သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏွင္းဆီပါတီ ဥကၠဌ ျပႆနာ ေနာက္ကြယ္မွာ ဘာေတြ ရွိေနႏိုင္သလဲ


UDP Chairman Michael Kyaw Myint ( UDP Group facebook)
တိုက္႐ိုက္ လင့္ခ္

Zawgyi/ Unicode

ျမန္မာႏိုင္ငံမွာ ကိုဗစ္ ကပ္ေဘးကို အႀကီးအက်ယ္ ရင္ဆိုင္ေနရခ်ိန္၊ ေ႐ြးေကာက္ပြဲကလည္း နီးလာခ်ိန္ ျပည္သူေတြ စိတ္ဝင္စားမႈ ရွိေနတဲ့ သတင္းတစ္ခုကေတာ့ ႏွင္းဆီပါတီလို႔ ေခၚတဲ့ ညီၫြတ္ေသာ ဒီမိုကရက္တစ္ ပါတီ UDP ဥကၠဌ ဦးေက်ာ္ျမင့္ ေခၚ ဆခုန္ဇုန္းေဆာင္ ေခၚ မစၥတာ ဟူဟြာ ေခၚ မိုက္ကယ္ေက်ာ္ျမင့္ ကို ေထာင္ေျပး အမႈနဲ႔ ဖမ္းဆီးလိုက္တဲ့ ကိစၥပါပဲ။ သိပ္မၾကာခင္ အခ်ိန္တုန္းကအထိ ဦးေက်ာ္ျမင့္ကို လူေတြ စိတ္ဝင္စားမႈ သိပ္ရွိလွတာ မဟုတ္ပါဘူး။ ဒါေပမယ့္ ၂၀၂၀ ေ႐ြးေကာက္ပြဲ အတြက္ အမတ္ေလာင္း တင္သြင္းတဲ့ စာရင္းေတြ ထြက္ေပၚလာအၿပီးမွာေတာ့ UDP ပါတီဟာ ျပည္ခိုင္ၿဖိဳးပါတီကို ေက်ာ္တက္ၿပီး အင္န္အယ္လ္ဒီ ပါတီ နီးနီး အမတ္ေလာင္း တင္သြင္းခဲ့တာကေန စ ႏိုင္ငံေရးသမားေတြ နဲ႔ သတင္းမီဒီယာ သမားေတြ စိတ္ဝင္စားလာၾကတာ ျဖစ္ပါတယ္။ အင္န္အယ္လ္ဒီလို၊ ျပည္ခိုင္ၿဖိဳးလို၊ သူရဦးေ႐ႊမန္း ဦးေဆာင္တဲ့ ျပည္ေထာင္စု ေကာင္းက်ိဳးေဆာင္ ပါတီလို လူေတြ သိပ္ သတိမထားမိၾကတဲ့၊ သိပ္လည္း မသိၾကတဲ့ ပါတီ တစ္ခုဟာ ဘာေၾကာင့္ ျမန္မာတစ္ႏိုင္ငံလုံး အတိုင္းအတာနဲ႔ မဲဆႏၵနယ္ေျမ ၁၁၄၃ ေနရာမွာ ဝင္ၿပိဳင္ႏိုင္ရတာလဲ ဆိုၿပီး ျဖစ္ပါတယ္။ ဒီအတြက္ UDP ပါတီအေၾကာင္း၊ ပါတီ ဥကၠဌ ဦးေက်ာ္ျမင့္ အေၾကာင္း ဟိုက ဒီက သတင္း တစ္စ တစ္စစီထြက္ေပၚလာၿပီး Myanmar Now သတင္းဌာနရဲ႕ ေဖာ္ထုတ္ခ်က္ေတြကေန တဆင့္ က်ဳံယြမ္ ကုမၸဏီ ထူေထာင္သူ ျဖစ္တယ္ ဆိုတာ၊ ရာဇဝတ္သား ေထာင္ေျပး တစ္ေယာက္ဆိုတာ သိလာၾကရၿပီး အခုေနာက္ဆုံး အဲဒီ ေထာင္ေျပးအမႈနဲ႔ပဲ ဖမ္းဆီးခံရ၊ နဂို အမႈအတြက္ လက္က်န္ ေထာင္ဒဏ္ေတြကို ဆက္ၿပီး က်ခံရ၊ အမႈသစ္အတြက္ တရားရင္ဆိုင္ရ ဆိုတဲ့ အေျခအေန ေရာက္လာတာပါ။ UDP ပါတီ ဥကၠဌ ဦးေက်ာ္ျမင့္ ဆိုတာ ဘယ္လို လူမ်ိဳးလဲ၊ သူဘာေတြ လုပ္ခဲ့သလဲ၊ သူ႔မွာ ေက်ာေထာက္ေနာက္ခံ တစ္စုံတစ္ခု ရွိေနသလား ဆိုတဲ့ျပသနာ စိတ္ဝင္စားဖို႔ အလြန္ေကာင္းပါတယ္။ ခုတစ္ပတ္ အဲဒီ ျပသနာ အေၾကာင္း ေလ့လာ တင္ျပသြားပါ့မယ္။
