သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တ႐ုတ္ေရြႊလီမွာ ျမန္မာႏိုင္ငံသားေတြ စုေဝးမႈ ကန္႔သတ္တားျမစ္


တရုတ္ျမန္မာနယ္စပ္ရွိ တရုတ္ႏိုင္ငံ ေရႊလီၿမိဳ႕မွာ ေတြ႔ရတဲ့ စစ္ေဆးေရးဂိတ္ ျမင္ကြင္း။ (ေမ ၂၅၊ ၂၀၁၂)

[Zawgyi/Unicode]

တ႐ုတ္ႏုိင္ငံ ယူနန္ျပည္နယ္ ေ႐ႊလီၿမိဳ႕မွာ ျမန္မာႏုိင္ငံသားေတြ လူစုလူေ၀း မလုပ္ဖုိ႔နဲ႔ ႏုိင္ငံေရးနဲ႔ ဆက္ႏြယ္တဲ့ လႈပ္ရွားမႈေတြ မလုပ္ဖုိ႔ ၿမိဳ႕အာဏာပုိင္ေတြ တင္းတင္းၾကပ္ၾကပ္ ကုိင္တြယ္ေနတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္ေထာက္ ကိုေဇာ္ထက္က ေျပာျပေပးပါမယ္။

ျမန္မာႏုိင္ငံနဲ႔နယ္စပ္ တ႐ုတ္ႏုိင္ငံ ေရႊလီၿမိဳ႕မွာ ဒီလဆန္းပုိင္းတုန္းက ျမန္မာႏုိင္ငံသားေတြ လူစုလူေ၀းနဲ႔ ႏုိင္ငံေရး စည္း႐ုံးလႈပ္ရွားခဲ့ၿပီးေနာက္ တ႐ုတ္အာဏာပုိင္ေတြက အလားတူ လုပ္ရပ္ေတြ မျဖစ္ေအာင္ တင္းၾကပ္ေနတာပါ။ ျမန္မာႏုိင္ငံသားေတြ လူစုလူေဝးမလုပ္ၾကဖို႔ မဲဆြယ္တာ၊ ဆႏၵျပတာနဲ႔ အလွဴအတန္းေတြ မလုပ္ၾကဖို႔ ၿမိဳ႕တာဝန္ရွိသူေတြက လူမႈကြန္ရက္နဲ႔ မိုဘိုင္းဖုန္းေတြကေန သတိေပးေနေၾကာင္းလည္း ေ႐ႊလီၿမိဳ႕ ၾကင္နာေႏြးေထြး ပရဟိတအဖြဲ႕ ဥကၠ႒ ကိုဖိုးသားက ဗြီအိုေအကို ေျပာပါတယ္။

“အဓိက က်ေနာ္တို႔ ေတြ႕ရသေလာက္ဆိုရင္ ဖုန္းေတြထဲ၊ သူတို႔အဖြဲ႕ group အဖြဲ႕ေတြတို႔ သတင္းေတြ ျဖန႔္ထားတယ္၊ တခ်ိဳ႕ေနရာေတြ ဆိုရင္ေတာ့ အဓိက မ်ားေသာအားျဖင့္ အြန္လိုင္းေပၚ ျဖန႔္ထားတာေတြ႕တယ္၊ ႏွစ္ခုလုံးေပါ့ က်န္းမာေရး အေျခအေနေၾကာင့္ေရာ လူစုလူေဝးေတြ လုံးဝမလုပ္ဖို႔ တင္းတင္းက်ပ္က်ပ္ တားျမစ္ထားတယ္၊ အဲလို စာထုတ္ထားတဲ့အရပဲ ေတြ႕ေသးတယ္၊ အေရးယူမႈေတြေတာ့ ေလာေလာဆယ္ဘာမွ သတင္းလည္း မေတြ႕ေသးဘူး၊ ၾကားလည္း မၾကားေသးဘူး။”

