သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သာယာဝတီအက်ဥ္းေထာင္မွာ လူ ၁၆၀ ထက္မနည္း ကုိဗစ္ကူးစက္ခံထားရ


ရန္ကုန္ၿမိဳ႕ Quarantine စင္တာ တခုမွာ COVID 19 ရွိမရွိ စစ္ေဆးေပးဖို႔ ျပင္ဆင္ေနတဲ့ က်န္းမာေရး၀န္ထမ္းမ်ား။ (ေမ ၁၆၊ ၂၀၂၀)

[Zawgyi/Unicode]

ပဲခူးတုိင္း၊ သာယာဝတီေထာင္မွာ အက်ဥ္းသားအမ်ားစု အပါအဝင္ လူ ၁၆၀ ထက္မနည္း ကုိဗစ္ကပ္ေရာဂါ ကူးစက္ခံထားရတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုေဇာ္ထက္က ေျပာျပေပးပါမယ္။

သာယာဝတီ ဗဟုိအက်ဥ္းေထာင္မွာ အက်ဥ္းသား ၂၅၀ ေက်ာ္ကို ကုိဗစ္ကပ္ေရာဂါ ရွိ၊ မရွိ စစ္ေဆးရာမွာ ၁၆၀ ကုိ ေရာဂါကူးစက္ေနတာ ေတြ႔ရွိခဲ့တာပါ။ ေရာဂါကူးစက္ခံရသူေတြကုိေတာ့ သီးသန္႔ခဲြ ေစာင့္ၾကည့္စစ္ေဆးေနတယ္လုိ႔လည္း ပဲခူးတိုင္းက်န္းမာေရး ကူးစက္ေရာဂါဌာန အဖြဲ႕ေခါင္းေဆာင္ ေဒါက္တာ ဝင္းသူရျမင့္က ဗြီအိုေအကို ေျပာပါတယ္။

“အက်ဥ္းသားက ၁၅၇ ဦး၊ ဝန္ထမ္းက ၂ ဦး၊ သင္တန္းသားေက်ာင္း အလုပ္႐ုံ အဲဒီမွာ ၁ ဦး အဲဒီေတာ့ ၁၆၀ ဦးေတြ႕တယ္ေပါ့ေနာ္။ အစက အဲဒီေလာက္ႀကီး ျဖစ္မယ္လို႔ မထင္ထားဘူးေပါ့။ အဲဒီေတာ့ ဒီအိပ္ေဆာင္နံပတ္ ၁၁ ကိုပဲ ကြက္ၿပီး စစ္လိုက္တာ ၁၆၀ ေတြ႕တာေပါ့ေနာ္။ ထပ္စစ္ရင္ေတာ့ ေတြ႕ေကာင္း ေတြ႕ႏိုင္တယ္ေပါ့ေနာ္။”

သာယာဝတီေထာင္က လြတ္မယ့္သူေတြကို ကိုဗစ္ေရာဂါ အျမန္စစ္ေဆးႏိုင္တဲ့ ကိရိယာေတြနဲ႔ စစ္ေဆးသြားဖို႔ရွိၿပီး အလုံအေလာက္ ရဖို႔လိုေၾကာင္းနဲ႔ လိုအပ္ရင္ အက်ဥ္းေထာင္တခုလုံးကို က်န္းမာေရး စစ္ေဆးမႈေတြ လုပ္ရႏိုင္ေၾကာင္း ေဒါက္တာဝင္းသူရျမင့္က ဆက္ေျပာပါတယ္။

“အက်ဥ္းေထာင္ဦးစီးဌာနဘက္က ေတာင္ဆိုမႈရွိတာပဲျဖစ္ျဖစ္ တကယ္လို႔ အေရးေပၚလိုအပ္လာရင္ က်ေနာ္တို႔ တေထာင္လုံး အေယာက္ ၃,၀၀၀ လုံးစစ္ဖို႔နဲ႔ ေလာေလာဆယ္ ပထမဦးဆုံးအဆင့္အေနနဲ႔ ေထာင္ကေန လြတ္မယ့္သူ ပထမဦးစားေပးအေနနဲ႔ စစ္မယ္ေပါ့ေနာ္။ ၿပီးလို႔ရွိရင္ အသစ္ေရာက္လာတဲ့သူေတြ က်န္ခဲ့တဲ့သူေတြကိုလည္း အေဆာင္လိုက္ အေဆာင္လိုက္ စစ္ဖို႔ေတာ့ ေလာေလာဆယ္ လ်ာထားပါတယ္။”

သာယာဝတီခ႐ိုင္နဲ႔ ေနျပည္ေတာ္က က်န္းမာေရးတာဝန္ရွိသူေတြ ဒီကိစၥကို ေဆာင္႐ြက္ေနၿပီး အေသးစိတ္ၫႊန္ၾကားခ်က္ေတြ ထုတ္ျပန္ဖို႔ရွိတယ္လို႔ ပဲခူးတိုင္း ျပည္သူ႔က်န္းမာေရးဦးစီးဌာန ကူးစက္ေရာဂါဆုိင္ရာ လက္ေထာက္ၫႊန္ၾကားေရးမႉး ေဒါက္တာသင္းသင္းလႈိင္က ဗြီအိုေအကို ေျပာပါတယ္။

“အဲဒီေတာ့ အက်ဥ္းေထာင္ထဲကပဲ ကူးစက္တာလား၊ မိသားစုထဲကေန အသြားအျပန္ ကူးလားဆိုတဲ့ဟာကို ဒါေတြကို စနစ္တက် လုပ္ရမယ့္ အတိုင္းအတာ ရွိပါတယ္။ ဒါက အစုလိုက္အၿပဳံလိုက္ ေနတဲ့ေနရာေတြျဖစ္လို႔ အထဲကေန အျပင္ကူးတာလား၊ အျပင္ကေန အထဲကူးလား ဆိုတဲ့ဟာမ်ိဳးကေတာ့ ကြင္းဆက္ ဆိုတာမ်ိဳးကေတာ့။ တႏိုင္ငံလုံးမွာရွိတဲ့ တိုင္းနဲ႔ ျပည္နယ္မွာရွိတဲ့ အက်ဥ္းေထာင္ေတြနဲ႔ ပတ္သက္ၿပီး အခ်ဳပ္သားေတြ၊ အက်ဥ္းသားေတြဆို ဘယ္လို လူမ်ိဳးကို ဦးစားေပး ေ႐ြးခ်ယ္မလဲေပါ့ ရာဇဝင္ပဲလိုက္ရမလား၊ ေဆာင္ရန္ ေရွာင္ရန္ guideline ေတြ၊ လိုက္နာရမယ့္ ဟာမ်ိဳးၫႊန္ၾကားခ်က္ကို ထြက္ေပးမယ္လို႔ေတာ့ မနက္က zoom meeting အရေတာ့ သိေသးတယ္ေပါ့ေနာ္။”

အက်ဥ္းေထာင္တြင္း အစီအစဥ္အေသးစိတ္ကို ေမးျမန္းဖို႔ အက်ဥ္းဦးစီးဌာနကို ဆက္သြယ္ခဲ့ေပမဲ့ အစည္းအေဝးေၾကာင့္ ဖုန္းျပန္လည္ေျဖၾကားျခင္း မရွိပါဘူး။

ပဲခူးတိုင္းမွာ စက္တင္ဘာလကုန္ပိုင္းအထိ ပိုးေတြ႕လူနာ ၂၂၄ ေယာက္ရွိခဲ့ေပမဲ့ ေအာက္တိုဘာလထဲမွာ ကူးစက္သူအေရအတြက္တိုးလာၿပီး ေအာက္တိုဘာ ၂၂ ရက္မွာ ကူးစက္ခံရသူ ၁,၉၅၆ ေယာက္ရွိေနၿပီလို႔ တိုင္းက်န္းမာေရး ဦးစီးဌာနက ထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Uicode version]

သာယာဝတီအကျဉ်းထောင်မှာ လူ ၁၆၀ ထက်မနည်း ကိုဗစ်ကူးစက်ခံထားရ

ပဲခူးတိုင်း၊ သာယာဝတီထောင်မှာ အကျဉ်းသားအများစု အပါအဝင် လူ ၁၆၀ ထက်မနည်း ကိုဗစ်ကပ်ရောဂါ ကူးစက်ခံထားရတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုဇော်ထက်က ပြောပြပေးပါမယ်။

သာယာဝတီ ဗဟိုအကျဉ်းထောင်မှာ အကျဉ်းသား ၂၅၀ ကျော်ကို ကိုဗစ်ကပ်ရောဂါ ရှိ၊ မရှိ စစ်ဆေးရာမှာ ၁၆၀ ကို ရောဂါကူးစက်နေတာ တွေ့ရှိခဲ့တာပါ။ ရောဂါကူးစက်ခံရသူတွေကိုတော့ သီးသန့်ခွဲ စောင့်ကြည့်စစ်ဆေးနေတယ်လို့လည်း ပဲခူးတိုင်းကျန်းမာရေး ကူးစက်ရောဂါဌာန အဖွဲ့ခေါင်းဆောင် ဒေါက်တာ ဝင်းသူရမြင့်က ဗွီအိုအေကို ပြောပါတယ်။

“အကျဉ်းသားက ၁၅၇ ဦး၊ ဝန်ထမ်းက ၂ ဦး၊ သင်တန်းသားကျောင်း အလုပ်ရုံ အဲဒီမှာ ၁ ဦး အဲဒီတော့ ၁၆၀ ဦးတွေ့တယ်ပေါ့နော်။ အစက အဲဒီလောက်ကြီး ဖြစ်မယ်လို့ မထင်ထားဘူးပေါ့။ အဲဒီတော့ ဒီအိပ်ဆောင်နံပတ် ၁၁ ကိုပဲ ကွက်ပြီး စစ်လိုက်တာ ၁၆၀ တွေ့တာပေါ့နော်။ ထပ်စစ်ရင်တော့ တွေ့ကောင်း တွေ့နိုင်တယ်ပေါ့နော်။”

သာယာဝတီထောင်က လွတ်မယ့်သူတွေကို ကိုဗစ်ရောဂါ အမြန်စစ်ဆေးနိုင်တဲ့ ကိရိယာတွေနဲ့ စစ်ဆေးသွားဖို့ရှိပြီး အလုံအလောက် ရဖို့လိုကြောင်းနဲ့ လိုအပ်ရင် အကျဉ်းထောင်တခုလုံးကို ကျန်းမာရေး စစ်ဆေးမှုတွေ လုပ်ရနိုင်ကြောင်း ဒေါက်တာဝင်းသူရမြင့်က ဆက်ပြောပါတယ်။

“အကျဉ်းထောင်ဦးစီးဌာနဘက်က တောင်ဆိုမှုရှိတာပဲဖြစ်ဖြစ် တကယ်လို့ အရေးပေါ်လိုအပ်လာရင် ကျနော်တို့ တထောင်လုံး အယောက် ၃,၀၀၀ လုံးစစ်ဖို့နဲ့ လောလောဆယ် ပထမဦးဆုံးအဆင့်အနေနဲ့ ထောင်ကနေ လွတ်မယ့်သူ ပထမဦးစားပေးအနေနဲ့ စစ်မယ်ပေါ့နော်။ ပြီးလို့ရှိရင် အသစ်ရောက်လာတဲ့သူတွေ ကျန်ခဲ့တဲ့သူတွေကိုလည်း အဆောင်လိုက် အဆောင်လိုက် စစ်ဖို့တော့ လောလောဆယ် လျာထားပါတယ်။”

သာယာဝတီခရိုင်နဲ့ နေပြည်တော်က ကျန်းမာရေးတာဝန်ရှိသူတွေ ဒီကိစ္စကို ဆောင်ရွက်နေပြီး အသေးစိတ်ညွှန်ကြားချက်တွေ ထုတ်ပြန်ဖို့ရှိတယ်လို့ ပဲခူးတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကူးစက်ရောဂါဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသင်းသင်းလှိုင်က ဗွီအိုအေကို ပြောပါတယ်။

“အဲဒီတော့ အကျဉ်းထောင်ထဲကပဲ ကူးစက်တာလား၊ မိသားစုထဲကနေ အသွားအပြန် ကူးလားဆိုတဲ့ဟာကို ဒါတွေကို စနစ်တကျ လုပ်ရမယ့် အတိုင်းအတာ ရှိပါတယ်။ ဒါက အစုလိုက်အပြုံလိုက် နေတဲ့နေရာတွေဖြစ်လို့ အထဲကနေ အပြင်ကူးတာလား၊ အပြင်ကနေ အထဲကူးလား ဆိုတဲ့ဟာမျိုးကတော့ ကွင်းဆက် ဆိုတာမျိုးကတော့။ တနိုင်ငံလုံးမှာရှိတဲ့ တိုင်းနဲ့ ပြည်နယ်မှာရှိတဲ့ အကျဉ်းထောင်တွေနဲ့ ပတ်သက်ပြီး အချုပ်သားတွေ၊ အကျဉ်းသားတွေဆို ဘယ်လို လူမျိုးကို ဦးစားပေး ရွေးချယ်မလဲပေါ့ ရာဇဝင်ပဲလိုက်ရမလား၊ ဆောင်ရန် ရှောင်ရန် guideline တွေ၊ လိုက်နာရမယ့် ဟာမျိုးညွှန်ကြားချက်ကို ထွက်ပေးမယ်လို့တော့ မနက်က zoom meeting အရတော့ သိသေးတယ်ပေါ့နော်။”

အကျဉ်းထောင်တွင်း အစီအစဉ်အသေးစိတ်ကို မေးမြန်းဖို့ အကျဉ်းဦးစီးဌာနကို ဆက်သွယ်ခဲ့ပေမဲ့ အစည်းအဝေးကြောင့် ဖုန်းပြန်လည်ဖြေကြားခြင်း မရှိပါဘူး။

ပဲခူးတိုင်းမှာ စက်တင်ဘာလကုန်ပိုင်းအထိ ပိုးတွေ့လူနာ ၂၂၄ ယောက်ရှိခဲ့ပေမဲ့ အောက်တိုဘာလထဲမှာ ကူးစက်သူအရေအတွက်တိုးလာပြီး အောက်တိုဘာ ၂၂ ရက်မှာ ကူးစက်ခံရသူ ၁,၉၅၆ ယောက်ရှိနေပြီလို့ တိုင်းကျန်းမာရေး ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG