သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ေၾကာင့္ပိတ္ထားရတဲ့ မူဆယ္ ေရႊလီ နယ္စပ္ျပန္ဖြင့္


တရုတ္ျမန္မာနယ္စပ္ ေရႊလီၿမိဳ႕ရွိ နယ္စပ္စစ္ေဆးေရးဂိတ္။ (စက္တင္ဘာ ၃၀၊ ၂၀၀၇)

[Zawgyi/Unicode]

ျမန္မာႏုိင္ငံနဲ႔နယ္စပ္ တ႐ုတ္ႏုိင္ငံ ေရႊလီၿမိဳ႕မွာ ကိုဗစ္ကပ္ေရာဂါ ကာကြယ္တားဆီးေရးအတြက္ သီတင္းတပတ္ၾကာ အသြားအလာ ကန္႔သတ္ထားတာေတြ အဆုံးသတ္လုိက္တာေၾကာင့္ နယ္စပ္ကုန္သြယ္ေရးေတြ ျပန္လည္စတင္လုိက္တဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုေဇာ္ထက္က တင္ျပထားပါတယ္။

သီတင္းတပတ္ၾကာ အသြားအလာ ကန႔္သတ္ထားတဲ့ တ႐ုတ္ေ႐ႊလီၿမိဳ႕ကို မေန႔က ညပိုင္းက ေျဖေလွ်ာ့လိုက္သလုိ မူဆယ္နယ္စပ္ အေကာက္ခြန္ဂိတ္ကိုလည္း တ႐ုတ္ႏုိင္ငံက ဒီေန႔ပဲျပန္ဖြင့္လိုက္တာေၾကာင့္ ႏွစ္ ႏိုင္ငံက ကုန္ကားေတြ အျပန္အလွန္ဝင္ထြက္ေနၾကပါၿပီ။

ေရႊလီၿမိဳ႕ေရာက္ ျမန္မာႏုိင္ငံသား ႏွစ္ ေယာက္မွာ ကုိဗစ္ေရာဂါပုိး ေတြ႔ရွိခဲ့ၿပီးေနာက္ အသြားအလာကန္႔သတ္မႈေတြ စတင္ခဲ့တဲ့ စက္တင္ဘာ ၁၅ ရက္က စလို႔ တ႐ုတ္ဘက္သြားလို႔မရဘဲ ၇ ရက္ေလာက္ ေစာင့္ေနရတဲ့ ကုန္ကား ၁၀၀ ေက်ာ္ဟာလည္း ဒီေန႔ပဲ ၀င္ခြင့္ရကုန္ၾကၿပီလုိ႔ မူဆယ္ဆန္ကုန္စည္ဒိုင္ရဲ႕ ဒုဥကၠ႒ ဦးမင္းသိန္းက VOA ကိုေျပာပါတယ္။

“ဒီေန႔အတိုင္းအတာနဲ႔ေျပာရရင္ ေ႐ႊလီၿမိဳ႕ထဲကို အဝင္ကုန္ကားမ်ိဳးစုံ ပစၥည္းမ်ိဳးစုံ ျမန္မာျပည္ကဆိုရင္ ဆန္တို႔၊ ပဲတို႔၊ သၾကားတို႔၊ ၾကက္သြန္တို႔၊ င႐ုပ္သီးတို႔၊ အျခားကုန္မ်ိဳးစုံတင္ထားတဲ့ ကားအစီး ၁၃၀ ေလာက္က စဝင္ေနၿပီ ေ႐ႊလီၿမိဳ႕ထဲကို။ အဲဒီအတြက္ ၇ ရက္တာ ရပ္ဆိုင္းသြားတဲ့ တ႐ုတ္- ျမန္မာ ကုန္သြယ္ေရးဟာ ဒီေန႔မွာေတာ့ ျပန္ၿပီးေတာ့ လႈပ္လႈပ္ရွားရွား ျဖစ္လာၿပီး ဝင္လို႔ထြက္လို႔ ရသြားၿပီေပါ့ေလ။”

တ႐ုတ္ႏိုင္ငံဘက္က ေဆာက္လုပ္ေရးပစၥည္း၊ အိမ္သုံးပစၥည္း၊ အထည္အလိပ္နဲ႔ ေဆးဝါးပစၥည္းေတြလည္း ဒီေန႔ပဲ ျမန္မာႏိုင္ထဲ ဝင္လာေၾကာင္းလည္း ေျပာပါတယ္။

ေ႐ႊလီၿမိဳ႕ထဲမွာေနၾကတဲ့ ျမန္မာအလုပ္သမားအမ်ားစုလည္း ဒီေန႔ စက္႐ုံေတြ၊ ေစ်းဆိုင္ေတြမွာ အလုပ္ျပန္ဆင္းၾကပါတယ္။ ဒါေပမဲ့ လုပ္ငန္းခြင္ ျပန္ဝင္မယ္ ဆိုရင္ေတာ့ ေ႐ႊလီၿမိဳ႕ က်န္းမာေရးဌာနက ထုတ္ေပးတဲ့ ကိုဗစ္ေရာဂါစစ္ေဆးၿပီးစီးေၾကာင္း အေထာက္အထားစာ႐ြက္ ျပရမယ္လို႔ ဒီေန႔အလုပ္ျပန္ဆင္းတဲ့ ျမန္မာလုပ္သား ကိုေနမင္းၿဖိဳးက ေျပာပါတယ္။

“ဒီေန႔ဆိုရင္ အလုပ္ေတြ ေတာ္ေတာ္မ်ားမ်ား ျပန္လုပ္ရၿပီေလ။ စက္႐ုံေတြေရာ၊ ဒီလိုမ်ိဳး အလုပ္သမားေတြေရာ အကုန္လုံး ဖြင့္တယ္၊ ဖြင့္တာကေတာ့ အခု။ သူတို႔က်န္းမာေရး စစ္ေဆးၿပီးသား ဆိုၿပီးေတာ့မွ စာ႐ြက္ကေလးေတြ ေပးတာေလ၊ အဲဒီစာ႐ြက္ ရွိတဲ့သူဆိုရင္ သြားလို႔လာလို႔၊ လုပ္လို႔ရတယ္။ မရွိဘူးဆိုရင္ ဖမ္းမယ္ေပါ့ အဲဒီလို။”

ၿပီးခဲ့တဲ့ စက္တင္ဘာ ၁၃ရက္မွာ ျမန္မာအလုပ္သမား ၂ေယာက္မွာ ကိုဗစ္ေရာဂါပိုး စစ္ေဆးေတြ႕ရွိၿပီးတဲ့ေနာက္ ေ႐ႊလီအာဏာပိုင္ေတြက အေရးေပၚ က်န္းမာေရးကန႔္သတ္ခ်က္ေတြခ်ၿပီး တၿမိဳ႕လုံးအတိုင္းအတာနဲ႔ ေရာဂါစစ္ေဆးမႈေတြ တပတ္ၾကာ လုပ္ခဲ့တာပါ။ ျမန္မာ ႏွစ္ ေယာက္ရဲ႕ လက္ရွိ က်န္းမာေရး အေျခအေနက တည္ၿငိမ္ေနၿပီလို႔ တ႐ုတ္သတင္းဌာနေတြမွာ ေရးသားထားပါတယ္။

ေ႐ႊလီတၿမိဳ႕နယ္လုံး ကိုဗစ္ေရာဂါ စစ္ေဆးတာေတြ တပတ္ေလာက္ လုပ္ၿပီးတဲ့ေနာက္မွာ ေရာဂါရွိသူ ထပ္မေတြ႕ေတာ့လို႔ ၿမိဳ႕အခ်က္အခ်ာ ေနရာေတြမွာ အေရးေပၚ က်န္းမာေရး ကန႔္သတ္ခ်က္ေတြကို မေန႔က စက္တင္ဘာ ၂၁ ရက္မွာ ေျဖေလွ်ာ့ေပးလိုက္ၿပီး ညပိုင္းမွာလည္း တၿမိဳ႕နယ္လုံး မီးရႈးမီးပန္းေတြ ပစ္ေဖာက္ခဲ့တာပါ။

ယူနန္ျပည္နယ္ထဲ ကိုဗစ္အတည္ျပဳလူနာ ထပ္မေတြ႕ေတာ့တဲ့အခ်ိန္ ျမန္မာျပည္တြင္း အေရအတြက္ ျမန္ျမန္ဆန္ဆန္တိုးလာတာကလည္း ကုန္သြယ္ေရးနဲ႔ လူအဝင္အထြက္အတြက္ အတားအဆီးအေနနဲ႔ ရွိေနဦးမယ္လို႔ ကုန္သည္ေတြက ျမင္ပါတယ္။ မူဆယ္ခ႐ိုင္အုပ္ခ်ဳပ္ေရး လက္ေထာက္ၫႊန္ၾကားေရးမႉး ဦးေမာင္ေမာင္သန္းကေတာ့ လူအဝင္အထြက္ကန႔္သတ္တာကေတာ့ အရင္အတိုင္း ဆက္ရွိေနလိမ့္မယ္လို႔ VOA ကိုေျပာပါတယ္။

“က်ေနာ္သိသေလာက္ကေတာ့ လူအဝင္အထြက္က ဒီအတိုင္းပဲဗ်။ သူက (တ႐ုတ္က) နည္းနည္း က်ေနာ့္အထင္ေျပာရရင္ ပိုၿပီးေတာ့၊ သူတို႔ ေ႐ႊလီမွာ လုံးလုံး clear ျဖစ္သြားရင္ ဒီဘက္ကဝင္မယ့္သူကို တအားၾကပ္မယ့္ သေဘာေတာ့ ရွိတာေပါ့ေလ။ သူတို႔အားလုံး all negative ဗ်၊ စစ္ၿပီးၿပီ သူတို႔တၿမိဳ႕လုံးက။”

ျမန္မာႏိုင္ငံ ကိုဗစ္အတည္ျပဳလူနာစေတြ႕တဲ့ မတ္လကုန္ကစလို႔ တ႐ုတ္ဘက္က ျမန္မာနဲ႔ထိစပ္ေနတဲ့ နယ္စပ္ေပါက္ေတြကို လုံၿခဳံေရးတင္းၾကပ္ထားၿပီး လူအဝင္အထြက္ကိုလည္း ဒီေန႔အထိ ပိတ္ထားတာပါ။ ကုန္ကားေတြကေတာ့ က်န္းမာေရးစစ္ေဆးမႈ လုပ္ထားတဲ့ ယာဥ္ေမာင္းေတြနဲ႔ နယ္စပ္ဂိတ္မွာ အျပန္အလွန္ လူအစားထိုးဝင္ေရာက္တဲ့ စနစ္ကို တ႐ုတ္ဘက္က က်င့္သုံးထားတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကိုဗစ်ကြောင့်ပိတ်ထားရတဲ့ မူဆယ် ရွှေလီ နယ်စပ်ပြန်ဖွင့်

မြန်မာနိုင်ငံနဲ့နယ်စပ် တရုတ်နိုင်ငံ ရွှေလီမြို့မှာ ကိုဗစ်ကပ်ရောဂါ ကာကွယ်တားဆီးရေးအတွက် သီတင်းတပတ်ကြာ အသွားအလာ ကန့်သတ်ထားတာတွေ အဆုံးသတ်လိုက်တာကြောင့် နယ်စပ်ကုန်သွယ်ရေးတွေ ပြန်လည်စတင်လိုက်တဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က တင်ပြထားပါတယ်။

သီတင်းတပတ်ကြာ အသွားအလာ ကန့်သတ်ထားတဲ့ တရုတ်ရွှေလီမြို့ကို မနေ့က ညပိုင်းက ဖြေလျှော့လိုက်သလို မူဆယ်နယ်စပ် အကောက်ခွန်ဂိတ်ကိုလည်း တရုတ်နိုင်ငံက ဒီနေ့ပဲပြန်ဖွင့်လိုက်တာကြောင့် နှစ် နိုင်ငံက ကုန်ကားတွေ အပြန်အလှန်ဝင်ထွက်နေကြပါပြီ။

ရွှေလီမြို့ရောက် မြန်မာနိုင်ငံသား နှစ် ယောက်မှာ ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့ပြီးနောက် အသွားအလာကန့်သတ်မှုတွေ စတင်ခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်က စလို့ တရုတ်ဘက်သွားလို့မရဘဲ ၇ ရက်လောက် စောင့်နေရတဲ့ ကုန်ကား ၁၀၀ ကျော်ဟာလည်း ဒီနေ့ပဲ ဝင်ခွင့်ရကုန်ကြပြီလို့ မူဆယ်ဆန်ကုန်စည်ဒိုင်ရဲ့ ဒုဥက္ကဋ္ဌ ဦးမင်းသိန်းက VOA ကိုပြောပါတယ်။

“ဒီနေ့အတိုင်းအတာနဲ့ပြောရရင် ရွှေလီမြို့ထဲကို အဝင်ကုန်ကားမျိုးစုံ ပစ္စည်းမျိုးစုံ မြန်မာပြည်ကဆိုရင် ဆန်တို့၊ ပဲတို့၊ သကြားတို့၊ ကြက်သွန်တို့၊ ငရုပ်သီးတို့၊ အခြားကုန်မျိုးစုံတင်ထားတဲ့ ကားအစီး ၁၃၀ လောက်က စဝင်နေပြီ ရွှေလီမြို့ထဲကို။ အဲဒီအတွက် ၇ ရက်တာ ရပ်ဆိုင်းသွားတဲ့ တရုတ်- မြန်မာ ကုန်သွယ်ရေးဟာ ဒီနေ့မှာတော့ ပြန်ပြီးတော့ လှုပ်လှုပ်ရှားရှား ဖြစ်လာပြီး ဝင်လို့ထွက်လို့ ရသွားပြီပေါ့လေ။”

တရုတ်နိုင်ငံဘက်က ဆောက်လုပ်ရေးပစ္စည်း၊ အိမ်သုံးပစ္စည်း၊ အထည်အလိပ်နဲ့ ဆေးဝါးပစ္စည်းတွေလည်း ဒီနေ့ပဲ မြန်မာနိုင်ထဲ ဝင်လာကြောင်းလည်း ပြောပါတယ်။

ရွှေလီမြို့ထဲမှာနေကြတဲ့ မြန်မာအလုပ်သမားအများစုလည်း ဒီနေ့ စက်ရုံတွေ၊ ဈေးဆိုင်တွေမှာ အလုပ်ပြန်ဆင်းကြပါတယ်။ ဒါပေမဲ့ လုပ်ငန်းခွင် ပြန်ဝင်မယ် ဆိုရင်တော့ ရွှေလီမြို့ ကျန်းမာရေးဌာနက ထုတ်ပေးတဲ့ ကိုဗစ်ရောဂါစစ်ဆေးပြီးစီးကြောင်း အထောက်အထားစာရွက် ပြရမယ်လို့ ဒီနေ့အလုပ်ပြန်ဆင်းတဲ့ မြန်မာလုပ်သား ကိုနေမင်းဖြိုးက ပြောပါတယ်။

“ဒီနေ့ဆိုရင် အလုပ်တွေ တော်တော်များများ ပြန်လုပ်ရပြီလေ။ စက်ရုံတွေရော၊ ဒီလိုမျိုး အလုပ်သမားတွေရော အကုန်လုံး ဖွင့်တယ်၊ ဖွင့်တာကတော့ အခု။ သူတို့ကျန်းမာရေး စစ်ဆေးပြီးသား ဆိုပြီးတော့မှ စာရွက်ကလေးတွေ ပေးတာလေ၊ အဲဒီစာရွက် ရှိတဲ့သူဆိုရင် သွားလို့လာလို့၊ လုပ်လို့ရတယ်။ မရှိဘူးဆိုရင် ဖမ်းမယ်ပေါ့ အဲဒီလို။”

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ရက်မှာ မြန်မာအလုပ်သမား ၂ယောက်မှာ ကိုဗစ်ရောဂါပိုး စစ်ဆေးတွေ့ရှိပြီးတဲ့နောက် ရွှေလီအာဏာပိုင်တွေက အရေးပေါ် ကျန်းမာရေးကန့်သတ်ချက်တွေချပြီး တမြို့လုံးအတိုင်းအတာနဲ့ ရောဂါစစ်ဆေးမှုတွေ တပတ်ကြာ လုပ်ခဲ့တာပါ။ မြန်မာ နှစ် ယောက်ရဲ့ လက်ရှိ ကျန်းမာရေး အခြေအနေက တည်ငြိမ်နေပြီလို့ တရုတ်သတင်းဌာနတွေမှာ ရေးသားထားပါတယ်။

ရွှေလီတမြို့နယ်လုံး ကိုဗစ်ရောဂါ စစ်ဆေးတာတွေ တပတ်လောက် လုပ်ပြီးတဲ့နောက်မှာ ရောဂါရှိသူ ထပ်မတွေ့တော့လို့ မြို့အချက်အချာ နေရာတွေမှာ အရေးပေါ် ကျန်းမာရေး ကန့်သတ်ချက်တွေကို မနေ့က စက်တင်ဘာ ၂၁ ရက်မှာ ဖြေလျှော့ပေးလိုက်ပြီး ညပိုင်းမှာလည်း တမြို့နယ်လုံး မီးရှုးမီးပန်းတွေ ပစ်ဖောက်ခဲ့တာပါ။

ယူနန်ပြည်နယ်ထဲ ကိုဗစ်အတည်ပြုလူနာ ထပ်မတွေ့တော့တဲ့အချိန် မြန်မာပြည်တွင်း အရေအတွက် မြန်မြန်ဆန်ဆန်တိုးလာတာကလည်း ကုန်သွယ်ရေးနဲ့ လူအဝင်အထွက်အတွက် အတားအဆီးအနေနဲ့ ရှိနေဦးမယ်လို့ ကုန်သည်တွေက မြင်ပါတယ်။ မူဆယ်ခရိုင်အုပ်ချုပ်ရေး လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်သန်းကတော့ လူအဝင်အထွက်ကန့်သတ်တာကတော့ အရင်အတိုင်း ဆက်ရှိနေလိမ့်မယ်လို့ VOA ကိုပြောပါတယ်။

“ကျနော်သိသလောက်ကတော့ လူအဝင်အထွက်က ဒီအတိုင်းပဲဗျ။ သူက (တရုတ်က) နည်းနည်း ကျနော့်အထင်ပြောရရင် ပိုပြီးတော့၊ သူတို့ ရွှေလီမှာ လုံးလုံး clear ဖြစ်သွားရင် ဒီဘက်ကဝင်မယ့်သူကို တအားကြပ်မယ့် သဘောတော့ ရှိတာပေါ့လေ။ သူတို့အားလုံး all negative ဗျ၊ စစ်ပြီးပြီ သူတို့တမြို့လုံးက။”

မြန်မာနိုင်ငံ ကိုဗစ်အတည်ပြုလူနာစတွေ့တဲ့ မတ်လကုန်ကစလို့ တရုတ်ဘက်က မြန်မာနဲ့ထိစပ်နေတဲ့ နယ်စပ်ပေါက်တွေကို လုံခြုံရေးတင်းကြပ်ထားပြီး လူအဝင်အထွက်ကိုလည်း ဒီနေ့အထိ ပိတ်ထားတာပါ။ ကုန်ကားတွေကတော့ ကျန်းမာရေးစစ်ဆေးမှု လုပ်ထားတဲ့ ယာဉ်မောင်းတွေနဲ့ နယ်စပ်ဂိတ်မှာ အပြန်အလှန် လူအစားထိုးဝင်ရောက်တဲ့ စနစ်ကို တရုတ်ဘက်က ကျင့်သုံးထားတာဖြစ်ပါတယ်။

XS
SM
MD
LG