သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္နဲ႔ စစ္ေရးေၾကာင့္ တိုင္းရင္းေဒသတခ်ဳိ႕ မဲေပးေရး အခက္ၾကံဳဖြယ္ရွိ


၂၀၁၈ ခုႏွစ္ ၾကားျဖတ္ေရြးေကာက္ပဲြတုန္းက ရန္ကုန္ မဲဆႏၵရွင္တဦး မဲျပားမွတ္ပံံုတင္စာရင္းသြင္းေနတဲ့ ျမင္ကြင္း။ (ႏိုဝင္ဘာ ၃၊ ၂၀၁၈)

[Zawgyi/Unicode]

ျမန္မာႏုိင္ငံမွာ ေရွ႕လထဲ ေရြးေကာက္ပဲြေတြ က်င္းပဖုိ႔ ရွိေနခ်ိန္မွာပဲ ကုိဗစ္ကပ္ေရာဂါ ကူးစက္မႈနဲ႔ လက္နက္ကုိင္ ပဋိပကၡေတြ ႀကံဳေနရတာေၾကာင့္ တုိင္းရင္းသား ေဒသေတြက မဲေပးမယ့္လုပ္ငန္းေတြမွာ စိန္ေခၚမႈေတြ ႀကံဳေနရတဲ့အေျခအေနကုိ ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေမခက သတင္းေပးထားပါတယ္။

ျမန္မာႏုိင္ငံမွာ တေက်ာ့ျပန္ ကပ္ေရာဂါကူးစက္မႈေတြ စတင္ခဲ့တဲ့ ရခုိင္ျပည္နယ္မွာ စစ္ေရးတင္းမာမႈေတြလည္း ႀကီးထြားေနတာေၾကာင့္ ေရြးေကာက္ပဲြမွာ ထိခုိက္မွာကုိ စုိးရိမ္ေနၾကပါတယ္။ ေရြးေကာက္ပဲြ က်င္းပဖုိ႔ တလေတာင္မျပည့္ေတာ့တဲ့ အခ်ိန္မွာပဲ စစ္ေရွာင္ဒုကၡသည္ သိန္းနဲ႔ခ်ီ ရွိေနတဲ့ ရခုိင္ျပည္နယ္မွာ တုိက္ပဲြေတြ ထပ္မံျဖစ္ပြားေနတာေၾကာင့္ ေနာက္ထပ္ ထြက္ေျပးရသူေတြလည္း ရွိေနပါတယ္။ မၾကာေသးခင္ ရက္ေတြအတြင္း တုိက္ပဲြေတြျဖစ္ပြားခဲ့တဲ့ ဘူးသီးေတာင္ၿမိဳ႕နယ္မွာ ဆုိရင္လည္း ေရြးေကာက္ပဲြအတြက္ မဲ႐ုံ ၁၀၀ ေက်ာ္ စီစဥ္ထားေပမဲ့ ႏုိ၀င္ဘာလ ၈ ရက္ေန႔ မဲေပးတဲ့အခ်ိန္မွာ မဲဆႏၵရွင္ေတြ အျပည့္အ၀ မဲေပးႏုိင္ဖုိ႔က မေသခ်ာဘူးလုိ႔လည္း ၿမိဳ႕နယ္ေ႐ြးေကာက္ပြဲ ေကာ္မရွင္ အတြင္းေရးမွဴး ဦးသန္းေအးကေျပာပါတယ္။

"အကုန္လာေပးမလား ... မေပးေလာက္ဘူး။ ဒီထဲမွာ စစ္ေဘးေရွာင္ျဖစ္တာ၊ ကိုယ္အိမ္ျပန္ေရာက္တာ တျခားေနရာေတြေရာက္တာ ရွိတယ္။ ျပန္လာမဲေပးဖို႔က နည္းနည္းေ၀းသြားတာမ်ိဳးေတြ ရွိရင္ ရွိႏိုင္တာေပါ့ေနာ္။ မဲေပးတဲ့လူဦးေရလည္း ေလ်ာ့လာႏိုင္တယ္။ တိုက္ပြဲေတြေၾကာင့္စိတ္မဝင္စားတာ ျဖစ္ေနတယ္။ ေနာက္ COVID 19 ကာလလည္း ျဖစ္ေနေတာ့ သူတို႔က အျပင္မထြက္ရဲတာလည္းပါတယ္။"

ဒီသီတင္းပတ္ထဲမွာပဲ AA ရခိုင္လက္နက္ကုိင္အဖဲြ႔နဲ႔ တပ္မေတာ္ၾကား တိုက္ပြဲေတြ အျပင္းအထန္ျဖစ္ပြားခဲ့တဲ့ ရေသ့ေတာင္ၿမိဳ႕နယ္မွာလည္း ေရြးေကာက္ပဲြအတြက္ မဲ႐ုံ ၂၀၀ ေလာက္ ျပင္ဆင္ထားေပမဲ့ လုံၿခံဳေရးစုိးရိမ္မႈေတြ ရွိေနပါတယ္။ တုိက္ပဲြေတြေၾကာင့္ တိမ္းေရွာင္ေနရသူေတြ မဲေပးႏုိင္ေအာင္ စီစဥ္ထားေပမဲ့ လုံၿခံဳေရး စုိးရိမ္မႈေၾကာင့္ ေရြးေကာက္ပဲြေန႔မွာ မဲေပးဖုိ႔အတြက္ စိန္ေခၚမႈေတြ ရွိေနတယ္လုိ႔လည္း ရေသ့ေတာင္ၿမိဳ႕နယ္ေ႐ြးေကာက္ပြဲ ေကာ္မရွင္ အတြင္းေရးမွဴး ႏိုင္မ်ိဳးလင္းကေျပာပါတယ္။

"ၿမိဳ႕ေပၚမွာ စစ္ေဘးေရွာင္ စခန္းေတြမွာ လာေနတဲ့သူရွိတယ္။ ပရဟိတ ဘုန္းႀကီးေက်ာင္းေတြမွာ ေနတာရွိတယ္။ ႐ြာမွာ မဲေပးလို႔မရသူေတြကို လူေတြအမ်ားစုရွိရာ စစ္ေဘးေရွာင္စခန္းမွာပဲ မဲ႐ုံေျပာင္းဖြင့္ေပးဖို႔ လ်ာထားတယ္။ ခုေလာေလာဆယ္လ်ာထားတာက လတ္တေလာ တိုက္ပြဲေရွာင္ျပည္သူေတြတြက္လ်ာထားတာ ရွိတယ္။ ဒီျပင္ကရွိတဲ့ လူေတြကေတာ့ ပုံမွန္တိုင္းပဲ လ်ာထားတယ္။ မဲေပးႏိုင္တာမွာ လုံၿခဳံမႈကေတာ့ အေျခအေနကို ေစာင့္ၾကည့္ရမွာဗ်။ ဒါကေတာ့ အတတ္ေျပာမရဘူး။"

ၿပီးခဲ့တဲ့ႏွစ္ကစလို႔ AA အဖြဲ႕နဲ႔ တပ္မေတာ္ၾကား တိုက္ပြဲေတြ ျဖစ္ပြားရာက တိမ္းေရွာင္ေနရသူ ၂၀၀,၀၀၀ ေက်ာ္ ရွိမယ္လို႔လည္း ရခိုင္ျပည္နယ္က အရပ္ဘက္ အဖြဲ႕အစည္းေတြက ခန႔္မွန္းထားပါတယ္။ ရခိုင္ျပည္နယ္ေ႐ြးေကာက္ပြဲ ေလ့လာေစာင့္ၾကည့္ေရးအဖြဲ႕က ဒါ႐ိုက္တာ ကိုခိုင္ေကာင္းစံကေတာ့ ကပ္ေဘးဒဏ္ႀကဳံေနရခ်ိန္မွာပဲ စစ္ေရးတင္းမာမႈေတြ ႀကီးထြားလာေနတဲ့ ရခိုင္ျပည္နယ္က ၿမိဳ႕နယ္တခ်ိဳ႕မွာ ေ႐ြးေကာက္ပြဲ လုပ္ငန္းေတြ လုပ္ကိုင္ႏိုင္မွာ မဟုတ္ဘဲ ထိခိုက္ႏိုင္တယ္လို႔ သုံးသပ္ပါတယ္။

"ဒီကာလမ်ိဳးမွာ အနည္းဆုံးၿမိဳ႕နယ္ ၅ ၿမိဳ႕နယ္အတြက္က မဲေပးဖို႔ အဆင္ေျပႏိုင္စရာ အေၾကာင္း မရွိဘူး။ ဘာေၾကာင့္လည္းဆိုေတာ့ ဒီလံုၿခံဳေရးအရရယ္၊ မဲဆႏၵရွင္ ျပည္သူလို႔ ေျပာရင္ေတာ့ ဒီ လက္ရွိမွာ ၾကံဳေနရတဲ့ စစ္ေဘးဒုကၡသည္ေတြေပါ့ေနာ္ .... ၂၅၀,၀၀၀ ေလာက္ရွိတဲ့ စစ္ေဘးဒုကၡသည္ေတြက ဘယ္လိုမွ သူတို႔ မဲေပးဖို႔ဆိုတာ မျဖစ္ႏိုင္တဲ့ အေျခအေနမ်ိဳးမွာ ျဖစ္ေနပါတယ္။"

စစ္ေရွာင္ဒုကၡသည္ေတြ မဲေပးခြင့္ဆုံးရႈံးမယ့္ အေျခအေနနဲ႔ ရင္ဆိုင္ေနရခ်ိန္မွာပဲ တခ်ိဳ႕မဲဆႏၵနယ္ေျမေတြမွာ လုံၿခဳံေရးအရ ေ႐ြးေကာက္ပြဲ က်င္းပႏိုင္မယ့္ အေျခအေနမရွိဘူးလို႔လည္း ရွမ္းျပည္ေျမာက္ပိုင္းခ႐ိုင္ ေ႐ြးေကာက္ပြဲေကာ္မရွင္ အတြင္းေရးမႈး ဦးႏွစ္ဆန္းဦးကေျပာပါတယ္။

"ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္ကို တင္ျပထားဆဲေပါ့။ ကုန္းၾကမ္းက ဟုန္အိုက္ဆိုတဲ့ ေက်းရြာ အုပ္စုတခုပါ၊ အထူးေဒသ ၂ ရဲ႕ ထိန္းခ်ဳပ္နယ္ေျမထဲမွာ ပါေနတဲ့ နမ့္ တစ္ ၿမိဳ႕နယ္တခုလုံး၊ ၀ အထူးေဒသ ၂ ေလးၿမိဳ႕နယ္ျဖစ္တဲ့ ေနာက္ပန္ဆန္း၊ ပန္ဝါ၊ မိုင္းေမာ၊ နားဖမ္း၊ တန္ယမ္း၊ မန္တုံၿမိဳ႕နယ္ေတြမွာ မဲစာရင္းမေကာက္ႏိုင္ခဲ့ဘူး။ ၿပီးေတာ့ မန္တုံထဲက ေဖာင္းကန္နဲ႔ ဆိပ္ေခါင္ဆိုတဲ့ ေက်း႐ြာအုပ္စု အဲေနရာေတြကို မဲစာရင္းလည္း မေကာက္ႏိုင္ေတာ့ က်ေနာ္တို႔က ေရြးေကာက္ပဲြက်င္းပရန္ အခက္အခဲ ရွိေသာေဒသမ်ားဆိုၿပီးေတာ့ အေပၚကိုေတာ့ တင္ျပလိုက္တယ္။ က်ေနာ္တို႔ ေက်ာ္မဲၿမိဳ႕ စစ္ေဘးေရွာင္ စခန္းေတြကိုလည္း ေရာက္လာတဲ့ မဲဆႏၵရွင္ေတြလည္း ရွိတာပဲ။ သက္ဆိုင္တဲ့ ေက်းရြာအုပ္ခ်ဳပ္ေရးေကာ္မရွင္ေတြနဲ႔ ဆက္သြယ္ၿပီးေတာ့ က်ေနာ္တို႔က အတတ္ႏိုင္ဆံုးေတာ့ မဲေပးခြင့္ ရရွိဖို႔အတြက္ တင္ျပ ေဆာင္႐ြက္သြားပါမယ္ခင္ဗ်။"

တိုင္းရင္းသားေဒသတခုျဖစ္တဲ့ ကရင္ျပည္နယ္မွာလည္း နယ္ေျမလုံၿခဳံေရးနဲ႔ ကပ္ေရာဂါအႏၲရာယ္ေၾကာင့္ လႈိင္းဘြဲ႕ၿမိဳ႕နယ္က ေက်း႐ြာအုပ္စု ၇ စုမွာ ေ႐ြးေကာက္ပြဲက်င္းပမယ့္ အစီအစဥ္ကို ပယ္ဖ်က္ဖို႔ တင္ျပထားေၾကာင္း ၿမိဳ႕နယ္ေ႐ြးေကာက္ပြဲေကာ္မရွင္ဥကၠ႒ ဦးေဇာ္ၫႊန႔္က ဗြီအိုေအကိုေျပာပါတယ္။ ၿပီးခဲ့တဲ့ ၂၀၁၅ ေ႐ြးေကာက္ပြဲမွာတုန္းကလည္း နယ္ေျမလုံၿခဳံေရး စိတ္မခ်ရတာေၾကာင့္ ဒီေဒသေတြမွာ ေ႐ြးေကာက္ပြဲမလုပ္ႏိုင္ခဲ့ပါဘူး။

၂၀၁၅ ခုႏွစ္ ေ႐ြးေကာက္ပြဲမွာ ကခ်င္၊ ကရင္၊ မြန္နဲ႔ ပဲခူးတိုင္းအတြင္းက ၿမိဳ႕ ၇ ၿမိဳ႕နဲ႔ ေက်း႐ြာအုပ္စု ၆၀၀ ေလာက္အျပင္ ရွမ္းျပည္နယ္ဘက္က ၿမိဳ႕နယ္ ၇ ခုနဲ႔ ဝ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ေဒသမွာ လုံၿခဳံေရးအေျခအေနေၾကာင့္ ေ႐ြးေကာက္ပြဲ က်င္းပမယ့္ အစီအစဥ္ေတြကို ဖ်က္ခဲ့ရဖူးပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကိုဗစ်နဲ့ စစ်ရေးကြောင့် တိုင်းရင်းဒေသတချို့ မဲပေးရေး အခက်ကြုံဖွယ်ရှိ

မြန်မာနိုင်ငံမှာ ရှေ့လထဲ ရွေးကောက်ပွဲတွေ ကျင်းပဖို့ ရှိနေချိန်မှာပဲ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုနဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ကြုံနေရတာကြောင့် တိုင်းရင်းသား ဒေသတွေက မဲပေးမယ့်လုပ်ငန်းတွေမှာ စိန်ခေါ်မှုတွေ ကြုံနေရတဲ့အခြေအနေကို ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မမေခက သတင်းပေးထားပါတယ်။

မြန်မာနိုင်ငံမှာ တကျော့ပြန် ကပ်ရောဂါကူးစက်မှုတွေ စတင်ခဲ့တဲ့ ရခိုင်ပြည်နယ်မှာ စစ်ရေးတင်းမာမှုတွေလည်း ကြီးထွားနေတာကြောင့် ရွေးကောက်ပွဲမှာ ထိခိုက်မှာကို စိုးရိမ်နေကြပါတယ်။ ရွေးကောက်ပွဲ ကျင်းပဖို့ တလတောင်မပြည့်တော့တဲ့ အချိန်မှာပဲ စစ်ရှောင်ဒုက္ခသည် သိန်းနဲ့ချီ ရှိနေတဲ့ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ထပ်မံဖြစ်ပွားနေတာကြောင့် နောက်ထပ် ထွက်ပြေးရသူတွေလည်း ရှိနေပါတယ်။ မကြာသေးခင် ရက်တွေအတွင်း တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ ဘူးသီးတောင်မြို့နယ်မှာ ဆိုရင်လည်း ရွေးကောက်ပွဲအတွက် မဲရုံ ၁၀၀ ကျော် စီစဉ်ထားပေမဲ့ နိုဝင်ဘာလ ၈ ရက်နေ့ မဲပေးတဲ့အချိန်မှာ မဲဆန္ဒရှင်တွေ အပြည့်အ၀ မဲပေးနိုင်ဖို့က မသေချာဘူးလို့လည်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အတွင်းရေးမှူး ဦးသန်းအေးကပြောပါတယ်။

"အကုန်လာပေးမလား ... မပေးလောက်ဘူး။ ဒီထဲမှာ စစ်ဘေးရှောင်ဖြစ်တာ၊ ကိုယ်အိမ်ပြန်ရောက်တာ တခြားနေရာတွေရောက်တာ ရှိတယ်။ ပြန်လာမဲပေးဖို့က နည်းနည်းဝေးသွားတာမျိုးတွေ ရှိရင် ရှိနိုင်တာပေါ့နော်။ မဲပေးတဲ့လူဦးရေလည်း လျော့လာနိုင်တယ်။ တိုက်ပွဲတွေကြောင့်စိတ်မဝင်စားတာ ဖြစ်နေတယ်။ နောက် COVID 19 ကာလလည်း ဖြစ်နေတော့ သူတို့က အပြင်မထွက်ရဲတာလည်းပါတယ်။"

ဒီသီတင်းပတ်ထဲမှာပဲ AA ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ တပ်မတော်ကြား တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့တဲ့ ရသေ့တောင်မြို့နယ်မှာလည်း ရွေးကောက်ပွဲအတွက် မဲရုံ ၂၀၀ လောက် ပြင်ဆင်ထားပေမဲ့ လုံခြုံရေးစိုးရိမ်မှုတွေ ရှိနေပါတယ်။ တိုက်ပွဲတွေကြောင့် တိမ်းရှောင်နေရသူတွေ မဲပေးနိုင်အောင် စီစဉ်ထားပေမဲ့ လုံခြုံရေး စိုးရိမ်မှုကြောင့် ရွေးကောက်ပွဲနေ့မှာ မဲပေးဖို့အတွက် စိန်ခေါ်မှုတွေ ရှိနေတယ်လို့လည်း ရသေ့တောင်မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အတွင်းရေးမှူး နိုင်မျိုးလင်းကပြောပါတယ်။

"မြို့ပေါ်မှာ စစ်ဘေးရှောင် စခန်းတွေမှာ လာနေတဲ့သူရှိတယ်။ ပရဟိတ ဘုန်းကြီးကျောင်းတွေမှာ နေတာရှိတယ်။ ရွာမှာ မဲပေးလို့မရသူတွေကို လူတွေအများစုရှိရာ စစ်ဘေးရှောင်စခန်းမှာပဲ မဲရုံပြောင်းဖွင့်ပေးဖို့ လျာထားတယ်။ ခုလောလောဆယ်လျာထားတာက လတ်တလော တိုက်ပွဲရှောင်ပြည်သူတွေတွက်လျာထားတာ ရှိတယ်။ ဒီပြင်ကရှိတဲ့ လူတွေကတော့ ပုံမှန်တိုင်းပဲ လျာထားတယ်။ မဲပေးနိုင်တာမှာ လုံခြုံမှုကတော့ အခြေအနေကို စောင့်ကြည့်ရမှာဗျ။ ဒါကတော့ အတတ်ပြောမရဘူး။"

ပြီးခဲ့တဲ့နှစ်ကစလို့ AA အဖွဲ့နဲ့ တပ်မတော်ကြား တိုက်ပွဲတွေ ဖြစ်ပွားရာက တိမ်းရှောင်နေရသူ ၂၀၀,၀၀၀ ကျော် ရှိမယ်လို့လည်း ရခိုင်ပြည်နယ်က အရပ်ဘက် အဖွဲ့အစည်းတွေက ခန့်မှန်းထားပါတယ်။ ရခိုင်ပြည်နယ်ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့က ဒါရိုက်တာ ကိုခိုင်ကောင်းစံကတော့ ကပ်ဘေးဒဏ်ကြုံနေရချိန်မှာပဲ စစ်ရေးတင်းမာမှုတွေ ကြီးထွားလာနေတဲ့ ရခိုင်ပြည်နယ်က မြို့နယ်တချို့မှာ ရွေးကောက်ပွဲ လုပ်ငန်းတွေ လုပ်ကိုင်နိုင်မှာ မဟုတ်ဘဲ ထိခိုက်နိုင်တယ်လို့ သုံးသပ်ပါတယ်။

"ဒီကာလမျိုးမှာ အနည်းဆုံးမြို့နယ် ၅ မြို့နယ်အတွက်က မဲပေးဖို့ အဆင်ပြေနိုင်စရာ အကြောင်း မရှိဘူး။ ဘာကြောင့်လည်းဆိုတော့ ဒီလုံခြုံရေးအရရယ်၊ မဲဆန္ဒရှင် ပြည်သူလို့ ပြောရင်တော့ ဒီ လက်ရှိမှာ ကြုံနေရတဲ့ စစ်ဘေးဒုက္ခသည်တွေပေါ့နော် .... ၂၅၀,၀၀၀ လောက်ရှိတဲ့ စစ်ဘေးဒုက္ခသည်တွေက ဘယ်လိုမှ သူတို့ မဲပေးဖို့ဆိုတာ မဖြစ်နိုင်တဲ့ အခြေအနေမျိုးမှာ ဖြစ်နေပါတယ်။"

စစ်ရှောင်ဒုက္ခသည်တွေ မဲပေးခွင့်ဆုံးရှုံးမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရချိန်မှာပဲ တချို့မဲဆန္ဒနယ်မြေတွေမှာ လုံခြုံရေးအရ ရွေးကောက်ပွဲ ကျင်းပနိုင်မယ့် အခြေအနေမရှိဘူးလို့လည်း ရှမ်းပြည်မြောက်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှုး ဦးနှစ်ဆန်းဦးကပြောပါတယ်။

"ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို တင်ပြထားဆဲပေါ့။ ကုန်းကြမ်းက ဟုန်အိုက်ဆိုတဲ့ ကျေးရွာ အုပ်စုတခုပါ၊ အထူးဒေသ ၂ ရဲ့ ထိန်းချုပ်နယ်မြေထဲမှာ ပါနေတဲ့ နမ့် တစ် မြို့နယ်တခုလုံး၊ ၀ အထူးဒေသ ၂ လေးမြို့နယ်ဖြစ်တဲ့ နောက်ပန်ဆန်း၊ ပန်ဝါ၊ မိုင်းမော၊ နားဖမ်း၊ တန်ယမ်း၊ မန်တုံမြို့နယ်တွေမှာ မဲစာရင်းမကောက်နိုင်ခဲ့ဘူး။ ပြီးတော့ မန်တုံထဲက ဖောင်းကန်နဲ့ ဆိပ်ခေါင်ဆိုတဲ့ ကျေးရွာအုပ်စု အဲနေရာတွေကို မဲစာရင်းလည်း မကောက်နိုင်တော့ ကျနော်တို့က ရွေးကောက်ပွဲကျင်းပရန် အခက်အခဲ ရှိသောဒေသများဆိုပြီးတော့ အပေါ်ကိုတော့ တင်ပြလိုက်တယ်။ ကျနော်တို့ ကျော်မဲမြို့ စစ်ဘေးရှောင် စခန်းတွေကိုလည်း ရောက်လာတဲ့ မဲဆန္ဒရှင်တွေလည်း ရှိတာပဲ။ သက်ဆိုင်တဲ့ ကျေးရွာအုပ်ချုပ်ရေးကော်မရှင်တွေနဲ့ ဆက်သွယ်ပြီးတော့ ကျနော်တို့က အတတ်နိုင်ဆုံးတော့ မဲပေးခွင့် ရရှိဖို့အတွက် တင်ပြ ဆောင်ရွက်သွားပါမယ်ခင်ဗျ။"

တိုင်းရင်းသားဒေသတခုဖြစ်တဲ့ ကရင်ပြည်နယ်မှာလည်း နယ်မြေလုံခြုံရေးနဲ့ ကပ်ရောဂါအန္တရာယ်ကြောင့် လှိုင်းဘွဲ့မြို့နယ်က ကျေးရွာအုပ်စု ၇ စုမှာ ရွေးကောက်ပွဲကျင်းပမယ့် အစီအစဉ်ကို ပယ်ဖျက်ဖို့ တင်ပြထားကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးဇော်ညွှန့်က ဗွီအိုအေကိုပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာတုန်းကလည်း နယ်မြေလုံခြုံရေး စိတ်မချရတာကြောင့် ဒီဒေသတွေမှာ ရွေးကောက်ပွဲမလုပ်နိုင်ခဲ့ပါဘူး။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ကချင်၊ ကရင်၊ မွန်နဲ့ ပဲခူးတိုင်းအတွင်းက မြို့ ၇ မြို့နဲ့ ကျေးရွာအုပ်စု ၆၀၀ လောက်အပြင် ရှမ်းပြည်နယ်ဘက်က မြို့နယ် ၇ ခုနဲ့ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသမှာ လုံခြုံရေးအခြေအနေကြောင့် ရွေးကောက်ပွဲ ကျင်းပမယ့် အစီအစဉ်တွေကို ဖျက်ခဲ့ရဖူးပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG