သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

UDP ဦးကျော်မြင့် အပေါ် အမှုထပ်တိုးမည်


UDP ပါတီ ဥက္ကဌ ဦးကျော်မြင့်
UDP ပါတီ ဥက္ကဌ ဦးကျော်မြင့်

(Zawgyi/Unicode)

ထောင်ပြေးအမှုနဲ့ ဖမ်းဆီးအရေးယူခံထားရတဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးကျော်မြင့်ဟာ လက်ရှိအမှုအပြင် ဘဏ္ဍာရေးဆိုင်ရာ ဥပဒေချိုးဖောက်မှုတွေနဲ့ပါ အရေးယူခံရမယ့် အလားအလာရှိနေတဲ့အကြောင်းပြောပြပါမယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်ခန့် က တင်ဆက်ပေးမှာပါ။

နှင်းဆီပါတီလို့ လူသိများတဲ့ (UDP) ညီညွတ်သော ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးကျော်မြင့်ကို ထပ်မံစစ်ဆေးမှုတွေအရ ငွေမည်းခဝါချမှု အပါအဝင် ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းတွေမှာ ဥပဒေချိုးဖောက်တဲ့ လုပ်ရပ်တွေ တွေ့ရှိခဲ့ရကြောင်း ကြာသပတေးနေ့ သတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောလိုက်တာပါ။

“သူကပြောရရင်တော့ တရားမဝင်ဆောင်ရွက်တဲ့သဘော တွေ့ရပါတယ်။ နောက်တခါ ၂၀၁၅ ခုနှစ်မှာရှိတဲ့ တရုတ်နိုင်ငံမှာရှိတဲ့ ငွေလွှဲလုပ်ငန်းလုပ်ကိုင်တဲ့ တရားမဝင်ပေါ့နော် ငွေလွှဲလုပ်ငန်းလုပ်ကိုင်တဲ့လူတွေကနေ တဆင့် တရားမဝင်ရောက်လာတဲ့ ငွေကျပ် ၁၆ ဒသမ ၃၂၅ ဘီလီလျံကျော်ကလည်း Official လမ်းကြောင်း Bank Transaction ကနေ လာတာမဟုတ်ဘူး။ ဟွန်ဒီကနေ လွှဲလိုက်တယ် အဆင့်ဆင့် လာပြီးတော့မှ သူ့ရဲ့ ဘဏ်စာရင်းထဲကို ဝင်တယ်ဆိုပြီး ကျွန်တော်တို့ တွေ့ရပါတယ်။”

ဝင်ငွေအဖြစ် တရာဝင်ကြေညာမထားတဲ့ ငွေကြေးတွေကို သုံးစွဲတာဟာ ၂၀၁၄ ခုနှစ် ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၄၃ အရ ထောင်ဒဏ် ၁၀ နှစ် ဒါမှမဟုတ် ငွေဒဏ်၊ ဒါမှမဟုတ် ပြစ်ဒဏ် ၂ ရပ်လုံး ကျခံရနိုင်သလို၊ ကျုးလွန်တဲ့ လုပ်ငန်း၊ အဖွဲ့အစည်းတွေကိုလည်း ကျပ်ငွေသန်း ၅၀၀ အထိ ဒဏ်ငွေ ချမှတ်ခံရနိုင်ကြောင်းလည်း ဦးဇော်ဌေးက ပြောပါတယ်။

ဦးကျော်မြင့်ဟာ မြန်မာနိုင်ငံဗဟိုဘဏ်ရဲ့ ခွင့်ပြုချက်မရှိဘဲ ပါတီဝင်တွေ တခြားလူပုဂ္ဂိုလ်တွေကို အတိုးမဲ့ငွေချေးတာတွေအပြင် အပေါင်ပစ္စည်းတွေ လက်ခံရယူပြီး ငွေချေးတဲ့ လုပ်ရပ်တွေဟာ ငွေရေးကြေးရေး အဖွဲ့အစည်းဆိုင်ရာ ဥပဒေပုဒ်မ ၁၅၉ နဲ့ ငြိစွန်းနေတယ်လို့လည်း ပြောဆိုခဲ့တာပါ။ စစ်ဆေးတွေ့ရှိချက် တွေကိုတော့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို တင်ပြထားလို့လည်း ဦးဇော်ဌေးက ပြောပါတယ်။

“ကျွန်တော်တို့မနေ့ကပဲ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ စိစစ်တွေ့ရှိချက်တွေအပေါ်မှာ ကော်မရှင်က ဆက်လက် အရေးယူနိုင်ဖို့ ဆက်လက်အကြောင်းပြန်ထားတယ်။ ဥပမာ လုပ်ထုံးလုပ်နည်းအရဆို Money Laundry ကိစ္စပေါ့ FRU နဲ့ဆိုင်တယ်။ သူ့ရဲ့ငွေကြေး ခဝါချမှု တိုက်ဖျက်ရေး ဥပဒေအရ အချိန်တွေကကြာတယ်။ အဲ့အခါ ကျရင် ပိုင်ဆိုင်မှုစာရင်း ကြေညာတာတို့ဘာတို့ ဒီကိစ္စတွေက အချိန်ယူရတယ်။ အဲ့တော့ လတ်တလောမှာ မြန်မြန် ဆန်ဆန် စိစစ်ဖော်ထုတ်မှုတွေ ဒါတွေနဲ့ ငြိစွန်းတဲ့ ဥပဒေပုဒ်မတွေ ဒါတွေကို ကျွန်တော်တို့က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို ပြန်ကြားထားတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က မြန်မြန် ဆန်ဆန် လုပ်လို့ရအောင် ကျန်တာတွေကတော့ သူ့ရဲ့လုပ်ထုံးလုပ်နည်း ပရိုစီဂျာအတိုင်း ဆက်လုပ်နေရတယ်။”

ဦးကျော်မြင့်ရဲ့ ဘဏ်ငွေစာရင်း ၅၉ ခုကို စစ်ဆေးရာမှာ တရုတ်နိုင်ငံကနေတဆင့် ကျပ်ငွေ ၁၆ ဘီလျံကျော် တရားမဝင် လွှဲပြောင်းရယူထားတာ တွေ့ခဲ့ရပြီး၊ ငွေကြေးလွှဲပြောင်းသူတစ်ဦးကို တရုတ်နိုင်ငံ အာဏာပိုင်တွေက ဖမ်းဆီးထားကြောင်းလည်း ဦးဇော်ဌေးက ပြောပါတယ်။ ဦးကျော်မြင့် ဘက်ကတော့ ကုန်ပစ္စည်းတွေ တင်သွင်းရောင်းချရာက ရရှိတဲ့ ငွေကြေးအဖြစ် ထွက်ဆိုထားပေမဲ့ အထောက်အထား ခိုင်ခိုင်မာမာ မပြနိုင်ဘူးလို့လည်း ဆိုပါတယ်။

ရှေ့လထဲ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း ဒုတိယအများဆုံးနေရာ ဝင်ရောက်ယှဉ်ပြိုင်မယ့် UDP ပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ကိုတော့ မန္တလေးမြို့ အိုးဘိုထောင်မှာ ရာဇဝတ်မှုနဲ့ ထောင်ဒဏ်ကျခံနေစဉ် ၁၉၉၉ ခုနှစ်မှာ ထွက်ပြေးသွားခဲ့တဲ့ အမှုဟောင်းနဲ့ ပြီးခဲ့တဲ့လကုန်ပိုင်းမှာပဲ ရန်ကုန်မြို့မှာ ဖမ်းဆီးခဲ့တာပါ။

ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၂၄ ထောင်ပြေးမှုနဲ့ ရင်ဆိုင်နေရတဲ့ ဦးကျော်မြင့်ကိုတော့ မန္တလေးတိုင်း ချမ်းအေးသာစံ မြို့နယ် တရားရုံးမှာ ရှေ့သီတင်းပတ် အင်္ဂါနေ့ကျရင် ကြားနာစစ်ဆေးမှာ ဖြစ်ပါတယ်။

UDP ဦးကျော်မြင့် အပေါ် အမှုထပ်တိုးမည်
please wait

No media source currently available

0:00 0:03:37 0:00
တိုက်ရိုက် လင့်ခ်


............


(Unicode)










XS
SM
MD
LG