[Zawgyi/Unicode]
ျမန္မာႏုိင္ငံမွာ ကိုဗစ္ေရာဂါကူးစက္သူ ၁,၃၆၁ ဦး ထပ္တိုးၿပီး ေသဆံုးသူ ၃၃ ဦး ထပ္တိုးတဲ့အေၾကာင္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔ည ၈ နာရီ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
လြန္ခဲ့တဲ့ ၂၄ နာရီအတြင္း ဓာတ္ခြဲနမူနာေပါင္း ၁၃,၆၉၉ စစ္ေဆးခဲ့တဲ့ထဲက ေရာဂါပိုးကူးစက္သူေတြ ထပ္ေတြ႔တာျဖစ္ၿပီး ဒီေန႔ထိဆိုရင္ ေရာဂါပိုးကူးစက္သူေပါင္း ၄၂,၃၆၅ ဦး ရွိသြားၿပီျဖစ္ပါတယ္။ ေသဆံုးသူေပါင္းကေတာ့ ၁,၀၃၈ ရွိပါၿပီ။
စစ္ေဆးၿပီးသမ ွ် ဓာတ္ခြဲနမူနာစုစုေပါင္း ၅၇၉,၉၂၁ ရွိၿပီျဖစ္ၿပီးေတာ့ ဒီကေန႔မွာ ေနာက္ထပ္ ၁,၃၀၁ ဦး ေဆး႐ံုဆင္းခြင့္ရတဲ့အတြက္ ေဆး႐ံုဆင္းသြားသူေပါင္း ၂၂,၄၅၄ ဦးရွိသြားပါၿပီ။
တႏုိင္ငံလံုးအေနနဲ႔ဆိုရင္ ရန္ကုန္တိုင္းေဒသႀကီးမွာ ေရာဂါပိုးကူးစက္သူ အေရအတြက္ အမ်ားဆံုးျဖစ္ၿပီး ၿပီးခဲ့တဲ့ရက္ပိုင္းေတြအတြင္း ပိုးကူးစက္သူအေရအတြက္ ေလ်ာ့က်လာေပမယ့္ ဆက္ၿပီး သတိထား ထိန္းသိမ္းဖို႔လိုတဲ့အေၾကာင္း က်န္းမာေရး တာဝန္ရွိသူေတြက ႏိႈးေဆာ္ထားပါတယ္။
[Unicode Version]
မြန်မာ COVID-19 ကူးစက်သူပေါင်း ၄၂,၃၀၀ ကျော်၊ သေဆုံးသူ ၁,၀၃၈ ဦးရှိပြီ
မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်သူ ၁,၃၆၁ ဦး ထပ်တိုးပြီး သေဆုံးသူ ၃၃ ဦး ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာပေါင်း ၁၃,၆၉၉ စစ်ဆေးခဲ့တဲ့ထဲက ရောဂါပိုးကူးစက်သူတွေ ထပ်တွေ့တာဖြစ်ပြီး ဒီနေ့ထိဆိုရင် ရောဂါပိုးကူးစက်သူပေါင်း ၄၂,၃၆၅ ဦး ရှိသွားပြီဖြစ်ပါတယ်။ သေဆုံးသူပေါင်းကတော့ ၁,၀၃၈ ရှိပါပြီ။
စစ်ဆေးပြီးသမ ျှ ဓာတ်ခွဲနမူနာစုစုပေါင်း ၅၇၉,၉၂၁ ရှိပြီဖြစ်ပြီးတော့ ဒီကနေ့မှာ နောက်ထပ် ၁,၃၀၁ ဦး ဆေးရုံဆင်းခွင့်ရတဲ့အတွက် ဆေးရုံဆင်းသွားသူပေါင်း ၂၂,၄၅၄ ဦးရှိသွားပါပြီ။
တနိုင်ငံလုံးအနေနဲ့ဆိုရင် ရန်ကုန်တိုင်းဒေသကြီးမှာ ရောဂါပိုးကူးစက်သူ အရေအတွက် အများဆုံးဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း ပိုးကူးစက်သူအရေအတွက် လျော့ကျလာပေမယ့် ဆက်ပြီး သတိထား ထိန်းသိမ်းဖို့လိုတဲ့အကြောင်း ကျန်းမာရေး တာဝန်ရှိသူတွေက နှိုးဆော်ထားပါတယ်။