ဒီလ ၈ ရက္ေန႔မွာတုန္းကေတာ့ ျမန္မာအလုပ္သမား ၉၀၀ ေလာက္ဟာ အာဏာရအမ်ဳိးသားဒီမုိကေရစီအဖဲြ႔ခ်ဳပ္ NLD ပါတီတံဆိပ္ပါ အက်ီေတြဝတ္ၿပီး ေ႐ႊလီနဲ႔ က်ယ္ေဂါင္ အသြားအျပန္ ဆိုင္ကယ္ေတြနဲ႔ လွည့္လည္ခဲ့ရာက တ႐ုတ္ရဲတပ္ဖြဲ႕က ဖမ္းဆီးတာခံခဲ့ရၿပီး ေနာက္ပုိင္းမွာေတာ့ ဦးေဆာင္သူတခ်ိဳ႕ကလဲြလုိ႔ အမ်ားစုကုိ ျပန္လႊတ္ေပးခဲ့ပါတယ္။

ျမန္မာႏုိင္ငံမွာ ကုိဗစ္ကပ္ေရာဂါ ကူးစက္မႈေတြ တုိးလာေနသလုိ ေရႊလီၿမိဳ႕ေရာက္္ ျမန္မာႏုိင္ငံသား ၂ ေယာက္မွာ ေရာဂါကူးစက္မႈေတြ ေတြ႔ခဲ့လုိ႔ တၿမိဳ႕လုံးကုိ က်န္းမာေရးစစ္ေဆးမႈေတြ လုပ္ခဲ့ရပါတယ္။ ကပ္ေရာဂါေၾကာင့္ ကန္႔သတ္ထိန္းခ်ဳပ္ထားခ်ိန္မွာ လူစုလူေ၀းလုပ္မွာကုိ တ႐ုတ္အာဏာပုိင္ေတြ စုိးရိမ္ေနသလုိ ႏုိင္ငံေရးနဲ႔ ဆက္ႏြယ္တယ္လုိ႔ သံသယရွိတယ္ဆုိရင္လည္း တ႐ုတ္အာဏာပုိင္ေတြက ထိန္းသိမ္းတာမ်ဳိးေတြ ရွိေနတယ္လုိ႔ ေ႐ႊလီ- က်ယ္ေဂါင္ ပရဟိတအဖဲြ႔က ဦးသန္းထြန္းႏိုင္က ဗြီအိုေအကို ေျပာပါတယ္။

“အခုဟာက NLD အက်ီဝတ္ရင္ ေ႐ႊလီမွာ ဖမ္းတာပဲဗ်၊ သူတို႔ရဲ႕ ထုတ္ျပန္ခ်က္က လူစုလူေဝးေတြဘာေတြ မလုပ္ရဘူး။ ေနာက္ ပါတီအက်ၤီဘာေတြ သိပ္အဝတ္မခံဘူး။ ဒီဘက္မွာ၊ ဘာသေဘာလည္း မသိဘူး။ အရပ္ေျပာ ေျပာရရင္ NLD အက်ီကေတာ့ မဝတ္ရဲတာအမွန္ပဲ။ ဟိုတေန႔ကပဲ ဖမ္းသြားၿပီ လင္မယားႏွစ္ေယာက္ NLD အက်ီဝတ္လို႔ ဆိုၿပီးေတာ့ေလ။”

ေ႐ႊလီနဲ႔ က်ယ္ေဂါင္ၿမိဳ႕က ေရာဂါထိန္းခ်ဳပ္ေရးနဲ႔ ေၾကညာခ်က္ေတြနဲ႔ ပတ္သက္လို႔ ကူမင္းၿမိဳ႕က ျမန္မာေကာင္စစ္ဝန္႐ုံးကို ဗြီအိုေအက ဆက္သြယ္ခဲ့ေပမဲ့ ဖုန္းျပန္လည္ ေျဖၾကားျခင္းမရွိခဲ့ပါဘူး။

ျမန္မာနဲ႔ ထိစပ္ေနတဲ့ ေ႐ႊလီၿမိဳ႕ကေတာ့ ခပ္ျမန္ျမန္စစ္ေဆးမႈနဲ႔ အသြားအလာ ထိန္းခ်ဳပ္တာေတြ လုပ္ခဲ့ႏိုင္တယ္လို႔ တ႐ုတ္ႏိုင္ငံပိုင္ သတင္းဌာနေတြက ေရးသားေနေပမဲ့ ေ႐ႊလီၿမိဳ႕မွာ က်န္းမာေရးတင္းက်ပ္မႈေတြ ဆက္လုပ္ဖို႔ ရွိေနၿပီး ျမန္မာနဲ႔ နယ္စပ္ကုန္သြယ္ေရးကိုလည္း ကာလအတန္ၾကာ အကန႔္အသတ္ေတြနဲ႔ ထိန္းခ်ဳပ္သြားဖို႔ရွိေနေၾကာင္း နယ္စပ္ကုန္သည္ေတြက ေျပာပါတယ္။ ျမန္မာႏုိင္ငံမွာ ကုိဗစ္ကပ္ေရာဂါ ကူးစက္မႈေတြ တေက်ာ့ျပန္ ႀကီးထြားလာရာက လပုိင္းအတြင္း ေသဆုံးသူ ၈၀၀ ေက်ာ္နဲ႔ ကူးစက္မႈ ၃၀,၀၀၀ ေက်ာ္ ရွိခဲ့ရာက တ႐ုတ္ႏုိင္ငံအပါအ၀င္ အိမ္နီးခ်င္းႏုိင္ငံေတြက နယ္စပ္ေဒသေတြမွာ အ၀င္အထြက္ေတြကုိ တင္းတင္းၾကပ္ၾကပ္ ထိန္းခ်ဳပ္ေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

တရုတ်ရွှေလီမှာ မြန်မာနိုင်ငံသားတွေစုဝေးမှု ကန့်သတ်တားမြစ်

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့မှာ မြန်မာနိုင်ငံသားတွေ လူစုလူဝေး မလုပ်ဖို့နဲ့ နိုင်ငံရေးနဲ့ ဆက်နွယ်တဲ့ လှုပ်ရှားမှုတွေ မလုပ်ဖို့ မြို့အာဏာပိုင်တွေ တင်းတင်းကြပ်ကြပ် ကိုင်တွယ်နေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်ထောက် ကိုဇော်ထက်က ပြောပြပေးပါမယ်။

မြန်မာနိုင်ငံနဲ့နယ်စပ် တရုတ်နိုင်ငံ ရွှေလီမြို့မှာ ဒီလဆန်းပိုင်းတုန်းက မြန်မာနိုင်ငံသားတွေ လူစုလူဝေးနဲ့ နိုင်ငံရေး စည်းရုံးလှုပ်ရှားခဲ့ပြီးနောက် တရုတ်အာဏာပိုင်တွေက အလားတူ လုပ်ရပ်တွေ မဖြစ်အောင် တင်းကြပ်နေတာပါ။ မြန်မာနိုင်ငံသားတွေ လူစုလူဝေးမလုပ်ကြဖို့ မဲဆွယ်တာ၊ ဆန္ဒပြတာနဲ့ အလှူအတန်းတွေ မလုပ်ကြဖို့ မြို့တာဝန်ရှိသူတွေက လူမှုကွန်ရက်နဲ့ မိုဘိုင်းဖုန်းတွေကနေ သတိပေးနေကြောင်းလည်း ရွှေလီမြို့ ကြင်နာနွေးထွေး ပရဟိတအဖွဲ့ ဥက္ကဋ္ဌ ကိုဖိုးသားက ဗွီအိုအေကို ပြောပါတယ်။

“အဓိက ကျနော်တို့ တွေ့ရသလောက်ဆိုရင် ဖုန်းတွေထဲ၊ သူတို့အဖွဲ့ group အဖွဲ့တွေတို့ သတင်းတွေ ဖြန့်ထားတယ်၊ တချို့နေရာတွေ ဆိုရင်တော့ အဓိက များသောအားဖြင့် အွန်လိုင်းပေါ် ဖြန့်ထားတာတွေ့တယ်၊ နှစ်ခုလုံးပေါ့ ကျန်းမာရေး အခြေအနေကြောင့်ရော လူစုလူဝေးတွေ လုံးဝမလုပ်ဖို့ တင်းတင်းကျပ်ကျပ် တားမြစ်ထားတယ်၊ အဲလို စာထုတ်ထားတဲ့အရပဲ တွေ့သေးတယ်၊ အရေးယူမှုတွေတော့ လောလောဆယ်ဘာမှ သတင်းလည်း မတွေ့သေးဘူး၊ ကြားလည်း မကြားသေးဘူး။”

