သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နဲ့မြန်မာတို့ ကိုဗစ်ဘေးဒဏ် ရင်ဆိုင်ပုံနဲ့ တရုတ်ရဲ့ “ကာကွယ်ဆေး သံခင်းတမန်ခင်း”


အဝင်အထွက်ပိတ်ဆို့ထားသည့် ရန်ကုန်မြို့ လမ်းသွယ်တခုတွင် ကိုယ်အပူချိန် တိုင်းတာပေးနေသည့် လုပ်အားပေးများ။ (စက်တင်ဘာလ ၁၁၊ ၂၀၂၀)
အဝင်အထွက်ပိတ်ဆို့ထားသည့် ရန်ကုန်မြို့ လမ်းသွယ်တခုတွင် ကိုယ်အပူချိန် တိုင်းတာပေးနေသည့် လုပ်အားပေးများ။ (စက်တင်ဘာလ ၁၁၊ ၂၀၂၀)

(Zawgyi/Unicode)

COVID-19 ရောဂါ ကူးစက်မှုဒဏ် အပြင်းအထန် ခံစားခဲ့ရတဲ့ တရုတ်နိုင်ငံမှာ ဒီဗိုင်းရပ်စ်ပိုး ပျံ့နှံ့ကူးစက်မှုထိန်းချုပ်ရေး လုပ်ဆောင်ခဲ့ပုံနဲ့ တရုတ်လူထု လိုက်နာ လုပ်ဆောင်ခဲ့ပုံ၊ လက်ရှိမှာ ဗိုင်းရပ်စ်ကူးစက်မှု ဒုတိယလှိုင်းနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံတွင်း လုပ်ဆောင်နေပုံနဲ့ မြန်မာလူထုရဲ့ လိုက်နာလုပ်ဆောင်မှု၊ တရုတ်နိုင်ငံက စမ်းသပ်နေတဲ့ ကိုဗစ်ကာကွယ်ဆေး နောက်ဆုံးအခြေအနေ၊ တရုတ်ရဲ့ ကိုဗစ်ကာကွယ်ဆေး သံခင်းတမန်ခင်းပေါ် မြန်မာနိုင်ငံအနေနဲ့ ဘယ်လို သဘောထား လုပ်ဆောင်သင့်သလဲ စတာတွေကို အခုဆွေးနွေးခန်းမှာ နားဆင်ရပါမယ်။

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့အခြေစိုက် တရုတ်-မြန်မာဆက်ဆံရေးနဲ့ မြန်မာ့အရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇော၊ ရန်ကုန်မြို့အခြေစိုက် မြန်မာ့အရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိန်းတို့ ပါဝင်ဆွေးနွေးထားကြပါတယ်။

--------------------

(Unicode)




တိုက်ရိုက် လင့်ခ်
XS
SM
MD
LG