democratic Party-UDP's Official Facebook - စက္တင္ဘာ ၂၆၊ ၂၀၂၀)

(Zawgyi/Unicode)

မႏၱေလး အိုးဘုိေထာင္မွာ ထိန္းသိမ္းခံေနရတဲ့ UDP ေခၚ ႏွင္းဆီပါတီ ဥကၠဌ ဦးေက်ာ္ျမင့္ဟာ လက္ရွိ ရင္ဆိုင္ေနရတဲ့ ေထာင္ေျပးအမႈေရာ၊ အရင္ ေၾကြးက်န္ ေထာင္ဒဏ္ေတြအျပင္ ေနာက္ထပ္ စစ္ေဆးေပၚေပါက္လာႏိုင္တဲ့ အမႈေတြအတြက္ပါ ျပစ္ဒဏ္က်ခံရဖြယ္ ရွိတယ္လို႔ ဥပေဒပညာရွင္ တခ်ဳိ႕နဲ႔ ေလ့လာေစာင့္ၾကည့္သူတခ်ဳိ႕ သုံးသပ္ၾကတဲ့အေၾကာင္း ကိုဉာဏ္ဝင္းေအာင္ စုစည္းတင္ျပထားပါတယ္။

ႏွင္းဆီပါတီ ဥကၠဌ ဦးေက်ာ္ျမင့္ကို ၁၉၉၉ ခုႏွစ္ အိုးဘုိအက်ဥ္းေထာင္ ကေန ထြက္ေျပးသြားမႈအတြက္ ေအာက္တုိဘာ(၂)ရက္ ေသာၾကာေန႔က မႏၱေလးတိုင္း ခ်မ္းေအးသာစံ ၿမဳိ႕နယ္တရား႐ုံးမွာ ရာဇသတ္ႀကီးပုဒ္မ ၂၂၄ နဲ႔ တရားစြဲဆို လိုက္တာပါ။ ဒါေပမဲ့ အရင္က လက္က်န္ ေထာင္ေၾကြးေတြကို ျပန္လည္ က်ခံရမယ္လို႔ ခ်မ္းေအးသာစံၿမဳိ႕နယ္ တရားသူႀကီး ဦးေက်ာ္မ်ဳိးဝင္းက သတင္းေထာက္ေတြကို ရွင္းျပပါတယ္။

" က်ခံရန္ က်န္ရွိတဲ့ ေထာင္ဒဏ္ကိုေတာ့ ေထာင္ကဆက္လက္ အတည္ျပဳၿပီးေတာ့ ေဆာင္ရြက္သြားမွာပါ။ အဲဒါက သူ႔အပိုင္း။ တရား႐ုံးမွာ လက္ရွိတင္တဲ့အပိုင္းကေတာ့ ဒီ ေထာင္ေျပးမႈေပါ့ေနာ္ ပုဒ္မ ၂၂၄ အရ စဲြတဲ့အမႈကုိ တရား႐ုံးက ဆက္လက္စီရင္သြားပါမယ္။ ေနာက္႐ုံးခ်ိန္းမွာ အမႈစစ္မွာျဖစ္တဲ့အတြက္ (ဦးေက်ာ္ျမင့္အေနနဲ႔) ေရွ႕ေနငွားမယ္ဆိုရင္ တခါတည္းငွားဖို႔ တပါတည္း ေခၚလာဖို႔ သူ႔ကို အသိေပး ရွင္းျပထားတာ ရွိပါတယ္။ "

ဦးေက်ာ္ျမင့္ (ေခၚ) ဇခုန္ဇုန္းေဆာင္ ဟာ စီးပြားေရးကုမၸဏီမ်ား အက္ဥပေဒကို ခ်ဳိးေဖါက္ခဲ့မႈအတြက္ ၁၉၉၈ ေမလတုန္းက အိုးဘိုေထာင္မွာ ေထာင္ဒဏ္ (၉)ႏွစ္က်ခံေနခ်ိန္ ၁ ႏွစ္ေလာက္အၾကာ ၁၉၉၉ ခုထဲမွာ ေထာင္ကေန ထိုင္း-ျမန္မာနယ္စပ္ဘက္ ထြက္ေျပးသ ြားခဲ့ၿပီးေနာက္ ကေနဒါႏိုင္ငံကို ေရာက္သြားခဲ့တာပါ။

ဦးသိန္းစိန္ အစိုးရလက္ထက္မွာ ျမန္မာႏိုင္ငံကို ျပန္လာၿပီး ႏွင္းဆီပါတီ UDP ကို မွတ္ပုံတင္ခဲ့သလို ၂၀၁၅ ေရြးေကာက္ပဲြမွာ ဝင္ျပဳိင္ခဲ့ေပမဲ့ တေယာက္မွ အႏိုင္မရ ခဲ့ပါဘူး။ ဦးေက်ာ္ျမင့္ရဲ႕အမႈကိစၥဟာ ျမန္မာႏိုင္ငံႏိုင္ငံအတြက္ အရွက္ရစရာ ျဖစ္ေစတယ္လို႔ တရားလႊတ္ေတာ္ ေရွ႕ေန ဦးသိန္းသန္းဦးက သုံးသပ္ပါတယ္။

" သူက တရားခံေျပးဗ်ာ၊ အဲဒီေတာ့ သူက တုိင္းျပည္ထဲ ဘယ္လိုလုပ္ ျပန္ဝင္လာတာလဲ။ အဲဒီေတာ့ ကေနဒါ ႏိုင္ငံသားျဖစ္ရင္ ျမန္မာႏိုင္ငံထဲကို ဘယ္လိုလုပ္ ဝင္လာတာတုန္း၊ သံ႐ုံးမွာ ဗီဇာေလွ်ာက္ၿပီး ဝင္လာတာလား။ အဲဒီေတာ့ သံ႐ုံးက Social Visa (လူမႈေရးဗီဇာ)ေပးတယ္ဆိုရင္လည္းပဲ ျပစ္မႈကင္းရွင္းေၾကာင္း ဝန္ခံၾကရတယ္။ သံ႐ုံးကို လိမ္ၿပီးေတာ့ ျပစ္မႈေဟာင္း ရွိရဲ႕သားနဲ႔ ထ ြက္ေျပးလာတဲ့သူ ျဖစ္ရဲ႕သားနဲ႔ မမွန္မကန္ ေဖၚျပခဲ့တယ္လို႔ ယူဆႏိုင္စရာရွိတယ္ဗ်။ ဒါက လဝကအက္နဲ႔ေရာ ရာဇသတ္ႀကီးပါ ပုဒ္မပါ ပါတဲ့ ျပႆနာအႀကီးႀကီး ရွိတယ္။ ဒုတိယတခ်က္က သူတို႔က ၂၀၁၃ ကတည္းက ေရြးေကာက္ပဲြ ေကာ္မရွင္မွာ မွတ္ပုံတင္ခဲ့ၾကတယ္။ ေရြးေကာက္ပဲြ ေကာ္မရွင္က ဒီအတိုင္း ခြင့္ျပဳလုိက္တာမွ မဟုတ္ပဲ။ ေနာက္ေၾကာင္းေတြ အမ်ားႀကီးလိုက္တာပဲ ၊ ေထာက္လွမ္းေရးေတြ SB ေတြ စရဖ ေတြနဲ႔အကုန္လိုက္ၿပီးမွ လုပ္ၾကတာဆိုေတာ့ .. သူ႔ကို သူ႔ပါတီကို ဘယ္လိုလုပ္ၿပီးေတာ့မ်ား ေရြးေကာက္ပဲြ မွတ္ပုံတင္ခြင့္ ျပဳလုိက္တာလဲ။ အဲဒီေတာ့ ေရြးေကာက္ပဲြ ေကာ္မရွင္မွာ မမွန္မကန္ တင္ျပတဲ့ကိစၥ၊ ေနာက္ၿပီး သံရုံးမွာ မမွန္မကန္ ေဖၚျပခဲ့တာေတြကို တရား႐ုံးမွာ စစ္ေဆးေဆာင္ရြက္ၿပီး သင့္ေတာ္တဲ့ အမိန္႔တရပ္ ခ်ရမယ္။ ဒီကိစၥႀကီးက ေတာ္ေတာ္ ရွက္စရာေကာင္းတယ္ဗ်။ ဘာလို႔လဲဆိုေတာ့ ေထာင္ေျပးကို မွတ္ပုံတင္ခြင့္တို႔ ပါတီေထာင္ခြင့္တို႔ ေရြးေကာက္ပဲြ ဝင္ေတာ့မယ့္ အေျခအေနထိ ေပးခဲ့တယ္ဆိုေတာ့ က်ေနာ္တုိ႔ရဲ႕ ဥေပဒစိုးမိုးမႈ တရားစီရင္ေရး စနစ္ႀကီးေရာ က်ေနာ္တို႔တုိင္းျပည္ရဲ႕ အုပ္ခ်ဳပ္မႈ ပုံစံေရာက ေတာ္ေတာ္ အရွက္ကဲြတဲ့ ကိစၥပဲဗ်။ "

ႏွင္းဆီပါတီဥကၠဌ ဦးေက်ာ္ျမင့္ရဲ႕အမႈဟာ ၂၀၁၀ ေရြးေကာက္ပဲြ ေကာ္မရွင္နဲ႔သာမက ၂၀၁၅ ေနာက္ပိုင္း ဖဲြ႔စည္းထားတဲ့ ေရြးေကာက္ပဲြေကာ္မရွင္နဲ႔လည္း သက္ဆုိင္တာေၾကာင့္ ဘယ္လိုသုံးသပ္ ဆုံးျဖတ္မလဲဆိုတာ ေစာင့္ၾကည့္ရမယ္လို႔ ေရြးေကာက္ပဲြ ေလ့လာေစာင့္ၾကည့္ေရး Peace and Justice Myanmar အဖြဲ႔က မေရႊရည္ဝင္းက ေျပာပါတယ္။

" သက္ဆုိင္ရာ ေရြးေကာက္ပဲြဥပေဒအရ ပါတီေထာင္ထားတာပဲေပါ့ေနာ္ ။ ပါတီ ေထာင္ထားၿပီး ၂၀၁၅ မွာလည္း ဝင္ၿပဳိင္တာပဲ ဆိုေပမယ့္ ၂၀၂၀ ေရြးေကာက္ပဲြ ေကာ္မရွင္ရဲ႕ စည္းမ်ည္းဥပေဒေတြနဲ႔ သက္ဆိုင္တာကိုး ဒါေတြအကုန္လုံးကေလ ။ ဒါကေတာ့ ေကာ္မရွင္ရဲ႕လက္ရွိ လုပ္ေဆာင္ခ်က္ သုံးသပ္ခ်က္ေပၚမွာ မူတည္ပါလိမ့္မယ္။ "

၁၉၉၉ ဝန္းက်င္ အိုးဘိုေထာင္မွာ ႏိုင္ငံေရးအက်ဥ္သား ျဖစ္ေနသူ ေရွ႕ေန ဦးသိန္းသန္းဦးက ဦးေက်ာ္ျမင့္နဲ႔ပတ္သက္တဲ့ ေထာင္တြင္းအေတြ႔အႀကဳံကို ေျပာလာပါတယ္။

" ၁၉၉၉ မွာ က်ေနာ္ အုိးဘိုေထာင္ထဲမွာရွိတယ္ အဲဒီကာလက။ ဒါေပမဲ့ က်ေနာ္သူ႔ကို မျမင္ဖူးပါဘူး။ ဟိုဘက္တုိက္ ဒီဘက္တုိက္ ေနဖူးပါတယ္။ သူ႔ကို နစ္နာေစလိုတဲ့စိတ္နဲ႔ ေျပာတာေတာ့ မဟုတ္ဘူး၊ ေထာင္ထဲမွာ က်ေနာ္သိသေလာက္ သူေရာက္လာေတာ့ က်ေနာ္တုိ႔က ၅-ည ေတြခ်ည္းပဲထားတဲ့ တုိက္မွာရွိေနတယ္ေပါ့။ သူက အျခားတုိက္မွာဆိုေတာ့ ဝါဒါေတြက ေျပာတယ္ 'ဟာ.. သူေဌးႀကီး ေရာက္လာတာ ၊ ေထာင္မွာလည္း ေထာင္မႉးေတြေရာ ဝန္ထမ္းေတြပါ အကုန္လုံးကို ပိုက္ဆံေတြ ေဝေပးတယ္။' ေပ့ါဗ်ာ။ ေနာက္ၿပီး ေထာင္ဝင္စာအထုတ္ႀကီးကလည္း အႀကီးႀကီးေပါ့။ ခနခနလည္း လာတာ။ ေထာက္လွမ္းေရးနဲ႔ ရန္ျဖစ္လို႔ ဒီထဲေရာက္လာတာ။ မၾကာခင္ သူ႔ကို လာျပန္ထုတ္သြားမွာ .. ဆိုတဲ့ ေကာလဟလေတြက အမ်ားႀကီး ၾကားခဲ့ရတယ္။ "

ႏွင္းဆီပါတီ UDP ဟာ ၂၀၂၀ ေရြးေကာက္ပြဲမွာ NLD ပါတီၿပီးရင္ ကုိယ္စားလွယ္ေလာင္း (၁,၁၀၀)ေက်ာ္နဲ႔ ဒုတိယအမ်ားဆုံး ဝင္ေရာက္ယွဥ္ျပဳိင္ဖို႔ ျပင္ဆင္ထားတဲ့ ပါတီလည္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

UDP ပါတီဥက္ကဋ္ဌ နောက်ဆက်တွဲရင်ဆိုင်ရနိုင်တဲ့ အမှုများ
(Unicode)

မန္တလေး အိုးဘိုထောင်မှာ ထိန်းသိမ်းခံနေရတဲ့ UDP ခေါ် နှင်းဆီပါတီ ဥက္ကဌ ဦးကျော်မြင့်ဟာ လက်ရှိ ရင်ဆိုင်နေရတဲ့ ထောင်ပြေးအမှုရော၊ အရင် ကြွေးကျန် ထောင်ဒဏ်တွေအပြင် နောက်ထပ် စစ်ဆေးပေါ်ပေါက်လာနိုင်တဲ့ အမှုတွေအတွက်ပါ ပြစ်ဒဏ်ကျခံရဖွယ် ရှိတယ်လို့ ဥပဒေပညာရှင် တချို့နဲ့ လေ့လာစောင့်ကြည့်သူတချို့ သုံးသပ်ကြတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် စုစည်းတင်ပြထားပါတယ်။

နှင်းဆီပါတီ ဥက္ကဌ ဦးကျော်မြင့်ကို ၁၉၉၉ ခုနှစ် အိုးဘိုအကျဉ်းထောင် ကနေ ထွက်ပြေးသွားမှုအတွက် အောက်တိုဘာ(၂)ရက် သောကြာနေ့က မန္တလေးတိုင်း ချမ်းအေးသာစံ မြို့နယ်တရားရုံးမှာ ရာဇသတ်ကြီးပုဒ်မ ၂၂၄ နဲ့ တရားစွဲဆို လိုက်တာပါ။ ဒါပေမဲ့ အရင်က လက်ကျန် ထောင်ကြွေးတွေကို ပြန်လည် ကျခံရမယ်လို့ ချမ်းအေးသာစံမြို့နယ် တရားသူကြီး ဦးကျော်မျိုးဝင်းက သတင်းထောက်တွေကို ရှင်းပြပါတယ်။

" ကျခံရန် ကျန်ရှိတဲ့ ထောင်ဒဏ်ကိုတော့ ထောင်ကဆက်လက် အတည်ပြုပြီးတော့ ဆောင်ရွက်သွားမှာပါ။ အဲဒါက သူ့အပိုင်း။ တရားရုံးမှာ လက်ရှိတင်တဲ့အပိုင်းကတော့ ဒီ ထောင်ပြေးမှုပေါ့နော် ပုဒ်မ ၂၂၄ အရ စွဲတဲ့အမှုကို တရားရုံးက ဆက်လက်စီရင်သွားပါမယ်။ နောက်ရုံးချိန်းမှာ အမှုစစ်မှာဖြစ်တဲ့အတွက် (ဦးကျော်မြင့်အနေနဲ့) ရှေ့နေငှားမယ်ဆိုရင် တခါတည်းငှားဖို့ တပါတည်း ခေါ်လာဖို့ သူ့ကို အသိပေး ရှင်းပြထားတာ ရှိပါတယ်။ "

ဦးကျော်မြင့် (ခေါ်) ဇခုန်ဇုန်းဆောင် ဟာ စီးပွားရေးကုမ္ပဏီများ အက်ဥပဒေကို ချိုးဖေါက်ခဲ့မှုအတွက် ၁၉၉၈ မေလတုန်းက အိုးဘိုထောင်မှာ ထောင်ဒဏ် (၉)နှစ်ကျခံနေချိန် ၁ နှစ်လောက်အကြာ ၁၉၉၉ ခုထဲမှာ ထောင်ကနေ ထိုင်း-မြန်မာနယ်စပ်ဘက် ထွက်ပြေးသ ွားခဲ့ပြီးနောက် ကနေဒါနိုင်ငံကို ရောက်သွားခဲ့တာပါ။

ဦးသိန်းစိန် အစိုးရလက်ထက်မှာ မြန်မာနိုင်ငံကို ပြန်လာပြီး နှင်းဆီပါတီ UDP ကို မှတ်ပုံတင်ခဲ့သလို ၂၀၁၅ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ခဲ့ပေမဲ့ တယောက်မှ အနိုင်မရ ခဲ့ပါဘူး။ ဦးကျော်မြင့်ရဲ့အမှုကိစ္စဟာ မြန်မာနိုင်ငံနိုင်ငံအတွက် အရှက်ရစရာ ဖြစ်စေတယ်လို့ တရားလွှတ်တော် ရှေ့နေ ဦးသိန်းသန်းဦးက သုံးသပ်ပါတယ်။

" သူက တရားခံပြေးဗျာ၊ အဲဒီတော့ သူက တိုင်းပြည်ထဲ ဘယ်လိုလုပ် ပြန်ဝင်လာတာလဲ။ အဲဒီတော့ ကနေဒါ နိုင်ငံသားဖြစ်ရင် မြန်မာနိုင်ငံထဲကို ဘယ်လိုလုပ် ဝင်လာတာတုန်း၊ သံရုံးမှာ ဗီဇာလျှောက်ပြီး ဝင်လာတာလား။ အဲဒီတော့ သံရုံးက Social Visa (လူမှုရေးဗီဇာ)ပေးတယ်ဆိုရင်လည်းပဲ ပြစ်မှုကင်းရှင်းကြောင်း ဝန်ခံကြရတယ်။ သံရုံးကို လိမ်ပြီးတော့ ပြစ်မှုဟောင်း ရှိရဲ့သားနဲ့ ထ ွက်ပြေးလာတဲ့သူ ဖြစ်ရဲ့သားနဲ့ မမှန်မကန် ဖေါ်ပြခဲ့တယ်လို့ ယူဆနိုင်စရာရှိတယ်ဗျ။ ဒါက လဝကအက်နဲ့ရော ရာဇသတ်ကြီးပါ ပုဒ်မပါ ပါတဲ့ ပြဿနာအကြီးကြီး ရှိတယ်။ ဒုတိယတချက်က သူတို့က ၂၀၁၃ ကတည်းက ရွေးကောက်ပွဲ ကော်မရှင်မှာ မှတ်ပုံတင်ခဲ့ကြတယ်။ ရွေးကောက်ပွဲ ကော်မရှင်က ဒီအတိုင်း ခွင့်ပြုလိုက်တာမှ မဟုတ်ပဲ။ နောက်ကြောင်းတွေ အများကြီးလိုက်တာပဲ ၊ ထောက်လှမ်းရေးတွေ SB တွေ စရဖ တွေနဲ့အကုန်လိုက်ပြီးမှ လုပ်ကြတာဆိုတော့ .. သူ့ကို သူ့ပါတီကို ဘယ်လိုလုပ်ပြီးတော့များ ရွေးကောက်ပွဲ မှတ်ပုံတင်ခွင့် ပြုလိုက်တာလဲ။ အဲဒီတော့ ရွေးကောက်ပွဲ ကော်မရှင်မှာ မမှန်မကန် တင်ပြတဲ့ကိစ္စ၊ နောက်ပြီး သံရုံးမှာ မမှန်မကန် ဖေါ်ပြခဲ့တာတွေကို တရားရုံးမှာ စစ်ဆေးဆောင်ရွက်ပြီး သင့်တော်တဲ့ အမိန့်တရပ် ချရမယ်။ ဒီကိစ္စကြီးက တော်တော် ရှက်စရာကောင်းတယ်ဗျ။ ဘာလို့လဲဆိုတော့ ထောင်ပြေးကို မှတ်ပုံတင်ခွင့်တို့ ပါတီထောင်ခွင့်တို့ ရွေးကောက်ပွဲ ဝင်တော့မယ့် အခြေအနေထိ ပေးခဲ့တယ်ဆိုတော့ ကျနော်တို့ရဲ့ ဥပေဒစိုးမိုးမှု တရားစီရင်ရေး စနစ်ကြီးရော ကျနော်တို့တိုင်းပြည်ရဲ့ အုပ်ချုပ်မှု ပုံစံရောက တော်တော် အရှက်ကွဲတဲ့ ကိစ္စပဲဗျ။ "