ဒီလ ၈ ရက်နေ့မှာတုန်းကတော့ မြန်မာအလုပ်သမား ၉၀၀ လောက်ဟာ အာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီတံဆိပ်ပါ အကျီတွေဝတ်ပြီး ရွှေလီနဲ့ ကျယ်ဂေါင် အသွားအပြန် ဆိုင်ကယ်တွေနဲ့ လှည့်လည်ခဲ့ရာက တရုတ်ရဲတပ်ဖွဲ့က ဖမ်းဆီးတာခံခဲ့ရပြီး နောက်ပိုင်းမှာတော့ ဦးဆောင်သူတချို့ကလွဲလို့ အများစုကို ပြန်လွှတ်ပေးခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ တိုးလာနေသလို ရွှေလီမြို့ရောက် မြန်မာနိုင်ငံသား ၂ ယောက်မှာ ရောဂါကူးစက်မှုတွေ တွေ့ခဲ့လို့ တမြို့လုံးကို ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်ခဲ့ရပါတယ်။ ကပ်ရောဂါကြောင့် ကန့်သတ်ထိန်းချုပ်ထားချိန်မှာ လူစုလူဝေးလုပ်မှာကို တရုတ်အာဏာပိုင်တွေ စိုးရိမ်နေသလို နိုင်ငံရေးနဲ့ ဆက်နွယ်တယ်လို့ သံသယရှိတယ်ဆိုရင်လည်း တရုတ်အာဏာပိုင်တွေက ထိန်းသိမ်းတာမျိုးတွေ ရှိနေတယ်လို့ ရွှေလီ- ကျယ်ဂေါင် ပရဟိတအဖွဲ့က ဦးသန်းထွန်းနိုင်က ဗွီအိုအေကို ပြောပါတယ်။

“အခုဟာက NLD အကျီဝတ်ရင် ရွှေလီမှာ ဖမ်းတာပဲဗျ၊ သူတို့ရဲ့ ထုတ်ပြန်ချက်က လူစုလူဝေးတွေဘာတွေ မလုပ်ရဘူး။ နောက် ပါတီအင်္ကျီဘာတွေ သိပ်အဝတ်မခံဘူး။ ဒီဘက်မှာ၊ ဘာသဘောလည်း မသိဘူး။ အရပ်ပြော ပြောရရင် NLD အကျီကတော့ မဝတ်ရဲတာအမှန်ပဲ။ ဟိုတနေ့ကပဲ ဖမ်းသွားပြီ လင်မယားနှစ်ယောက် NLD အကျီဝတ်လို့ ဆိုပြီးတော့လေ။”

ရွှေလီနဲ့ ကျယ်ဂေါင်မြို့က ရောဂါထိန်းချုပ်ရေးနဲ့ ကြေညာချက်တွေနဲ့ ပတ်သက်လို့ ကူမင်းမြို့က မြန်မာကောင်စစ်ဝန်ရုံးကို ဗွီအိုအေက ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းပြန်လည် ဖြေကြားခြင်းမရှိခဲ့ပါဘူး။

မြန်မာနဲ့ ထိစပ်နေတဲ့ ရွှေလီမြို့ကတော့ ခပ်မြန်မြန်စစ်ဆေးမှုနဲ့ အသွားအလာ ထိန်းချုပ်တာတွေ လုပ်ခဲ့နိုင်တယ်လို့ တရုတ်နိုင်ငံပိုင် သတင်းဌာနတွေက ရေးသားနေပေမဲ့ ရွှေလီမြို့မှာ ကျန်းမာရေးတင်းကျပ်မှုတွေ ဆက်လုပ်ဖို့ ရှိနေပြီး မြန်မာနဲ့ နယ်စပ်ကုန်သွယ်ရေးကိုလည်း ကာလအတန်ကြာ အကန့်အသတ်တွေနဲ့ ထိန်းချုပ်သွားဖို့ရှိနေကြောင်း နယ်စပ်ကုန်သည်တွေက ပြောပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ တကျော့ပြန် ကြီးထွားလာရာက လပိုင်းအတွင်း သေဆုံးသူ ၈၀၀ ကျော်နဲ့ ကူးစက်မှု ၃၀,၀၀၀ ကျော် ရှိခဲ့ရာက တရုတ်နိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံတွေက နယ်စပ်ဒေသတွေမှာ အဝင်အထွက်တွေကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်နေကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG