သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပဋိပက္ခ ကလေးတွေကို လူဒိုင်းသဖွယ်ဆိုပြီး အသုံးပြုအသတ်ခံနေရ (ကုလသမဂ္ဂ)


ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင် တနေရာ
(file photo)
ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင် တနေရာ (file photo)

(Zawgyi/Unicode)

AA ရခိုင်လက်နက်ကိုင်အဖွဲ့ကို နှိမ်နင်းတဲ့ စစ်ဆင်ရေးအတွင်း မြန်မာစစ်တပ်က ကလေးတွေကိုပါ လူဒိုင်းသဖွယ်ဆိုပြီး စစ်မြေပြင်ကြား ကလေးငယ်နှစ်ဦး လက်နက်ထိမှန်သေဆုံးခဲ့ရတဲ့ဖြစ်ရပ်အပေါ် ဝမ်းနည်း တုန်လှုပ်မိကြောင်း ကုလသမဂ္ဂက ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်ပါတယ်။

အခုလို ကလေးငယ်တွေသေဆုံးမှုမှာ တာဝန်ရှိသူတွေကို အမြန်ဆုံး စုံစမ်းစစ်ဆေးအရေးယူဖို့ ကုလသမဂ္ဂက မြန်မာအစိုးရကို တောင်းဆိုထားပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံကိုတင်ပြမှာပါ။

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်အတွင်း အောက်တိုဘာလ ၅ ရက်နေ့ကမြန်မာစစ်တပ်နဲ့ AA လက်နက်ကိုင်တပ်ဖွဲ့တို့ နှစ်ဘက်အပြန်အလှန်ပစ်ခတ်မှုတွေကြား ယောက်ျားလေးနှစ်ဦး လက်နက်ထိမှန် သေဆုံးခဲ့တဲ့ဖြစ်ရပ်ကို နယူးရောက် ကုလသမဂ္ဂဌာနချုပ်မှာ ဗုဒ္ဓဟူးနေ့က ပြုလုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ပြောခွင့်ရ Stephane Dujarric က အခုလိုပြောသွားပါတယ်။

”တိုက်ပွဲကြားသေနတ်ထိမှန်ခဲ့တဲ့ ကလေးနှစ်ယောက် ဟာ ဒဏ်ရာနဲ့သေဆုံးခဲ့ပါတယ်။ ဒီလိုဖြစ်ရပ်မျိုး ကုလသမဂ္ဂအနေနဲ့ နေ့စဉ်လို ထုတ်ပြန်ပြောဆိုနေရတာ တကယ်ကို ဝမ်းနည်းတုန်လှုပ်ဖို့ ကောင်းပါတယ်။ ရခိုင်ပြည်နယ်မှာရှိနေတဲ့ ကုလသမဂ္ဂအေဂျင်စီတွေနဲ့ NGO အဖွဲ့တွေ စုပေါင်း ထုတ်ပြန်တဲ့ကြေညာချက်မှာ- ဒီလိုကလေးငယ်တွေ သတ်ဖြတ်ခံရမှုအတွက် တာဝန်ရှိသူမည်သူမဆို တာဝန်ခံဖို့နဲ့ ပွင့်လင်းမြင်သာမှုရှိရှိ အပြည့်အ၀ အမြန်ဆုံး စုံစမ်းစစ်ဆေးဖို့လည်း တောင်းဆိုထားပါတယ်။”

နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားတဲ့နေ့ကမြန်မာစစ်တပ်ရဲ တပ်စိတ် တစိတ်ဟာ သူတို့ တပ်ရင်းစခန်းကို ပြန်လာချိန် လမ်းမှာ မြေမြှုပ်မိုင်းတွေ ရှိမရှိ သေချာစေရေး သူတို့ အန္တရာယ်ကို ကာကွယ်တဲ့အနေနဲ့ သေဆုံးခဲ့တဲ့ ယောကျ်ားလေးနှစ်ဦးအပါအဝင် ဒေသခံလယ်သမား (၁၅) ဦးလောက်ပါဝင်တဲ့ အုပ်စုကို သူတို့တပ်စိတ်ရှေ့ကနေအတင်းအကြပ် လမ်းလျှောက်ခိုင်းတာမျိုး လုပ်ခဲ့တယ်လို့ ကုလသမဂ္ဂအေဂျင်စီတွေရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားကြောင်းStephane Dujarric က သတင်းထောက်တွေကိုပြောပြခဲ့ပါတယ်။

အခုလို ဒေသခံတိုင်းရင်းသားတွေကို မြန်မာစစ်တပ်က လူဒိုင်းသဖွယ် အသုံးပြုနေတာဟာ လက်ရှိ ရခိုင်ပြည်နယ်မှာတင်မဟုတ်ပဲ အရင်ပြည်တွင်းစစ်တွေဖြစ်ခဲ့တဲ့ ကရင်၊ ရှမ်း၊ ကချင်ပြည်နယ်တွေမှာလည်း ဒီနည်းဗျူဟာကိုပဲ ကျင့်သုံးခဲ့တယ်လို့ ဗြိတိန်အခြေစိုက် Burma Human Rights Network ရဲ့ အမှုဆောင်ညွန်ကြားရေးမှူး ကိုကျော်ဝင်း က ဗွီအိုအေကိုပြောပါတယ်။

“ဒါက တော်တော်လေးကို သူတို့ ရည်ရွယ်ချက်ရှိရှိလုပ်တဲ့အလုပ်တခုဖြစ်တယ်။ ဒေသခံတွေကို စိတ်ထဲမှာ ကြောက်စိတ်ဖြစ်လာအောင် ၊ မြန်မာစစ်တပ်အပေါ်မှာ သူတို့တွေ ပိုပြီးတော့ ကြောက်လာအောင် စိတ်ဓါတ်စစ်ဆင်ရေးပုံစံလည်း လုပ်တာဖြစ်တယ်။ ဒါပေမယ့် ဘယ်လိုရည်ရွယ်ချက်နဲ့ပဲ လုပ်လုပ် ဒါ တော်တော်ကို လူမဆန်တဲ့ လုပ်ရပ်လို့ ကျနော်ပြောချင်ပါတယ်။

မေး။ ။ နှစ်ဖက်တိုက်ပွဲတွေဖြစ်နေတာဆိုတော့ ချိုးဖောက်မှုတွေကို မြန်မာစစ်တပ်က ကျူးလွန်တာလား၊ AA ရခိုင်လက်နက်ကိုင်အဖွဲ့က ကျူးလွန်တာလား ဆိုတဲ့ မေးခွန်းအပေါ်မှာရော ကိုကျော်ဝင်း ဘယ်လိုမြင်ပါသလဲ။

ဖြေ။။ကျနော်တို့ သိရသလောက် အရပ်သားတွေ ကျေးရွာသားတွေကို မေးကြည့်တဲ့အခါမှာ သိရသလောက်က မြန်မာစစ်တပ်ကနေ လုပ်တာပေါ့နော်။ နောက် ကျနော်တို့ အတွေ့အကြုံတခုအရလည်း ကျနော်တို့ ပြောလို့ရတယ် AA က ဒါမျိုးလုပ်တဲ့ဟာမျိုးတော်ရုံတန်ရုံကျနော်တို့ ဘယ်တော့မှ မသိခဲ့ဘူး ။ မြန်မာပြည်မှာရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ ပြောရမယ်ဆိုရင် ဒီ လက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်လာကတည်းကိုက သူတို့ ဒေသခံတွေ သူတို့လူမျိုးတွေကို ကာကွယ်ဖို့ ဒီမြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကနေ ကာကွယ်ဖို့ဆိုပြီးတော့ သူတို့ ဖြစ်လာကြတာ။ ဒီ စစ်တပ်တွေ AA တို့ KIA တို့ သူတို့ လက်နက်ကိုင်လာတယ် ဆိုတာကိုက သူတို့ လူမျိုးတွေကို သူတို့ ကာကွယ်ဖို့အတွက် ဖြစ်လာကြတာ။ ဒီလိုမျိုး လူမဆန်တဲ့ လုပ်ရပ်တွေက မြန်မာစစ်တပ်ပဲ လုပ်တာ ။ သူတို့တွေက ရခိုင်ဒေသမှာသွားပြီး ရခိုင် လူမျိုးတွေ ရှိတဲ့နေရာကိုသွားပြီး ကျူးကျော်နေတာ ။ ဒီလိုလုပ်ရပ်မျိုးဆိုတာက မြန်မာစစ်တပ်ပဲ လုပ်ကောင်းလုပ်နိုင်တယ် ။ ရခိုင်က ရှင်းရှင်းပြောရင် AA က သူတို့လူမျိုးကို ကာကွယ်နေတဲ့ အနေအထားမှာဖြစ်တယ်။ ကျနေ်ာတို့ သုံးသပ်တာကတော နယ်မြေခံ ဒေသခံတွေဆီက ရတဲ့ သတင်းအချက်အလက်တွေအရ သုံးသပ်ကြည့်ရင်မြန်မာစစ်တပ်ရဲ့လုပ်ရပ်တွေလို့ တော်တော်လေးထင်ရှားပါတယ်။ ဒါကျနော်တို့ နောက်ထပ်လည်း သက်သေအထောက်အထားတွေ ရသလောက် လိုက်နေပါသေးတယ်။”

ဒါအပြင် အခုလို မြန်မာစစ်တပ်ရဲ့ ကျူးလွန်မှုတွေကို ရှုံချ ကန့်ကွက်နေတာထက်ကုလသမဂ္ဂအနေနဲ့ ပြင်းထန် ထိရောက်တဲ့ အရေးယူမှုတွေ လုပ်ဆောင်သင့်ကြောင်း ကိုကျော်ဝင်းက ဆိုပါတယ်။

အောက်တိုဘာလ (၁၄)ရက်နေ့ ထုတ်ပြန်တဲ့ ကုလသမဂ္ဂရဲ့ ကြေညာချက်မှာ ဒီဖြစ်ရပ်ဟာ မြန်မာစစ်တပ်ကို ကလေးစစ်သား စုဆောင်းအသုံးပြုတဲ့ လက်နက်ကိုင်စာရင်းကနေ ဒီနှစ် ဇွန်လမှာကုလသမဂ္ဂက ပယ်ဖျက်လိုက်ပြီးနောက်ဖြစ်ပေါ်ခဲ့တာလို့လည်း ဖေါ်ပြထားပါတယ်။

ရခိုင် ပဋိပက္ခမှာ ကလေးငယ်တွေ သတ်ဖြတ်ခံရတာ၊ ဒဏ်ရာရတာ စတဲ့ အရေအတွက် တိုးမြင့်လာနေကြောင်းနဲ့ ဒီလိုအခြေအနေပေါ်မှာ စိုးရိမ်မကင်းဖြစ်မိကြောင်း ကုလသမဂ္ဂက ပြောပါတယ်။ ဒါအပြင် ၂၀၂၀ ခုနှစ် ပထမသုံးလအတွင်း သေဆုံးခဲ့တာ ဒါမှမဟုတ် သေလောက်အောင် ဒဏ်ရာရခဲ့တာ စတဲ့ ကလေးငယ်ပေါင်း ၁၀၀ ကျော်အထက်မှာ ရှိနေပြီး ဒါဟာ ၂၀၁၉ ခုနှစ်က သေဆုံးခဲ့တဲ့ ကလေးငယ်အရေအတွက် ထက်ဝက်ကျော်ရှိနေကြောင်း ဗုဒ္ဓဟူးနေ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်


.........

ရခိုငျပဋိပက်ခ ကလေးတှကေို လူဒိုငျးသဖှယျဆိုပွီး အသုံးပွုအသတျခံနရေ (ကုလသမဂ်ဂ)

(Unicode)














XS
SM
MD
LG