ၿပီးခဲ့တဲ့ ရက္ပိုင္း facebook စာမ်က္ႏွာကေန ထုတ္လႊင့္ခဲ့တဲ့ UDP ရဲ႕ အစီအစဥ္ တစ္ခုမွာေတာ့ ဦးေက်ာ္ျမင့္က သူဟာ ျမန္မာႏိုင္ငံသား တိုင္းရင္းသား တစ္ေယာက္ ျဖစ္တဲ့အေၾကာင္း၊ ရဲေဘာ္သုံးက်ိပ္နဲ႔ သခင္ေက်ာ္ေဇာတို႔ ေခါင္းေဆာင္မႈ လက္ေအာက္မွာ လိုက္ပါၿပီး အာဏာရွင္ စနစ္ ဆန႔္က်င္သူ၊ တိုင္းျပည္ေကာင္းက်ိဳးအတြက္ ေဆာင္႐ြက္ခဲ့တဲ့ ႏိုင္ငံေရးသမား၊ ၿငိမ္းခ်မ္းေရး ေခါင္းေဆာင္၊ ပါတီစုံ ေ႐ြးေကာက္ပြဲစနစ္ ေဖာ္ေဆာင္ခဲ့တဲ့ ေခါင္းေဆာင္ တစ္ေယာက္ျဖစ္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။ ဦးေက်ာ္ျမင့္ရဲ႕ ေျပာဆိုခ်က္နဲ႔ ပတ္သက္ၿပီး အေရွ႕ေျမာက္ စစ္ေဒသ မွာ တာဝန္ယူခဲ့ဖူးတဲ့ ဗမာျပည္ကြန္ျမဴနစ္ပါတီ ဗကပ ေကဒါေဟာင္းေတြကေတာ့ သူဟာ ဗကပ တပ္ဖြဲ႕ဝင္ တစ္ေယာက္ ျဖစ္ခဲ့ဖူးေပမယ့္ သာမန္ ေအာက္ေျခ အဆင့္ေလာက္ပဲ လို႔ ဆိုၾကပါတယ္။ ၁၉၆၈ ခုႏွစ္ ရွမ္းျပည္နယ္ အေရွ႕ေျမာက္ပိုင္းမွာ ဗကပ အလံေထာင္ၿပီး တ႐ုတ္ေဗာ္လံတီယာ တပ္ဖြဲ႕ေတြဝင္ေရာက္ တိုက္ခိုက္ ေနရာယူခဲ့ၿပီးတဲ့ေနာက္ ဗကပ ထဲ ဝင္ေရာက္လာတဲ့ တ႐ုတ္ႏိုင္ငံဘက္က လူအေတာ္မ်ားမ်ားထဲမွာ ဦးေက်ာ္ျမင့္လည္း တစ္ေယာက္ အပါအဝင္ ျဖစ္တယ္လို႔ ဆိုပါတယ္။

သူဘာလူမ်ိဳးလဲ ဆိုတာ ဘယ္သူကမွ တိတိက်က် အတည္ျပဳမေပးႏိုင္ေပမယ့္ ဗကပ အေရွ႕ေျမာက္ စစ္ေဒသ၊ စစ္ေဒသမႉး ရဲေဘာ္ေဇာ္မိုင္ရဲ႕ သမီးနဲ႔ ညားၿပီး ေခါင္းေဆာင္တစ္ေယာက္ရဲ႕ သားမက္ ျဖစ္ခဲ့တာေတာ့ မွန္တယ္လို႔ ဆိုပါတယ္။
အရင္ ဗကပ ၁၀၁ စစ္ေဒသ ေခါင္းေဆာင္ျဖစ္ခဲ့ဖူးၿပီး လက္ရွိ ဒီမိုကေရစီသစ္ ပါတီ (ကခ်င္) ထူေထာင္ထားသူ၊ ၂၀၁၀ အမတ္ေဟာင္း တစ္ေယာက္လည္း ျဖစ္ခဲ့သူ ဦးဆခုံတိန႔္ယိန္းကေတာ့ ဦးေက်ာ္ျမင့္ဟာ သူတို႔ လာခ်ိတ္ တိုင္းရင္းသား ဆခုံအမ်ိဳးအႏြယ္ မဟုတ္တာ ေသျခာတယ္လို႔ ေျပာဆိုထားပါတယ္။ ဒါ့အျပင္ ဗကပ ၿပိဳလဲၿပီးေနာက္ အစိုးရနဲ႔ အပစ္အခတ္ ရပ္စဲေရး လုပ္ရာမွာ ပါဝင္ခဲ့တဲ့ ေထာက္လွမ္းေရး ဗိုလ္မႉးႀကီးေဟာင္း စန္းပြင့္နဲ႔ အဲဒီ အခ်ိန္ ကိုးကန႔္နဲ႔ ၀ နယ္ေျမမွာ ရွိေနခဲ့တဲ့ ဗကပ ေကဒါေဟာင္းေတြကလည္း ဦးေက်ာ္ျမင့္ဟာ ဘယ္ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္မွာမွ ပါဝင္တာ မေတြ႕ရဘူးလို႔ ဆိုၾကပါတယ္။ ဒီအတြက္ ဦးေက်ာ္ျမင့္ကို လူလိမ္တစ္ေယာက္အျဖစ္ သတ္မွတ္လို႔ ရမရ မသိႏိုင္ေသးေပမယ့္ ေငြေၾကးလိမ္လည္မႈ အႀကီးအက်ယ္ လုပ္ခဲ့တဲ့ မွတ္တမ္းေတာ့ ရွိေနပါတယ္။


ဦးေက်ာ္ျမင့္ဟာ တ႐ုတ္နယ္စပ္က အဖြဲ႕အစည္း၊ စီးပြားေရးသမားေတြ ေက်ာေထာက္ေနာက္ခံနဲ႔ ၁၉၉၈ သူ ဖမ္းဆီးခံရခ်ိန္ မတိုင္ခင္က ရန္ကုန္မွာ ျမန္မာက်ဳံယြမ္ ကုမၸဏီ ထူေထာင္ခဲ့ပါတယ္။ အဲဒီ ကုမၸဏီဟာ ကုန္ထုတ္လုပ္ေရး လုပ္ငန္း၊ ကုန္သြယ္ေရး လုပ္ငန္းနဲ႔ စီးပြားေရး လုပ္ငန္းေပါင္း မ်ားစြာ ထူေထာင္ထားတယ္လို႔ ဆိုၿပီး ျပည္သူေတြရဲ႕ ထည့္ဝင္ေငြ ဖိတ္ေခၚ လက္ခံတဲ့ ေငြေရးေၾကးေရး ကုမၸဏီ အမ်ိဳးအစားပါ။ ျပည္သူေတြ ေငြရွိရင္ သူတို႔ကုမၸဏီမွာ လာထည့္ထားပါ၊ ထည့္ထားမယ့္ အခ်ိန္ကာလ ဥပမာ ၆ လ၊ တစ္ႏွစ္၊ ၃ ႏွစ္ အစရွိသျဖင့္ အခ်ိန္ကာလ အလိုက္ ပုံမွန္ အတိုးေငြ တစ္လ ၅% ကေန ၇% အထိ ရမယ္လို႔ မက္လုံးေပးၿပီး ေငြေၾကးလက္ခံတဲ့ ကုမၸဏီျဖစ္ပါတယ္။ ၂၀၀၂ ခုႏွစ္မွာ ေငြေရးေၾကးေရး ဥပေဒအရ ဖ်က္သိမ္းခံလိုက္ရတဲ့၊ စုေငြေတြ လက္ခံၿပီး အတိုးႀကီးေပးတဲ့ မဟာဓနံ၊ ဧရာေျမ၊ သစၥာပန္းခင္း၊ ပိေတာက္ေျမ စတဲ့ ေငြစုေငြေခ်း သမဝါယမ အသင္းေတြ မေပၚခင္ အေစာဆုံး ေပၚေပါက္လာတဲ့ ကုမၸဏီျဖစ္ပါတယ္။ အဲဒီ အခ်ိန္က ျမန္မာက်ဳံယြမ္ကုမၸဏီက ေပးတဲ့ အတိုးႏႈန္း ျမင့္တာေၾကာင့္ ေငြေၾကး သြားၿပီး ထည့္ဝင္သူေတြ မ်ားျပားၿပီး ေနာက္ပိုင္း ကုမၸဏီဖ်က္သိမ္းတဲ့အခါ ဆုံးရႈံးကုန္ပါတယ္။ ဦးေက်ာ္ျမင့္ကိုယ္တိုင္လည္း အမႈႏွစ္ခုနဲ႔ တရားစြဲခံရၿပီး ေထာင္ဒဏ္(၉) ႏွစ္ခ်မွတ္ခံရပါတယ္။ ေနာက္ပိုင္း ၁၉၉၉ ခုႏွစ္မွာ ေထာင္က ထြက္ေျပး၊ ထိုင္းကေန တဆင့္ အေမရိကန္၊ ကေနဒါ၊ အဲဒီကေန တဆင့္ တ႐ုတ္နယ္စပ္ ျပန္ေရာက္သြားသူ ျဖစ္ပါတယ္။
၂၀၁၀ ျမန္မာႏိုင္ငံမွာ အေထြေထြ ေ႐ြးေကာက္ပြဲ လုပ္ေတာ့ ဦးေက်ာ္ျမင့္ဟာ ျပည္ပကေန UDP ပါတီကို ေထာင္ပါတယ္။ အဲဒီအခ်ိန္က ပါတီ ယာယီေခါင္းေဆာင္ ဦးဘိုေမာင္ ျဖစ္ၿပီး ၁၉၉၀ အင္န္အယ္လ္ဒီ ေ႐ြးေကာက္ခံ အမတ္ ျဖစ္ခဲ့သူပါ။ ၂၀၁၃ ဦးေက်ာ္ျမင့္ ျမန္မာႏိုင္ငံ ျပန္ဝင္လာတဲ့အခါ ပါတီေခါင္းေဆာင္ေနရာမွာ သူ႔နာမည္ကို အေျပာင္းအလဲ လုပ္ပါတယ္။ လက္ရွိ ျပည္သူေတြ သိခ်င္ေနၾကတဲ့ ေမးခြန္းကေတာ့ ေထာင္ေျပး ဦးေက်ာ္ျမင့္ဟာ ၂၀၁၃ ခုႏွစ္မွာ ျမန္မာႏိုင္ငံကို ဘယ္လိုနည္းနဲ႔ ျပန္လာႏိုင္သလဲ၊ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္မွာ ပါတီေခါင္းေဆာင္ နာမည္ တင္ေတာ့ အဲဒါကို ျပည္ထဲေရးဝန္ႀကီးဌာနက ဘယ္လိုစစ္ေဆးေပးခဲ့သလဲ ဆိုတာပါပဲ။ ျမန္မာႏိုင္ငံရဲ႕ တရားဥပေဒ စိုးမိုးေရးနဲ႔ ပတ္သက္ၿပီး ေမးခြန္းေတြ ျဖစ္ေပၚေစခဲ့တဲ့ UDP ပါတီဥကၠဌ ဦးေက်ာ္ျမင့္ နဲ႔ ပတ္သက္လို႔ အရင္အစိုးရလက္ထက္မွာ ျပန္ၾကားေရး ဒုဝန္ႀကီး၊ ဝန္ႀကီး တာဝန္ယူခဲ့တဲ့ ဦးရဲထြဋ္က သူဘာမွ မသိခဲ့သလို၊ Myanmar Now က ေဖာ္ထုတ္မွ အေရးယူႏိုင္တဲ့ အတြက္ မ်က္ႏွာပူမိတယ္ ဆိုၿပီး သူ႔ရဲ႕ facebook စာမ်က္ႏွာမွာ ေဖာ္ျပခဲ့ပါတယ္။

ဦးေက်ာ္ျမင့္ရဲ႕ ျဖစ္စဥ္ကို ျပန္ၾကည့္ရင္ ေငြေၾကးဆိုင္ရာ ဥပေဒခ်ိဳးေဖါက္သူ ျဖစ္တယ္ ဆိုတာ ရွင္းလင္းေနေပမယ့္ ေထာင္ေျပး တစ္ေယာက္ အေနနဲ႔ ေငြေၾကး အမ်ားႀကီး အသုံးျပဳၿပီး ေ႐ြးေကာက္ပြဲမွာ ေနရာ အမ်ားဆုံး ဝင္ႏိုင္တဲ့ ပါတီျဖစ္လာေအာင္ ဘယ္လို ထူေထာင္ႏိုင္ခဲ့သလဲ၊ အဲဒီ ပါတီကေန တဆင့္ ျမန္မာ့ႏိုင္ငံေရးမွာ ဘယ္လို ပါဝင္ပတ္သက္ဖို႔ ရည္႐ြယ္ထားသလဲ ဆိုတဲ့ ျပသနာရွိေနပါတယ္။ ပါတီ ဥကၠဌ တစ္ေယာက္ ေထာင္ေျပး ျဖစ္ေနတာေၾကာင့္ ႏိုင္ငံေရးပါတီမ်ား မွတ္ပုံတင္ျခင္း ဆိုင္ရာ ဥပေဒအရ ပါတီကို ဖ်က္သိမ္းလိုက္သည္ အထိ အေရးယူ ခံရေကာင္း ခံရႏိုင္ေပမယ့္ ေမးစရာ ေမးခြန္းေတြ အမ်ားႀကီး ခ်န္ထားရစ္ပါဦးမယ္။ ႏွင္းဆီပါတီ ဥကၠဌ ဦးေက်ာ္ျမင့္ အမႈဟာ ျမန္မာႏိုင္ငံမွာ တရားဥပေဒ စိုးမိုးေရး နဲ႔ ပတ္သက္ၿပီး အရင္ေခတ္ေတြတုန္းက အတိုင္း ျပသနာ အမ်ားႀကီးရွိေနဆဲ ဆိုတာကို မီးေမာင္းထိုးျပလိုက္သလို၊ ျမန္မာႏိုင္ငံသား ဟုတ္မဟုတ္၊ တိုင္းရင္းသား ျဖစ္မျဖစ္ မေသျခာတဲ့ သူ႔ရဲ႕အေနအထား၊ ဘယ္က ရမွန္းမသိတဲ့ ေငြေၾကး အေျမာက္အမ်ား သုံးၿပီး ပါတီႀကီး တစ္ခုကို စနစ္တက် တည္ေဆာက္ထားမႈ၊ ျမန္မာ့ႏိုင္ငံေရးထဲကို ထဲထဲဝင္ဝင္ ပါဝင္ႏိုင္ဖို႔ ေရရွည္ စီမံကိန္းခ် ႀကိဳးစားမႈ၊ ေထာင္ေျပး တစ္ေယာက္ အေနနဲ႔ ႏိုင္ငံျခား သံတမန္ တစ္ေယာက္နဲ႔ ေတြ႕ဆုံခြင့္ ရႏိုင္မႈ စတဲ့ အေျခအေန အားလုံး တြက္ခ်က္ၾကည့္ရင္ ဒီ ျပသနာမွာ ျပည္ပ ႏိုင္ငံ တစ္ခုခုရဲ႕ ပါဝင္ပတ္သက္မႈ ရွိေနႏိုင္သလား ဆိုတာကလည္း ေမးခြန္းထုတ္စရာ ျဖစ္ေနေၾကာင္းပါ။

-------------------------------------

နှင်းဆီပါတီ ဥက္ကဌ ပြဿနာ နောက်ကွယ်မှာ ဘာတွေ ရှိနေနိုင်သလဲ

မြန်မာနိုင်ငံမှာ ကိုဗစ် ကပ်ဘေးကို အကြီးအကျယ် ရင်ဆိုင်နေရချိန်၊ ရွေးကောက်ပွဲကလည်း နီးလာချိန် ပြည်သူတွေ စိတ်ဝင်စားမှု ရှိနေတဲ့ သတင်းတစ်ခုကတော့ နှင်းဆီပါတီလို့ ခေါ်တဲ့ ညီညွတ်သော ဒီမိုကရက်တစ် ပါတီ UDP ဥက္ကဌ ဦးကျော်မြင့် ခေါ် ဆခုန်ဇုန်းဆောင် ခေါ် မစ္စတာ ဟူဟွာ ခေါ် မိုက်ကယ်ကျော်မြင့် ကို ထောင်ပြေး အမှုနဲ့ ဖမ်းဆီးလိုက်တဲ့ ကိစ္စပါပဲ။ သိပ်မကြာခင် အချိန်တုန်းကအထိ ဦးကျော်မြင့်ကို လူတွေ စိတ်ဝင်စားမှု သိပ်ရှိလှတာ မဟုတ်ပါဘူး။ ဒါပေမယ့် ၂၀၂၀ ရွေးကောက်ပွဲ အတွက် အမတ်လောင်း တင်သွင်းတဲ့ စာရင်းတွေ ထွက်ပေါ်လာအပြီးမှာတော့ UDP ပါတီဟာ ပြည်ခိုင်ဖြိုးပါတီကို ကျော်တက်ပြီး အင်န်အယ်လ်ဒီ ပါတီ နီးနီး အမတ်လောင်း တင်သွင်းခဲ့တာကနေ စ နိုင်ငံရေးသမားတွေ နဲ့ သတင်းမီဒီယာ သမားတွေ စိတ်ဝင်စားလာကြတာ ဖြစ်ပါတယ်။ အင်န်အယ်လ်ဒီလို၊ ပြည်ခိုင်ဖြိုးလို၊ သူရဦးရွှေမန်း ဦးဆောင်တဲ့ ပြည်ထောင်စု ကောင်းကျိုးဆောင် ပါတီလို လူတွေ သိပ် သတိမထားမိကြတဲ့၊ သိပ်လည်း မသိကြတဲ့ ပါတီ တစ်ခုဟာ ဘာကြောင့် မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ မဲဆန္ဒနယ်မြေ ၁၁၄၃ နေရာမှာ ဝင်ပြိုင်နိုင်ရတာလဲ ဆိုပြီး ဖြစ်ပါတယ်။ ဒီအတွက် UDP ပါတီအကြောင်း၊ ပါတီ ဥက္ကဌ ဦးကျော်မြင့် အကြောင်း ဟိုက ဒီက သတင်း တစ်စ တစ်စစီထွက်ပေါ်လာပြီး Myanmar Now သတင်းဌာနရဲ့ ဖော်ထုတ်ချက်တွေကနေ တဆင့် ကျုံယွမ် ကုမ္ပဏီ ထူထောင်သူ ဖြစ်တယ် ဆိုတာ၊ ရာဇဝတ်သား ထောင်ပြေး တစ်ယောက်ဆိုတာ သိလာကြရပြီး အခုနောက်ဆုံး အဲဒီ ထောင်ပြေးအမှုနဲ့ပဲ ဖမ်းဆီးခံရ၊ နဂို အမှုအတွက် လက်ကျန် ထောင်ဒဏ်တွေကို ဆက်ပြီး ကျခံရ၊ အမှုသစ်အတွက် တရားရင်ဆိုင်ရ ဆိုတဲ့ အခြေအနေ ရောက်လာတာပါ။ UDP ပါတီ ဥက္ကဌ ဦးကျော်မြင့် ဆိုတာ ဘယ်လို လူမျိုးလဲ၊ သူဘာတွေ လုပ်ခဲ့သလဲ၊ သူ့မှာ ကျောထောက်နောက်ခံ တစ်စုံတစ်ခု ရှိနေသလား ဆိုတဲ့ပြသနာ စိတ်ဝင်စားဖို့ အလွန်ကောင်းပါတယ်။ ခုတစ်ပတ် အဲဒီ ပြသနာ အကြောင်း လေ့လာ တင်ပြသွားပါ့မယ်။
ပြီးခဲ့တဲ့ ရက်ပိုင်း facebook စာမျက်နှာကနေ ထုတ်လွှင့်ခဲ့တဲ့ UDP ရဲ့ အစီအစဉ် တစ်ခုမှာတော့ ဦးကျော်မြင့်က သူဟာ မြန်မာနိုင်ငံသား တိုင်းရင်းသား တစ်ယောက် ဖြစ်တဲ့အကြောင်း၊ ရဲဘော်သုံးကျိပ်နဲ့ သခင်ကျော်ဇောတို့ ခေါင်းဆောင်မှု လက်အောက်မှာ လိုက်ပါပြီး အာဏာရှင် စနစ် ဆန့်ကျင်သူ၊ တိုင်းပြည်ကောင်းကျိုးအတွက် ဆောင်ရွက်ခဲ့တဲ့ နိုင်ငံရေးသမား၊ ငြိမ်းချမ်းရေး ခေါင်းဆောင်၊ ပါတီစုံ ရွေးကောက်ပွဲစနစ် ဖော်ဆောင်ခဲ့တဲ့ ခေါင်းဆောင် တစ်ယောက်ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ ဦးကျော်မြင့်ရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး အရှေ့မြောက် စစ်ဒေသ မှာ တာဝန်ယူခဲ့ဖူးတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ ဗကပ ကေဒါဟောင်းတွေကတော့ သူဟာ ဗကပ တပ်ဖွဲ့ဝင် တစ်ယောက် ဖြစ်ခဲ့ဖူးပေမယ့် သာမန် အောက်ခြေ အဆင့်လောက်ပဲ လို့ ဆိုကြပါတယ်။ ၁၉၆၈ ခုနှစ် ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းမှာ ဗကပ အလံထောင်ပြီး တရုတ်ဗော်လံတီယာ တပ်ဖွဲ့တွေဝင်ရောက် တိုက်ခိုက် နေရာယူခဲ့ပြီးတဲ့နောက် ဗကပ ထဲ ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံဘက်က လူအတော်များများထဲမှာ ဦးကျော်မြင့်လည်း တစ်ယောက် အပါအဝင် ဖြစ်တယ်လို့ ဆိုပါတယ်။
သူဘာလူမျိုးလဲ ဆိုတာ ဘယ်သူကမှ တိတိကျကျ အတည်ပြုမပေးနိုင်ပေမယ့် ဗကပ အရှေ့မြောက် စစ်ဒေသ၊ စစ်ဒေသမှူး ရဲဘော်ဇော်မိုင်ရဲ့ သမီးနဲ့ ညားပြီး ခေါင်းဆောင်တစ်ယောက်ရဲ့ သားမက် ဖြစ်ခဲ့တာတော့ မှန်တယ်လို့ ဆိုပါတယ်။
အရင် ဗကပ ၁၀၁ စစ်ဒေသ ခေါင်းဆောင်ဖြစ်ခဲ့ဖူးပြီး လက်ရှိ ဒီမိုကရေစီသစ် ပါတီ (ကချင်) ထူထောင်ထားသူ၊ ၂၀၁၀ အမတ်ဟောင်း တစ်ယောက်လည်း ဖြစ်ခဲ့သူ ဦးဆခုံတိန့်ယိန်းကတော့ ဦးကျော်မြင့်ဟာ သူတို့ လာချိတ် တိုင်းရင်းသား ဆခုံအမျိုးအနွယ် မဟုတ်တာ သေခြာတယ်လို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် ဗကပ ပြိုလဲပြီးနောက် အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး လုပ်ရာမှာ ပါဝင်ခဲ့တဲ့ ထောက်လှမ်းရေး ဗိုလ်မှူးကြီးဟောင်း စန်းပွင့်နဲ့ အဲဒီ အချိန် ကိုးကန့်နဲ့ ၀ နယ်မြေမှာ ရှိနေခဲ့တဲ့ ဗကပ ကေဒါဟောင်းတွေကလည်း ဦးကျော်မြင့်ဟာ ဘယ်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာမှ ပါဝင်တာ မတွေ့ရဘူးလို့ ဆိုကြပါတယ်။ ဒီအတွက် ဦးကျော်မြင့်ကို လူလိမ်တစ်ယောက်အဖြစ် သတ်မှတ်လို့ ရမရ မသိနိုင်သေးပေမယ့် ငွေကြေးလိမ်လည်မှု အကြီးအကျယ် လုပ်ခဲ့တဲ့ မှတ်တမ်းတော့ ရှိနေပါတယ်။
ဦးကျော်မြင့်ဟာ တရုတ်နယ်စပ်က အဖွဲ့အစည်း၊ စီးပွားရေးသမားတွေ ကျောထောက်နောက်ခံနဲ့ ၁၉၉၈ သူ ဖမ်းဆီးခံရချိန် မတိုင်ခင်က ရန်ကုန်မှာ မြန်မာကျုံယွမ် ကုမ္ပဏီ ထူထောင်ခဲ့ပါတယ်။ အဲဒီ ကုမ္ပဏီဟာ ကုန်ထုတ်လုပ်ရေး လုပ်ငန်း၊ ကုန်သွယ်ရေး လုပ်ငန်းနဲ့ စီးပွားရေး လုပ်ငန်းပေါင်း များစွာ ထူထောင်ထားတယ်လို့ ဆိုပြီး ပြည်သူတွေရဲ့ ထည့်ဝင်ငွေ ဖိတ်ခေါ် လက်ခံတဲ့ ငွေရေးကြေးရေး ကုမ္ပဏီ အမျိုးအစားပါ။ ပြည်သူတွေ ငွေရှိရင် သူတို့ကုမ္ပဏီမှာ လာထည့်ထားပါ၊ ထည့်ထားမယ့် အချိန်ကာလ ဥပမာ ၆ လ၊ တစ်နှစ်၊ ၃ နှစ် အစရှိသဖြင့်
အချိန်ကာလ အလိုက် ပုံမှန် အတိုးငွေ တစ်လ ၅% ကနေ ၇% အထိ ရမယ်လို့ မက်လုံးပေးပြီး ငွေကြေးလက်ခံတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ ၂၀၀၂ ခုနှစ်မှာ ငွေရေးကြေးရေး ဥပဒေအရ ဖျက်သိမ်းခံလိုက်ရတဲ့၊ စုငွေတွေ လက်ခံပြီး အတိုးကြီးပေးတဲ့ မဟာဓနံ၊ ဧရာမြေ၊ သစ္စာပန်းခင်း၊ ပိတောက်မြေ စတဲ့ ငွေစုငွေချေး သမဝါယမ အသင်းတွေ မပေါ်ခင် အစောဆုံး ပေါ်ပေါက်လာတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ အဲဒီ အချိန်က မြန်မာကျုံယွမ်ကုမ္ပဏီက ပေးတဲ့ အတိုးနှုန်း မြင့်တာကြောင့် ငွေကြေး သွားပြီး ထည့်ဝင်သူတွေ များပြားပြီး နောက်ပိုင်း ကုမ္ပဏီဖျက်သိမ်းတဲ့အခါ ဆုံးရှုံးကုန်ပါတယ်။ ဦးကျော်မြင့်ကိုယ်တိုင်လည်း အမှုနှစ်ခုနဲ့ တရားစွဲခံရပြီး ထောင်ဒဏ်(၉) နှစ်ချမှတ်ခံရပါတယ်။ နောက်ပိုင်း ၁၉၉၉ ခုနှစ်မှာ ထောင်က ထွက်ပြေး၊ ထိုင်းကနေ တဆင့် အမေရိကန်၊ ကနေဒါ၊ အဲဒီကနေ တဆင့် တရုတ်နယ်စပ် ပြန်ရောက်သွားသူ ဖြစ်ပါတယ်။
၂၀၁၀ မြန်မာနိုင်ငံမှာ အထွေထွေ ရွေးကောက်ပွဲ လုပ်တော့ ဦးကျော်မြင့်ဟာ ပြည်ပကနေ UDP ပါတီကို ထောင်ပါတယ်။ အဲဒီအချိန်က ပါတီ ယာယီခေါင်းဆောင် ဦးဘိုမောင် ဖြစ်ပြီး ၁၉၉၀ အင်န်အယ်လ်ဒီ ရွေးကောက်ခံ အမတ် ဖြစ်ခဲ့သူပါ။ ၂၀၁၃ ဦးကျော်မြင့် မြန်မာနိုင်ငံ ပြန်ဝင်လာတဲ့အခါ ပါတီခေါင်းဆောင်နေရာမှာ သူ့နာမည်ကို အပြောင်းအလဲ လုပ်ပါတယ်။ လက်ရှိ ပြည်သူတွေ သိချင်နေကြတဲ့ မေးခွန်းကတော့ ထောင်ပြေး ဦးကျော်မြင့်ဟာ ၂၀၁၃ ခုနှစ်မှာ မြန်မာနိုင်ငံကို ဘယ်လိုနည်းနဲ့ ပြန်လာနိုင်သလဲ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှာ ပါတီခေါင်းဆောင် နာမည် တင်တော့ အဲဒါကို ပြည်ထဲရေးဝန်ကြီးဌာနက ဘယ်လိုစစ်ဆေးပေးခဲ့သလဲ ဆိုတာပါပဲ။ မြန်မာနိုင်ငံရဲ့ တရားဥပဒေ စိုးမိုးရေးနဲ့ ပတ်သက်ပြီး မေးခွန်းတွေ ဖြစ်ပေါ်စေခဲ့တဲ့ UDP ပါတီဥက္ကဌ ဦးကျော်မြင့် နဲ့ ပတ်သက်လို့ အရင်အစိုးရလက်ထက်မှာ ပြန်ကြားရေး ဒုဝန်ကြီး၊ ဝန်ကြီး တာဝန်ယူခဲ့တဲ့ ဦးရဲထွဋ်က သူဘာမှ မသိခဲ့သလို၊ Myanmar Now က ဖော်ထုတ်မှ အရေးယူနိုင်တဲ့ အတွက် မျက်နှာပူမိတယ် ဆိုပြီး သူ့ရဲ့ facebook စာမျက်နှာမှာ ဖော်ပြခဲ့ပါတယ်။
ဦးကျော်မြင့်ရဲ့ ဖြစ်စဉ်ကို ပြန်ကြည့်ရင် ငွေကြေးဆိုင်ရာ ဥပဒေချိုးဖေါက်သူ ဖြစ်တယ် ဆိုတာ ရှင်းလင်းနေပေမယ့် ထောင်ပြေး တစ်ယောက် အနေနဲ့ ငွေကြေး အများကြီး အသုံးပြုပြီး ရွေးကောက်ပွဲမှာ နေရာ အများဆုံး ဝင်နိုင်တဲ့ ပါတီဖြစ်လာအောင် ဘယ်လို ထူထောင်နိုင်ခဲ့သလဲ၊ အဲဒီ ပါတီကနေ တဆင့် မြန်မာ့နိုင်ငံရေးမှာ ဘယ်လို ပါဝင်ပတ်သက်ဖို့ ရည်ရွယ်ထားသလဲ ဆိုတဲ့ ပြသနာရှိနေပါတယ်။ ပါတီ ဥက္ကဌ တစ်ယောက် ထောင်ပြေး ဖြစ်နေတာကြောင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဆိုင်ရာ ဥပဒေအရ ပါတီကို ဖျက်သိမ်းလိုက်သည် အထိ အရေးယူ ခံရကောင်း ခံရနိုင်ပေမယ့် မေးစရာ မေးခွန်းတွေ အများကြီး ချန်ထားရစ်ပါဦးမယ်။ နှင်းဆီပါတီ ဥက္ကဌ ဦးကျော်မြင့် အမှုဟာ မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးရေး နဲ့ ပတ်သက်ပြီး အရင်ခေတ်တွေတုန်းက အတိုင်း ပြသနာ အများကြီးရှိနေဆဲ ဆိုတာကို မီးမောင်းထိုးပြလိုက်သလို၊ မြန်မာနိုင်ငံသား ဟုတ်မဟုတ်၊ တိုင်းရင်းသား ဖြစ်မဖြစ် မသေခြာတဲ့ သူ့ရဲ့အနေအထား၊ ဘယ်က ရမှန်းမသိတဲ့ ငွေကြေး အမြောက်အများ သုံးပြီး ပါတီကြီး တစ်ခုကို စနစ်တကျ တည်ဆောက်ထားမှု၊ မြန်မာ့နိုင်ငံရေးထဲကို ထဲထဲဝင်ဝင် ပါဝင်နိုင်ဖို့ ရေရှည် စီမံကိန်းချ ကြိုးစားမှု၊ ထောင်ပြေး တစ်ယောက် အနေနဲ့ နိုင်ငံခြား သံတမန် တစ်ယောက်နဲ့ တွေ့ဆုံခွင့် ရနိုင်မှု စတဲ့ အခြေအနေ အားလုံး တွက်ချက်ကြည့်ရင် ဒီ ပြသနာမှာ ပြည်ပ နိုင်ငံ တစ်ခုခုရဲ့ ပါဝင်ပတ်သက်မှု ရှိနေနိုင်သလား ဆိုတာကလည်း မေးခွန်းထုတ်စရာ ဖြစ်နေကြောင်းပါ။


XS
SM
MD
LG