သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ႏွင္းဆီပါတီဥကၠ႒ ဦးေက်ာ္ျမင့္ ႐ုံးခ်ိန္းရက္ေရႊ႕


ေအာက္တိုဘာလ ၂ ရက္ေန႔က UDP ပါတီဥကၠ႒ ဦးေက်ာ္ျမင့္ကို တရား႐ံုးထုတ္တဲ့ ျမင္ကြင္း။ (ေအာက္တိုဘာ ၀၂၊ ၂၀၂၀)

[Zawgyi/Unicode]

ႏွင္းဆီပါတီလို႔ လူသိမ်ားတဲ့ ညီညႊတ္ေသာ ဒီမိုကရက္တစ္ပါတီ ဥကၠ႒ကုိ တရားလုိဘက္က သက္ေသေတြ မလာႏုိင္တာေၾကာင့္ တရား႐ုံးက ႐ုံးခ်ိန္းရက္ေရႊ႕လုိက္တဲ့အေၾကာင္းေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုထက္ေအာင္ခန္႔က သတင္းေပးပို႔ထားပါတယ္။

ေရွ႕လေရြးေကာက္ပြဲမွာ ကိုယ္စားလွယ္ေလာင္းေနရာ ဒုတိယ အမ်ားဆံုးနဲ႔ ယွဥ္ၿပိဳင္မယ့္ ညီညႊတ္ေသာ ဒီမိုကရက္တစ္ပါတီ (UDP) ဥကၠ႒ ဦးေက်ာ္ျမင့္ကို ေထာင္ေျပးမႈ ပုဒ္မ ၂၂၄ နဲ႔ တရားစြဲထားတဲ့ အမႈမွာ တရားလိုဘက္က သက္ေသခံမယ့္သူေတြ မလာႏုိင္ေသးတာေၾကာင့္ ႐ုံးခ်ိန္းရက္ကုိ ေရႊ႕လုိက္တာပါ။ ဒီကေန႔ ႐ုံးခ်ိန္းရက္ သတ္မွတ္ထားေပမဲ့ တရားလုိဘက္က သက္ေသေတြကုိ ဆက္သြယ္မရေသးတဲ့အတြက္ ႐ုံးခ်ိန္းရက္ ေရႊ႕လုိက္ရတဲ့အေၾကာင္း မႏၱေလးတုိင္း ခ်မ္းေအးသာစံၿမိဳ႕နယ္က တရားသူႀကီး ဦးေက်ာ္မ်ိဳး၀င္းက ေျပာပါတယ္။

“ရဲအုပ္သိန္းေထြး တရားစြဲဆိုထားတဲ့ ဦးေက်ာ္ျမင့္ ေထာင္ေျပးမႈ ၂၂၄ အမႈမွာ မေန႔က သမၼာန္စာ က်ေနာ္တို႔ ဆင့္ဆိုထားတဲ့ သမၼာန္စာကို တင္ျပလာတယ္။ တင္ျပလာေတာ့ သက္ေသေတြက ၂၁ ႏွစ္ေလာက္ရွိၿပီဆုိေတာ့ သူတို႔ေနရပ္လိပ္စာ အတိအက် စံုစမ္းရွာေဖြလို႔မရတဲ့အတြက္ ဆင့္စာကို ရက္ခ်ိန္းတိုးျမွင့္ေပးဖို႔ တင္ျပလာတယ္။ သူတို႔ဘက္က သက္ေသဆင့္စာ အတည္မျဖစ္ဘူးဆိုေတာ့ တရားခံကို ရံုးေရွ႕မထုတ္ဘဲနဲ႔ Video Conferencing စနစ္နဲ႔ က်ေနာ္တို႔ကေနၿပီးေတာ့ ၂၀ ရက္ ၁၀ လ ၂၀၂၀ ရက္ေန႔အထိ ရံုးခ်ိန္းေပးလိုက္ ပါတယ္။ အဲ့ေတာ့ က်ေနာ္တို႔ သမၼာန္စာ ဆက္ထုတ္ျပီးေတာ့မွ ေနာက္ရံုးခ်ိန္းမွာ ၁ ေယာက္ရရ၊ ၂ ေယာက္ ရရ စစ္ဖို႔အတြက္ က်ေနာ္တို႔ ေဆာင္ရြက္ထားပါတယ္။”

UDP ပါတီဥကၠ႒ ဦးေက်ာ္ျမင့္ကိုေတာ့ ဒီကေန႔ တရား႐ုံးကုိမေခၚေတာ့ပဲ Video Call နဲ႔ ရံုးခ်ိန္းရက္အသစ္ကုိ အေၾကာင္းၾကားခဲ့တယ္လုိ႔လည္း တရားသူႀကီးက ေျပာပါတယ္။ အမႈမွာေတာ့ တရားလိုျပ သက္ေသ ၁၀ ဦးတင္ျပထားၿပီး ဖြင့္ဆိုထားတဲ့ တရားလိုျပ သက္ေသေတြကို ရွာမေတြ႕ဘူးဆိုရင္ က်န္ရွိတဲ့ သက္ေသေတြနဲ႔ ဆက္လက္ စစ္ေဆးသြားမွာလည္း ျဖစ္တယ္လို႔ ၿမိဳ႕နယ္တရားသူႀကီး ဦးေက်ာ္မ်ိဳး၀င္းက ေျပာပါတယ္။

“မေတြ႕ဘူးဆိုရင္ေတာ့ တခ်ိဳ႕ဟာေတြက စစ္လို႔ မရေတာ့ဘူး။ ေခၚယူစစ္လို႔ မရေတာ့ဘူး။ အဲ့လိုဆိုတာ၀န္နဲ႔ သက္ဆိုင္ေသာ တရားလိုဆို တရားလို တာ၀န္ကိုယူထားေသာ ပုဂၢိဳလ္ကို ေခၚစစ္မယ္။ ရိုးရိုးသက္ေသ ဆိုခဲ့ရင္ေတာ့ သူတို႔ကို ရွာမေတြ႕ဘူးဆိုခဲ့ရင္ေတာ့ မစစ္ယံုဘဲ ရွိတယ္ေလ။ ဘာလုပ္လို႔ ရမွာလဲ တရားရံုးက။ ဒါေပမဲ့ ေယဘုယ် သေဘာေလးေျပာမွာေပါ့။ ေထာင္ကေျပးသြားတယ္ဆိုရင္ ေျပးသြားတယ္ဆိုေၾကာင္း အေထာက္အထား တရပ္ရွိမယ္ေလ။ သူေျပးခဲ့ေၾကာင္း မ်က္ျမင္သက္ေသ ဒီမွာလည္း တေယာက္ ၂ ေယာက္ေတာ့ ရွိအံုးမွာပါ။ အကုန္လံုးေတာ့ ေပ်ာက္ဆံုး ကြယ္လြန္ေတာ့ မဟုတ္ေလာက္ပါဘူး။ စိတ္အထင္ေပါ့။”

UDP ပါတီ ဥကၠ႒ ဖမ္းဆီးခံထားရေပမဲ့ သူ႔ပါတီ၀င္တခ်ဳိ႕ကေတာ့ ေနျပည္ေတာ္နဲ႔ မႏၱေလး အပါအ၀င္ တခ်ဳိ႕ ၿမိဳ႕ႀကီးေတြမွာ ႏုိ၀င္ဘာလ ေရြးေကာက္ပဲြအတြက္ မဲဆြယ္စည္း႐ုံးလႈပ္ရွားတာေတြလည္း ရွိေနပါတယ္။

ဦးေက်ာ္ျမင့္ဟာ ၁၉၉၉ ခုႏွစ္မွာ ရာဇ၀တ္မႈနဲ႔ မႏၱေလး အိုးဘိုေထာင္မွာ အက်ဥ္းက်ေနစဥ္ ထြက္ေျပးသြားခဲ့တာေၾကာင့္ ေထာင္ေျပးမႈနဲ႔ ရင္ဆုိင္ေနရတာပါ။ ေနာက္ပုိင္းမွာ ဦးေက်ာ္ျမင့္ဟာ ကေနဒါႏိုင္ငံမွာ ခိုလံႈခြင့္ရရွိခဲ့ၿပီးေနာက္ UDP ပါတီကုိ ထူေထာင္ခဲ့ၿပီး ႏုိင္ငံေရးမွာ ပါ၀င္လာခဲ့တာ ျဖစ္ပါတယ္။ ရာဇ၀တ္မႈေနာက္ေၾကာင္းရွိခဲ့ေပမဲ့ ျမန္မာႏုိင္ငံကုိ ျပန္လာခြင့္ရခဲ့ၿပီး ႏုိင္ငံေရးပါတီတခုမွာ ဦးေဆာင္ခြင့္ ရခဲ့ေအာင္ ဘယ္သူက ခြင့္ျပဳခဲ့သလဲ ဆုိတာေတာ့ အခုအထိ ရွင္းရွင္းလင္းလင္း မရွိေသးပါဘူး။

ဦးေက်ာ္ျမင့္ကုိ အေရးယူထားတဲ့ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၂၂၄ မွာေတာ့၊ မည္သူမဆို ျပစ္မႈအတြက္ ဥပေဒနဲ႔အညီ ခ်ဳပ္ေႏွာင္ထားခ်ိန္မွာ ထြက္ေျပးတာ ဒါမွမဟုတ္ ထြက္ေျပးဖုိ႔ ႀကိဳးစားတာ ထင္ရွားရင္၊ အျမင့္ဆုံးျပစ္ဒဏ္ ေထာင္ဒဏ္ ၂ ႏွစ္ကေန ေငြဒဏ္ျဖစ္ေစ၊ ဒါမွမဟုတ္ ျပစ္ဒဏ္ ၂ ခုစလုံးျဖစ္ေစ ခ်မွတ္ႏိုင္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့် ရုံးချိန်းရက်ရွှေ့

နှင်းဆီပါတီလို့ လူသိများတဲ့ ညီညွှတ်သော ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌကို တရားလိုဘက်က သက်သေတွေ မလာနိုင်တာကြောင့် တရားရုံးက ရုံးချိန်းရက်ရွှေ့လိုက်တဲ့အကြောင်းပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုထက်အောင်ခန့်က သတင်းပေးပို့ထားပါတယ်။

ရှေ့လရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းနေရာ ဒုတိယ အများဆုံးနဲ့ ယှဉ်ပြိုင်မယ့် ညီညွှတ်သော ဒီမိုကရက်တစ်ပါတီ (UDP) ဥက္ကဋ္ဌ ဦးကျော်မြင့်ကို ထောင်ပြေးမှု ပုဒ်မ ၂၂၄ နဲ့ တရားစွဲထားတဲ့ အမှုမှာ တရားလိုဘက်က သက်သေခံမယ့်သူတွေ မလာနိုင်သေးတာကြောင့် ရုံးချိန်းရက်ကို ရွှေ့လိုက်တာပါ။ ဒီကနေ့ ရုံးချိန်းရက် သတ်မှတ်ထားပေမဲ့ တရားလိုဘက်က သက်သေတွေကို ဆက်သွယ်မရသေးတဲ့အတွက် ရုံးချိန်းရက် ရွှေ့လိုက်ရတဲ့အကြောင်း မန္တလေးတိုင်း ချမ်းအေးသာစံမြို့နယ်က တရားသူကြီး ဦးကျော်မျိုးဝင်းက ပြောပါတယ်။

“ရဲအုပ်သိန်းထွေး တရားစွဲဆိုထားတဲ့ ဦးကျော်မြင့် ထောင်ပြေးမှု ၂၂၄ အမှုမှာ မနေ့က သမ္မာန်စာ ကျနော်တို့ ဆင့်ဆိုထားတဲ့ သမ္မာန်စာကို တင်ပြလာတယ်။ တင်ပြလာတော့ သက်သေတွေက ၂၁ နှစ်လောက်ရှိပြီဆိုတော့ သူတို့နေရပ်လိပ်စာ အတိအကျ စုံစမ်းရှာဖွေလို့မရတဲ့အတွက် ဆင့်စာကို ရက်ချိန်းတိုးမြှင့်ပေးဖို့ တင်ပြလာတယ်။ သူတို့ဘက်က သက်သေဆင့်စာ အတည်မဖြစ်ဘူးဆိုတော့ တရားခံကို ရုံးရှေ့မထုတ်ဘဲနဲ့ Video Conferencing စနစ်နဲ့ ကျနော်တို့ကနေပြီးတော့ ၂၀ ရက် ၁၀ လ ၂၀၂၀ ရက်နေ့အထိ ရုံးချိန်းပေးလိုက် ပါတယ်။ အဲ့တော့ ကျနော်တို့ သမ္မာန်စာ ဆက်ထုတ်ပြီးတော့မှ နောက်ရုံးချိန်းမှာ ၁ ယောက်ရရ၊ ၂ ယောက် ရရ စစ်ဖို့အတွက် ကျနော်တို့ ဆောင်ရွက်ထားပါတယ်။”

UDP ပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ကိုတော့ ဒီကနေ့ တရားရုံးကိုမခေါ်တော့ပဲ Video Call နဲ့ ရုံးချိန်းရက်အသစ်ကို အကြောင်းကြားခဲ့တယ်လို့လည်း တရားသူကြီးက ပြောပါတယ်။ အမှုမှာတော့ တရားလိုပြ သက်သေ ၁၀ ဦးတင်ပြထားပြီး ဖွင့်ဆိုထားတဲ့ တရားလိုပြ သက်သေတွေကို ရှာမတွေ့ဘူးဆိုရင် ကျန်ရှိတဲ့ သက်သေတွေနဲ့ ဆက်လက် စစ်ဆေးသွားမှာလည်း ဖြစ်တယ်လို့ မြို့နယ်တရားသူကြီး ဦးကျော်မျိုးဝင်းက ပြောပါတယ်။

“မတွေ့ဘူးဆိုရင်တော့ တချို့ဟာတွေက စစ်လို့ မရတော့ဘူး။ ခေါ်ယူစစ်လို့ မရတော့ဘူး။ အဲ့လိုဆိုတာဝန်နဲ့ သက်ဆိုင်သော တရားလိုဆို တရားလို တာဝန်ကိုယူထားသော ပုဂ္ဂိုလ်ကို ခေါ်စစ်မယ်။ ရိုးရိုးသက်သေ ဆိုခဲ့ရင်တော့ သူတို့ကို ရှာမတွေ့ဘူးဆိုခဲ့ရင်တော့ မစစ်ယုံဘဲ ရှိတယ်လေ။ ဘာလုပ်လို့ ရမှာလဲ တရားရုံးက။ ဒါပေမဲ့ ယေဘုယျ သဘောလေးပြောမှာပေါ့။ ထောင်ကပြေးသွားတယ်ဆိုရင် ပြေးသွားတယ်ဆိုကြောင်း အထောက်အထား တရပ်ရှိမယ်လေ။ သူပြေးခဲ့ကြောင်း မျက်မြင်သက်သေ ဒီမှာလည်း တယောက် ၂ ယောက်တော့ ရှိအုံးမှာပါ။ အကုန်လုံးတော့ ပျောက်ဆုံး ကွယ်လွန်တော့ မဟုတ်လောက်ပါဘူး။ စိတ်အထင်ပေါ့။”

UDP ပါတီ ဥက္ကဋ္ဌ ဖမ်းဆီးခံထားရပေမဲ့ သူ့ပါတီဝင်တချို့ကတော့ နေပြည်တော်နဲ့ မန္တလေး အပါအဝင် တချို့ မြို့ကြီးတွေမှာ နိုဝင်ဘာလ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးလှုပ်ရှားတာတွေလည်း ရှိနေပါတယ်။

ဦးကျော်မြင့်ဟာ ၁၉၉၉ ခုနှစ်မှာ ရာဇဝတ်မှုနဲ့ မန္တလေး အိုးဘိုထောင်မှာ အကျဉ်းကျနေစဉ် ထွက်ပြေးသွားခဲ့တာကြောင့် ထောင်ပြေးမှုနဲ့ ရင်ဆိုင်နေရတာပါ။ နောက်ပိုင်းမှာ ဦးကျော်မြင့်ဟာ ကနေဒါနိုင်ငံမှာ ခိုလှုံခွင့်ရရှိခဲ့ပြီးနောက် UDP ပါတီကို ထူထောင်ခဲ့ပြီး နိုင်ငံရေးမှာ ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။ ရာဇဝတ်မှုနောက်ကြောင်းရှိခဲ့ပေမဲ့ မြန်မာနိုင်ငံကို ပြန်လာခွင့်ရခဲ့ပြီး နိုင်ငံရေးပါတီတခုမှာ ဦးဆောင်ခွင့် ရခဲ့အောင် ဘယ်သူက ခွင့်ပြုခဲ့သလဲ ဆိုတာတော့ အခုအထိ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။

ဦးကျော်မြင့်ကို အရေးယူထားတဲ့ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၂၄ မှာတော့၊ မည်သူမဆို ပြစ်မှုအတွက် ဥပဒေနဲ့အညီ ချုပ်နှောင်ထားချိန်မှာ ထွက်ပြေးတာ ဒါမှမဟုတ် ထွက်ပြေးဖို့ ကြိုးစားတာ ထင်ရှားရင်၊ အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် ၂ နှစ်ကနေ ငွေဒဏ်ဖြစ်စေ၊ ဒါမှမဟုတ် ပြစ်ဒဏ် ၂ ခုစလုံးဖြစ်စေ ချမှတ်နိုင်ပါတယ်။

XS
SM
MD
LG