နှင်းဆီပါတီဥက္ကဌ ဦးကျော်မြင့်ရဲ့အမှုဟာ ၂၀၁၀ ရွေးကောက်ပွဲ ကော်မရှင်နဲ့သာမက ၂၀၁၅ နောက်ပိုင်း ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့လည်း သက်ဆိုင်တာကြောင့် ဘယ်လိုသုံးသပ် ဆုံးဖြတ်မလဲဆိုတာ စောင့်ကြည့်ရမယ်လို့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး Peace and Justice Myanmar အဖွဲ့က မရွှေရည်ဝင်းက ပြောပါတယ်။

" သက်ဆိုင်ရာ ရွေးကောက်ပွဲဥပဒေအရ ပါတီထောင်ထားတာပဲပေါ့နော် ။ ပါတီ ထောင်ထားပြီး ၂၀၁၅ မှာလည်း ဝင်ပြိုင်တာပဲ ဆိုပေမယ့် ၂၀၂၀ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ စည်းမျည်းဥပဒေတွေနဲ့ သက်ဆိုင်တာကိုး ဒါတွေအကုန်လုံးကလေ ။ ဒါကတော့ ကော်မရှင်ရဲ့လက်ရှိ လုပ်ဆောင်ချက် သုံးသပ်ချက်ပေါ်မှာ မူတည်ပါလိမ့်မယ်။ "

၁၉၉၉ ဝန်းကျင် အိုးဘိုထောင်မှာ နိုင်ငံရေးအကျဉ်သား ဖြစ်နေသူ ရှေ့နေ ဦးသိန်းသန်းဦးက ဦးကျော်မြင့်နဲ့ပတ်သက်တဲ့ ထောင်တွင်းအတွေ့အကြုံကို ပြောလာပါတယ်။

" ၁၉၉၉ မှာ ကျနော် အိုးဘိုထောင်ထဲမှာရှိတယ် အဲဒီကာလက။ ဒါပေမဲ့ ကျနော်သူ့ကို မမြင်ဖူးပါဘူး။ ဟိုဘက်တိုက် ဒီဘက်တိုက် နေဖူးပါတယ်။ သူ့ကို နစ်နာစေလိုတဲ့စိတ်နဲ့ ပြောတာတော့ မဟုတ်ဘူး၊ ထောင်ထဲမှာ ကျနော်သိသလောက် သူရောက်လာတော့ ကျနော်တို့က ၅-ည တွေချည်းပဲထားတဲ့ တိုက်မှာရှိနေတယ်ပေါ့။ သူက အခြားတိုက်မှာဆိုတော့ ဝါဒါတွေက ပြောတယ် 'ဟာ.. သူဌေးကြီး ရောက်လာတာ ၊ ထောင်မှာလည်း ထောင်မှူးတွေရော ဝန်ထမ်းတွေပါ အကုန်လုံးကို ပိုက်ဆံတွေ ဝေပေးတယ်။' ပေ့ါဗျာ။ နောက်ပြီး ထောင်ဝင်စာအထုတ်ကြီးကလည်း အကြီးကြီးပေါ့။ ခနခနလည်း လာတာ။ ထောက်လှမ်းရေးနဲ့ ရန်ဖြစ်လို့ ဒီထဲရောက်လာတာ။ မကြာခင် သူ့ကို လာပြန်ထုတ်သွားမှာ .. ဆိုတဲ့ ကောလဟလတွေက အများကြီး ကြားခဲ့ရတယ်။ "

နှင်းဆီပါတီ UDP ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီပြီးရင် ကိုယ်စားလှယ်လောင်း (၁,၁၀၀)ကျော်နဲ့ ဒုတိယအများဆုံး ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်ထားတဲ့ ပါတီလည်း ဖြစ်ပါတယ်။

XS
SM
MD
LG