သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကမ႓ာကပ္ေရာဂါကူးစက္မႈ သံုးရက္ဆက္ စံခ်ိန္တင္


အီတလီႏုိင္ငံမွာ COVID-19 စစ္ေဆးဖို႔ Swab နမူနာယူေနတဲ့ျမင္ကြင္း။ (ၾသဂုတ္ ၁၄၊ ၂၀၂၀)

(Zawgyi / Unicode)

ကမာၻတဝန္းမွာ COVID-19 ေရာဂါ ကူးစက္ခံရသူ အေရအတြက္ဟာ ၄၂ သန္းေက်ာ္သြားၿပီျဖစ္ၿပီး ေန႔စဥ္ကူးစက္မႈမွာလည္း စံခ်ိန္တင္ခဲ့တယ္လို႔ ကမာၻ႔က်န္းမာေရးအဖဲြ႔ခ်ဳပ္ (WHO) က ေျပာလိုက္ပါတယ္။

မေန႔ စေနေန႔က တကမာၻလုံးမွာ ေန႔စဥ္ ဗုိင္းရပ္စ္ကူးစက္သူဟာ ၄ သိန္း ၆ ေသာင္းခဲြေက်ာ္ရွိတာေၾကာင့္ ေန႔စဥ္ကူးစက္မႈႏႈန္း စံခ်ိန္တင္တာ ၃ ရက္ေျမာက္ရွိသြားၿပီ ျဖစ္ပါတယ္။ ဒါ့အျပင္ ေသဆုံးသူဦးေရဟာလည္း ၁.၁ သန္းေက်ာ္ရွိတယ္လို႔ ေျပာပါတယ္။

အေမရိကန္ျပည္ေထာင္စုကေတာ့ ကမာၻေပၚမွာ ဗုိင္းရပ္စ္ကူးစက္မႈနဲ႔ ေသဆုံးမႈအမ်ားဆုံး ႏုိင္ငံအျဖစ္ ဆက္ၿပီးရွိေနပါတယ္။ ဒါ့အျပင္ မေန႔ စေနေန႔မွာေတာ့ ေန႔စဥ္ဗုိင္းရပ္စ္ကူးစက္သူ ၉၄,၀၀၀ ေက်ာ္ရွိခဲ့တာေၾကာင့္ ဒါဟာ ၿပီးခဲ့တဲ့ မတ္လကစၿပီး ေန႔စဥ္ ဗုိင္းရပ္စ္ကူးစက္မႈႏႈန္းမွာ အမ်ားဆုံး စံခ်ိန္တင္လိုက္တာ ျဖစ္ပါတယ္။ ဒါေၾကာင့္ အေမရိကန္မွာ ဗုိ္င္းရပ္စ္ကူးစက္သူ ၈ သန္းခဲြ ေက်ာ္သြားၿပီျဖစ္ပါတယ္။

ဒါ့အျပင္ ဥေရာပႏုိင္ငံေတြမွာလည္း ေန႔စဥ္ ဗိုင္းရပ္စ္ကူးစက္မႈေတြ စံခ်ိန္တင္ျမင့္တက္ခဲ့ၿပီး အီတလီမွာလည္း ၿပီးခဲ့တဲ့ ၅ ရက္က ေန႔စဥ္ ဗိုင္းရပ္စ္ကူးစက္မႈေတြ တုိးလာခဲ့ၿပီး မေန႔ကေတာ့ ဗုိင္းရပ္စ္ကူးစက္သူ ၁၉,၀၀၀ ေက်ာ္ရွိတာေၾကာင့္ ေန႔စဥ္ကူးစက္မႈမွာ စံခ်ိန္တင္ခဲ့ၿပီး ကူးစက္သူစုစုေပါင္း ၅ သိန္းေက်ာ္သြားၿပီျဖစ္ၿပီး ေဒသအေတာ္မ်ားမ်ားမွာ ညမထြက္ရအမိန္႔ အပါအဝင္ ကန္႔သတ္ခ်က္ေတြ အေတာ္မ်ားမ်ား ခ်ထားပါတယ္။

ျပင္သစ္မွာလည္း မေန႔က ဗုိင္းရပ္စ္ကူးစက္သူ ၄ ေသာင္းခဲြေက်ာ္ရွိၿပီး ေန႔စဥ္ကူးစက္မႈႏႈန္းမွာ စံခိ်န္တင္တာ ၃ ရက္ဆက္တုိက္ရွိသြားၿပီ ျဖစ္ပါတယ္။ ဒါ့အျပင္ ဒီေန႔ ဂ်ာမနီမွာ ကူးစက္သူ ၁၁,၀၀၀ ေက်ာ္ ႐ုရွားမွာ ၁၆,၀၀၀ ေက်ာ္နဲ႔ ခ်က္ႏုိင္ငံမွာ ၁၂,၀၀၀ ေက်ာ္ ရွိခဲ့ပါတယ္။

ကမ႓ာကပ္ေရာဂါကူးစက္မႈ သံုးရက္ဆက္ စံခ်ိန္တင္
please wait

No media source currently available

0:00 0:01:23 0:00
တိုက္႐ိုက္ လင့္ခ္

-----------------------------

(Unicode)

ကမ္ဘာကပ်ရောဂါကူးစက်မှု သုံးရက်ဆက် စံချိန်တင်

ကမ္ဘာတဝန်းမှာ COVID-19 ရောဂါ ကူးစက်ခံရသူ အရေအတွက်ဟာ ၄၂ သန်းကျော်သွားပြီဖြစ်ပြီး နေ့စဉ်ကူးစက်မှုမှာလည်း စံချိန်တင်ခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) က ပြောလိုက်ပါတယ်။

မနေ့ စနေနေ့က တကမ္ဘာလုံးမှာ နေ့စဉ် ဗိုင်းရပ်စ်ကူးစက်သူဟာ ၄ သိန်း ၆ သောင်းခွဲကျော်ရှိတာကြောင့် နေ့စဉ်ကူးစက်မှုနှုန်း စံချိန်တင်တာ ၃ ရက်မြောက်ရှိသွားပြီ ဖြစ်ပါတယ်။ ဒါ့အပြင် သေဆုံးသူဦးရေဟာလည်း ၁.၁ သန်းကျော်ရှိတယ်လို့ ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုကတော့ ကမ္ဘာပေါ်မှာ ဗိုင်းရပ်စ်ကူးစက်မှုနဲ့ သေဆုံးမှုအများဆုံး နိုင်ငံအဖြစ် ဆက်ပြီးရှိနေပါတယ်။ ဒါ့အပြင် မနေ့ စနေနေ့မှာတော့ နေ့စဉ်ဗိုင်းရပ်စ်ကူးစက်သူ ၉၄,၀၀၀ ကျော်ရှိခဲ့တာကြောင့် ဒါဟာ ပြီးခဲ့တဲ့ မတ်လကစပြီး နေ့စဉ် ဗိုင်းရပ်စ်ကူးစက်မှုနှုန်းမှာ အများဆုံး စံချိန်တင်လိုက်တာ ဖြစ်ပါတယ်။ ဒါကြောင့် အမေရိကန်မှာ ဗိုင်းရပ်စ်ကူးစက်သူ ၈ သန်းခွဲ ကျော်သွားပြီဖြစ်ပါတယ်။

ဒါ့အပြင် ဥရောပနိုင်ငံတွေမှာလည်း နေ့စဉ် ဗိုင်းရပ်စ်ကူးစက်မှုတွေ စံချိန်တင်မြင့်တက်ခဲ့ပြီး အီတလီမှာလည်း ပြီးခဲ့တဲ့ ၅ ရက်က နေ့စဉ် ဗိုင်းရပ်စ်ကူးစက်မှုတွေ တိုးလာခဲ့ပြီး မနေ့ကတော့ ဗိုင်းရပ်စ်ကူးစက်သူ ၁၉,၀၀၀ ကျော်ရှိတာကြောင့် နေ့စဉ်ကူးစက်မှုမှာ စံချိန်တင်ခဲ့ပြီး ကူးစက်သူစုစုပေါင်း ၅ သိန်းကျော်သွားပြီဖြစ်ပြီး ဒေသအတော်များများမှာ ညမထွက်ရအမိန့် အပါအဝင် ကန့်သတ်ချက်တွေ အတော်များများ ချထားပါတယ်။

ပြင်သစ်မှာလည်း မနေ့က ဗိုင်းရပ်စ်ကူးစက်သူ ၄ သောင်းခွဲကျော်ရှိပြီး နေ့စဉ်ကူးစက်မှုနှုန်းမှာ စံချိန်တင်တာ ၃ ရက်ဆက်တိုက်ရှိသွားပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီနေ့ ဂျာမနီမှာ ကူးစက်သူ ၁၁,၀၀၀ ကျော် ရုရှားမှာ ၁၆,၀၀၀ ကျော်နဲ့ ချက်နိုင်ငံမှာ ၁၂,၀၀၀ ကျော် ရှိခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG