သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္ ရေသ့ေတာင္စစ္ဆင္ေရး အရပ္သားတဦးေသဆံုး


ရခိုင္စစ္ေဘးေရွာင္ ဒုကၡသည္မ်ား။ (ဓာတ္ပံု - Khine Murn Chun (Citizen Journalist))

[Zawgyi/Unicode]

ရခိုင္ျပည္နယ္မွာ တပ္မေတာ္နဲ႔ AA ရခုိင္လက္နက္ကုိင္အဖဲြ႔ၾကား တုိက္ပဲြေတြ ဆက္လက္ျပင္းထန္ေနတာနဲ႔အမွ် ေဒသခံေတြ ထိခုိက္ေသေၾကမႈေတြ ႀကံဳေနရတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုႏိုင္ကြန္းအိန္က ေျပာျပပါမယ္။

ျမန္မာစစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔တို႔ မၾကာေသးခင္ရက္ေတြကစ တိုက္ပြဲျပင္းထန္ေနတဲ့ ရေသ့ေတာင္ျမိဳ႕နယ္အတြင္း တုိက္ခုိက္မႈေတြေၾကာင့္ ေဒသခံ အရပ္သားတဦး ထပ္မံေသဆုံးခဲ့တာပါ။ ဒီကေန႔ မနက္ပိုင္းက လက္နက္ၾကီး ပစ္ခတ္မႈေၾကာင့္ ရြာသစ္ေကေက်းရြာက ေက်ာင္းဆရာတဦး ဒဏ္ရာအျပင္းအထန္ ရရွိၿပီးေသဆုံးသြားခဲ့ေၾကာင္း ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး ဦးတင္ေမာင္ဆန္းကေျပာပါတယ္။

“ဘုန္းၾကီးေက်ာင္းေနာက္က ေပါက္ကြဲသံတခုၾကားေတာ့ လယ္ကြင္းထဲမွာကြဲသြားျပီးေတာ့ လူကိုသြားထိတာ။ ႏြားေက်ာင္းသြားတဲ့ေက်ာင္းဆရာ မ်က္ႏွာေပၚမွာ က်သြားတာေလ။ ေက်ာင္းဆရာက ေသသြားျပီ။ ဘယ္ဘက္က ပစ္တာလို႔ေတာ့ က်ေနာ္လည္း မသိဘူးေလ။ တိုက္ပြဲကမျဖစ္ဘူး။”

လက္နက္ၾကီးက်ည္ထိမွန္ရာက ရရွိခဲ့တဲ့ ဒဏ္ရာေတြနဲ႔ အသက္ ၁၉ ႏွစ္အရြယ္ ေက်ာင္းဆရာ မိ်ဳးဆက္ႏိုင္ဦး မြန္းလြဲပိုင္းမွာ ေသဆုံးသြားခဲ့တာပါ။

AA ရခိုင္လက္နက္ကိုင္အဖြဲ႔ အေျချပဳေနတဲ့ ရေသ့ေတာင္ျမိဳ႕နယ္ ေအာင္သာစည္ကုန္းကို ျမန္မာစစ္တပ္ကေန ေအာက္တိုဘာ ၁၃ ရက္ေန႔က ၾကည္း၊ ေရ၊ ေလ ပူးေပါင္းအင္အားနဲ႔ ထိုးစစ္ဆင္ခဲ့ျပီး မထိန္းခ်ဳပ္နိုင္ေသးတဲ့ အေျခအေနေၾကာင့္ ေန႔စဥ္နဲ႔အမွ် လက္နက္ၾကီးေတြနဲ႔ ပစ္ခတ္မွႈေတြ ရွိေနေသးတယ္လုိ႔လည္း ေဒသခံေတြက ေျပာပါတယ္။

တနဂၤေႏြေန႔မွာ မင္းျပားျမိဳ႕နယ္အတြင္း ျမန္မာစစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔တို႔ ျဖစ္ပြါးတဲ့တိုက္ပြဲအတြင္း ေဒသခံရြာသားေတြ တိမ္းေရွာင္ေနၾကရပါတယ္။

မင္းျပားျမိဳ႕နယ္ ေတာင္ပုတ္ေကနဲ႕ေမလြမ္းရြာအနီး ျဖစ္ပြါးတဲ့တိုက္ပြဲအတြင္း ရြာအနီးက်ည္က်ေရာက္ျပီး ေမလြမ္း ရြာသားေတြလည္း ရြာကေနတိမ္းေရွာင္ေနရတယ္လို႔ မင္းျပားျမိဳ႕နယ္ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးလွသိန္းေအာင္ကေျပာပါတယ္။

“မေန႔က ေန႔လယ္ပိုင္းေလာက္မွာ အဲဒီေမလြမ္းရြာအနားမွာ ေတာင္ပုတ္က ရြာရွိတယ္။ အဲဒီရြာအနားမွာျဖစ္တယ္။ သူတို႔ ပစ္ေနၾကတယ္ ေမလြမ္းရြာကိုေတာ့ က်ည္ေတြ လက္နက္ငယ္က်ည္ေတြက်တာ ရွိတယ္။ ရြာသားေတြလည္း မေန႔က ေျပးရတယ္ရွိတယ္။ သူတို႕ကအနီးနားဆိုလို႔ ျမစ္တဘက္ကမ္းက က်ိန္ေခ်ာင္း အဲဒီရြာဘက္ကို မေန႔ညက ထြက္ေျပးတိမ္းေရွာင္ရတာရွိတယ္။”

ေမလြမ္းရြာဘက္မွာ ဒီလဆန္းပိုင္းကစျပီး ႏွစ္ဘက္တိုက္ပြဲေတြ မၾကာခဏ ျဖစ္ပြါးေနတယ္လို႔ ေဒသခံေတြက ဆိုပါတယ္။

မင္းျပားျမိဳ႕နယ္နဲ႔ ရေသ့ေတာင္ျမိဳ႕နယ္ဘက္ ပစ္ခတ္တိုက္ခိုက္မႈ အေျခအေနကို သိရွိဖို႕ တပ္မေတာ္ေျပာေရးဆိုခြင့္္ ရွိသူနဲ႔ AA ေျပာခြင့္ရကို ဆက္သြယိခဲ့ေပမဲ့ မရခဲ့ပါဘူး။

အလားတူ အရင္က စစ္ေရးတင္းမာေနတဲ့ ေျမာက္ဦးၿမိဳ႕နယ္ဘက္မွာလည္း ဗုံးေပါက္ကြဲမႈေၾကာင့္ ေဒသခံေတြထိခိုက္မႈေတြ ရွိေနတာပါ။

ေက်ာက္ေတာ္ၿမိဳ႕နယ္၊ ဆင္အိုးခ်ိဳင္ေက်းရြာသား ဦးသိန္းဟန္ ၂၉ နဲ႔ ဇနီးျဖစ္သူ ေဒၚမိျဖဴ ၂၉ ႏွစ္တို႕ ေျမာက္ဦးၿမိဳ႕နယ္၊ ထိပ္ဝျပင္ေက်းရြာကေန ျပန္လာစဥ္ လင္ေႁမြေတာင္အနီး၊ စစ္ေတြ-ရန္ကုန္ကားလမ္းေဘးမွာ ေျမျမွဳပ္မိုင္းတစ္လုံးေပါက္ကြဲလို႔ ႏွစ္ဦးစလုံး ထိခိုက္ဒဏ္ရာ ရရွိခဲ့တယ္လို႔ ကာယကံရွင္ ဦးသိန္းဟန္ကေျပာပါတယ္။

“က်ေနာ္တို႔ ဆိုင္ကယ္နဲ႔ လာတာပါ။ မိုင္းထိတာလင္းေျမြေတာင္မွာပါ။"

လင္မယားႏွစ္ေယာက္လုံး ဒဏ္ရာျပင္းထန္မႈ မရွိလို႔ အိမ္မွာပဲ ေဆး၀ါးကုသေနတယ္လို႔ သူက ဆိုပါတယ္။

မိုင္းေပါက္ကြဲရာ လင္းေျမြေတာင္ဘက္မွာ ျမန္မာစစ္တပ္နဲ႔ AA ရခိုင္လက္နက္ကိုင္အဖြဲ႕တို႔ မၾကာခဏတိုက္ပြဲျဖစ္ပြါးရာ ေနရာျဖစ္ျပီး ဘယ္အဖြဲ႕ေထာင္ထားတဲ့ မိုင္းဆိုတာ မသိရွိဘူးလို႔ သူကဆိုပါတယ္။

ရခိုင္ျပည္နယ္အတြင္း ႏွစ္ႏွစ္နီးပါးစစ္ေရး တင္းမာမႈအတြင္း ေဒသခံေတြ ထိခိုက္ေသဆုံးမႈေတြမ်ားလာေနသလို အရပ္သား ၂၂၀,၀၀၀ ေက်ာ္ စစ္ေဘးတိမ္းေရွာင္ေနရတယ္လို႔ ရခိုင္လူမႈအဖြဲ႔အစည္းေတြက စာရင္းထုတ္ျပန္ထားပါတယ္။

ရခိုင္ျပည္နယ္အတြင္း တပ္မေတာ္နဲ႔ AA ရခိုင္လက္နက္ကိုင္အဖြဲ႕ၾကား ပဋိပကၡေတြ အရွိန္ျမင့္တက္လာတာနဲ႔အမွ် အရပ္သားေတြအေပၚ မဆင္မျခင္တိုက္ခိုက္ေနတာေတြ၊ ႐ြာေတြ မီးရႈိ႕ဖ်က္စီးေနတာေတြ ရွိေနတယ္လုိ႔ စြပ္စဲြထားတဲ့ အေထာက္အထားေတြနဲ႔အတူ အစီရင္ခံစာသစ္ တခုကိုလည္း AI ေခၚ ႏိုင္ငံတကာ လူ႔အခြင့္ေရးလႈပ္ရွားမႈ အဖြဲ႔က ေအာက္တိုဘာလ ၁၂ ရက္ေန႔မွာ ထုတ္ျပန္ခဲ့ပါတယ္။

ကုလသမဂၢ လူ႔အခြင့္အေရးဆိုင္ရာ မဟာမင္းၾကီး Michelle Bachelet ကလည္း လက္နက္ကုိင္ ပဋိပကၡေတြၾကား အရပ္သား ထိခိုက္ေသဆုံးမႈ ေတြဟာ စစ္ရာဇ၀တ္မႈ ေျမာက္ႏုိင္ေၾကာင္း ၿပီးခဲ့တဲ့လထဲမွာပဲ ကုလသမဂၢ လူ႔အခြင့္အေရး ေကာင္စီမွာ သတိေပးထားပါတယ္။

ရခိုင် ရသေ့တောင်စစ်ဆင်ရေး အရပ်သားတဦးသေဆုံး
please wait

No media source currently available

0:00 0:03:41 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရခိုင် ရသေ့တောင်စစ်ဆင်ရေး အရပ်သားတဦးသေဆုံး

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့ကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတာနဲ့အမျှ ဒေသခံတွေ ထိခိုက်သေကြေမှုတွေ ကြုံနေရတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုနိုင်ကွန်းအိန်က ပြောပြပါမယ်။

မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ မကြာသေးခင်ရက်တွေကစ တိုက်ပွဲပြင်းထန်နေတဲ့ ရသေ့တောင်မြို့နယ်အတွင်း တိုက်ခိုက်မှုတွေကြောင့် ဒေသခံ အရပ်သားတဦး ထပ်မံသေဆုံးခဲ့တာပါ။ ဒီကနေ့ မနက်ပိုင်းက လက်နက်ကြီး ပစ်ခတ်မှုကြောင့် ရွာသစ်ကေကျေးရွာက ကျောင်းဆရာတဦး ဒဏ်ရာအပြင်းအထန် ရရှိပြီးသေဆုံးသွားခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်မောင်ဆန်းကပြောပါတယ်။

“ဘုန်းကြီးကျောင်းနောက်က ပေါက်ကွဲသံတခုကြားတော့ လယ်ကွင်းထဲမှာကွဲသွားပြီးတော့ လူကိုသွားထိတာ။ နွားကျောင်းသွားတဲ့ကျောင်းဆရာ မျက်နှာပေါ်မှာ ကျသွားတာလေ။ ကျောင်းဆရာက သေသွားပြီ။ ဘယ်ဘက်က ပစ်တာလို့တော့ ကျနော်လည်း မသိဘူးလေ။ တိုက်ပွဲကမဖြစ်ဘူး။”

လက်နက်ကြီးကျည်ထိမှန်ရာက ရရှိခဲ့တဲ့ ဒဏ်ရာတွေနဲ့ အသက် ၁၉ နှစ်အရွယ် ကျောင်းဆရာ မျိုးဆက်နိုင်ဦး မွန်းလွဲပိုင်းမှာ သေဆုံးသွားခဲ့တာပါ။

AA ရခိုင်လက်နက်ကိုင်အဖွဲ့ အခြေပြုနေတဲ့ ရသေ့တောင်မြို့နယ် အောင်သာစည်ကုန်းကို မြန်မာစစ်တပ်ကနေ အောက်တိုဘာ ၁၃ ရက်နေ့က ကြည်း၊ ရေ၊ လေ ပူးပေါင်းအင်အားနဲ့ ထိုးစစ်ဆင်ခဲ့ပြီး မထိန်းချုပ်နိုင်သေးတဲ့ အခြေအနေကြောင့် နေ့စဉ်နဲ့အမျှ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှှုတွေ ရှိနေသေးတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

တနင်္ဂနွေနေ့မှာ မင်းပြားမြို့နယ်အတွင်း မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ ဖြစ်ပွါးတဲ့တိုက်ပွဲအတွင်း ဒေသခံရွာသားတွေ တိမ်းရှောင်နေကြရပါတယ်။

မင်းပြားမြို့နယ် တောင်ပုတ်ကေနဲ့မေလွမ်းရွာအနီး ဖြစ်ပွါးတဲ့တိုက်ပွဲအတွင်း ရွာအနီးကျည်ကျရောက်ပြီး မေလွမ်း ရွာသားတွေလည်း ရွာကနေတိမ်းရှောင်နေရတယ်လို့ မင်းပြားမြို့နယ်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလှသိန်းအောင်ကပြောပါတယ်။

“မနေ့က နေ့လယ်ပိုင်းလောက်မှာ အဲဒီမေလွမ်းရွာအနားမှာ တောင်ပုတ်က ရွာရှိတယ်။ အဲဒီရွာအနားမှာဖြစ်တယ်။ သူတို့ ပစ်နေကြတယ် မေလွမ်းရွာကိုတော့ ကျည်တွေ လက်နက်ငယ်ကျည်တွေကျတာ ရှိတယ်။ ရွာသားတွေလည်း မနေ့က ပြေးရတယ်ရှိတယ်။ သူတို့ကအနီးနားဆိုလို့ မြစ်တဘက်ကမ်းက ကျိန်ချောင်း အဲဒီရွာဘက်ကို မနေ့ညက ထွက်ပြေးတိမ်းရှောင်ရတာရှိတယ်။”

မေလွမ်းရွာဘက်မှာ ဒီလဆန်းပိုင်းကစပြီး နှစ်ဘက်တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွါးနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မင်းပြားမြို့နယ်နဲ့ ရသေ့တောင်မြို့နယ်ဘက် ပစ်ခတ်တိုက်ခိုက်မှု အခြေအနေကို သိရှိဖို့ တပ်မတော်ပြောရေးဆိုခွင့် ရှိသူနဲ့ AA ပြောခွင့်ရကို ဆက်သွယိခဲ့ပေမဲ့ မရခဲ့ပါဘူး။

အလားတူ အရင်က စစ်ရေးတင်းမာနေတဲ့ မြောက်ဦးမြို့နယ်ဘက်မှာလည်း ဗုံးပေါက်ကွဲမှုကြောင့် ဒေသခံတွေထိခိုက်မှုတွေ ရှိနေတာပါ။

ကျောက်တော်မြို့နယ်၊ ဆင်အိုးချိုင်ကျေးရွာသား ဦးသိန်းဟန် ၂၉ နဲ့ ဇနီးဖြစ်သူ ဒေါ်မိဖြူ ၂၉ နှစ်တို့ မြောက်ဦးမြို့နယ်၊ ထိပ်ဝပြင်ကျေးရွာကနေ ပြန်လာစဉ် လင်မြွေတောင်အနီး၊ စစ်တွေ-ရန်ကုန်ကားလမ်းဘေးမှာ မြေမြှုပ်မိုင်းတစ်လုံးပေါက်ကွဲလို့ နှစ်ဦးစလုံး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကာယကံရှင် ဦးသိန်းဟန်ကပြောပါတယ်။

“ကျနော်တို့ ဆိုင်ကယ်နဲ့ လာတာပါ။ မိုင်းထိတာလင်းမြွေတောင်မှာပါ။"

လင်မယားနှစ်ယောက်လုံး ဒဏ်ရာပြင်းထန်မှု မရှိလို့ အိမ်မှာပဲ ဆေးဝါးကုသနေတယ်လို့ သူက ဆိုပါတယ်။

မိုင်းပေါက်ကွဲရာ လင်းမြွေတောင်ဘက်မှာ မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တို့ မကြာခဏတိုက်ပွဲဖြစ်ပွါးရာ နေရာဖြစ်ပြီး ဘယ်အဖွဲ့ထောင်ထားတဲ့ မိုင်းဆိုတာ မသိရှိဘူးလို့ သူကဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်း နှစ်နှစ်နီးပါးစစ်ရေး တင်းမာမှုအတွင်း ဒေသခံတွေ ထိခိုက်သေဆုံးမှုတွေများလာနေသလို အရပ်သား ၂၂၀,၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ရခိုင်လူမှုအဖွဲ့အစည်းတွေက စာရင်းထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့ကြား ပဋိပက္ခတွေ အရှိန်မြင့်တက်လာတာနဲ့အမျှ အရပ်သားတွေအပေါ် မဆင်မခြင်တိုက်ခိုက်နေတာတွေ၊ ရွာတွေ မီးရှို့ဖျက်စီးနေတာတွေ ရှိနေတယ်လို့ စွပ်စွဲထားတဲ့ အထောက်အထားတွေနဲ့အတူ အစီရင်ခံစာသစ် တခုကိုလည်း AI ခေါ် နိုင်ငံတကာ လူ့အခွင့်ရေးလှုပ်ရှားမှု အဖွဲ့က အောက်တိုဘာလ ၁၂ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet ကလည်း လက်နက်ကိုင် ပဋိပက္ခတွေကြား အရပ်သား ထိခိုက်သေဆုံးမှု တွေဟာ စစ်ရာဇဝတ်မှု မြောက်နိုင်ကြောင်း ပြီးခဲ့တဲ့လထဲမှာပဲ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ သတိပေးထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG